ဉာဏ်မရှိသော စစ်ကောင်စီ နှင့် ထပ်တိုးစစ်မျက်နှာ

ဉာဏ်မရှိသောမင်းအောင်လှိုင်နှင့် ထပ်တိုးစစ်မျက်နှာ

နံနက်ခင်း မျက်လုံးပွင့်လာသည်နှင့် ကိုယ့်နဖူးကိုယ် အရင်စမ်းကြည့်မိ။ပြီးတော့ ပါးစပ်ဝနား လက် ဖဝါးနှစ်ဖက်ကို စုအုပ်ကာ ကိုယ့်ခံတွင်းနံ့ကိုယ် နမ်းကြည့်မိပြန်သည်။သွားမတိုက် မျက်နှာမသစ်ရသေးခင် ခပ်ပြင်းပြင်းခံတွင်းအပုပ်နံ့ ရလိုက်သည်မှာ ကျနော်တို့အတွက် မင်္ဂလာတစ်ပါးဖြစ်သည်။ခံတွင်းနံ့လောက် ဖြင့် သိပ်မသေချာသေးဟုထင်ပါက လက်ဖဝါးထဲ အရက်ပျံထည့်ကာ အနံ့ရ၊မရ နမ်းကြည့်ရပြန်သည်။

ထန်ပြင်းလှသော ကိုဗစ်တတိယလှိုင်းသည် ကျနော်နေထိုင်ရာ အညာမြို့လေးဆီသို့ပင် ရောက်ရှိပျံ့နှံ့ကာ နေ့စဉ် အတက်ပြနေပြီဆိုတော့ ထိတ်ရလန့်ရသည်။အားကိုးယုံကြည်ရသည့် ကိုယ့် အစိုးရကလည်းမရှိသဖြင့် ကိုဗစ်ကို ပြတ်ပြတ်သားသားကြောက်ရလန့်ရသည်။

ပြီးခဲ့သည့်၂ရက်က ကိုယ့်မိတ်ဆွေတစ်ဦး လှမ်းဖုန်းဆက်သည်။အခုမှ အနံ့ပြန်ရသဖြင့် ဝမ်းလည်း သာရင်းသတိလည်းပေးရင်း ဖုန်းဆက်ခြင်းဖြစ်သည်တဲ့။သူဘယ်တုန်းကကိုဗစ်ဖြစ်သလဲဆိုသည်ကို ကျနော် မသိလိုက်။ ‘အခုဆေးရုံကဆင်းရပြီလား။’ဟုမေးကြည့်တော့ ဆေးရုံမတက်၊ဖျားပြီးအနံ့မရချင် ဖြစ်ကတည်း က သားသမီးနှစ်ယောက်ကို သူ့မိဘအိမ်သို့ပို့ထားကာ ကိုယ်တစ်ခန်းသူတစ်ခန်းလင်မယားနှစ်ယောက်ခပ် လှမ်းလှမ်းနေ၍ ကိုယ့်ဘာသာကုသခဲ့သည်တဲ့။

‘ဆေးရုံကိုလည်းအယုံအကြည်မရှိဘူးလေ။ဒါနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က အကြံဉာဏ်တောင်းပါဆိုတဲ့ဆ ရာဝန်တွေဆီ ဖုန်းဆက်ပြီး သူတို့ညွှန်ကြားတဲ့အတိုင်းကုတယ်။၄-၅ရက်ကြာတော့ အနံ့ပြန်ရလာတယ်။အခု လုံးဝဘာမှမဖြစ်တော့ပေမယ့် စိတ်မချလို့ ဘယ်သူနဲ့မှမတွေ့ဘူး။ကိုယ်ခံအားကောင်းအောင် သေချာစား သောက်နေတယ်။’ဟုမိတ်ဆွေကပြောပြသည်။

ပြီးတော့ မိတ်ဆွေဆက်ပြောပြတာက သူလိုကိုယ့်ဘာသာအိမ်တွင်းကုတွေ မနည်းသလို ဆေးရုံတ ကာကလက်မခံသဖြင့် ကိုယ့်ဘာသာအိမ်ပြန်ကုရသူလည်းမနည်းလှ။ထို့ကြောင့် ပိုးကူး စက်ခံနေရမှုမှာ စစ်ကောင်စီကြေညာသည့်အရေအတွက်ထက် များစွာပိုနေလောက်ပြီတဲ့။ဖြစ်နိုင်ခြေရှိသည့် ကောက်ချက်မို့ မိတ်ဆွေပြောသလို လူစည်ကားရာဈေးတို့ဘာတို့ မသွားတာအကောင်းဆုံး။သို့သော်၊ယနေ့ ထိတိုင် ကျနော် တို့မြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများမပိတ်။

