ရှေးမြန်မာဘုရင်များလက်ထက်က ပညာရှိရွေးပွဲ

ရှေးမြန်မာဘုရင်များလက်ထက်ကပညာရှိများကို မည်သည့်နေရာက မွေးထုတ် သနည်းဟူ၍၎င်း၊

မည်သူများက မွေးထုတ်ပေးသနည်း ဟူ၍၎င်း၊ စဉ်းစားတွေးတော ကြည့်ကောင်း ကြည့်ကြပေမည်။

ယခုခေတ်အခါ လူတော်လူကောင်းများကို တက္ကသိုလ်က မွေးထုတ်ပေး သကဲ့သို့ ပင်ရှေးခေတ်မြန်မာ့လူတော်လူကောင်းများကို ဘုန်းကြီးကျောင်းများကမွေးထုတ်ပေးကြသည်။

စင်စစ်ဆိုသော် ဘုန်းကြီး ကျောင်းများသည်ပင် မြန်မာ့တက္ကသိုလ်များ ဖြစ်တော့သည်။

နိုင်ငံတစ်နိုင်ငံတွင်အုပ်ချုပ်သူအစိုးရဟူသည် ရှိအပ်သောကြောင့်ထိုအစိုးရ၏ ယန္တရားစက်ကြီးအမြဲလည်နိုင်အောင် အုပ်ချုပ်ရေး

အဖွဲ့တွင် ပညာရှိများကိုလည်းဖြည့်စွက်ရန် လိုအပ်သည့်အားလျော်စွာပညာရှိများကို နိုင်ငံက မွေးထုတ်ပေးရန်ကြိုးစားကြရသည်သာဖြစ်သည်။

စစ်ဖက်၊ နယ်ဖက်၊ နိုင်ငံရေး၊ သာသနာရေး၊ ပညာရေးဖက်တို့တွင်နိုင်နင်းစွာ ဆောင်ရွက်နိုင်ရန်မြန်မာဘုရင်များလက်ထက်

ကလည်း တနှစ်လျှင် တကြိမ်ဆိုသလိုပညာရှိများကိုမွေးထုတ်ပေးရသည်။ရှာကြံပေးကြရသည်။

ထင်ပေါ်လျှင် စင်တော်ကကောက်သည် ဟူသည့် စကားအတိုင်း နိုင်ငံတွင် လူတော်လူကောင်း တယောက် ပေါ်လာသည်ဆိုလျှင်

ဘုရင်က ခေါ်ယူ၍ချီးမြင့် မြှောက်စားတော် မူသည်သာ ဖြစ်သည်။

မြန်မာမင်းများ လက်ထက်က စာပြန်ပွဲတော်သည် မြန်မာ့တက္ကသိုလ် စာမေးပွဲများပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ထိုစာပြန်ပွဲများက လူတော်လူကောင်း ပညာရှိအများကို ရွေးထုတ် ပြီးလျှင်လွှတ်တော်၊ ရုံးတော်၊ ဗြဲတိုက်တော်တို့တွင် အသုံးချသွားသည်။

ထိုပုဂ္ဂိုလ်တို့အနက် အချို့ စာရေးတော်များဖြစ်လာကြသည်။

အချို့ လူတော်လူကောင်း များသည် အရှင်မွေးလျှင် နေ့ချင်းကြီး ဆိုသကဲ့သို့ ရာထူးကြီးများကိုပင် တိုက်ရိုက်ရနိုင်ပေသည်။

နိုင်ငံဝန်ထမ်း ပုဂ္ဂိုလ်ကြီးများထဲတွင် ပညာရှိဟူသည်တို့မှာ လောကရေး၊ ရာဇရေး၊ ဓမ္မရေးတို့တွင် တဖက်ကမ်းခပ် တတ်မြောက်သော လူပြန်တော် ပုဂ္ဂိုလ်ကြီးများသာများသည်။

တွင်းသင်းမင်းကြီး၊ ကင်းဝန်မင်းကြီး၊ ပခန်းဝန်ကြီး စသည်တို့သည် ရဟန်းအဖြစ်မှ လူဝတ်လဲပြီးနောက် နန်းတော်သို့

