
ရဲစခန်းများတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာ၊ ပဲခူးနှင့် တောင်တွင်းကြီးတွင် ရဲများ အစုလိုက်အပြုံလိုက်ကူးစက်၊ စာသင်နေသော ကျောင်းဆရာမများလည်းကူးစက်ခံရ
ရဲစခန်းများတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာ၊ ပဲခူးနှင့် တောင်တွင်းကြီးတွင် ရဲများ အစုလိုက်အပြုံလိုက်ကူးစက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ နယ်မြေရဲစခန်းတွင် ယနေ့ဇူလိုင် ၇ရက်နေ့မှာ ရဲတပ်သား ၃ဦးနှင့် အချုပ်သား၁၃ဦး စုစုပေါင်း ၁၆ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်းမြို့နယ်ကိုဗစ်အထောက်အကူပြုအဖွဲ့ထံမှသိရသည်။
ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံတွင် ယနေ့ ဇူလိုင်၇ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ86ဦး ဆေးကုသမှုခံယူနေသည်ဟုမြို့နယ်ကိုဗစ်အထောက်အကူပြုအဖွဲထံမှသိရသည်။
ကျောက်တံခါးမြို့နယ်အတွင်းတွင် ကိုဗစ်ရောဂါကူးစက်မှု များပြားနေပြီး လက်ရှိအချိန်တွင်အတည်ပြုလူနာများကို မြို့နယ်အတွင်းရှိဆေးရုံများတွင် ထားရှိရန်နေရာမရှိတော့တာကြောင့် ကုမ္မဏီပိုင်အဆောက်အဦးများတွင် ဆေးကုသခံယူဖို့စီစဉ်ထားကြောင်းမြို့နယ်ကိုဗစ်အထောက်အကူပြုအဖွဲထံမှသိရသည်
အလားတူ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ဇူလိုင် ၆ ရက် က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ယင်းအတည်ပြုလူနာများတွင် ယာဉ်ထိန်းရဲ ၁ ဦး၊ ဒုရဲအုပ်အဆင့်ရှိသူ ၁ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦးနှင့် မိသားစုဝင် အမျိုးသမီး ၄ ဦး တို့ကူးစက်ခံရကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဂွေးကုန်းအုပ်စု၊ စစ်တောကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ ဆဋ္ဌမတန်း အတန်းပိုင်ဆရာမတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံနေရကြောင်း သိရှိရသည်။
စစ်တောကုန်းကျေးရွာ တာဝန်ရှိသူတစ်ဦးက ”အဲ့ကျောင်းကကျောင်းသား ၅ ဦးယောက်လည်း အနံ့မရဘူးလို့သိရတယ်။ အနံ့မရသူတွေကတော့ ဒီနေ့ မြို့သစ်မြို့ပြည်သူဆေးရုံမှာ ဆေးစစ်မယ်။ စစ်တောကုန်းရွာဘုန်းကြီးကျောင်းက ကိုရင်တွေနဲ့ ရွာကလေးအများစုလည်း ဖျားနေကြတယ်” ဟုပြောသည်။
စစ်တောကျောင်း ပိုးကူးစက်ခံရသည့် ဆရာမ၏ အတန်းကိုသာပိတ်ပြီး ကျန်အတန်းအားလုံးကျောင်းတက်ရမည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝေ က ညွှန်ကြားထားကြောင်း သိရှိရသည်။
”အတန်းပိုင်ဆရာမရဲ့ ဇာတိက ကန်ကြီးရွာကလေ။ ကျောင်းကို နေ့ချင်းပြန်တက်တာ။ သူနဲ့ထိစပ်သူတွေ ဘယ်လောက်များနေပြီလဲမသိဘူးဗျာ။ အခုဖြစ်နေတာက စစ်ကောင်စီကလုပ်ချင်တာလုပ်နေတာ။ ကျွန်တော်တို့လည်း စိတ်ညစ်နေပြီ” ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောသည်။
