ပြင်သစ်အစိုးရကို ဉပဒေနှင့်အညီပြတ်ပြတ်သားသားအရေးယူတော့မည်ဟု နစကမှ အသိပေးကြေငြာ

ပြင်သစ်မီဒီယာ ဒေါက်France 24 နှင့် ဒေါက်တာဇော်ဝေစိုးနှင့်တွေ့ဆုံခွင့်ပြုသည့်အတွက် ပြင်သစ်အစိုးရကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု နစကမှ ယနေ့ကြေငြာသည်

ကြေငြာချက်အပြည့်အစုံမှာ————

အမျိုးသားညီညွတ်ရေးအစိုးရ NUG မှဆိုသည့်ဇော်ဝေစိုးသည် ပြင်သစ်အစိုးရပိုင် ရုပ်မြင်သံကြားသတင်းဌာန France 24 နှင့် ၁/၇/၂၀၂၁ တွင် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပြီး ဇော်ဝေစိုးက အကူအညီမဲ့နေသည့် မြန်မာပြည်သူများသည် မိမိကိုယ်ကိုခုခံကာကွယ်သည့်နည်းလမ်းမှလွဲ၍ အခြားနည်းလမ်းများကိုအသုံးမပြုနိုင်တော့ကြောင်း နိုင်ငံတကာအသိုက်အဝန်းနေဖြင့် မြန်မာပြည်သူများအားကူညီရန် ပြောကြားခဲ့ကြောင်းသိရှိရသည်

ဇော်ဝေစိုး၏ ပြောကြားချက်များသည် အကြမ်းဖက်တိုက်ခိုက်ကျူးလွန်နေသူများအား ခုခံကာကွယ်ပြုလုပ်နေပြီး အားပေးအားမြောက်ပြုလုပ်နေကြောင်းတွေ့ရှိရသည် အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော NUG သည် ၂၄-၆-၂၀၂၁ ရက်နေ့တွင် ပြင်သစ်အောက်လွတ်တော်အမတ်အချိုံနှင့်လည်းကောင်း ၃၀-၆-၂၀၂၁ တွင် Online မှတဆင့် တွေ့ဆုံဆွေနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည့်အတွက်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်သံတမန်

လမ်းကြောင်းမှတဆင့် ပြင်သစ်ဘက်သို့ ကန့်ကွက်မှုများပြုလုပ်ခဲ့သည် မြန်မာနိုင်ငံသည် မည်သည့်အကြောင်းပြချက် မည်သည့်ပုံစံဖြင့်မဆို အကြမ်းဖက်မှုနှင့် အစွန်းရောက်မှု မှန်သမျှကို ကျူလွန်ခြင်းများအား ရှုံချသည့် ရပ်တည်ချက်ကိုအစဉ်ကျင့်သုံးလျက်ရှိပြီး အကြမ်းဖက်မည်များကို လက်ခံလိမ့်မည်မဟုတ်ကြောင်းနှင့် ဉပဒေနှင့်အညီ ပြတ်ပြတ်သားသားအရေးယူမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်

ထို့ကြောင့် ယခုကဲ့သို ဇော်ဝေစိုးက ပြင်သစ်အစိုးရပိုင် မီဒီယာမှတဆင့် တွေဆုံအသုံးပြု၍ ပြည်တွင်းတွင်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများအား အားပေးအားမြောက်ပြုလုပ်နေမှုများကို ကန့်ကွတ်ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးဖော်ပြအပ်ပါသည်။

——–





