အချိုရည်နှင့် ကော်ဖီမစ် အမှုစစ်ရဲများ ကွာရန်တင်း ဝင်နေရ၊အတုလုပ်သူတွင် ကိုဗစ် ပိုးတွေ့…

မန္တလေးမြို့တွင် M-150 အားဖြည့်အချိုရည်နှင့် Birdy ကော်ဖီမစ်များ အတုပြုလုပ် ရောင်းချမှုဖြင့် ဖမ်းဆီး အမှုဖွင့်စစ်ဆေးနေသည့် အမျိုးသားတစ်ဦး COVID-19 ပိုးတွေ့သဖြင့် အမှုစစ် နှစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦးခန့် ကွာရန်တင်း ဝင်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ(၁၄)ရက်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကုန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်နှင့် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ ၆၂လမ်း၊ ၁၆လမ်းနှင့် ၁ရလမ်းကြားရှိ နေအိမ်တစ်အိမ်တွင် M-150 အားဖြည့်အချိုရည်နှင့် Birdy ကော်ဖီမစ်ထုပ်များ အတုပြုလုပ် နေသည်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ပြီးနောက် ပိုင်ရှင် အမျိုးသားနှင့် အတုပြုလုပ်ရာတွင် ပါဝင်သူအချို့ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ပိုင်ရှင်အမျိုးသားကို COVID-19 ရှိ၊မရှိ စစ်ဆေးရာ ရောဂါပိုး တွေ့ရှိသဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၁)မှ အမှုစစ် ရဲအရာရှိတစ်ဦးနှင့် ပုသိမ်ကြီးမြို့မရဲစခန်းမှ အမှုစစ်နှင့် ရဲတပ်ဖွဲ့ဝင်များ ကွာရန်တင်း ဝင်နေရခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။

“အဲဒီလူ (အချိုရည်နှင့် ကော်ဖီမစ် အတုပြုလုပ်မှုဖြင့် ဖမ်းဆီးထားသူ)က ကိုဗစ် Positive တွေ့လို့တဲ့ ဒီဘက်က အမှုစစ်တစ်ယောက် Q (ကွာရန်တင်း) ဝင်နေရတယ်။ ပုသိမ်ကြီးကတော့ ဘယ်နှစ်ယောက်လဲ မသိဘူး၊ ပိုင်ရှင်က သူတစ်ယောက်ထဲကိုး” ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွ့မှူး ရဲမှူးကျော်ဇင်မြင့်က ပြောသည်။

အထက်ပါ အမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားသူတစ်ဦး ကိုဗစ် ပိုးတွေ့သဖြင့် ပုသိမ်ကြီးမြို့မ ရဲစခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးခန့် ကွာရန်တင်း ဝင်နေရသည်ဟု ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကလည်း အတည်ပြုသည်။

“ပုသိမ်ကြီး စခန်းမှာတော့ အမှုဖွင့်ထားတာ အမျိုးသားနှစ်ယောက်။ တစ်ယောက်က ကိုဗစ်တွေ့လို့ ရဲတပ်ဖွဲ့ဝင် လေးဦးပေါ့။ Q ဝင်ရတာ” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

မန္တလေးတွင် အားဖြည့် အချိုရည်နှင့် ကော်ဖီမစ်များ အတုအပ ပြုလုပ်ရောင်းချနေကြောင်း သတင်းအရ ပြီးခဲ့သည့် ဇန်နဝါရီ(၁၄)ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအချို့ ပါဝင်သော ပူပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်နှင့် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ ၆၂လမ်း၊ ၁၆ လမ်းနှင့်

