အသိဉာဏ်ပညာမရှိတဲ့ အာဏာရှင်တစ်စုရဲ့လက်အောက်မှာ မျိုးဆက်သုံးဆက်လောက် နေခဲ့ရတဲ့ အကြောင်းရင်းကို ပြတ်သားစွာ ပြောချလိုက်တဲ့ မင်းမော်ကွန်း

အာဏာရလူတစ်စုဟာ ပြည်သူတွေ အချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် အဘက်ဘက်ကနေ အမျိုးမျိုးသွေးခွဲနေကြတာ ဖြစ်ပါတယ်။ အခုလိုလုပ်ရက်တွေဟာ အခုမှလုပ်တာမျိုးမဟုတ်ဘဲ ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နည်းလမ်းဟောင်းတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘယ်လိုနည်းမျိုးနဲ့ ဖြစ်ဖြစ် သွေးခွဲနေပါစေ ပြည်သူတွေအားလုံး သတိကြီးစွာဖြင့် နေထိုင်ကြဖို့ လိုကြောင်း သရုပ်ဆောင် မင်းမော်ကွန်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

သူတို့ရဲ့အဓိကလက်နက်တွေက လက်နက်ကြီး၊ သေနတ်၊ လေယာဉ်တွေ မဟုတ်ဘဲ သွေးခွဲတဲ့ နည်းဖြင့်သာ လူထုကို နှစ်ပေါင်းများစွာ ကျွန်လုပ်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေး ၊ လူမျိုးရေ ၊ ဘာသာရေးစတဲ့ သွေးကွဲစေမယ့် ကိစ္စများကို နောက်ထပ် လုပ်ဆောင်လာနိုင်ဖွယ်ရှိပြီး သူငယ်ချင်းတွေ လင်မယားများနဲ့ မိသားစုတွေကိုပါ သွေးခွဲလိမ့်မယ်ဆိုပြီး ရေးသားထားပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေနဲ့ အချင်းချင်းစိတ်ဝမ်းကွဲစေမယ့် အရာများကို ရှောင်ကြဉ်ဖို့လိုကြောင်း သတိပေးစကားလေး ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထူထောင် ထားတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် သွေးမကွဲကြဘဲ တောင်တန်း မြေပြန့်ဒေသက တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အားလုံး ရင်ဘတ်တစ်ခုထဲ တစ်သွေးတည်းတစ်သားတည်း ဖြစ်ဖို့ လိုပါတယ်။

ဒါမှသာ အားလုံးလိုချင်နေကြတဲ့ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကိုတည်ထောင်နိုင်ကြမှာ ဖြစ်ပါတယ်။ အရေးတော်ပုံအောင်မြင်ဖို့ ပြည်သူအချင်းချင်း လိုအပ်တဲ့နေရာကနေတတ်နိုင်သလောက် ပါဝင်ပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

———–

အာဏာရလူတစ္စုဟာ ျပည္သူေတြ အခ်င္းခ်င္း စည္းလုံးညီၫြတ္မႈၿပိဳကြဲေအာင္ အဘက္ဘက္ကေန အမ်ိဳးမ်ိဳးေသြးခြဲေနၾကတာ ျဖစ္ပါတယ္။ အခုလိုလုပ္ရက္ေတြဟာ အခုမွလုပ္တာမ်ိဳးမဟုတ္ဘဲ ေခတ္အဆက္ဆက္ သုံးလာခဲ့တဲ့ နည္းလမ္းေဟာင္းေတြ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဘယ္လိုနည္းမ်ိဳးနဲ႔ ျဖစ္ျဖစ္ ေသြးခြဲေနပါေစ ျပည္သူေတြအားလုံး သတိႀကီးစြာျဖင့္ ေနထိုင္ၾကဖို႔ လိုေၾကာင္း သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းက သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ အခုလို ေရးသားထားတာ ျဖစ္ပါတယ္။

သူတို႔ရဲ႕အဓိကလက္နက္ေတြက လက္နက္ႀကီး၊ ေသနတ္၊ ေလယာဥ္ေတြ မဟုတ္ဘဲ ေသြးခြဲတဲ့ နည္းျဖင့္သာ လူထုကို ႏွစ္ေပါင္းမ်ားစြာ ကြၽန္လုပ္လာတာ ျဖစ္ပါတယ္။ ႏိုင္ငံေရး ၊ လူမ်ိဳးေရ ၊ ဘာသာေရးစတဲ့ ေသြးကြဲေစမယ့္ ကိစၥမ်ားကို ေနာက္ထပ္ လုပ္ေဆာင္လာႏိုင္ဖြယ္ရွိၿပီး သူငယ္ခ်င္းေတြ လင္မယားမ်ားနဲ႔ မိသားစုေတြကိုပါ ေသြးခြဲလိမ့္မယ္ဆိုၿပီး ေရးသားထားပါတယ္။

ဒါ့ေၾကာင့္ ျပည္သူမ်ားအေနနဲ႔ အခ်င္းခ်င္းစိတ္ဝမ္းကြဲေစမယ့္ အရာမ်ားကို ေရွာင္ၾကဥ္ဖို႔လိုေၾကာင္း သတိေပးစကားေလး ေရးသားေဝမွ်ထားတာ ျဖစ္ပါတယ္။

ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ႀကီးဟာ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံနဲ႔ ဖြဲ႕စည္းထူေထာင္ ထားတာျဖစ္တဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ ေသြးမကြဲၾကဘဲ ေတာင္တန္း ေျမျပန႔္ေဒသက တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမေတြ အားလုံး ရင္ဘတ္တစ္ခုထဲ တစ္ေသြးတည္းတစ္သားတည္း ျဖစ္ဖို႔ လိုပါတယ္။

ဒါမွသာ အားလုံးလိုခ်င္ေနၾကတဲ့ စစ္မွန္ေသာ ဒီမိုကေရစီႏိုင္ငံေတာ္သစ္ႀကီးကိုတည္ေထာင္ႏိုင္ၾကမွာ ျဖစ္ပါတယ္။ အေရးေတာ္ပုံေအာင္ျမင္ဖို႔ ျပည္သူအခ်င္းခ်င္း လိုအပ္တဲ့ေနရာကေနတတ္ႏိုင္သေလာက္ ပါဝင္ေပးၾကဖို႔ ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account