ရောက်ကြ၍ အုပ်ချုပ်ရေး ယန္တရားကို လည်စေသော သူများပင်ဖြစ်ကြသည်။

မြန်မာဘုရင်များ လက်ထက်တော် အခါက စာပြန်ပွဲတခုကို ကြည့်မည်ဆိုလျှင် ယခုခေတ်အမြင်နှင့်သော် များစွာကွာခြားနေသည်ကို တွေ့ရပေမည်။

ခေတ်မမီလိုက်သော ပန်းချီဆရာများအား မြန်မာ့စာပြန်ပွဲတော် ကျင်းပနေပုံကို ပန်းချီရေးဆွဲပါဆိုလျှင် သင်္ကန်းဝတ်နှင့် ရဟန်းတော်များစာပြန်နေပုံကိုသာ ရေးဆွဲမည် ဖြစ်ပေသည်။

ဤသို့ရေးထားလျှင် မြန်မာမင်း လက်ထက်က စာပြန်ပွဲတစ်ခု၏ မြင်ခင်းမဟုတ်ကြောင်း အချို့သိသူများက ရယ်မော ကြမည် သာဖြစ်သည်။

မြန်မာမင်းများ လက်ထက်က စာပြန်ပွဲဆိုသည်မှာ ဤသို့ဖြစ်သည်။

၁၆နှစ်အရွယ်၊ ၁၅နှစ်အရွယ် စသည်ဖြင့် အသက်၂၀မကျော်သေးသူ လူဝတ်ကြောင်များက စာပြန်ကြသည်။ သင်္ကန်းဝတ်နှင့် စာမပြန်ရပေ။

ဘုရင့်စာပြန်ပွဲတို့တွင် လူဝတ်ကြောင်နှင့်သာ စာပြန်ဆိုရပေသည်။

အချို့စာပြန်ပွဲဝင်သူတို့မှာ အသက် ၁၉နှင့် ၂၀ ပင်ရှိနေပြီဖြစ်သော်လည်း ရဟန်းမခံသေးပဲ လူဝတ်ကြောင်နှင့် ပထမကျော်ဖြစ်အောင် ကြိုးစာဆဲရှိသေးသည်ကို တွေ့ရသည်။

ထို့ကြောင့် အချို့ ရဟန်းတော်များသည် သက်တော်၂၁နှစ် ၂၂နှစ် အရွယ်ရောက်မှပင် ရဟန်းခံကြရသည်။

အချို့ရဟန်းမခံကြသေးသည်မှာ စာပြန်ပွဲ ဝင်နွှဲ၍ ထိပ်တန်းသို့ရောက်လျှင် ဘုရင်၏ ရွေးကောက်ခြင်း ခံရကာ

မင်းမှုထမ်းရာထူးတခုခုကို ရရှိလိမ့်မည်ဟု ရည်ရွယ်ချက် ထားရှိ သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ထိုခေတ်အခါက ဘုန်းကြီးကျောင်းများသည် လူရည်ချွန်ကလေးများကို ထူးထူးခြားခြား လက်သပ်မွေးထားပြီးလျှင် စာသင်ပေးကြသည်။

မည်သည့်ကောင်းမှ ဤနှစ် ပထမကျော် ထွက်သည်ဟု ဆိုလျှင် အဆိုပါကျောင်းသည် အလွန်နာမည်ကြီါ်ပြီးလျှင် မင်းစိုးရာဇာ တို့၏ ကြည်ညိုလေးစား ဆည်းကပ်ခြင်းကို ခံရကြရသည်။

သက်ဆိုင်ရာ ဆရာတော်သည်လည်း မင်းပေါက်စိုးပေါက် ဖြစ်လာသည်။

ထို့ကြောင့် ဘုန်းကြီးကျောင်းမျာသည် လူရည်ချွန် ကလေးများကို ငယ်စဉ်ကစ၍ မွေးလာပြီးလျှင် နန်းတော်နှင့်ဆိုင်သည့် ပညာရပ်များကို သင်ပေးကြသည်။

သူငယ်၏ စိတ်နေစိတ်ထားကိုကြည့်ပြီးလျှင် ဆန်းကျမ်းနှင့်တော်လျှင် ဆန်းကျမ်း၊ ဂဏန်းနှင့်တော်လျှင် ဂဏန်း သင်ပေးကြသည်။

ထို့ပြင် အလင်္ကာကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ လျှောက်ထုံးဖြစ်ထုံး ဥပဒေကျမ်း စသည်တို့ကိုပါမကျန် သင်ပေး၍ နန်းတော်သို့ ပို့ပေးကြသည်လည်း ရှိသည်။

