ကနီမှာ စကစရဲ့ လက်ကျန်လက်နက်ကြီးကျည်များကြောင့် အထိနာ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ စကားမြားတောင်ရွာမှာ ဇူလိုင် ၆ ရက် မနေ့က တောထဲမှာတွေ့တဲ့ မပေါက်ကွဲဘဲ ကျန်နေတဲ့ RPG လက်နက်ကြီးကျည်ကို နွားကျောင်းသွားတဲ့ ကလေးငယ်က ရွာထဲကို သယ်လာပြီး နေအိမ်မှာ စူးစမ်းနေစဥ် ရုတ်တရက် ပေါက်ကွဲမှုဖြစ်တာကြောင့် အသက် ၂ နှစ်နဲ့ ၁၃ နှစ်အရွယ်

ကလေးနှစ်ဦးနဲ့အတူ အသက် ၃၅ နှစ်အရွယ် လူကြီးတစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည်ကို ဝိုင်းဝန်းကြည့်ရှုနေစဥ် ပေါက်ကွဲမှုဖြစ်တာကြောင့် သေဆုံးသူ သုံးဦးအပြင် နောက်ထပ် လေးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အသက် ၃၅ နှစ်အရွယ် သေဆုံးသူ အမျိုးသားရဲ့အမည်က ဦးကျော်ထင် ဖြစ်ပြီး သေဆုံးသူအားလုံးဟာ ဆွေမျိုးတော်စပ်သူတွေလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေဟာ တိုက်ပွဲအတွေအကြုံမရှိသလို ကျည်နဲ့ပတ်သတ်တဲ့ ဗဟုသုတနည်းပါးတာကြောင့် အခုလို အဖြစ်ဆိုးကြုံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့နယ် ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“နွားကျောင်းရာကနေအပြန် တောထဲက ကောက်လာပြီးတော့ အိမ်ကျတော့ ဝိုင်းပြီးတော့ ထုကြတာ။ ပွဲချင်းပြီးက သုံးယောက် သေတယ်။ လူကြီးတစ်ယောက်၊ ၇တန်းအရွယ် တစ်ယောက်နဲ့ နို့စို့အရွယ်လေး တစ်ယောက်သေတယ်။

ဒဏ်ရာရ လေးယောက်၊ ကျွန်တော်တို့နားက အခုတလောမှာ တိုက်ပွဲတွေ ဖြစ် တော့ အတွေ့အကြုံက မရှိကြဘူး။ တောသား ရိုးရိုးတွေ၊ ဖုန်းလည်းမကိုင်ကြတော့ သတိပေးတာလည်း မသိဘူး”ဒဏ်ရာရှိသူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကုသပေးနေပြီး၊

အဲဒီအထဲက အသက် ၃၀ အရွယ်နဲ့ အသက် ၄၀ အရွယ် အမျိုးသား နှစ်ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။အရင်က အေးချမ်းခဲ့တဲ့ စစ်ကိုင်းတိုင်းလိုနေရာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ငါးလအတွင်း အခုလို လက်နက်ကြီးကျည်ပေါက်ကွဲပြီး လူသေဆုံးထိခိုက်တာဟာ

ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက ပြောပါတယ်။ဒီလိုမပေါက်ကွဲသေးတဲ့ကျည်တွေက တိုက်ပွဲတစ်ခုမှာ တစ်လုံးလောက်တော့ အနည်းဆုံးကျန်ခဲ့တာမို့ ကနီ ဒေသမှာ ၁၀၀ နီးပါးလောက် ဒီလိုကျည်တွေ ရှိနေနိုင်သေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီ မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

“ကနီ၊ ယင်းမာပင်၊ မုံရွာဆိုတာ အရင်တုံးက အေးချမ်းတဲ့ဒေသတွေပေါ့၊ ဒီလိုအေးချမ်းတဲ့ဒေသမှာ အဲဒီ ပစ္စည်း(ကျည်)တွေကို အသုံးပြုတော့ လူတွေက အထူးအဆန်းဖြစ်တာပေါ့၊ ဒီပစ္စည်းတွေမှာ ၁၉၄၈ ကနေ၊ ၂၀၀၈ ဆိုပြီးတော့လည်း ရေးထားတာတွေ့ရတယ်။

