” အသက်ရှင်တုန်း ဘာလုပ်နိုင်လဲ၊ ဘယ်သူ့အတွက် အကျိုးပြုနိုင်လဲ “

ပြည်ထောင်စုအတွက် လုပ်တဲ့လူငယ်များဟာ နောင်ကျလို့ရှိရင် ပြည်ထောင်စုအတွက် ဆက်ပြီးတော့ လုပ်နိုင်တဲ့ လူကြီးများ ဖြစ်လာပါလိမ့်မယ်။

ငယ်ငယ်ရွယ်ရွယ်ကတည်းက မှန်မှန်ကန်ကန် လုပ်သွားနိုင်မှ နောင်ကိုဆက်ပြီးတော့ မှန်ကန်မှာပါ။ လွတ်လပ်ရေး ကြိုးပမ်းမှုတုန်းက ပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂက နိုင်ငံရေးခေါင်းဆောင်များ၊ ဒို့ဗမာအစည်းအရုံးက နိုင်ငံရေးခေါင်းဆောင်များဆိုတာ အသက် ၁၈ နှစ်၊ ၁၉ နှစ် အရွယ်ကနေစပြီးတော့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တာပါ။ အမျိုးသားရေးထဲမှာ ငယ်ငယ်ရွယ်ရွယ်ကတည်းက စပြီး ပါဝင်ခဲ့တာပါ။

ဖေဖေဆိုလို့ရှိရင် ၁၈ နှစ်လောက်ကစပြီး နိုင်ငံရေးကို လုပ်တယ်။ အသက်ဆုံးသွားတဲ့ ၃၂ နှစ်အထိ နိုင်ငံရေးပဲ ဆက်ပြီး လုပ်သွားပါတယ်။ သူ့တစ်သက်လုံးဟာ တိုင်းပြည်အတွက် နိုင်ငံရေးအတွက်ဆိုပြီး အမျိုးသားရေးပဲဆက်ပြီး လုပ်သွားတာပါ။ ဒီလိုလုပ်သွားတော့ ဘယ့်လောက်ပဲ အသက်ဟာတိုတို သေရကျိုးလည်း နပ်တယ်။ အသက်ရှင်ရကျိုးလည်း နပ်တယ်။

ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ဘဝကို စွန့်လွှတ်ရတယ်ဆိုတာ အင်မတန်မှ မြင့်မြတ်တဲ့ စွန့်လွှတ်ခြင်းပဲ။ ဒီလို စွန့်လွှတ်ချင်တဲ့ စိတ်တွေ ရှိရမယ်။ စွန့်လွှတ်ရဲတဲ့ သတ္တိတွေ ရှိရမယ်။ လူတိုင်း လူတိုင်းဟာ တစ်နေ့မဟုတ် တစ်နေ့တော့ သေရမှာပဲ။

လူဖြစ်လာတော့မှ သေရမှာပဲဆိုတဲ့ အသိဟာ လူတိုင်းရဲ့ စိတ်ထဲမှာ ရှိရမယ်။ ဒီတော့ ကိုယ်အသက်ရှင်တုန်း ဘာလုပ်နိုင်သလဲ။ ဘယ်သူတွေအတွက် အကျိုးပြုနိုင်သလဲဆိုတာ စဉ်းစားရမယ်။ ကိုယ်အသက်ရှင်နိုင်တုန်းသာ လုပ်နိုင်မယ်။ မသေချင်ဘူးဆိုလို့ မရဘူး။

ဒါပေမဲ့ ကိုယ်အသက်ရှင်နေတုန်းတော့ ဘယ်လိုနေသွားမယ်ဆိုတာ ကိုယ်ရွေးလို့ရတယ်။ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အသက်ကို စွန့်သွားမယ်။ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ဘဝကို သုံးသွားမယ်ဆိုတာ ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။

မသေချင်ဘူးဆိုတာတော့ ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ လူတွေရဲ့ စိတ်ထဲမှာ သေဖို့ထက် ကြောက်နိုင်တဲ့ကိစ္စ ဘာမှ မရှိဘူး။ သေဖို့ဟာ အကြောက်ဆုံးပဲ။ သေဖို့ကို မကြောက်ဘူးဆိုလို့ရှိရင် တစ်ခြားကြောက်စိတ်တွေကို ကျော်လွှားပြီးတော့ ကိုယ်က အောင်မြင်မှု ယူနိုင်ပါတယ်။ သေဖို့ ကြောက်နေလို့ ဘာမှ အကျိုးမရှိဘူး။

တစ်နေ့မဟုတ် တစ်နေ့တော့ သေရမှာပဲ။

ဒေါ်အောင်ဆန်းစုကြည် / ၁၉၈၈

———-

ျပည္ေထာင္စုအတြက္ လုပ္တဲ့လူငယ္မ်ားဟာ ေနာင္က်လို႔ရွိရင္ ျပည္ေထာင္စုအတြက္ ဆက္ၿပီးေတာ့ လုပ္ႏိုင္တဲ့ လူႀကီးမ်ား ျဖစ္လာပါလိမ့္မယ္။