၁၇ လမ်းကြားရှိ နေအိမ်တစ်အိမ်သို့ ရှာဖွေခဲ့ရာ M-150 အားဖြည့်အချိုရည်နှင့် Birdy ကော်ဖီမစ်ထုပ်များ အတုပြုလုပ်နေသည်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းမိမှုတွင် ပုသိမ်ကြီးမြို့နယ် ဖြစ်စဉ်နှင့်ပတ်သက်၍ အတုအပ ပြုလုပ်သည့် ပိုင်ရှင် အမျိုးသား အပါအဝင် အမျိုးသားနှစ်ဦးကို ပုသိမ်ကြီးမြို့မရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀/၄၈၆ ဖြင့်လည်းကောင်း၊ အောင်မြေသာစံမြို့နယ် ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ရှင်အမျိုးသားကို အောင်မြေသာစံမြို့နယ် အမှတ်(၁)ရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀/၄၈၆ ဖြင့်လည်းကောင်း အမှုဖွင့်ထားသည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ပုဒ်မများသည် အာမခံပေး၍ရသော ပုဒ်မများ ဖြစ်သည့်အတွက် အာမခံပေးထားကြောင်း၊ ပိုးတွေ့အမျိုးသားသည် သက်ဆိုင်ရာ ကိုဗစ်ကုသရေးဆေးရုံ၌ တက်ရောက်နေကြောင်း အထက်ပါ ရဲအရာရှိများက ပြောသည်။

Zawgyi ;

မႏၲေလးၿမိဳ့တြင္ M-150 အားျဖည့္အခ်ိဳရည္ႏွင့္ Birdy ေကာ္ဖီမစ္မ်ား အတုျပဳလုပ္ ေရာင္းခ်မွုျဖင့္ ဖမ္းဆီး အမွုဖြင့္စစ္ေဆးေနသည့္ အမ်ိဳးသားတစ္ဦး COVID-19 ပိုးေတြ႕သျဖင့္ အမွုစစ္ ႏွစ္ဦးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ငါးဦးခန႔္ ကြာရန္တင္း ဝင္ေနရေၾကာင္း သတင္းရရွိသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီ(၁၄)ရက္က မႏၲေလးၿမိဳ့ ပုသိမ္ႀကီးၿမိဳ့နယ္ ကုန္းတန္းေက်းရြာရွိ ေနအိမ္တစ္အိမ္ႏွင့္ ေအာင္ေျမသာစံၿမိဳ့နယ္ ေဒါနဘြားရပ္ကြက္၊ ၆၂လမ္း၊ ၁၆လမ္းႏွင့္ ၁ရလမ္းၾကားရွိ ေနအိမ္တစ္အိမ္တြင္ M-150 အားျဖည့္အခ်ိဳရည္ႏွင့္ Birdy ေကာ္ဖီမစ္ထုပ္မ်ား အတုျပဳလုပ္ ေနသည္ကို ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းမိခဲ့ၿပီးေနာက္ ပိုင္ရွင္ အမ်ိဳးသားႏွင့္ အတုျပဳလုပ္ရာတြင္ ပါဝင္သူအခ်ိဳ့ကို ဖမ္းဆီးထားေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဖမ္းဆီးထားသည့္ ပိုင္ရွင္အမ်ိဳးသားကို COVID-19 ရွိ၊မရွိ စစ္ေဆးရာ ေရာဂါပိုး ေတြ႕ရွိသျဖင့္ ေအာင္ေျမသာစံၿမိဳ့နယ္ အမွတ္(၁)မွ အမွုစစ္ ရဲအရာရွိတစ္ဦးႏွင့္ ပုသိမ္ႀကီးၿမိဳ့မရဲစခန္းမွ အမွုစစ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ကြာရန္တင္း ဝင္ေနရျခင္း ျဖစ္ေၾကာင္း သက္ဆိုင္ရာၿမိဳ့နယ္ ရဲတပ္ဖြဲ႕ တာဝန္ရွိသူမ်ားက Mandalay In-depth News အား ေျပာသည္။

“အဲဒီလူ (အခ်ိဳရည္ႏွင့္ ေကာ္ဖီမစ္ အတုျပဳလုပ္မွုျဖင့္ ဖမ္းဆီးထားသူ)က ကိုဗစ္ Positive ေတြ႕လို့တဲ့ ဒီဘက္က အမွုစစ္တစ္ေယာက္ Q (ကြာရန္တင္း) ဝင္ေနရတယ္။ ပုသိမ္ႀကီးကေတာ့ ဘယ္ႏွစ္ေယာက္လဲ မသိဘူး၊ ပိုင္ရွင္က သူတစ္ေယာက္ထဲကိုး” ဟု ေအာင္ေျမသာစံၿမိဳ့နယ္ ရဲတပ္ဖြ႕မွူး ရဲမွူးေက်ာ္ဇင္ျမင့္က ေျပာသည္။

