
သံတမန်အရေးမှာ လူထုအစိုးရ NUG က အားသာနေပါပြီ။
ခုပြင်သစ်အထက်လွတ်တော်မှာလည်း NUG ကဝန်ကြီးများကို ထပ်ဖိတ်ပြီး မြန်မာ့အရေးတွက် ဆွေးနွေးပွဲ လုပ်ကြပါတယ်။အားလုံးက NUG ဝန်ကြီးများကို “ဝန်ကြီး”လို့နာမ်းစားသုံးခေါ်ကြပါတယ်။
စခဝန်ကြီးတွေကို ဘယ်သူကအဖတ်လုပ်လဲ၊ ကွာတာအသိသာနော်။ (ရေအိုင်ထဲက ဖားတွေဆိုတော့ကြေးမုံမှာပဲ ရေးချင်တာရေးပြီး ဖီလ်းဆက်တက်နေကြပါ)ဓမ္မ နဲ့ အဓမ္မ မှာ ဓမ္မ ကအနိုင်ရစမြဲပါလေ။
မြောက်ဝန်ကြီးတွေသိကြဖို့။ (ဟို စခလူမှုဝန်ကြီးသပ်သပ်ခံ အပါဝင်)ဒီနေ့ဆွေးနွေးပွဲမှာ NUG ဝန်ကြီး လေးယောက်မှ မြန်မာအခြေနေ အသေးစိတ်ရှင်းပြကြပါတယ်။
နိုင်ငံခြားရေးကော်မတီ ဥက္ကဌ Monsieur Christian CAMBON ကလည်း NUG ကို အသိမှတ်ပြုဖို့တွက် အဆိုပြုချက် ရေးသွင်းရန် ပြင်ဆင် လုပ်ဆောင်မည််ဖြစ်ကြောင်း၊
စကစ ကိုအထိနာမယ့် ပိတ်ဆို့မှုများ ထပ်လုပ်ဖို့ ရှိကြောင်း၊ မြန်မာလူထုများလိုအပ်တဲ့ Humanitarian aid တွက်လည်း ကူညီဖို့ လုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲအဆုံးသတ်မှာလည်း နိုင်ငံခြားရေးကော်မတီ ဥက္ကဌ Monsieur Christian CAMBON မှ “ပြင်သစ်က ပြစ်မှုကျူးလွန်သူစကစ ကိုဘယ်လိုနည်းနဲ့မှ အသိမှတ်ပြုဖို့ မရှိကြောင်း ၊
စကစကျဆုံးဖို့ အဘက်ဘက်မှလုပ်ဆောင်ကြမည်ဖြစ်ကြောင်း၊ စကစမှ မလုပ်ရဲတာဘာမှမရှိလို့ ကိုယ့်ကိုယ်ကိုအထူးဂရုစိုက်ကြဖို့ လည်းမှားကြားသွားပါတယ်၊ NUG နဲ့ မြန်မာ့အရေးဆက်လက်ဆက်သွယ်ဆောင်ရွက်ပြီး မြန်မာကိုကူညီနိုင်မယ့်နည်းလမ်းများလည်းချိန်မရွေးကြိုဆိုကြောင်း၊ မြန်မာ့အရေးက ပြင်သစ်ရဲ့အရေးလည်းဖြစ်ကြောင်း အားပေးပြောဆိုသွားပါတယ်။
ကျေးဇူးတင်ရတယ် ပြင်သစ် 🙏🙏🙏
အရေးတော်ပုံအောင်ရမည်
——–
နိုင်ငံခြားရေးကော်မတီ ဥက္ကဌ Monsieur Christian CAMBON ကလည်း NUG ကို အသိမှတ်ပြုဖို့တွက် အဆိုပြုချက် ရေးသွင်းရန် ပြင်ဆင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