တပ်တွင်းအကွဲအပြဲ ကြီးကြီးမားမားရှိနေပီဆိုပြီးပြောလိုက်တဲ့ ပန်ဆယ်လို
ငညစ်တွေကြောင့် ဒုက္ခရောက်ရတဲ့ကြား ငဗစ်က တတိယမ္ပိ မွှေနေပြီ။ ပြည်သူတွေလည်း ဒုက္ခပြီးတော့ ဒုက္ခထဲ အကြိမ်ကြိမ်လည်ရင်း စိတ်ဓါတ်တွေ ပြိုလဲနေကြပြီ။ သိထားရတဲ့ သတင်းတစ်ခုကို ပြောပြချင်တယ်။ စိတ်ဓါတ်ကျနေတာ ကိုယ်တွေဘက်ချည်း မဟုတ်ဘူး။ တစ်ဖက်မှာလည်း တပ်ပျက်နေပြီ။ ကိုဗစ္ က ကိုယ်တွေဘက်မှာပဲ ကူးစက်နေတာ မဟုတ်ဘူး။ သူတို့ဘက်မှာလည်း ကူးစက်နေပြီ။
ပြည်သူတွေက လူဦးရေများလို့ အရေအတွက်များတာ၊ သူတို့က ပြည်သူတွေလောက် လူဦးရေမများလို့ ကိန်းဂဏန်း နည်းနေတာ။ % ချကြည့်ရင် သူတို့ဘက်က ကူးစက်မှုဟာ ပိုကြီးမားတယ်။ စစ်ကိုင်းချောင်မှာ အကောင်ကြီး မိသားစုတွေ ခွေးတိုးဝက်ဝင်ဖြစ်နေပြီ။ တိုင်းရေးပြည်ရေး အခြေအနေက ထိန်းမရချိန်မှာ ကိုဗစ္ပါ ပါလာရင် ဘယ်လိုမှ ဆက်မထိန်းချုပ်နိုင်ဘူးဆိုတာ နည်းနည်းဉာဏ်ရည်ရှိတာနဲ့ သိတယ်။ စစ်တပ်အကောင်ကြီး အသိုင်းအဝိုင်းက အချို့ဆို ပိုင်ဆိုင်မှုတွေ ချရောင်းနေကြပြီ။ ပြေးပေါက်ရှာနေကြပြီ။
တပ်တွင်းအကွဲအပြဲ ကြီးကြီးမားမားတစ်ခုခုတော့ ရှိနေတာ သေချာတယ်။ မအလ Vs စဝ လား၊ မအလ Vs မထဥလား။ ဘာလား ညာလား။ သေချာတာတော့ မအလ ရုရှားရောက်တဲ့ သတင်းပဲကြားပြီး ပြန်ရောက်လာတာ မကြားဘူး။ အခမ်းအနားတွေ ဘာတွေနဲ့ ကြိုတာလည်း မတွေ့ရဘူး။ အဲ့နောက်ပိုင်း လပ်လျားလပ်လျားလည်း မတွေ့ဘူး။ ပြန်ကို မရောက်တော့တာလား (ဟီ.. တကယ်ဖြစ်ပါစေ)၊ ဘောင်မဝင်တော့တာလား၊ အကွဲအပြဲတွေထဲ ဘယ်နှခြမ်းများ ကွဲနေသလဲပေါ့။ စောက်ပုရယ်… စိတ်ပူတယ် (မဖြစ်မှာကြောက်လို့ ပူတာ)
တပ်တွင်း အာဏာသိမ်းမှုတွေ၊ တပ်တွင်းပြိုကွဲမှုတွေ၊ ညှိနှိုင်းမှုတွေ စတဲ့ကိစ္စတွေက ကြိုတင်စိတ်ကူးယဉ်နေစရာ မလိုပါဘူး။ အချင်းချင်းချကြလို့ အကုန်ကြွကုန်လည်း တိုက်ရသက်သာတာပေါ့။ သေချာတာကတော့ ပြည်သူတွေ အခြေအနေမကောင်းသလို ဒင်းတို့လည်း တော်တော်ကို မကောင်းဘူးဆိုတာ ပြောပြတာ။
ပိုင်ဆိုင်မှုတွေ ခိုးရောင်းနေတာကတော့ ခိုင်လုံတဲ့ သတင်းပဲ။ အဲ့ဒါတော့ သေချာတယ်။ အချင်းချင်း မယုံကြည်နိုင်၊ စိတ်မလုံခြုံ၊ ပစ္စည်းဥစ္စာတွေအတွက် ရတက်မအေးဖြစ်နေတယ်ဆိုတာ သိရရုံနဲ့တင် မျက်နှာပေါ်က အပြုံးက အတော်နဲ့ မပျောက်ဘူး။ ယူခဲ့သမျှ ပြန်ပေးဆပ်ရမယ်ဆိုတာ ငါတို့ပြည်သူကပြောတာ။ MWD ကလွှင့်တဲ့ Pာစကားမဟုတ်ဘူး။
တပ်ထဲလည်း လူစစ်ကြည့်ကြဦး။ ဘာဘီကျူးတွေတင် မဟုတ်ဘူး၊ ငါ့တို့ဘက်ကို နေ့စဉ်ဝင်လာလို့ ဆီးကယ်နေရတာ နေ့တိုင်းပဲ။
ရှေ့သို့လှမ်းချီ အဘနိုင်ငံဆီနောက်သို့ ပြန်ကြည့် တစ်ကောင်မှမရှိ ဖြစ်နေဦးမယ်။ 🤣🤣
credit ပန်ဆယ်လို
Zawgyi
credit ပန်ဆယ်လို