သူများတိုင်းပြည်နဲ့ မတူတာက ကျနော်တို့မှာ လူမှုရေး စိတ်ရှိတယ်လို့ စစ်ခေါင်း ဆောင်ပြော

သူများတိုင်းပြည်နဲ့ မတူတာက ကျနော်တို့မှာ လူမှုရေး စိတ်ရှိတယ်လို့ စစ်ခေါင်း ဆောင်ပြော

မြန်မာတွေက Volunteer စေတနာ့ဝန်ထမ်းရှိပါတယ်။ သူများတိုင်းပြည်နဲ့ မတူတာက ကျနော်တို့မှာ လူမှုရေး စိတ်ရှိတယ်။ ကူကြ၊ ကယ်ကြမယ့်သူတွေ အများကြီးရှိတယ်”

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်း ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ တတိယ လှိုင်းကို ပြည်သူလူထု၏

တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အစည်းအဝေးတွင် ပြောဆိုသည်။

၎င်းက “ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းသူပြည်သားတွေရဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လုပ်မယ် ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့ ကျနော် ပြောလိုပါတယ်။ အဲဒါကို အဓိကထား ပြောလိုပါတယ်” ဟု ပြောသည်။

ဇွန်လ ၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး

ယင်းအစည်းအဝေးတွင် စစ်ဘက်ဆိုင် ရာ ခေါင်းဆောင်များ အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သက်ဆိုင်ရာ ကျန်းမာရေးသင်တန်း တက်ပြီးသူများ အနေဖြင့် နီးစပ်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊

ကျန်းမာရေးအဖွဲ့များနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ပေးရန် ကြေညာပါက ကိုဗစ် ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်း အများအပြား ရနိုင်မည်ဟုလည်း ပြောဆိုခဲ့သည်။

“နိုင်ငံတော်က ကြေညာပေးလိုက်တာ ကောင်းတယ်။ အဲဒါဆိုရင် ပိုပြီးတော့ ထိရောက်လိမ့်မယ်။ အများကြီး ရနိုင်တယ်။ မြန်မာတွေက Volunteer (စေတနာ့ဝန်ထမ်း) စိတ်ရှိပါတယ်။

သူများတိုင်းပြည်နဲ့ မတူတာက ကျနော်တို့မှာ လူမှုရေး စိတ်ရှိတယ်။ ကူကြ၊ ကယ်ကြမယ့်သူတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။

သို့သော် လက်တွေ့ မြေပြင်တွင်မူ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေသည့် ပြည်သူလူထုက စစ်ကောင်စီ၏ ကုသမှုကို မခံ ယူလိုသဖြင့် နေအိမ်တွင် မိမိအစီအစဉ်ဖြင့် ကုသခြင်းများ ရှိနေသလို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက် ထက်ကကဲ့သို့ စေတနာ့ဝန်ထမ်း အများအပြားက ပါဝင်ကူညီခြင်း၊ လုပ်ငန်းရှင်နှင့် ပြည်သူများ၏ ကူညီပံ့ပိုးပေးခြင်းများ လည်း လုံးဝ မရှိတော့သည်ကို တွေ့ရသည်။

Source Irrawaddy

———

သူမ်ားတိုင္းျပည္နဲ႔ မတူတာက က်ေနာ္တို႔မွာ လူမႈေရး စိတ္ရွိတယ္လို႔ စစ္ေခါင္း ေဆာင္ေျပာ

ျမန္မာေတြက Volunteer ေစတနာ့ဝန္ထမ္းရွိပါတယ္။ သူမ်ားတိုင္းျပည္နဲ႔ မတူတာက က်ေနာ္တို႔မွာ လူမႈေရး စိတ္ရွိတယ္။ ကူၾက၊ ကယ္ၾကမယ့္သူေတြ အမ်ားႀကီးရွိတယ္”

အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျမန္မာႏိုင္ငံတြင္း ႀကဳံေတြ႕ေနရသည့္ ကိုဗစ္-၁၉ တတိယ လႈိင္းကို ျပည္သူလူထု၏

တာဝန္သိသိ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ ေက်ာ္လႊားႏိုင္မည္ျဖစ္ေၾကာင္း ကိုဗစ္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးဆိုင္ရာ အစည္းအေဝးတြင္ ေျပာဆိုသည္။

၎က “ျပည္သူလူထုရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ၊ တိုင္းသူျပည္သားေတြရဲ႕ တာဝန္သိသိ ပူးေပါင္းေဆာင္႐ြက္မႈေတြနဲ႔ လုပ္မယ္ ဆိုရင္ေတာ့ ေက်ာ္လႊားႏိုင္မယ္လို႔ က်ေနာ္ ေျပာလိုပါတယ္။ အဲဒါကို အဓိကထား ေျပာလိုပါတယ္” ဟု ေျပာသည္။

ဇြန္လ ၉ ရက္ေန႔က ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ ညႇိႏႈိင္း အစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာဆိုခဲ့ျခင္းျဖစ္ၿပီး

ယင္းအစည္းအေဝးတြင္ စစ္ဘက္ဆိုင္ ရာ ေခါင္းေဆာင္မ်ား အပါအဝင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့သည္။

ယင္းအစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သက္ဆိုင္ရာ က်န္းမာေရးသင္တန္း တက္ၿပီးသူမ်ား အေနျဖင့္ နီးစပ္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊

က်န္းမာေရးအဖြဲ႕မ်ားႏွင့္ ဆက္သြယ္ၿပီး ေဆာင္႐ြက္ေပးရန္ ေၾကညာပါက ကိုဗစ္ ကုသေရးအတြက္ က်န္းမာေရးဝန္ထမ္း အမ်ားအျပား ရႏိုင္မည္ဟုလည္း ေျပာဆိုခဲ့သည္။

“ႏိုင္ငံေတာ္က ေၾကညာေပးလိုက္တာ ေကာင္းတယ္။ အဲဒါဆိုရင္ ပိုၿပီးေတာ့ ထိေရာက္လိမ့္မယ္။ အမ်ားႀကီး ရႏိုင္တယ္။ ျမန္မာေတြက Volunteer (ေစတနာ့ဝန္ထမ္း) စိတ္ရွိပါတယ္။

သူမ်ားတိုင္းျပည္နဲ႔ မတူတာက က်ေနာ္တို႔မွာ လူမႈေရး စိတ္ရွိတယ္။ ကူၾက၊ ကယ္ၾကမယ့္သူေတြ အမ်ားႀကီးရွိတယ္” ဟု ၎က ေျပာသည္။

သို႔ေသာ္ လက္ေတြ႕ ေျမျပင္တြင္မူ ကိုဗစ္တတိယလႈိင္းကို ရင္ဆိုင္ေနသည့္ ျပည္သူလူထုက စစ္ေကာင္စီ၏ ကုသမႈကို မခံ ယူလိုသျဖင့္ ေနအိမ္တြင္ မိမိအစီအစဥ္ျဖင့္ ကုသျခင္းမ်ား ရွိေနသလို

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရ လက္ ထက္ကကဲ့သို႔ ေစတနာ့ဝန္ထမ္း အမ်ားအျပားက ပါဝင္ကူညီျခင္း၊ လုပ္ငန္းရွင္ႏွင့္ ျပည္သူမ်ား၏ ကူညီပံ့ပိုးေပးျခင္းမ်ား လည္း လုံးဝ မရွိေတာ့သည္ကို ေတြ႕ရသည္။

Source Irrawaddy