——-
ရဲစခန္းမ်ားတြင္ ကိုဗစ္ကူးစက္မႈ ျမင့္တက္လာ၊ ပဲခူးႏွင့္ ေတာင္တြင္းႀကီးတြင္ ရဲမ်ား အစုလိုက္အၿပဳံလိုက္ကူးစက္၊ စာသင္ေနေသာ ေက်ာင္းဆရာမမ်ားလည္းကူးစက္ခံရ
ရဲစခန္းမ်ားတြင္ ကိုဗစ္ကူးစက္မႈ ျမင့္တက္လာ၊ ပဲခူးႏွင့္ ေတာင္တြင္းႀကီးတြင္ ရဲမ်ား အစုလိုက္အၿပဳံလိုက္ကူးစက္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
ပဲခူးတိုင္း၊ေက်ာက္တံခါးၿမိဳ႕နယ္ ပဲႏြယ္ကုန္းၿမိဳ႕ နယ္ေျမရဲစခန္းတြင္ ယေန႔ဇူလိုင္ ၇ရက္ေန႔မွာ ရဲတပ္သား ၃ဦးႏွင့္ အခ်ဳပ္သား၁၃ဦး စုစုေပါင္း ၁၆ဦးထံတြင္ ကိုဗစ္ပိုးေတြ႕ရွိေၾကာင္းၿမိဳ႕နယ္ကိုဗစ္အေထာက္အကူျပဳအဖြဲ႕ထံမွသိရသည္။
ပဲႏြယ္ကုန္းတိုက္နယ္ေဆး႐ုံတြင္ ယေန႔ ဇူလိုင္၇ရက္ေန႔ထိ ကိုဗစ္အတည္ျပဳလူနာ86ဦး ေဆးကုသမႈခံယူေနသည္ဟုၿမိဳ႕နယ္ကိုဗစ္အေထာက္အကူျပဳအဖြဲထံမွသိရသည္။
ေက်ာက္တံခါးၿမိဳ႕နယ္အတြင္းတြင္ ကိုဗစ္ေရာဂါကူးစက္မႈ မ်ားျပားေနၿပီး လက္ရွိအခ်ိန္တြင္အတည္ျပဳလူနာမ်ားကို ၿမိဳ႕နယ္အတြင္းရွိေဆး႐ုံမ်ားတြင္ ထားရွိရန္ေနရာမရွိေတာ့တာေၾကာင့္ ကုမၼဏီပိုင္အေဆာက္အဦးမ်ားတြင္ ေဆးကုသခံယူဖို႔စီစဥ္ထားေၾကာင္းၿမိဳ႕နယ္ကိုဗစ္အေထာက္အကူျပဳအဖြဲထံမွသိရသည္
အလားတူ မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕တြင္ ဇူလိုင္ ၆ ရက္ က ကိုဗစ္-၁၉ အတည္ျပဳလူနာ ၁၇ ဦး စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ယင္းအတည္ျပဳလူနာမ်ားတြင္ ယာဥ္ထိန္းရဲ ၁ ဦး၊ ဒုရဲအုပ္အဆင့္ရွိသူ ၁ ဦး အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ၁၂ ဦးႏွင့္ မိသားစုဝင္ အမ်ိဳးသမီး ၄ ဦး တို႔ကူးစက္ခံရေၾကာင္း သိရွိရသည္။
ထို႔ျပင္ မေကြးတိုင္း၊ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ေဂြးကုန္းအုပ္စု၊ စစ္ေတာကုန္းေက်း႐ြာအေျခခံပညာအလယ္တန္းေက်ာင္း၊ ဆ႒မတန္း အတန္းပိုင္ဆရာမတြင္လည္း ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံေနရေၾကာင္း သိရွိရသည္။
စစ္ေတာကုန္းေက်း႐ြာ တာဝန္ရွိသူတစ္ဦးက ”အဲ့ေက်ာင္းကေက်ာင္းသား ၅ ဦးေယာက္လည္း အနံ႔မရဘူးလို႔သိရတယ္။ အနံ႔မရသူေတြကေတာ့ ဒီေန႔ ၿမိဳ႕သစ္ၿမိဳ႕ျပည္သူေဆး႐ုံမွာ ေဆးစစ္မယ္။ စစ္ေတာကုန္း႐ြာဘုန္းႀကီးေက်ာင္းက ကိုရင္ေတြနဲ႔ ႐ြာကေလးအမ်ားစုလည္း ဖ်ားေနၾကတယ္” ဟုေျပာသည္။
စစ္ေတာေက်ာင္း ပိုးကူးစက္ခံရသည့္ ဆရာမ၏ အတန္းကိုသာပိတ္ၿပီး က်န္အတန္းအားလုံးေက်ာင္းတက္ရမည္ဟု ေက်ာင္းအုပ္ဆရာမႀကီး ေဒၚသန္းသန္းေဝ က ၫႊန္ၾကားထားေၾကာင္း သိရွိရသည္။
”အတန္းပိုင္ဆရာမရဲ႕ ဇာတိက ကန္ႀကီး႐ြာကေလ။ ေက်ာင္းကို ေန႔ခ်င္းျပန္တက္တာ။ သူနဲ႔ထိစပ္သူေတြ ဘယ္ေလာက္မ်ားေနၿပီလဲမသိဘူးဗ်ာ။ အခုျဖစ္ေနတာက စစ္ေကာင္စီကလုပ္ခ်င္တာလုပ္ေနတာ။ ကြၽန္ေတာ္တို႔လည္း စိတ္ညစ္ေနၿပီ” ဟု ပရဟိတအဖြဲ႕ဝင္တစ္ဦးကေျပာသည္။