
လက်ရှိအောက်ဆီဂျင်ပြတ်လပ်မှုအခက်အခဲအတွက် အောက်ဆီဂျင်ထုတ်ပေးမယ့် စက်ရုံတည်ဆောက်ပေးမယ့် နန္ဒာလှိုင်
အနုပညာရှင်သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်ကတော့ ပရိတ်သတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို ဆယ်စုနှစ်တစ်ခုကျော်မျှပိုင်ဆိုင်ခဲ့တဲ့ ကျော်ကြားသော အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အသက်အရွယ်အရ အနုပညာလောကမှာ မင်းသမီးတစ်လက်အနေနဲ့ မသင့်တော်တဲ့အရွယ်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါတယ်။အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် ပရိတ်သတ်တွေနဲ့ အဆက်အသွယ်မပြတ် အပြန်အလှန်ချစ်ခင်မှုတွေ ရရှိဆဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကိုဗစ်တတိယလှိုင်းဟာ မြန်မာနိုင်မှာ အခြေအနေဆိုးရွားတဲ့ အနေအထားတစ်ခုကို ရေုက်ရှိနေတာပဲ ဖြစ်ပါတယ်။များသောအားဖြင့် အောင်ဆီဂျင်ပြတ်လပ်မှု ပြဿနာတွေဟာ မြို့တိုင်းမှာ ကြုံတွေ့နေရတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒီခက်ခဲမှုတွေကို အတူတစ်ကွ ဖြေရှင်းနေရပေမယ့် အခက်အခဲတွေကတော့ရှိနေဆဲဖြစ်ပါတယ်။သေဆုံးမှုတွေ တိုးနေတဲ့ ကိုဗစ်တတိယလှိုင်းဟာ အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ သက်ဆိုင်နေတာမို့ အေုက်ဆီဂျင်ထုတ်လုပ်ပေးမယ့် စက်ရုံငယ်လေးတစ်ခု တည်ဆောက်ပေးမယ်ဆိုတဲ့ အကြောင်း နန္ဒာလှိုင်တစ်ယောက် ရေးသားဖော်ပြလာခဲ့ပါတယ်။
” Medical Oxygen Plant အသေးတစ်ခု လှူပေးချင်လို့ပါ။ အောက်ဆီဂျင်ထုတ်ပေးတဲ့စက်ရုံတစ်ခု ဆောက်ပေးမလို့ပါ။ ဘယ်သူ့ဆီမှာ စက်က အဆင်သင့် ရောင်းဖို့ရှိပါသလဲ။ ပြည်ပက မှာရင် ကြာမှာစိုးလို့ပါ။ တပတ်အတွင်းလောက်လိုချင်ပါတယ်” ဆိုပြီး သူမတည်ဆောက်ပေးမယ့် အောက်ဆီဂျင်စက်ရုံအတွက် လိုအပ်သည်များကို ရရှိနိုင်မယ့်နေရာလေးတွေ လမ်းညွှန်းပေးကြပါဆိုပြီး ရေသားဖော်ပြတောင်းဆိုလာခဲ့ပါတယ်။
Crd – YaungChi
———–
Crd – YaungChi