ရက်တွေကလည်း လွန်နေတော့ ခေတ်တွေက မမှီ တော့ဘူး၊ မပေါက်တာတွေကလည်း ကနီမြို့နယ်ထဲမှာ အများကြီးရှိတယ်၊ တပ်က ဆုတ်သွားတဲ့ တချို့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေလည်း ထောင်သွားတယ်လို့ ကြားရတယ်။ ဒါတွေက တစ်ဦးတစ်ယောက်ထဲ လုပ်လို့မရဘူး၊ မိုင်းဆန့်ကျင်ရေးတွေက အသိပညာပေးတဲ့ အစီအစဉ်တွေ လုပ်ရမယ်။

ကျည်တွေ့ခဲ့ရင် တော့ မြေကြီးထဲမြှုပ်ထားတာ ကောင်းတာပေါ့”အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲက ကနီ၊ ယင်းမာပင်၊ မင်းကင်း၊ ပုလဲ၊ ဒီပဲယင်း၊ ကောလင်း၊ ရွှေဘို စတဲ့မြို့နယ်တွေက ဒေသခံတွေဟာ တူမီးသေနတ်တွေနဲ့ စစ်ကောင်စီကို ပြန်လည်ခုခံရာမှာ အား ကောင်းတဲ့ဒေသတွေဖြစ်ပါတယ်။

ဒီလို လက်နက်ကြီးကျည်ဆန်တွေဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေမှာမရှိဘဲ စစ်ကောင်စီတပ်တွေ မှာသာ သုံးစွဲလေ့ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ကနီမြို့နယ်ဒေသခံတစ်ဦးလည်း မနေ့က ပေါက်ကွဲခဲ့တဲ့ ကျည်ဆန်ဟာ စစ်ကောင်စီဘက်က အသုံးပြုခဲ့တဲ့ လက်နက်ကြီးကျည်ဖြစ်နိုင်တယ်လို့ RFA ကို မှတ်ချက် ပေးပြောဆိုပါတယ်။

“ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ ဒီလိုမျိုးလက်နက်နဲ့တူတဲ့ ကျည်တောင်မရှိဘူး။ တူမီးတောင် ဖြစ်ဖြစ် မြောက်မြောက်မရှိဘူး။ ဒါကို PDF က ဖန်တီးတယ်ပြောရင် လုပ်ကြံမှုသာဖြစ်တယ်။ ပြည်သူတွေကို လက်နက်နဲ့ ပတ်သက်ပြီး မထိဖို့၊ မကိုင်ဖို့ နိုင်ငံတကာကလည်း ကူညီအသိပညာပေးသင့်သလို NUG ကလည်း အသိပညာတွေ ပေးသင့်တယ်”

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေနဲ့ စစ်ကောင်စီဘက်က အမြင်သဘောထား သိနိုင်ဖို့အတွက် စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတွေရဲ့ တိုက်ပွဲတွေကြောင့် ပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ က RFA ကို ပြောပြထားပါတယ်။-CRD – RFA

Zawgyi

စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္၊ စကားျမားေတာင္႐ြာမွာ ဇူလိုင္ ၆ ရက္ မေန႔က ေတာထဲမွာေတြ႕တဲ့ မေပါက္ကြဲဘဲ က်န္ေနတဲ့ RPG လက္နက္ႀကီးက်ည္ကို ႏြားေက်ာင္းသြားတဲ့ ကေလးငယ္က ႐ြာထဲကို သယ္လာၿပီး ေနအိမ္မွာ စူးစမ္းေနစဥ္ ႐ုတ္တရက္ ေပါက္ကြဲမႈျဖစ္တာေၾကာင့္ အသက္ ၂ ႏွစ္နဲ႔ ၁၃ ႏွစ္အ႐ြယ္