သူနဲ့ဖုန်းပြောပြီးမကြာမီ မန္တလေးမှ မိတ်ဆွေတစ်ဦး၏ဖုန်းဝင်လာသည်။ ‘ကျွန်မသူငယ်ချင်းအမေ အောက်စီဂျင်ပြတ်တော့မှာမို့ အောက်စီဂျင်အသဲအသန်လိုက်ရှာနေရတယ်။ခင်ဗျားမှာ အချိတ်အဆက်ရှိ လား။’ဟု ကောက်ရိုးတစ်မျှင်ပမာ လှမ်းဖုန်းဆက်အကူအညီတောင်းခြင်းဖြစ်သည်။ကိုယ့်အချိတ်အဆက် ပရဟိတများကလည်း အဖမ်းခံနေရ၊ပြေးနေလွှားနေရဖြင့် အကုန်ကုန်ပြီမို့ ဘာမှမတတ်နိုင်။

ကလေးမြို့တွင်ဆို ပြီးခဲ့သည့်ဇွန်လမှစ၍ ကိုဗစ်တတိယလှိုင်းဒဏ်ကိုအပြင်းထန်ဆုံးခံခဲ့ရ သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ဇွန်လကတည်းက ကိုဗစ်ကူးစက်ခံရမှု နေ့စဉ်ဒီတက်နေသလို သေဆုံးမှု နှုန်းမှာ လည်း တရိပ်ရိပ်။ ယခုလတွင်လည်းဇူလိုင်၆ရက် နေ့အထိကိုဗစ်နှင့်တုပ်ကွေးရောဂါဖြင့်သေဆုံးသူ ၁၇၈ဦးရှိ နေပြီဖြစ်ကြောင်း ဧရာဝတီသတင်းကဆိုသည်။

အသက်ကယ်စရာအောက်စီဂျင်မရှိ သည့်အဖြစ်ဆိုးကြီးကို ကလေးမြို့သူ/သား တို့ အပြင်းထန်ဆုံးခံနေရ သည်။ဇွန်လတုန်းက အောက်စီဂျင်လီ တာ၄၀ တစ်အိုးလျှင် ကျပ်တစ်သိန်း ခြောက်သောင်း။ယခုအခါ ကျပ် နှစ်သိန်းခွဲ။ဆက်စပ်ပစ္စည်းများပါ ဝယ်ယူပါက စုစုပေါင်းသုံး သိန်းတစ် သောင်းခန့်။သို့သော်၊ရောင်းမည့်ဆိုင် မရှိသလောက်ရှား။(အောက်စီဂျင်ဝယ်ရှူရသည့်အဖြစ်ဆိုး မှာ ဒုတိယလှိုင်းကာလအထိတစ်ခါမှမကြားခဲ့ဖူး။)

ကလေးမြို့တွင် လူ့အသက်နှင့် အောက်စီဂျင်လိုအပ်ချက် တိုက်ရိုက်အချိုးကျခဲ့ သည်မှာ ဇွန်လမှ စတင်ခဲ့သော်လည်း ယနေ့ထိတိုင် အာဏာသိမ်း စစ်ကောင်စီက အောက်စီဂျင်လိုအပ် ချက်ကိုမဖြည်းတင်း ပေးနိုင်။ယခုမန္တလေးနှင့်ရန်ကုန်တို့တွင်လည်း အောက်စီဂျင်လိုအပ်ချက်မြင့်တက်လာ ပြီဖြစ်သော်လည်း အစွမ်းအစမရှိ၊အမျှော်အမြင်မရှိသော စစ်ကောင်စီကြောင့် ပြည်သူတို့ ငုတ်တုတ်အ အသေခံရမည့်ကိန်း။

