နိုင်ငံရေးမှာမမွေ့လျော်တဲ့ စစ်ဗိုလ်ချုပ်တွေ

နိုင်ငံရေးမှာမမွေ့လျော်တဲ့ စစ်ဗိုလ်ချုပ်တွေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေတုန်းက သူနဲ့စီနီယာချင်းနီးတဲ့ ဗိုလ်ချုပ်တွေကို ဝန်ကြီးရာထူးတွေပေးပြီး အရန်အင်အားကိုပို့ပစ်ကာ သူ့သြဇာကိုချဲ့ထွင်တယ်လို့ တပ်မတော်အရာရှိဟောင်းတွေကပြောပြပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်တွေအစုလိုက်အပြုံလိုက်ကို အနားပေးခဲ့တာက ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတုန်းက ဖြစ်ပါတယ်။

အဲ့ဒီအချိန် ၂၀၁၀ တုန်းက ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှာ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို နဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်တို့ကလွဲလို့ ကျန်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေအားလုံးကို ပြည်ခိုင်ဖြိုးပါတီက‌နေ ‌ရွေးကောက်ပွဲဝင်ခိုင်းခဲ့တာပါ။

၂၀၁၀ ရွေးကောက်ပွဲ အလွန် ဦးသိန်းစိန်အစိုးရလက်ထက်မှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ဖြစ်လာပြီး၊ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်းက ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဖြစ်လာခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တစ်ပတ်စဥ်ထဲဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က ပြည်ထဲရေး ဝန်ကြီးဖြစ်လာပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲရာသီကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သြဇာထူထောင်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့ပါတယ်။

အပတ်စဥ်မတိမ်းမယိမ်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး၊

ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် ၊ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း နဲ့ ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်တို့ကို အနားပေးခဲ့ပါတယ်။

အငြိမ်းစားပေးလိုက်တဲ့စစ်ဗိုလ်ချုပ်တွေထဲမှာ အသက်(၆၀)မပြည့်သေးသူတွေပါဝင်ခဲ့ပြီး ကကနကောင်စီညွှန်ကြားလွှာ (၄/၂၀၁၄) အရ အငြိမ်းစားယူလိုက် ရတာ ဖြစ်ပြီး အများစုကပြည်ခိုင်ဖြိုးကနေ ရွေးကောက်ပွဲဝင်ကြပါတယ်။

တချို့ကတော့ ၂၀၁၅ ရွေးကောက်ပွဲကတစ်ဆင့် လွှတ်တော်ထဲရောက်ခဲ့ပေမယ့် နိုင်ငံရေးမှာ မပျော်ရွှင်ခဲ့ဘဲ မေးခွန်းလည်းမမေး အဆိုလည်းမတင်နဲ့ ခွင့်ယူတဲ့ရက်တွေသာ များနေခဲ့တာတွေ့ရပါတယ်။

၄/၂၀၁၄ အမိန့်နဲ့ ၂၀၁၅ ရွေးကောက်ပွဲရာသီဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်လက်ကျန် တပ်မတော်အရာရှိကြီးအများစု အငြိမ်းစားယူခဲ့ရပြီး တပ်မတော်ထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သြဇာ လွတ်လွတ်ကျွတ်ကျွတ်ထူထောင်နိုင်ဖို့ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Source BBC

Zawgyi

ႏိုင္ငံေရးမွာမေမြ႕ေလ်ာ္တဲ့ စစ္ဗိုလ္ခ်ဳပ္ေတြ

ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊတုန္းက သူနဲ႔စီနီယာခ်င္းနီးတဲ့ ဗိုလ္ခ်ဳပ္ေတြကို ဝန္ႀကီးရာထူးေတြေပးၿပီး အရန္အင္အားကိုပို႔ပစ္ကာ သူ႔ၾသဇာကိုခ်ဲ႕ထြင္တယ္လို႔ တပ္မေတာ္အရာရွိေဟာင္းေတြကေျပာျပပါတယ္။

