ခိုင်နှင်းဝေရဲ့ ပရဟိတအဖွဲ့သို့ အောက်ဆီဂျင်ဝယ်ရန် (၁၅)သိန်း လှူဒါန်းခဲ့တဲ့ အောင်သူတို့ ဇနီးမောင်နှံ

မြန်မာရုပ်ရှင်နှင့်ဗွီဒီယိုလောကမှာ အချိန်အတော်ကြာတစ်ခုထိ အေူင်မြင်မှုတွေ ရရှိခဲ့တဲ့ ဟရုပ်ဆောင်ပိုူအိအိခန့်ကတော့ ဘောလုံးအားကစားသမားဖြစ်တဲ့ အောင်သူနဲ့ လင်ထက်ပြီးချိန်မှာတော့ အနုပညာအလုပ်တွေ ရပ်နားထားပြီး သာယာတဲ့မိသားစုဘဝလေးတည်ဆောက်ဖို့အတွက် မိသားစုကိုပဲ အချိန်ပေးနေထိုင်နေတာပဲ ဖြစ်ပါတယ်။

အောင်သူတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အလှူအတန်းရက်ရောကြသလို နှစ်ဦးသားတက်ညီလက်ညီနဲ့ ကူညီလှူဒါန်းမှုတွေလည်းပြုလုပ်လျက်ရှိပါတယ်။ယနေ့မှာလည်း သရုပ်ဆောင်ခိုင်နှင်းဝေဦးစီးတည်းထောင်ထားတဲ့ ခိုင် မိသားစုကလေးများဂေဟာကို လိုအပ်သည်များအသုံးပြုဖို့အတွက် ၁၅သိန်းကျပ် ကို လှူဒါန်းပေးတဲ့အတွက် ခိုင်နှင်းဝေမှ ကျေးဇူးတင်ကြောင်း ဂုဏ်ပြုအသိအမှတ်ပြုဖော်ပြလာခဲ့ပါတယ်။

ခိုင်နှင်းဝေ မှ “ညီမလေး ပိုအိခန့်တို့ မိသားစုမှ သားလေးမောင်သွင်ဦးဟန် ရဲ့ မွေးနေ့ အကြို အလှု အဖြစ် အောက်ဆီဂျင်အိုးများ ဝယ်ယူရန် အတွက် အလှုငွေ (၁၅)သိန်းကို လှူဒါန်းပေးပါတယ်ရှင်..အလှူအတန်းဆို အမြဲ ရက်ရက်ရောရော လှူပေးတဲ့ ညီမလေးတို့ မိသားစု ဒီထက်မက အောင်မြင်ပြီး ပိုတိုးလှူနိုင်ပါစေနော်.”ဆိုပြီး ဂုဏ်ပြုမှတ်တမ်းပုံလေးနဲ့အတူ မျှဝေလာခဲ့ပါတယ်။

———-

မြန်မာရုပ်ရှင်နှင့်ဗွီဒီယိုလောကမှာ အချိန်အတော်ကြာတစ်ခုထိ အေူင်မြင်မှုတွေ ရရှိခဲ့တဲ့ ဟရုပ်ဆောင်ပိုအိအိခန့်ကတော့ ဘောလုံးအားကစားသမားဖြစ်တဲ့ အောင်သူနဲ့ လင်ထက်ပြီးချိန်မှာတော့ အနုပညာအလုပ်တွေ ရပ်နားထားပြီး သာယာတဲ့မိသားစုဘဝလေးတည်ဆောက်ဖို့အတွက် မိသားစုကိုပဲ အချိန်ပေးနေထိုင်နေတာပဲ ဖြစ်ပါတယ်။



Crd – YaungChi