သည်ကဲ့သို့ ပို့ပေးခြင်းခံရသော ပညာတတ်များလည်း ရှိသည်။

အချို့ကား ကိုရင်းကြီးများက မြင်းစီး၊ ဓားခုတ်၊ လှံထိုး၊ နပန်းကိုင်၊ လက်ဝှေ့သတ် စသည်တို့ကို သင်ပေးကြ၏။

ရှေးပုဂံခေတ်မှစ၍ ပွဲကျောင်းရဟန်းတော်များသည် ဤကဲ့သို့သော အတတ်ပညာ များကို လူငယ်ကလေးများအား သင်ပေးကြသည်။

ဘုရင်ကလည်း ဤအတတ်မျိုးကို တတ်မြောက်လာသူများထဲမှ သင့်နိုးရာရာတို့ကို ကောက်ယူတော်မူသည်။

ရှေးအခါက မှူးမတ်မျိုး ၁၄ပါးရှိသည်။ ယင်းတဆယ့်လေးပါးတွင် လက်ဝှေ့သတ် အမတ်သည်လည်း တပါးအပါအဝင် ဖြစ်သည်။

ဘုရင်ကောယူမြှောက်စားခြင်းလံရလျှင် ဘုရင့်လက်ဝှေ့တော်သတ် ဖြစ်လာသည်။

မင်းတုန်းမင်းလက်ထက်က နာမည်ကျော်ကြားသည့် ရေနံချောင်းဝန်ကြီး ဦးရွှေစို သည် ငယ်စဉ်အခါက လက်ဝှေ့တော်သတ် တစ်ယောက်ဖြစ်ခဲ့ဖူးသည် ဆိုကြသည်။

ပုဂံမင်းကို မင်းတုန်းမင်း တော်လှန်သည့်အခါ ဦးရွှေစို မပါဝင်ခဲ့ပေ။

သို့သော် မင်းတုန်းမင်း ရွှေဘိုသို့ ထွက်သည့်အခါမှ မယားဖြစ်သူက ရွှေဘိုသို့ လိုက်သွားရန်ပြော၍ ဦးရွှေစိုလိုက်သွားသဖြင့် သူကောင်းပြုခံ ရသည်။

လက်ဝှေ့သတ်ခြင်းကို အဘိဓာန်ကျမ်းများတွင် နိဗ္ဗုဒ္ဓ ဟုခေါ်သည်။ ၅၅၀ ဇာတ်တော်များမှာပင် လက်ဝှေ့သတ်ခြင်းအကြောင်းများနှင့် ပတ်သတ်၍ ဖတ်ကြရပေသည်။

မြန်မာမင်းများ၏ စစ်သည်တော်တို့သည် လက်ဝှေ့သတ် ကျွမ်းကျင် ကြရသည်။ သစ်ကျားတို့နှင့် ရင်ဆိုင်ကာလက်ဝှေ့သတ် အနိုင်ယူခဲ့သူများ ရှိခဲ့ဖူးသည်။

အလောင်းဘုရား လက်ထက်က ဗိုလ်တွန်သည် လက်ဝှေ့သတ်ခြင်း၌ ကျွမ်းကျင်သည်။

ဗိုလ်တွင်ကို ဖမ်းရန် ငချစ်ကောင်းတို့ လိုက်ရာမှာ ဗိုလ်တွန်သည် ဆီးစပ်တွင် သေနတ်မှန်၍ ဒဏ်ရာရသည်။

တောင်စောင်းတွင် အမှတ်တမဲ့နေခိုက် နောက် မှလာပြီးဖမ်းရာတွင် ဖမ်းသူကို ဆုပ်ကိုင်၍ တောင်အောက်သို့ ပစ်ချလိုက်သည်။

ဤကား ရှေးအခါက ဘုန်းတော်များက သင်ပေးလိုက်သောအတတ်ပညာများ အကြောင်းပင် ဖြစ်သည်။

ယခုခေတ်စာပြန်ပွဲကိုကြည့်လျှင် ရဟန်းတော်များသည် ခုံပေါ်တွင် ထိုင်လျက်ရေးဖြေကြရသည်ကို တွေ့ရပေမည်။ ရေးရန်စာရွက်၊ ကလောင်တံ၊ မင်အိုး စသည်တို့ပါရကြသည်။