ငယ္ငယ္႐ြယ္႐ြယ္ကတည္းက မွန္မွန္ကန္ကန္ လုပ္သြားႏိုင္မွ ေနာင္ကိုဆက္ၿပီးေတာ့ မွန္ကန္မွာပါ။ လြတ္လပ္ေရး ႀကိဳးပမ္းမႈတုန္းက ပါဝင္ခဲ့တဲ့ ေက်ာင္းသားသမဂၢက ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ ဒို႔ဗမာအစည္းအ႐ုံးက ႏိုင္ငံေရးေခါင္းေဆာင္မ်ားဆိုတာ အသက္ ၁၈ ႏွစ္၊ ၁၉ ႏွစ္ အ႐ြယ္ကေနစၿပီးေတာ့ လြတ္လပ္ေရးအတြက္ ႀကိဳးပမ္းခဲ့တာပါ။ အမ်ိဳးသားေရးထဲမွာ ငယ္ငယ္႐ြယ္႐ြယ္ကတည္းက စၿပီး ပါဝင္ခဲ့တာပါ။

ေဖေဖဆိုလို႔ရွိရင္ ၁၈ ႏွစ္ေလာက္ကစၿပီး ႏိုင္ငံေရးကို လုပ္တယ္။ အသက္ဆုံးသြားတဲ့ ၃၂ ႏွစ္အထိ ႏိုင္ငံေရးပဲ ဆက္ၿပီး လုပ္သြားပါတယ္။ သူ႔တစ္သက္လုံးဟာ တိုင္းျပည္အတြက္ ႏိုင္ငံေရးအတြက္ဆိုၿပီး အမ်ိဳးသားေရးပဲဆက္ၿပီး လုပ္သြားတာပါ။ ဒီလိုလုပ္သြားေတာ့ ဘယ့္ေလာက္ပဲ အသက္ဟာတိုတို ေသရက်ိဳးလည္း နပ္တယ္။ အသက္ရွင္ရက်ိဳးလည္း နပ္တယ္။

ကိုယ့္တိုင္းျပည္အတြက္ ကိုယ့္ဘဝကို စြန႔္လႊတ္ရတယ္ဆိုတာ အင္မတန္မွ ျမင့္ျမတ္တဲ့ စြန႔္လႊတ္ျခင္းပဲ။ ဒီလို စြန႔္လႊတ္ခ်င္တဲ့ စိတ္ေတြ ရွိရမယ္။ စြန႔္လႊတ္ရဲတဲ့ သတၱိေတြ ရွိရမယ္။ လူတိုင္း လူတိုင္းဟာ တစ္ေန႔မဟုတ္ တစ္ေန႔ေတာ့ ေသရမွာပဲ။

လူျဖစ္လာေတာ့မွ ေသရမွာပဲဆိုတဲ့ အသိဟာ လူတိုင္းရဲ႕ စိတ္ထဲမွာ ရွိရမယ္။ ဒီေတာ့ ကိုယ္အသက္ရွင္တုန္း ဘာလုပ္ႏိုင္သလဲ။ ဘယ္သူေတြအတြက္ အက်ိဳးျပဳႏိုင္သလဲဆိုတာ စဥ္းစားရမယ္။ ကိုယ္အသက္ရွင္ႏိုင္တုန္းသာ လုပ္ႏိုင္မယ္။ မေသခ်င္ဘူးဆိုလို႔ မရဘူး။

ဒါေပမဲ့ ကိုယ္အသက္ရွင္ေနတုန္းေတာ့ ဘယ္လိုေနသြားမယ္ဆိုတာ ကိုယ္ေ႐ြးလို႔ရတယ္။ ကိုယ့္တိုင္းျပည္အတြက္ ကိုယ့္အသက္ကို စြန႔္သြားမယ္။ ကိုယ့္တိုင္းျပည္အတြက္ ကိုယ့္ဘဝကို သုံးသြားမယ္ဆိုတာ ကိုယ့္မွာ ဆုံးျဖတ္ပိုင္ခြင့္ရွိတယ္။

မေသခ်င္ဘူးဆိုတာေတာ့ ဘယ္သူမွ ဆုံးျဖတ္ပိုင္ခြင့္ မရွိဘူး။ လူေတြရဲ႕ စိတ္ထဲမွာ ေသဖို႔ထက္ ေၾကာက္ႏိုင္တဲ့ကိစၥ ဘာမွ မရွိဘူး။ ေသဖို႔ဟာ အေၾကာက္ဆုံးပဲ။ ေသဖို႔ကို မေၾကာက္ဘူးဆိုလို႔ရွိရင္ တစ္ျခားေၾကာက္စိတ္ေတြကို ေက်ာ္လႊားၿပီးေတာ့ ကိုယ္က ေအာင္ျမင္မႈ ယူႏိုင္ပါတယ္။ ေသဖို႔ ေၾကာက္ေနလို႔ ဘာမွ အက်ိဳးမရွိဘူး။

တစ္ေန႔မဟုတ္ တစ္ေန႔ေတာ့ ေသရမွာပဲ။

ေဒၚေအာင္ဆန္းစုၾကည္ / ၁၉၈၈