ကိုဗစ်တတိယလှိုင်းမှာ ကိုယ်ခံအားနဲ့ခုခံရမှာမို့ နေထိုင်ရမယ့် အကြုံပြုချက်လေးတွေ မျှဝေလာတဲ့ ဒေါင်း

လတ်တလောမှာ မြန်မာနိုင်ငံအနှံ့ ကိုဗစ်ရောဂါနဲ့သေဆုံးလူနာတွေ အများအပြားရှိနေသလို ကုစက်မှုမြင့်မားနေတဲ့ မျိုးရိုးဗီဇပြောင်းကိုဗစ်ပိုးဟာ အရင်လို ကိုဗစ်ကုသရေးစင်တာတွေ မရှိသလောက်နည်းပါးနေတာကြောင့် ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။လူမှုကွန်ယက်စာမျက်နှာ ကိုဗစ်ရောဂါနဲ့ပက်သက်ပြီး ကျန်းမားရေးအသိပေး အကြံပြုချက်တွေ ပြည်သူတွေအချင်းချင်းမျှဝေပေးလျက်ရှိကြပါတယ်။

ယခုအချိန်အခါမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးကို အာဏာရှင်များက လုပ်ဆောင်ပေးနေတာကြောင့် အရင်လို ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေ မလုံလောက်တာလည်း တွေ့နေရပါတယ်။ ယခုလို ကိုဗစ်တတိယလှိုင်းမှာ မိမိကိုယ်ကိုယ်ကိုပဲ အားကိုးရမှာဖြစ်တာကြောင့် ဂရုတစိုက်သွားလာနေထိုင်ရမှာဖြစ်ပါတယ်။ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်း ကတော့ လက်ရှိဖြစ်ပွားနေတဲ့ မျိုးရိုးဗီဇပြောင်းကိုဗစ်ပိုးဟာ ကိုယ်တိုင် ခုခံအားကောင်းအောင်နေထိုင်ပြီး ကာကွယ်ရမယ်ဆိုပြီးရေးသားအကြံပြုလာခဲ့ပါတယ်။

“COVID-19 တတိယလှိုင်းမှာ ကျွန်တော်တို့ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးပြီး ကာကွယ်ရမှာဖြစ်တဲ့အတွက်အဓိကအရေးကြီးတာက ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ဖို့အရေးပါ ပါတယ်။တန်ဆေးလွန်ဘေး ဖြစ်လို့ ဆေးဝါးတွေမလိုအပ်ပဲအလွန်အကျွံမသောက်ကြပဲ အားရှိ သန့်ရှင်းတဲ့အစားအသောက်များကိုသာ ဂရုတစိုက်စားသောက်ကြဖို့အကြံပြုပါရစေ ခင်ဗျာ။အားတင်းထားကြပါခင်ဗျာ ကျွန်တော်တို့တွေ ဘယ်လိုအရာကိုမှအရှုံးမပေးပဲ ကြိုးစားရင်ဆိုင်ကြရအောင်။ရင်ဆိုင်ခြင်းတွေမှာ တန်ဖိုးတွေရှိပြီးသားပါ”ဆိုပြီး ရေသားအကြံပြုလာခဲ့ပါတယ်။

Crd – YaungChi , Source and Photo Credit – DAUNG – ဒေါင်း’s Facebook

————-

ကိုဗစ္တတိယလႈိင္းမွာ ကိုယ္ခံအားနဲ႔ခုခံရမွာမို႔ ေနထိုင္ရမယ့္အႀကဳံျပဳခ်က္ေလးေတြ မွ်ေဝလာတဲ့
ေဒါင္း

လတ္တေလာမွာ ျမန္မာႏိုင္ငံအႏွံ႔ ကိုဗစ္ေရာဂါနဲ႔ေသဆုံးလူနာေတြ အမ်ားအျပားရွိေနသလို ကုစက္မႈျမင့္မားေနတဲ့ မ်ိဳး႐ိုးဗီဇေျပာင္းကိုဗစ္ပိုးဟာ အရင္လို ကိုဗစ္ကုသေရးစင္တာေတြ မရွိသေလာက္နည္းပါးေနတာေၾကာင့္ ဆိုး႐ြားတဲ့ အေျခအေနတစ္ခုကို ေရာက္ရွိေနတာပဲျဖစ္ပါတယ္။လူမႈကြန္ယက္စာမ်က္ႏွာ ကိုဗစ္ေရာဂါနဲ႔ပက္သက္ၿပီး က်န္းမားေရးအသိေပး အႀကံျပဳခ်က္ေတြ ျပည္သူေတြအခ်င္းခ်င္းမွ်ေဝေပးလ်က္ရွိၾကပါတယ္။

ယခုအခ်ိန္အခါမွာ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ကုသေရးကို အာဏာရွင္မ်ားက လုပ္ေဆာင္ေပးေနတာေၾကာင့္ အရင္လို က်န္းမာေရးေစာင့္ေရွာက္ေပးမႈေတြ မလုံေလာက္တာလည္း ေတြ႕ေနရပါတယ္။ ယခုလို ကိုဗစ္တတိယလႈိင္းမွာ မိမိကိုယ္ကိုယ္ကိုပဲ အားကိုးရမွာျဖစ္တာေၾကာင့္ ဂ႐ုတစိုက္သြားလာေနထိုင္ရမွာျဖစ္ပါတယ္။႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေဒါင္း ကေတာ့ လက္ရွိျဖစ္ပြားေနတဲ့ မ်ိဳး႐ိုးဗီဇေျပာင္းကိုဗစ္ပိုးဟာ ကိုယ္တိုင္ ခုခံအားေကာင္းေအာင္ေနထိုင္ၿပီး ကာကြယ္ရမယ္ဆိုၿပီးေရးသားအႀကံျပဳလာခဲ့ပါတယ္။

“COVID-19 တတိယလႈိင္းမွာ ကြၽန္ေတာ္တို႔ျပည္သူေတြ ကိုယ့္အားကိုယ္ကိုးၿပီး ကာကြယ္ရမွာျဖစ္တဲ့အတြက္အဓိကအေရးႀကီးတာက ကိုယ္ခံအားေကာင္းေအာင္ ေနထိုင္စားေသာက္ဖို႔အေရးပါ ပါတယ္။တန္ေဆးလြန္ေဘး ျဖစ္လို႔ ေဆးဝါးေတြမလိုအပ္ပဲအလြန္အကြၽံမေသာက္ၾကပဲ အားရွိ သန႔္ရွင္းတဲ့အစားအေသာက္မ်ားကိုသာ ဂ႐ုတစိုက္စားေသာက္ၾကဖို႔အႀကံျပဳပါရေစ ခင္ဗ်ာ။အားတင္းထားၾကပါခင္ဗ်ာ ကြၽန္ေတာ္တို႔ေတြ ဘယ္လိုအရာကိုမွအရႈံးမေပးပဲ ႀကိဳးစားရင္ဆိုင္ၾကရေအာင္။ရင္ဆိုင္ျခင္းေတြမွာ တန္ဖိုးေတြရွိၿပီးသားပါ”ဆိုၿပီး ေရသားအႀကံျပဳလာခဲ့ပါတယ္။

Crd – YaungChi , Source and Photo Credit – DAUNG – ဒေါင်း’s Facebook