ရှေးမြန်မာဘုရင်များလက်ထက်က စာပြန်ပွဲမှာ ဤသို့မဟုတ်ချေ။

၂ယောက်တတွဲ၊ ၃ယောက်တတွဲ စသည်ဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးတုပ်ထိုင်လျက် စာမေးဆရာတော် ၂ပါးထံတွင် စာပြန်ရသည်။

စာမေးဆရာတော်က မိမိ၏ ရှေ့၌ ဒူးတုပ်ထိုင်နေသည့် ၁၅နှစ်၊ ၁၆နှစ်အရွယ် လူဝတ်ကြောင် သူငယ်ကို အလိုရှိရာ သင့်နိုးရာရာကို ပြန်ခိုင်းသည်။

သဒ်ဒါကြီးပြန်စမ်း ဟုဆိုလျှင် သဒ်ဒါကြီး ပြန်ရသည်။
ဆန်းပြန်စမ်း ဆိုလျှင် ဆန်းပြန်ရသည်။

ထို့နောက် အဘိဓာန်စသည်တို့ကို မေးသည်။ ဝိဂြိုဟ် ပြုခိုင်းသည်။ ထိုကဲ့သို့ နှုတ်မှ မေးသော မေးခွန်းများသည်ပင် စာမေးပွဲပုစ္ဆာဖြစ်တော့သည်။

ထိုသို့ စာပြန်ဆိုနေစဉ် ဆရာတော်များက စာပြန်ဆိုသူကို ရှုထောင့်အမျိုးမျိုးမှ နေ၍ အကဲခတ်သည်။

အသံပြတ်သားသည် မပြတ်သားသည်၊ မထစ်မငေါ့ ရွတ်နိုင်သည် မရွတ်နိုင်သည်၊ မကြောက်မရွံ့ ရွတ်နိုင်သည် မရွတ်နိုင်သည်၊

ကိုယ်အမူအရာ နှုတ်အမူအရာ ကောင်းသည် မကောင်းသည် စသည်တို့ကို အကဲခတ်ကြည့်ကာ အမှတ်ပေးနေခြင်းဖြစ်သည်။

ယခုခေတ်တွင် ကဲ့သို့ အဖြေစာအုပ်ကို စစ်ဆေးကာ အမှတ်ပေးအကဲဖြတ်သည် မဟုတ်ပေ။

ဤကဲ့သို့ စာပြန်သူများထဲမှ မည်မျှအောင်သည်ကို ဆရာတော်များက အောင်စာရင်း ထုတ်ပေးသည်။

အောင်သူများကို ဘုရင်က သားတော်အမှတ်ပြုရပေသည်။ အောင်သူများထဲမှ ထူးထူးချွန်ချွန် ပထမကျော်ရသူများ ရှိခဲ့ပါလျှင် ထိုပုဂ္ဂိုလ်ကို သားတော်အမှတ်ဖြင့် သိမ်းပိုက် ရပေသည်။

စာပြန်ပွဲ ဖြေဆိုရာ၌ ဗျတ္တိဗလနှင့် ပြည့်စုံသူများကို ဆရာတော်များက ပိုမို နှစ်သက်သည်။ လောက၌ သတ္တိနှင့် ဗျတ္တိဟူ၍ ၂မျိုးရှိသည်။

ကျားနှင့်၎င်း ဆင်နှင့်၎င်း ရင်ဆိုင်နိုင်၍ ထိုးခုတ်သတ်ဖြတ်ရဲသူကို သတ္တိရှိသူဟုဆိုရမည်။

စာပွဲသဘင်များ၌၎င်း၊ မင်းမှူးမတ်သဘင်များ၌၎င်း၊ ဆွေးနွေကြသည့် အကြောင်းအရာ တရပ်ရပ်နှင့် ပတ်သတ်၍ ပြောရဲခြင်း၊

ဆိုရဲခြင်း၊ မကြောက်မရွံ့ ဖြေရဲခြင်း စသည်ရှိသူကို ဗျတ္တိရှိသူဟူ၍ ဆိုရသည်။

ထို့ကြောင့် စာပြန်ပွဲကျင်းပရာ၌ တကယ်တမ်း ဗျတ္တိဗလနှင့် ပြည့်စုံသူများသည် အောင်မှတ် ကောင်းကောင်းရကြသည်။

