
ရေသည် မရှိမဖြစ် အဓိကလိုအပ်ချက် ဖြစ်နေသောကြောင့် ရေကိုအမျိုးမျိုး ရှာဖွေနေကြပါသည်။
တောတောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါသည်။
ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိရိယာများဖြင့် လက်ရိုက်တွင်းများ၊ အဝီစိတွင်း
များ စသည်ဖြင့်စမ်းသပ်ရှာဖွေနေကြရာတွင် တချို့လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။
ထိုသို့ အဖြစ်အပျက်များကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်သော ရေရှိရာ နေရာ၊ ပေအနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိစမ်းသပ်သည့်
မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြု
ဆရာတော်ကြီး၏ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောကျောင်း ရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။
မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့အရေးအတွက်ပထမဦးစွာ ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။
ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစိုဓာတ် တွေ့သည့်တိုင်အောင် ခြစ်ပါ။
အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကိုညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၎င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။
နံနက်မိုးလင်းသည်နှင့် ၎င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။
ရေကြော ရေရှိမယ့်နေရာသည် ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်သွေ့နေပါသည်။
ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင် (၂၀)မှာရှိမည်ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။
ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများ မလိုဘဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည် ခင်ဗျား။Credit- ဒီလှိုင်း(သပိတ်ကျင်း)
———-
ေရသည္ မရွိမျဖစ္ အဓိကလိုအပ္ခ်က္ ျဖစ္ေနေသာေၾကာင့္ ေရကိုအမ်ိဳးမ်ိဳး ရွာေဖြေနၾကပါသည္။
ေတာေတာင္ ေျမျပန႔္ ေနရာမလပ္ေအာင္ပင္ လူတို႔သည္ ေရကိုရရွိေအာင္ ႀကိဳးစားလ်က္ရွိၾကပါသည္။
ေက်းလက္ေဒသမ်ား၊ ၿမိဳ႕ျပေနရာမ်ားတြင္လည္း ႐ိုးရာပညာ၊ ေခတ္မီစက္ကိရိယာမ်ားျဖင့္ လက္႐ိုက္တြင္းမ်ား၊ အဝီစိတြင္း
မ်ား စသည္ျဖင့္စမ္းသပ္ရွာေဖြေနၾကရာတြင္ တခ်ိဳ႕လည္း ေအာင္ျမင္၍ တခ်ိဳ႕လည္း မေအာင္ျမင္ဘဲ ရွိၾကပါသည္။
ထိုသို႔ အျဖစ္အပ်က္မ်ားကို စာေရးသူကိုယ္တိုင္ ျမင္ေတြ႕ခဲ့ရေသာေၾကာင့္ လက္ေတြ႕ေအာင္ျမင္ေသာ ေရရွိရာ ေနရာ၊ ေပအနက္ စသည္ျဖင့္ တိက်စြာ ေရရွိ-မရွိစမ္းသပ္သည့္
ျမန္မာ့႐ိုးရာ နည္းပညာကို ဘဒၵႏၲ စေႏၵာဘာသ၊ ဥကၠ႒၊ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕၊ မဟာသိမ္ေတာ္ေက်ာင္း သာသနာျပဳ
ဆရာေတာ္ႀကီး၏ေျခေတာ္ရင္းတြင္ ပညာဆည္းပူးရင္း သရက္ေတာေက်ာင္း ေရတြင္း၊ ျပည္သူ႔ေဆး႐ုံ ေရတြင္း၊ လက္ခုပ္ပင္ေက်း႐ြာ ေရတြင္း စသည္တို႔ကို တူးစဥ္က ၾကားနာ မွတ္သားခဲ့ရသည္မ်ားကို ပညာေဝငွလိုက္ပါသည္။
မိတ္ေဆြ၊ သင္ ေရတြင္း တူးေတာ့မည္ဆိုလွ်င္ ေရ ရွိ-မရွိ၊ အေတာင္ ဘယ္ေလာက္ တူးရမလဲ၊ တိက်စြာ တူးႏိုင္ဖို႔အေရးအတြက္ပထမဦးစြာ ကြမ္း႐ြက္ ၃၆-႐ြက္ကို အညႇာမျဖတ္၊ အဖ်ားမျဖတ္၊ အေပါက္အၿပဲ မပါတာကို ေရေဆးၿပီး (၁)မိနစ္မွ် ေရစိမ္ထားပါ။
ဒုတိယဆင့္တြင္ မိမိတူးလိုသည့္ေျမေနရာကို ဝါးျခမ္းျပားျဖင့္ ေရအစိုဓာတ္ ေတြ႕သည့္တိုင္ေအာင္ ျခစ္ပါ။
အစိုျပန္လာပါက ကြမ္း႐ြက္ (၃၆)႐ြက္ကိုညီေအာင္ ထပ္၍ တူးမယ့္ေျမေပၚတြင္ အထပ္လိုက္ ေမွာက္ခ်ၿပီး ၎အေပၚကေန သပိတ္ျဖစ္ေစ၊ ႏႈတ္ခမ္းညီေသာ သံပုံးျဖစ္ေစ၊ ေလလုံသည့္ သပိတ္၊ ေရပုံး ရရာကို ယူၿပီး ေလမဝင္ေအာင္ ေမွာက္ထားပါ။
နံနက္မိုးလင္းသည္ႏွင့္ ၎ကြမ္း႐ြက္ကို အထပ္လိုက္ လွန္ၿပီး တ႐ြက္ခ်င္း ဖယ္ၾကည့္လိုက္ပါ။
ေရေၾကာ ေရရွိမယ့္ေနရာသည္ ဆယ္ေတာင္အနက္မွာဆိုလွ်င္ ဆယ္႐ြက္ေျမာက္ ကြမ္း႐ြက္၏ မ်က္ႏွာျပင္မွာ ေရဥကေလးေတြ စိုေနၿပီး (၉)႐ြက္ကေန ေအာက္ဆုံးအ႐ြက္တို႔မွာ ေျခာက္ေသြ႕ေနပါသည္။
ေရသည္ (၁၅)ေတာင္မွာ ရွိမည္ဆိုလွ်င္ (၁၅)႐ြက္ေျမာက္ ကြမ္း႐ြက္တြင္၎၊ အေတာင္ (၂၀)မွာရွိမည္ဆိုလွ်င္ အ႐ြက္ (၂၀)ေျမာက္ ကြမ္း႐ြက္တြင္၎ ေရစိုစြတ္ၿပီး တြဲခိုေနသည္ကို ေတြ႕ရပါမည္။
ေရ ရွာ၍တိက်ၿပီး ေခတ္မီကိရိယာမ်ား မလိုဘဲ အလြယ္တကူ ရမည္ျဖစ္ပါေၾကာင္း ေရးသားရင္း ဆရာေတာ္အား ဦးတိုက္လိုက္ပါသည္ ခင္ဗ်ား။Credit- ဒီလႈိင္း(သပိတ္က်င္း)