
ကိုဗစ်ဆေးတွေ ရောက်တော့မယ်ဆိုတော့ မြန်မာပြည်တစ်နံတစ်လျားကို ဖြန့်ဖြူးပေးနိုင်ဖို့ လေယာဥ်တွေကို အသုံးပြုရမှာမို့ လေကြောင်းလိုင်းတွေ စတင်ပြင်ဆင်ရပါပြီ
Vaccine တွေဟာ အပူချိန် (- ၈)ဒီကရီမှ (-၇၀)ဒီကရီအတွင်းမှာ ထိန်းသိမ်းထားရတာကြောင့် ရေခဲခြောက်တွေကို သုံးရပါတယ်။ ရေခဲခြောက်တွေဟာ အခဲတွေဆိုပေမယ့် အပူချိန် (-၇၈)ဒီကရီထက်များတာနဲ့ အငွေ့ပျံပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် အသွင်ပြောင်းသွားပါတယ်
အဲဒီမှာ စတွေ့တော့တာပါပဲ.. ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ လေယာဥ်ပေါ်ပါလာတဲ့သူတွေကို အဆိပ်ဖြစ်စေပါတယ်။ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ ဒါတွေကို လေ့လာရပါတယ်…..
၁။ ကာကွယ်ဆေးရဲ့ သဘာဝ၊ ထုတ်ပိုးပုံ၊ ထိန်းသိမ်းကိုင်တွယ်နည်း
၂။ လေယာဥ်ပေါ် အလေးချိန်မျှတအောင် ဖြန့်ကျက်တင်ဆောင်မည့်စနစ်၊ ရေခဲခြောက် အငွေ့ပျံနှုန်း
၃။ တပ်ဆင်ရမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် အချက်ပေးကိရိယာများ
၄။ လေယာဥ် လေဝင်လေထွက်စနစ် အလုပ်လုပ်ပုံ၊ ထားရမယ့် ဆက်တင်များ၊ အရေးပေါ်လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းများ
၅။ လေယာဥ်ရဲ့ အခြားဆက်စပ်စနစ်များ
၆။ လေယာဥ်ပေါ်ထားသိုမည့်နေရာ၊ အတူထားမယ့်အခြားပစ္စည်းများအပေါ် သက်ရောက်မှု
၇။ ခရီးသည်တင်ဆောင်ရန် အန္တရာယ်ရှိမရှိ
၈။ သယ်ဆောင်ရာတွင် ပါဝင်ပတ်သက်မည့် ဝန်ထမ်းများအားလုံးကို ကြိုတင်လေ့ကျင့်ပေးခြင်း
၉။ ရေခဲခြောက်အငွေ့ပျံနှုန်းကို သက်ရောက်စေမည့် လေယာဥ်ထွက်ခွာနှင့် ဆိုက်ရောက်လေဆိပ်တို့၏ မြေပြင်အပူချိန်များ
၁၀။ လေထဲမှာ ထွက်လာမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြောင့် လေယာဥ်လေဖိအားထိန်းစနစ် ထိခိုက်နိုင်မှု
၁၁။ မြေပြင်စောင့်ဆိုင်းချိန်များကြောင့် ရေခဲခြောက် အငွေ့ပျံချိန် မြန်ဆန်နိုင်မှု
၁၂။ ဆိုက်ရောက်လေဆိပ်ကို မဆင်းသက်နိုင်ဘဲ အခြားအရန်လေဆိပ်မှာ ဆင်းသက်ပါက ၎င်းလေဆိပ်များတွင် (ကာကွယ်ဆေးထိန်းသိမ်းရန်)ကျွမ်းကျင်သည့် မြေပြင်ဝန်ဆောင်မှု ဝန်ထမ်းများရှိမရှိ
၁၃။ ၎င်းအရန်လေဆိပ်သို့ အရေးပေါ်ပျံသန်းရမည့် ကြာချိန်နှင့် လေယာဥ်လမ်းကြောင်းများ
၁၄။ ခရီးသည်တင်သွားပါက တင်၍ပိုကြာနေချိန်အတွင်း ရေခဲခြောက်အငွေ့ပျံနှုန်း… စတာတွေကို အသေးစိတ်ဆွေးနွေးရပါတယ်
ဒါမှလည်း ချစ်တဲ့ရွှေမြန်မာတွေဆီ အရေးကြီးလှတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ အချိန်မှီ အန္တရာယ်ကင်းကင်း ရောက်ရှိနိုင်မှာပါ
“မြန်မာပြည်သူပြည်သားအားလုံး ကိုဗစ်ဘေးမှ အမြန်ဆုံး လွတ်မြောက်ကြပါစေ”
#ချစ်ခြင်းအားဖြင့်
အောင်ပို
၂၁-၁-၂၀၂၁
Zawgyi ;
ကိုဗစ္ေဆးေတြ ေရာက္ေတာ့မယ္ဆိုေတာ့ ျမန္မာျပည္တစ္နံတစ္လ်ားကို ျဖန႔္ျဖဴးေပးႏိုင္ဖို႔ ေလယာဥ္ေတြကို အသုံးျပဳရမွာမို႔ ေလေၾကာင္းလိုင္းေတြ စတင္ျပင္ဆင္ရပါၿပီ
Vaccine ေတြဟာ အပူခ်ိန္ (- ၈)ဒီကရီမွ (-၇၀)ဒီကရီအတြင္းမွာ ထိန္းသိမ္းထားရတာေၾကာင့္ ေရခဲေျခာက္ေတြကို သုံးရပါတယ္။ ေရခဲေျခာက္ေတြဟာ အခဲေတြဆိုေပမယ့္ အပူခ်ိန္ (-၇၈)ဒီကရီထက္မ်ားတာနဲ႔ အေငြ႕ပ်ံၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္အျဖစ္ အသြင္ေျပာင္းသြားပါတယ္
အဲဒီမွာ စေတြ႕ေတာ့တာပါပဲ.. ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဟာ ေလယာဥ္ေပၚပါလာတဲ့သူေတြကို အဆိပ္ျဖစ္ေစပါတယ္။ ဒီစိန္ေခၚမႈကို ေက်ာ္လႊားႏိုင္ဖို႔ ဒါေတြကို ေလ့လာရပါတယ္…..