ကေလးႏွစ္ဦးနဲ႔အတူ အသက္ ၃၅ ႏွစ္အ႐ြယ္ လူႀကီးတစ္ဦး စုစုေပါင္း သုံးဦး ေသဆုံးခဲ့တာလို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံေတြက RFA ကို ေျပာပါတယ္။မေပါက္ကြဲဘဲ က်န္ေနတဲ့ လက္နက္ႀကီးက်ည္ကို ဝိုင္းဝန္းၾကည့္ရႈေနစဥ္ ေပါက္ကြဲမႈျဖစ္တာေၾကာင့္ ေသဆုံးသူ သုံးဦးအျပင္ ေနာက္ထပ္ ေလးဦးလည္း ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ ေသဆုံးသူ အမ်ိဳးသားရဲ႕အမည္က ဦးေက်ာ္ထင္ ျဖစ္ၿပီး ေသဆုံးသူအားလုံးဟာ ေဆြမ်ိဳးေတာ္စပ္သူေတြလို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ေဒသခံေတြဟာ တိုက္ပြဲအေတြအႀကဳံမရွိသလို က်ည္နဲ႔ပတ္သတ္တဲ့ ဗဟုသုတနည္းပါးတာေၾကာင့္ အခုလို အျဖစ္ဆိုးႀကဳံရတာလို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ကနီၿမိဳ႕နယ္ ေဒသခံတစ္ေယာက္က RFA ကို ေျပာပါတယ္။

“ႏြားေက်ာင္းရာကေနအျပန္ ေတာထဲက ေကာက္လာၿပီးေတာ့ အိမ္က်ေတာ့ ဝိုင္းၿပီးေတာ့ ထုၾကတာ။ ပြဲခ်င္းၿပီးက သုံးေယာက္ ေသတယ္။ လူႀကီးတစ္ေယာက္၊ ၇တန္းအ႐ြယ္ တစ္ေယာက္နဲ႔ ႏို႔စို႔အ႐ြယ္ေလး တစ္ေယာက္ေသတယ္။

ဒဏ္ရာရ ေလးေယာက္၊ ကြၽန္ေတာ္တို႔နားက အခုတေလာမွာ တိုက္ပြဲေတြ ျဖစ္ ေတာ့ အေတြ႕အႀကဳံက မရွိၾကဘူး။ ေတာသား ႐ိုး႐ိုးေတြ၊ ဖုန္းလည္းမကိုင္ၾကေတာ့ သတိေပးတာလည္း မသိဘူး”ဒဏ္ရာရွိသူေတြကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေဆးကုသေပးေနၿပီး၊

အဲဒီအထဲက အသက္ ၃၀ အ႐ြယ္နဲ႔ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသား ႏွစ္ဦးလည္း အသက္အႏၲရာယ္ စိုးရိမ္ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။အရင္က ေအးခ်မ္းခဲ့တဲ့ စစ္ကိုင္းတိုင္းလိုေနရာမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ငါးလအတြင္း အခုလို လက္နက္ႀကီးက်ည္ေပါက္ကြဲၿပီး လူေသဆုံးထိခိုက္တာဟာ

ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔လည္း လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံေတြက ေျပာပါတယ္။ဒီလိုမေပါက္ကြဲေသးတဲ့က်ည္ေတြက တိုက္ပြဲတစ္ခုမွာ တစ္လုံးေလာက္ေတာ့ အနည္းဆုံးက်န္ခဲ့တာမို႔ ကနီ ေဒသမွာ ၁၀၀ နီးပါးေလာက္ ဒီလိုက်ည္ေတြ ရွိေနႏိုင္ေသးတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ကနီ ၿမိဳ႕နယ္က ေဒသခံတစ္ဦးက ေျပာပါတယ္။

“ကနီ၊ ယင္းမာပင္၊ မုံ႐ြာဆိုတာ အရင္တုံးက ေအးခ်မ္းတဲ့ေဒသေတြေပါ့၊ ဒီလိုေအးခ်မ္းတဲ့ေဒသမွာ အဲဒီ ပစၥည္း(က်ည္)ေတြကို အသုံးျပဳေတာ့ လူေတြက အထူးအဆန္းျဖစ္တာေပါ့၊ ဒီပစၥည္းေတြမွာ ၁၉၄၈ ကေန၊ ၂၀၀၈ ဆိုၿပီးေတာ့လည္း ေရးထားတာေတြ႕ရတယ္။