စာပြန်ပွဲ၌ ပထမကျော်အောင်သူများကို ဘုရင်က သားတော်အဖြစ် ကောက်ရသည်။

ဘုရင့်ထံမှ လျှောက်တောင်း၍ မိဖုရားကြီးများ၊ သားတော်သမီးတော်များ၊ ထို့နောက်မှ မှူးမတ်များက သားတော် အဖြစ် မွေးစားကြသည်။

မင်းတုန်းမင်းလက်ထက်က ပထမကျော်တပါးကို ဤနည်း အတိုင်း သားတော်အဖြစ် ကောက်ယူ၍ သမီးတော် စလင်းစုဖုရားက ရဟန်းဒါယကာမင်းအဖြစ် ခံယူခဲ့သည်။

ထိုရဟန်း ပုဂ္ဂိုလ်သည်နောင်သောအခါခေမာသီဝံဆရာတော်ဟူ၍ကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်သွားသည်။

စာပြန်ပွဲတွင်အောင်မြင်ကြသူများ အနက် အခြားမြို့ရွာများမှပုဂ္ဂိုလ်များလည်းပါဝင်သည်။

စာမေးပွဲ အောင်မြင်သည်ဆိုလျှင် ထိုပုဂ္ဂိုလ်တို့သည် မိမိတို့ရွာ၊ မြို့၊ ကျောင်း စသည်တို့ကို ပြန်ရန်မလိုတော့ပေ။ရဟန်းဝတ်လိုသူများလည်း မဝတ်ကြရသေးပေ။

ရွှေမြို့တော် အတွင်းရှိ မှူးတော်မတ်တော်များက ထိုသူများကို မိမိတို့၏သားသမီးနှင့် ထပ်တူ ဂရုစိုက်၍ တလတန်သည် နှစ်လတန်သည် စသည်ဖြင့် အိမ်၌ခေါ်ထားကာ လောကရေးရာ၊

ရာဇရေးရာ စသည်တို့ကို ပိုမိုအကျွမ်းတဝင်ဖြစ်အောင် သင်ကြားပေးကြပေသည်။ ထိုအခါ စာအောင်သူများသည် ဤသို့စဉ်းစားဆုံးဖြတ်ကြရသည်။

ငါသည် လူ့ဘောင်လောကသို့ဝင်၍ လွှတ်ရုံးငါးရပ်၌ပင် မင်းမှုထမ်းလုပ်ရလျှင် သင့်မည်လော။

သို့တည်းမဟုတ် သာသနာ့ဘောင်သို့ဝင်၍ ရသေ့ရဟန်းဘဝတွင် ပျော်ပိုက်နေရသော် သင့်မည်လော စသည်ဖြင့် ဆုံးဖြတ်ကြရသည်။

မှူးမတ်များကလည်း မင်းမှုထမ်းလုပ်ပါ ဟူ၍သော်၎င်း၊ ရဟန်းဘောင်တက်ပါ ဟူ၍သော်၎င်း၊ မပြောဆို မတိုက်တွန်းရပေ။ အချို့က လူ့ဘောင်လောကသို့ ဝင်ရန် စိတ်သန်ကြသည်။

အချို့မှာမူ ရဟန်းဘဝဖြင့် အရိုးထုတ်ရန် ရည်သန်ကြသည်။ ဤအထဲတွင် လျို့ဝှက်စွာ ကြိတ်ကြံနေသူများလည်း ရှိကြသေးသည်။

အခြားမဟုတ် စာအောင်သူ ကလေးတွေ၏ အရိပ်အကဲ၊ အင်္ဂါရုပ်၊ ဥာဏ်ပညာ တို့ကို ကြည့်ကာ ဤကလေးသည် မကြာမီမင်းမှုထမ်းဘဝတွင် ရာကြီးထူးကြီးရမည်၊ ငါ့သမီး၊

ငါ့မြေးကလေးနှင့် အကြောင်းသင့်အောင် ကြံဦးမှတော်မည် စသည်ဖြင့် စိတ်ကူးနေကြသော သမီးမိန်းကလေးရှင်၊ မြေးမိန်းကလေးရှင်များပင်တည်း။

စာပြန်ပွဲအောင်ပြီး၍ တလခန့်ကြာသည့်အခါတွင် ဘုရင်မင်းမြတ်သည် ယင်း စာအောင်သူ ပုဂ္ဂိုလ်များအား ပူဇော်ခြင်းအမှုပြုပေသည်။