အထက္ပါ အမွုႏွင့္ ဆက္စပ္၍ ဖမ္းဆီးထားသူတစ္ဦး ကိုဗစ္ ပိုးေတြ႕သျဖင့္ ပုသိမ္ႀကီးၿမိဳ့မ ရဲစခန္းမွ အမွုစစ္ ရဲအရာရွိတစ္ဦး အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ေလးဦးခန႔္ ကြာရန္တင္း ဝင္ေနရသည္ဟု ပုသိမ္ႀကီးၿမိဳ့နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကလည္း အတည္ျပဳသည္။

“ပုသိမ္ႀကီး စခန္းမွာေတာ့ အမွုဖြင့္ထားတာ အမ်ိဳးသားႏွစ္ေယာက္။ တစ္ေယာက္က ကိုဗစ္ေတြ႕လို့ ရဲတပ္ဖြဲ႕ဝင္ ေလးဦးေပါ့။ Q ဝင္ရတာ” ဟု အထက္ပါ ရဲအရာရွိက ေျပာသည္။

မႏၲေလးတြင္ အားျဖည့္ အခ်ိဳရည္ႏွင့္ ေကာ္ဖီမစ္မ်ား အတုအပ ျပဳလုပ္ေရာင္းခ်ေနေၾကာင္း သတင္းအရ ၿပီးခဲ့သည့္ ဇန္နဝါရီ(၁၄)ရက္ ညပိုင္းတြင္ ရဲတပ္ဖြဲ႕ႏွင့္ ဌာနဆိုင္ရာအခ်ိဳ့ ပါဝင္ေသာ ပူေပါင္းအဖြဲ႕သည္ ပုသိမ္ႀကီးၿမိဳ့နယ္၊ ကုန္းတန္းေက်းရြာရွိ ေနအိမ္တစ္အိမ္ႏွင့္ ေအာင္ေျမသာစံၿမိဳ့နယ္ ေဒါနဘြားရပ္ကြက္၊ ၆၂လမ္း၊ ၁၆ လမ္းႏွင့္

၁၇ လမ္းၾကားရွိ ေနအိမ္တစ္အိမ္သို့ ရွာေဖြခဲ့ရာ M-150 အားျဖည့္အခ်ိဳရည္ႏွင့္ Birdy ေကာ္ဖီမစ္ထုပ္မ်ား အတုျပဳလုပ္ေနသည္ကို ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းမိခဲ့ေၾကာင္း သက္ဆိုင္ရာၿမိဳ့နယ္ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

အဆိုပါ ဖမ္းမိမွုတြင္ ပုသိမ္ႀကီးၿမိဳ့နယ္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ အတုအပ ျပဳလုပ္သည့္ ပိုင္ရွင္ အမ်ိဳးသား အပါအဝင္ အမ်ိဳးသားႏွစ္ဦးကို ပုသိမ္ႀကီးၿမိဳ့မရဲစခန္း၌ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၄၂၀/၄၈၆ ျဖင့္လည္းေကာင္း၊ ေအာင္ေျမသာစံၿမိဳ့နယ္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ပိုင္ရွင္အမ်ိဳးသားကို ေအာင္ေျမသာစံၿမိဳ့နယ္ အမွတ္(၁)ရဲစခန္း၌ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၄၂၀/၄၈၆ ျဖင့္လည္းေကာင္း အမွုဖြင့္ထားသည္ဟု သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ တာဝန္ရွိသူမ်ားက ေျပာသည္။

အဆိုပါ ပုဒ္မမ်ားသည္ အာမခံေပး၍ရေသာ ပုဒ္မမ်ား ျဖစ္သည့္အတြက္ အာမခံေပးထားေၾကာင္း၊ ပိုးေတြ႕အမ်ိဳးသားသည္ သက္ဆိုင္ရာ ကိုဗစ္ကုသေရးေဆး႐ုံ၌ တက္ေရာက္ေနေၾကာင္း အထက္ပါ ရဲအရာရွိမ်ားက ေျပာသည္။