ရက္ေတြကလည္း လြန္ေနေတာ့ ေခတ္ေတြက မမွီ ေတာ့ဘူး၊ မေပါက္တာေတြကလည္း ကနီၿမိဳ႕နယ္ထဲမွာ အမ်ားႀကီးရွိတယ္၊ တပ္က ဆုတ္သြားတဲ့ တခ်ိဳ႕ ေနရာေတြမွာ ေျမျမႇဳပ္မိုင္းေတြလည္း ေထာင္သြားတယ္လို႔ ၾကားရတယ္။ ဒါေတြက တစ္ဦးတစ္ေယာက္ထဲ လုပ္လို႔မရဘူး၊ မိုင္းဆန႔္က်င္ေရးေတြက အသိပညာေပးတဲ့ အစီအစဥ္ေတြ လုပ္ရမယ္။

က်ည္ေတြ႕ခဲ့ရင္ ေတာ့ ေျမႀကီးထဲျမႇဳပ္ထားတာ ေကာင္းတာေပါ့”အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ကိုင္းတိုင္းထဲက ကနီ၊ ယင္းမာပင္၊ မင္းကင္း၊ ပုလဲ၊ ဒီပဲယင္း၊ ေကာလင္း၊ ေ႐ႊဘို စတဲ့ၿမိဳ႕နယ္ေတြက ေဒသခံေတြဟာ တူမီးေသနတ္ေတြနဲ႔ စစ္ေကာင္စီကို ျပန္လည္ခုခံရာမွာ အား ေကာင္းတဲ့ေဒသေတြျဖစ္ပါတယ္။

ဒီလို လက္နက္ႀကီးက်ည္ဆန္ေတြဟာ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြမွာမရွိဘဲ စစ္ေကာင္စီတပ္ေတြ မွာသာ သုံးစြဲေလ့ရွိတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ကနီ PDF တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေနာက္ထပ္ ကနီၿမိဳ႕နယ္ေဒသခံတစ္ဦးလည္း မေန႔က ေပါက္ကြဲခဲ့တဲ့ က်ည္ဆန္ဟာ စစ္ေကာင္စီဘက္က အသုံးျပဳခဲ့တဲ့ လက္နက္ႀကီးက်ည္ျဖစ္ႏိုင္တယ္လို႔ RFA ကို မွတ္ခ်က္ ေပးေျပာဆိုပါတယ္။

“ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မွာ ဒီလိုမ်ိဳးလက္နက္နဲ႔တူတဲ့ က်ည္ေတာင္မရွိဘူး။ တူမီးေတာင္ ျဖစ္ျဖစ္ ေျမာက္ေျမာက္မရွိဘူး။ ဒါကို PDF က ဖန္တီးတယ္ေျပာရင္ လုပ္ႀကံမႈသာျဖစ္တယ္။ ျပည္သူေတြကို လက္နက္နဲ႔ ပတ္သက္ၿပီး မထိဖို႔၊ မကိုင္ဖို႔ ႏိုင္ငံတကာကလည္း ကူညီအသိပညာေပးသင့္သလို NUG ကလည္း အသိပညာေတြ ေပးသင့္တယ္”

ဒီေပါက္ကြဲမႈနဲ႔ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္ေတြနဲ႔ စစ္ေကာင္စီဘက္က အျမင္သေဘာထား သိႏိုင္ဖို႔အတြက္ စစ္ေကာင္စီျပန္ၾကားေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကို RFA က ဖုန္းေခၚခဲ့ေပမယ့္ လက္ခံေျဖၾကားျခင္း မရွိပါဘူး။

အဲဒီေဒသေတြမွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးေတြရဲ႕ တိုက္ပြဲေတြေၾကာင့္ ျပည္သူေသာင္းနဲ႔ခ်ီၿပီး ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔လည္း လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြ က RFA ကို ေျပာျပထားပါတယ္။-CRD – RFA