၁။ ကာကြယ္ေဆးရဲ႕ သဘာဝ၊ ထုတ္ပိုးပုံ၊ ထိန္းသိမ္းကိုင္တြယ္နည္း
၂။ ေလယာဥ္ေပၚ အေလးခ်ိန္မွ်တေအာင္ ျဖန႔္က်က္တင္ေဆာင္မည့္စနစ္၊ ေရခဲေျခာက္ အေငြ႕ပ်ံႏႈန္း
၃။ တပ္ဆင္ရမယ့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ အခ်က္ေပးကိရိယာမ်ား
၄။ ေလယာဥ္ ေလဝင္ေလထြက္စနစ္ အလုပ္လုပ္ပုံ၊ ထားရမယ့္ ဆက္တင္မ်ား၊ အေရးေပၚလုပ္ေဆာင္ရမယ့္ လုပ္ထုံးလုပ္နည္းမ်ား
၅။ ေလယာဥ္ရဲ႕ အျခားဆက္စပ္စနစ္မ်ား
၆။ ေလယာဥ္ေပၚထားသိုမည့္ေနရာ၊ အတူထားမယ့္အျခားပစၥည္းမ်ားအေပၚ သက္ေရာက္မႈ
၇။ ခရီးသည္တင္ေဆာင္ရန္ အႏၲရာယ္ရွိမရွိ
၈။ သယ္ေဆာင္ရာတြင္ ပါဝင္ပတ္သက္မည့္ ဝန္ထမ္းမ်ားအားလုံးကို ႀကိဳတင္ေလ့က်င့္ေပးျခင္း
၉။ ေရခဲေျခာက္အေငြ႕ပ်ံႏႈန္းကို သက္ေရာက္ေစမည့္ ေလယာဥ္ထြက္ခြာႏွင့္ ဆိုက္ေရာက္ေလဆိပ္တို႔၏ ေျမျပင္အပူခ်ိန္မ်ား
၁၀။ ေလထဲမွာ ထြက္လာမယ့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြေၾကာင့္ ေလယာဥ္ေလဖိအားထိန္းစနစ္ ထိခိုက္ႏိုင္မႈ
၁၁။ ေျမျပင္ေစာင့္ဆိုင္းခ်ိန္မ်ားေၾကာင့္ ေရခဲေျခာက္ အေငြ႕ပ်ံခ်ိန္ ျမန္ဆန္ႏိုင္မႈ
၁၂။ ဆိုက္ေရာက္ေလဆိပ္ကို မဆင္းသက္ႏိုင္ဘဲ အျခားအရန္ေလဆိပ္မွာ ဆင္းသက္ပါက ၎ေလဆိပ္မ်ားတြင္ (ကာကြယ္ေဆးထိန္းသိမ္းရန္)ကြၽမ္းက်င္သည့္ ေျမျပင္ဝန္ေဆာင္မႈ ဝန္ထမ္းမ်ားရွိမရွိ
၁၃။ ၎အရန္ေလဆိပ္သို႔ အေရးေပၚပ်ံသန္းရမည့္ ၾကာခ်ိန္ႏွင့္ ေလယာဥ္လမ္းေၾကာင္းမ်ား
၁၄။ ခရီးသည္တင္သြားပါက တင္၍ပိုၾကာေနခ်ိန္အတြင္း ေရခဲေျခာက္အေငြ႕ပ်ံႏႈန္း… စတာေတြကို အေသးစိတ္ေဆြးေႏြးရပါတယ္
ဒါမွလည္း ခ်စ္တဲ့ေ႐ႊျမန္မာေတြဆီ အေရးႀကီးလွတဲ့ ကိုဗစ္ကာကြယ္ေဆးေတြ အခ်ိန္မွီ အႏၲရာယ္ကင္းကင္း ေရာက္ရွိႏိုင္မွာပါ
“ျမန္မာျပည္သူျပည္သားအားလုံး ကိုဗစ္ေဘးမွ အျမန္ဆုံး လြတ္ေျမာက္ၾကပါေစ”
#ခ်စ္ျခင္းအားျဖင့္
ေအာင္ပို
၂၁-၁-၂၀၂၁