
မကြာသေးမီက ရုရှားကိုသွားရောက်ခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်အမျိုးသမီး ဗိုလ်ကြီး အေးသဇင်မြင့်ကို ရုရှားခရီးစဉ်မှာပွဲထုတ်ခဲ့ပါတယ်။
ဗိုလ်ကြီးအေးသဇင်မြင့်ကို ရုရှားကာကွယ်ရေးဒုဝန်ကြီး Colonel General Alexander V. Fomin နဲ့အင်တာဗျူးခိုင်းခဲ့တာဖြစ်ပါတယ်။ ဗိုလ်ကြီး အေးသဇင်မြင့်က ဘယ်သူလဲ?
အသက် ၃၀ အရွယ်ရှိတဲ့ ဗိုလ်ကြီး အေးသဇင်မြင့်ဟာသတင်းထောက်ဟောင်းတစ်ယောက်ဖြစ်ပါတယ်။ ဗိုလ်တစ်ထောင် NMDC ကောလိပ်ကျောင်းကနေ သတင်းအတတ်ပညာနဲ့ကျောင်းပြီးထားပါတယ်။
ပြည်မြန်မာဂျာနယ်နဲ့ Skynet up to date ချန်နယ်မှာ ၄ နှစ်ကျော်လုပ်ခဲ့ပါတယ်။ ကြံ့ခိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တုန်းက ပေးအပ်ခဲ့တဲ့ ပညာတော်သင်ဆုရဖူးသူလည်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝှမ်း လူဒါဇင်နဲ့ချီသတ်ဖြတ်ထားတဲ့နေ့မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝါဒဖြန့်အမျိုးသမီးဗိုလ်ကြီးအဖြစ်
(ဧပြီ ၂၉) စတင်ပွဲထုတ်ရာကနေ သူ့ကို လူသိများလာခဲ့ပါတယ်။ ဗိုလ်ကြီး အေးသဇင်မြင့်ရဲ့ အင်တာဗျူးမှာ အားလုံးပေါင်းအချက် ၁၀ ချက် ပါဝင်ပါတယ်။
ရုရှားရဲ့စစ်ဘက်ရေးရာနဲ့ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ် ရေကြောင်း၊ လေကြောင်းဆိုင်ရာကိစ္စတွေကို ထည့်ပြောခဲ့ပါတယ်။ နှစ်နိုင်ငံ ရေကြောင်းဆိုင်ရာ ပူးပေါင်းမှုတွေမြှင့်တင်မယ့်ကိစ္စတွေလည်း ပါဝင်ပြီးတော့ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ရုရှားရဲ့ရှုမြင်ပုံတွေကိုလည်း ရုရှားဒုဝန်ကြီးက ဝေဖန်ခဲ့ပါတယ်။ ရုရှား ဒုဝန်ကြီးပြောဆိုချက် ဆောင်းပါးသုံးသပ်ချက် အသေးစိပ်ကို ထပ်တင်ပေးပါမယ်။
———–
မၾကာေသးမီက ႐ုရွားကိုသြားေရာက္ခဲ့တဲ့ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ တပ္မေတာ္အမ်ိဳးသမီး ဗိုလ္ႀကီး ေအးသဇင္ျမင့္ကို ႐ုရွားခရီးစဥ္မွာပြဲထုတ္ခဲ့ပါတယ္။
ဗိုလ္ႀကီးေအးသဇင္ျမင့္ကို ႐ုရွားကာကြယ္ေရးဒုဝန္ႀကီး Colonel General Alexander V. Fomin နဲ႔အင္တာဗ်ဴးခိုင္းခဲ့တာျဖစ္ပါတယ္။ ဗိုလ္ႀကီး ေအးသဇင္ျမင့္က ဘယ္သူလဲ?
အသက္ ၃၀ အ႐ြယ္ရွိတဲ့ ဗိုလ္ႀကီး ေအးသဇင္ျမင့္ဟာသတင္းေထာက္ေဟာင္းတစ္ေယာက္ျဖစ္ပါတယ္။ ဗိုလ္တစ္ေထာင္ NMDC ေကာလိပ္ေက်ာင္းကေန သတင္းအတတ္ပညာနဲ႔ေက်ာင္းၿပီးထားပါတယ္။
ျပည္ျမန္မာဂ်ာနယ္နဲ႔ Skynet up to date ခ်န္နယ္မွာ ၄ ႏွစ္ေက်ာ္လုပ္ခဲ့ပါတယ္။ ႀကံ့ခိုင္ေရး သမၼတေဟာင္း ဦးသိန္းစိန္လက္ထက္တုန္းက ေပးအပ္ခဲ့တဲ့ ပညာေတာ္သင္ဆုရဖူးသူလည္းျဖစ္ပါတယ္။
အာဏာသိမ္းစစ္ေကာင္စီက ႏိုင္ငံတဝွမ္း လူဒါဇင္နဲ႔ခ်ီသတ္ျဖတ္ထားတဲ့ေန႔မွာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဝါဒျဖန႔္အမ်ိဳးသမီးဗိုလ္ႀကီးအျဖစ္
(ဧၿပီ ၂၉) စတင္ပြဲထုတ္ရာကေန သူ႔ကို လူသိမ်ားလာခဲ့ပါတယ္။ ဗိုလ္ႀကီး ေအးသဇင္ျမင့္ရဲ႕ အင္တာဗ်ဴးမွာ အားလုံးေပါင္းအခ်က္ ၁၀ ခ်က္ ပါဝင္ပါတယ္။
႐ုရွားရဲ႕စစ္ဘက္ေရးရာနဲ႔ အေမရိကန္ရဲ႕ အင္ဒိုပစိဖိတ္ ေရေၾကာင္း၊ ေလေၾကာင္းဆိုင္ရာကိစၥေတြကို ထည့္ေျပာခဲ့ပါတယ္။ ႏွစ္ႏိုင္ငံ ေရေၾကာင္းဆိုင္ရာ ပူးေပါင္းမႈေတြျမႇင့္တင္မယ့္ကိစၥေတြလည္း ပါဝင္ၿပီးေတာ့ ျမန္မာ့အေရးနဲ႔ပတ္သတ္ၿပီး ႐ုရွားရဲ႕ရႈျမင္ပုံေတြကိုလည္း ႐ုရွားဒုဝန္ႀကီးက ေဝဖန္ခဲ့ပါတယ္။ ႐ုရွား ဒုဝန္ႀကီးေျပာဆိုခ်က္ ေဆာင္းပါးသုံးသပ္ခ်က္ အေသးစိပ္ကို ထပ္တင္ေပးပါမယ္။