မီတာမဆောင်တဲ့ အိမ်ကို မီးဖျက်လို့ရ မရ လျှပ်စစ်ဝန်ထမ်းတစ်ဦး ရှင်းပြချက်

မီတာမဆောင်တဲ့အိမ်တွေကိုပဲ ရွေးပြီး မီးဖြတ်လို့ရလား

“ဒီလမ်းတစ်လမ်းမှာ အိမ် ၁၀ အိမ်ရှိတယ်။ မဆောင်တဲ့အိမ်က ၁၀ အိမ်ရှိတယ်ဆိုရင် မဆောင်တဲ့အိမ်ကိုပဲ ရွေးပြီးဖြတ်လို့ရပါတယ်။ တကယ်က ပြည်သူနဲ့ အာဏာပိုင်တွေကြားမှာ အောက်ခြေဝန်ထမ်းတွေကတော့ ဒုက္ခရောက်လိမ့်မယ်။”

CDM လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန အမှုထမ်းတစ်ဦးရဲ့ ပြောပြချက်။

ဇူလိုင်လ ၆ ရက်နေ့ကစပြီး ရန်ကုန်က နေရာတချို့မှာ လျှပ်စစ်မီတာခတွေကို တအိမ်တက်ဆင်း လိုက်ဆောင်ခိုင်းပြီး မဆောင်တဲ့အိမ်တွေကို မီးဖြတ်တာတွေ လုပ်တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

လျှပ်စစ်ဓာတ်အားဖြတ်တာနဲ့ပတ်သက်တဲ့ မူဝါဒ၊ ဘယ်လိုပုံစံနဲ့ ဖြတ်နိုင်လဲ၊ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို တခြားဘယ်လို နည်းလမ်းတွေနဲ့ ရနိုင်ပါသလဲ။

အကြမ်းမဖက် အာဏာဖီဆန်မှု CDM လုပ်နေလို့ ရာထူးကထုတ်ပယ်ခံထားရတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက အမှုထမ်းတစ်ယောက်ကို မေးမြန်းထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

———–

မီတာမေဆာင္တဲ့အိမ္ေတြကိုပဲ ေ႐ြးၿပီး မီးျဖတ္လို႔ရလား

“ဒီလမ္းတစ္လမ္းမွာ အိမ္ ၁၀ အိမ္ရွိတယ္။ မေဆာင္တဲ့အိမ္က ၁၀ အိမ္ရွိတယ္ဆိုရင္ မေဆာင္တဲ့အိမ္ကိုပဲ ေ႐ြးၿပီးျဖတ္လို႔ရပါတယ္။ တကယ္က ျပည္သူနဲ႔ အာဏာပိုင္ေတြၾကားမွာ ေအာက္ေျခဝန္ထမ္းေတြကေတာ့ ဒုကၡေရာက္လိမ့္မယ္။”

CDM လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာန အမႈထမ္းတစ္ဦးရဲ႕ ေျပာျပခ်က္။

ဇူလိုင္လ ၆ ရက္ေန႔ကစၿပီး ရန္ကုန္က ေနရာတခ်ိဳ႕မွာ လွ်ပ္စစ္မီတာခေတြကို တအိမ္တက္ဆင္း လိုက္ေဆာင္ခိုင္းၿပီး မေဆာင္တဲ့အိမ္ေတြကို မီးျဖတ္တာေတြ လုပ္တယ္လို႔ ရပ္ကြက္ေန ျပည္သူေတြက ေျပာပါတယ္။

လွ်ပ္စစ္ဓာတ္အားျဖတ္တာနဲ႔ပတ္သက္တဲ့ မူဝါဒ၊ ဘယ္လိုပုံစံနဲ႔ ျဖတ္ႏိုင္လဲ၊ ေန႔စဥ္ဘဝအတြက္ လိုအပ္တဲ့ လွ်ပ္စစ္ဓာတ္အားကို တျခားဘယ္လို နည္းလမ္းေတြနဲ႔ ရႏိုင္ပါသလဲ။

အၾကမ္းမဖက္ အာဏာဖီဆန္မႈ CDM လုပ္ေနလို႔ ရာထူးကထုတ္ပယ္ခံထားရတဲ့ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက အမႈထမ္းတစ္ေယာက္ကို ေမးျမန္းထားပါတယ္။

ဘီဘီစီျမန္မာပိုင္း