“စစ်ကောင်စီ အထီးကျန်စွာ ရှုံးနိမ့်ပြိုဆင်းလာခြင်း”

“စစ်ကောင်စီ အထီးကျန်စွာ ရှုံးနိမ့်ပြိုဆင်းလာခြင်း”

နွေဦးတော်လှန်ရေး၏အောင်မြင်မှုသည် တစစ ပီပြင်ထင်ရှားလာနေပြီဖြစ်သည်။အသိသာအထင်ရှားဆုံးမှာ မီဒီယာတိုက်ပွဲထက်၌ စစ်ကောင်စီသည် အတွင်းရော အပြင်ပါ ရှုံးနိမ့်ပြိုဆင်းလာနေခြင်း ဖြစ်သည်။

ကမ္ဘာ့ဒီမိုကရေစီအင်အားစုများသည် အဓိပ္ပါယ်ကင်းမဲ့သော စစ်အာဏာသိမ်းမှုကို သိသာထင်ရှားစွာ ဆန့်ကျင်လာကြပြီဖြစ်သည်။မင်းအောင်လှိုင်သည် ဒီမိုကရေစီ၏ သဘောသဘာဝကိုနားလည်ပုံမရ။

စစ်တပ်၌ နေရာရခဲ့ခြင်းကြောင့် မိမိထင်ရာလုပ်ပိုင်ခွင့်ရှိသည်ဟူသော အယူအဆဖြင့် အာဏာသိမ်းခြင်းသည် မိမိကိုယ်တိုင်ရော စစ်တပ်အသိုင်းအဝိုင်းကိုပါ ကမ္ဘာ့အလယ်၌ အထီးကျန်စေသည်။ကောင်းသတင်းဟူ၍ မည်သည့် နိုင်ငံကမှအဖက်လုပ်၍ ဖော်ပြလာခြင်း မရှိ။မိမိအသိုင်းအဝိုင်းမှာပင် ဝေဖန်ခံလာရပြီဖြစ်သည်။

ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် စစ်အုပ်စုနှင့်ဆက်စပ်ပတ်သက်သူများ စတင်နောက်ဆုတ်စွန့်ခွာလာကြပြီ။
(၈၈) ကာလနှင့် ကွဲပြားသည်မှာ နိုင်ငံတကာအသိုင်းအဝိုင်း၌ နှစ်ပေါင်းများစွာ ကျင်လည်လာသူများ စစ်တပ်နှင့်ဆက်လက် ဆက်ဆံနေလျှင် ကြုံတွေ့ရမည့် ဆိုးကျိုးများကို လက်တွေ့မြင်လာကြရပြီ။

မင်းအောင်လှိုင်သည် ဆက်၍ အရှုံးနှင့် ရင်ဆိုင်သွားရတော့မည်။ယုတ်စွအဆုံး သာမန်ဆင်းရဲသားပြည်သူတစ်ဦးပင်လျှင် မိမိဘာသာ အွန်လိုင်းမီဒီယာအားလွတ်လပ်စွာ အသုံးပြုနိုင်သည်။

မင်းအောင်လှိုင်မှာ ထိုအခွင့်အရေးမျိုးပင်မရှိတော့ပေ။မြန်မာနိုင်ငံ၌ မင်းအောင်လှိုင်ဟူသောအမည်နာမသည် နောင်နှစ်ပေါင်းရာချီသည်အထိ အပယ်ခံနာမည်အဖြစ် ရာဇဝင် တွင်သွားပါတော့မည်။

မိုးသိကြား

———-

“စစ္ေကာင္စီ အထီးက်န္စြာ ရႈံးနိမ့္ၿပိဳဆင္းလာျခင္း”

ေႏြဦးေတာ္လွန္ေရး၏ေအာင္ျမင္မႈသည္ တစစ ပီျပင္ထင္ရွားလာေနၿပီျဖစ္သည္။
အသိသာအထင္ရွားဆုံးမွာ မီဒီယာတိုက္ပြဲထက္၌ စစ္ေကာင္စီသည္ အတြင္းေရာ အျပင္ပါ ရႈံးနိမ့္ၿပိဳဆင္းလာေနျခင္း ျဖစ္သည္။

ကမာၻ႔ဒီမိုကေရစီအင္အားစုမ်ားသည္ အဓိပၸါယ္ကင္းမဲ့ေသာ စစ္အာဏာသိမ္းမႈကို သိသာထင္ရွားစြာ ဆန႔္က်င္လာၾကၿပီျဖစ္သည္။မင္းေအာင္လႈိင္သည္ ဒီမိုကေရစီ၏ သေဘာသဘာဝကိုနားလည္ပုံမရ။

စစ္တပ္၌ ေနရာရခဲ့ျခင္းေၾကာင့္ မိမိထင္ရာလုပ္ပိုင္ခြင့္ရွိသည္ဟူေသာ အယူအဆျဖင့္ အာဏာသိမ္းျခင္းသည္ မိမိကိုယ္တိုင္ေရာ စစ္တပ္အသိုင္းအဝိုင္းကိုပါ ကမာၻ႔အလယ္၌ အထီးက်န္ေစသည္။ေကာင္းသတင္းဟူ၍ မည္သည့္ ႏိုင္ငံကမွအဖက္လုပ္၍ ေဖာ္ျပလာျခင္း မရွိ။မိမိအသိုင္းအဝိုင္းမွာပင္ ေဝဖန္ခံလာရၿပီျဖစ္သည္။

ပိတ္ဆို႔ဒဏ္ခတ္မႈမ်ားေၾကာင့္ စစ္အုပ္စုႏွင့္ဆက္စပ္ပတ္သက္သူမ်ား စတင္ေနာက္ဆုတ္စြန႔္ခြာလာၾကၿပီ။
(၈၈) ကာလႏွင့္ ကြဲျပားသည္မွာ ႏိုင္ငံတကာအသိုင္းအဝိုင္း၌ ႏွစ္ေပါင္းမ်ားစြာ က်င္လည္လာသူမ်ား စစ္တပ္ႏွင့္ဆက္လက္ ဆက္ဆံေနလွ်င္ ႀကဳံေတြ႕ရမည့္ ဆိုးက်ိဳးမ်ားကို လက္ေတြ႕ျမင္လာၾကရၿပီ။

မင္းေအာင္လႈိင္သည္ ဆက္၍ အရႈံးႏွင့္ ရင္ဆိုင္သြားရေတာ့မည္။ယုတ္စြအဆုံး သာမန္ဆင္းရဲသားျပည္သူတစ္ဦးပင္လွ်င္ မိမိဘာသာ အြန္လိုင္းမီဒီယာအားလြတ္လပ္စြာ အသုံးျပဳႏိုင္သည္။

မင္းေအာင္လႈိင္မွာ ထိုအခြင့္အေရးမ်ိဳးပင္မရွိေတာ့ေပ။ျမန္မာႏိုင္ငံ၌ မင္းေအာင္လႈိင္ဟူေသာအမည္နာမသည္ ေနာင္ႏွစ္ေပါင္းရာခ်ီသည္အထိ အပယ္ခံနာမည္အျဖစ္ ရာဇဝင္ တြင္သြားပါေတာ့မည္။

မိုးသိၾကား