ဒါေပမဲ့ ဗိုလ္ခ်ဳပ္ေတြအစုလိုက္အၿပဳံလိုက္ကို အနားေပးခဲ့တာက ၂၀၁၀ အေထြေထြ ေ႐ြးေကာက္ပြဲတုန္းက ျဖစ္ပါတယ္။

အဲ့ဒီအခ်ိန္ ၂၀၁၀ တုန္းက ကာကြယ္ ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းေအာင္လႈိင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး လွေဌးဝင္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကိုကို နဲ႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သူရျမင့္ေအာင္တို႔ကလြဲလို႔ က်န္တဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေတြအားလုံးကို ျပည္ခိုင္ၿဖိဳးပါတီက‌ေန ‌ေ႐ြးေကာက္ပြဲဝင္ခိုင္းခဲ့တာပါ။

၂၀၁၀ ေ႐ြးေကာက္ပြဲ အလြန္ ဦးသိန္းစိန္အစိုးရလက္ထက္မွာ တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း တို႔ျဖစ္လာၿပီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး လွေဌးဝင္းက ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ) ျဖစ္လာခဲ့ၾကပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နဲ႔ တစ္ပတ္စဥ္ထဲျဖစ္တဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကိုကို က ျပည္ထဲေရး ဝန္ႀကီးျဖစ္လာပါတယ္။

၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲရာသီကေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ၾသဇာထူေထာင္ဖို႔ အေကာင္းဆုံးအခြင့္အေရးျဖစ္ခဲ့ပါတယ္။

အပတ္စဥ္မတိမ္းမယိမ္းေတြျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီး လွေဌးဝင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး သူရသက္ေဆြ၊ တပ္မေတာ္စစ္ေဆးေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေသာင္းေအး၊

ကာကြယ္ေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးေဝလြင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးျမင့္စိုး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္သန္းထြဋ္ ၊ဒုတိယဗိုလ္ခ်ဳပ္ႀကီးခင္ေဇာ္ဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးလွမင္း နဲ႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီးဝင္းျမင့္တို႔ကို အနားေပးခဲ့ပါတယ္။

အၿငိမ္းစားေပးလိုက္တဲ့စစ္ဗိုလ္ခ်ဳပ္ေတြထဲမွာ အသက္(၆၀)မျပည့္ေသးသူေတြပါဝင္ခဲ့ၿပီး ကကနေကာင္စီၫႊန္ၾကားလႊာ (၄/၂၀၁၄) အရ အၿငိမ္းစားယူလိုက္ ရတာ ျဖစ္ၿပီး အမ်ားစုကျပည္ခိုင္ၿဖိဳးကေန ေ႐ြးေကာက္ပြဲဝင္ၾကပါတယ္။

တခ်ိဳ႕ကေတာ့ ၂၀၁၅ ေ႐ြးေကာက္ပြဲကတစ္ဆင့္ လႊတ္ေတာ္ထဲေရာက္ခဲ့ေပမယ့္ ႏိုင္ငံေရးမွာ မေပ်ာ္႐ႊင္ခဲ့ဘဲ ေမးခြန္းလည္းမေမး အဆိုလည္းမတင္နဲ႔ ခြင့္ယူတဲ့ရက္ေတြသာ မ်ားေနခဲ့တာေတြ႕ရပါတယ္။

၄/၂၀၁၄ အမိန႔္နဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲရာသီဟာ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊေခတ္လက္က်န္ တပ္မေတာ္အရာရွိႀကီးအမ်ားစု အၿငိမ္းစားယူခဲ့ရၿပီး တပ္မေတာ္ထဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ၾသဇာ လြတ္လြတ္ကြၽတ္ကြၽတ္ထူေထာင္ႏိုင္ဖို႔ ျဖစ္လာခဲ့တာလည္း ျဖစ္ပါတယ္။

Source BBC