မြန်မာနိုင်ငံအောက်ဘက်ခြမ်း မွန်ပြည်နယ်ကိုကြည့်မလား။မော်လမြိုင်၊သထုံနှင့်သံဖြူဇရပ် တို့၏ လတ်တလောကိုဗစ်ကူးစက်မှုမှာ နေ့စဉ်အတက်ပြလို့။ဆေးရုံပေါ်တွင် ရောဂါအခံရှိသူနှင့်အခြေအနေဆိုး သူများကိုသာ လက်ခံကုသပေးပြီး ကျန်သံသယရှိသူများအား ကိုဗစ်ရှိ၊မရှိ လက်ခံစစ်ဆေးပေးနိုင်ခြင်းပင်မရှိ တော့ဘဲ ကိုယ့်အိမ်ကိုယ်နေကိုယ့်ဘာသာကု ရသောကြောင့် နေ့စဉ်အမှန်တကယ်ကူးစက်ခံရမှုမည်မျှရှိသ လဲဆိုသည်ကို မသိနိုင်တော့ပါဟု မွန်ဒေသခံမိတ်ဆွေတစ်ဦးကပြောသည်။

‘ဒီလောက်ဆိုးနေတာတောင် ကျောင်းတွေက ဒီနေ့(ဇူလိုင်၇ရက်)ထိမပိတ်ဘူးလေ။မိသားစုထဲမှာ ကိုဗစ်ဖြစ်တယ်။ကျောင်းတက်နေတဲ့သားသမီးတွေရှိတယ်။ဘယ်လောက်ကြောက်စရာကောင်းလဲ။မွန်ပြည် နယ်မှာဆို မော်လမြိုင်တက္ကသိုလ်ကနေ ကိုဗစ်စဖြစ်ပြီးတော့ ပြည်နယ်တစ်ခုလုံးကို ပြန့်သွားတာ။စစ်ကောင် စီကမထုတ်ပြန်ရဲလို့မထုတ်ပြန်ပေမယ့်မော်လမြိုင်ပြည်သူတွေအကုန်သိတယ်။’ဟု၎င်းကဆက်ပြောသည်။

ဇူလိုင်၇ရက်နေ့ည MRTVသတင်းထဲတွင်တော့ မွန်ပြည်နယ်ရှိ မော်လမြိုင်၊သထုံနှင့်သံဖြူဇရပ်တို့ ကို Stay at Homeမြို့နယ်များအဖြစ်သတ်မှတ်ကြောင်းကြေညာသည်။သို့သော် Stay at Home စည်းကမ်း ချက်များကို ပြည်သူလိုက်နာမှုရှိရန်မှာ ပညာပေးစည်းရုံးနိုင်မှ၊တင်းကျပ်စွာကိုင်တွယ်နိုင်မှ။

ပြောရလျှင်ကိုဗစ်တတိယလှိုင်းသည် ယခုမှ စတင်အရှိန်ယူခါစ အခြေအနေဖြစ်သော်လည်း လက် ရှိအ နေအထား မှာပင် မည်သို့မည်ပုံကိုင်တွယ်ရမည်မသိသော စစ်ကောင်စီ၏ဉာဏ်ရည်မပြည့်ခြင်းက ပေါ်လွင် နေခဲ့ ပြီ ဖြစ်သည်။

အကယ်၍ စစ်ကောင်စီ သာ ဉာဏ်ရည်ပြည့်ခဲ့လျှင် ကိုဗစ်တတိယလှိုင်းသည်းထန်နေသော အိန္ဒိ ယကိုကြည့်ကာ ကာကွယ်ရေးအစီအမံများကို အခိုင်အမာပြုလုပ်မည်မှာသေချာသည်။စစ်ကောင်စီအတွက် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်တံခါးများကို လုံခြုံရေးအဆင့်တိုးမြှင့်ကာ ပိတ်လိုက်ခြင်းသည် ငွေကုန် ကြေးကျသိပ်မရှိသဖြင့် နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ရန် မခဲယဉ်းသော်လည်း ယခုအချိန်လွန်ခဲ့ပြီ။

ထို့ပြင် ဒုတိယလှိုင်းကာလအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တည်ဆောက်ထားပြီးဖြစ် သည့်ကိုဗစ်ကာကွယ်ကုသရေးဆိုင်ရာ အခြေခံအဆောက်အဦများက အခိုင်အမာရှိနှင့်ပြီးဖြစ်၍ ပြန်လည် မွမ်းမံရသည်မှာ ငွေကုန်ကြေးကျမများသလို ခက်ခက်ခဲခဲလည်းမရှိ။သို့သော်၊ ယနေ့ထိတိုင် ဟိုယောင်ယောင် ဒီယောင်ယောင်။

~~~~~~~

လင်းခေတ်

crd – Myanmar Harp Media