နန်းတော်တွင် ကြီးကျယ်ခမ်းနားလှသော ပူဇော်ပွဲကိုကျင်းပသည်။

နန်းတော်လွှတ်ရုံးရှေ့တွင် မဏ္ဍပ်ကန္နားကြီးများဆောက်၍ ပြင်ဆင်မွန်းမံ ထားသည်။ စိန်ဆိုင်း မြဆိုင်းများကလည်း ငြိမ့်ညောင်းသာယာစွာ တီးမှုတ်နေကြရသည်။

တိုင်းသူပြည်သားများကလည်း မြေပြင်အက်ကွဲလုမတက် စောင့်မျှော်လျက်နေကြသည်။

မင်းမှူးမတ် အိမ်များမှ စာအောင်သူများစုပေါင်းလျက် ပူဇော်ရာနေရာသို့ လှည့်လည်လာကြသည်။

ရှေ့ဆုံးတွင် ပထမကျော်အောင်ကို ရွှေထမ်းစင်၊ ရွှေဝေါဖြင့် လူပေါင်း၄၀ခန့်က ထမ်းပြီးလျှင် ရွှေထီးများမိုးလျက် ဝင်လာသည်။

စာအောင်သူသည် ခေါင်းပေါင်း စလွယ်ဝတ်စား ဆင်ယင်လျက် လာရသည်။

ပထမကျော်၏နောက်မှ အခြားစာအောင်သူများက ဝတ်စားဆင်ယင်၍ အသီးသီး ထမ်းစင်ဖြင်၎င်း၊ မြင်းဖြင့်၎င်း နန်းတော်ကို တပတ်ပတ်ပြီးလျှင် မဏ္ဍပ်ရှေ့သို့ လာကြရသည်။

လူအပေါင်းတို့ကလည်း အုတ်အော်သောင်းနင်း ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက် များကြဲကာ စိတ်ထဲ၌ ကြည်နူးနေကြသည်။

ပုဂ္ဂိုလ်များက အနာဂတ်ကာလ၌ ပညာရှိကြီးတွေ ဖြစ်လာပြီးလျှင် တိုင်းပြည်ကို အုပ်ချုပ်သွားကြမည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

အချို့မှာလည်း ဆရာတော် သမားတော်ကြီးများဖြစ်ကြပြီးလျှင် သာသနာ့ဝန်ကို ထမ်းဆောင်သွားကြမည့် ပုဂ္ဂိုလ်များ

ဖြစ်လာကြပေမည်ဟူ၍ စိတ်ထဲ၌ တွေးတော် ကြည်နူးကာ ချမ်းမြေ့စွာ စောင့်မျှော်ပူဇော်ကြသည်။

ဘုရင်မင်းမြတ်ကလည်း လွှတ်တော်ပေါ်မှနေ၍ သာသနာတော်လောက၊ လူ့လောက အကြီးအကဲဖြစ်လာကြမည့် ပုဂ္ဂိုလ်များဟူ၍ ဝမ်းမြောက်ကြည်နူးတော်မူသည်။

ဤပုဂ္ဂိုလ်များ သာသနာ့အမွေကို ခံတော်မူလျှင်လည်း ငါသည်လျှင် သာသနာ့ဒါယကာ ဖြစ်ပေမည် ဟူ၍ အားရရွှင်လန်းခြင်းဖြစ်ကာ၊ ရွှေကရားကို ကိုင်လျက်စောင့်မျှော်နေသည်။

ပထမကျော်ပုဂ္ဂိုလ်ကို တင်ဆောင်လာသော ရွှေဝေါတော်သည် မဏ္ဍပ်၏ရှေ့သို့ရောက်လာသည်။ စာအောင်သူများသည် ဝေါပေါ်မှ၎င်း၊ ထမ်းစင်ပေါ်မှ၎င်း၊ မွငျေးပျါမှ၎င်းငျး မဆင်းရပေ။

စီးမြဲနေမြဲ အတိုင်းပင် ဘုရင်၏အပူဇော် ကိုခံယူကြရသည်။

ဘုရင်မင်းမြတ်သည် မိမိရှေ့သို့ စာအောင်သူများ ယာဉ်များ ချဉ်းကပ် လာသည်နှင့် တပြိုင်နက်၊ ရွှေကရားဖြင့် ရေသွန်း၍ ကောင်းချီးပေးတော်မူသည်။

စိန်ဆိုင်းမြဆိုင်း များကလည်း တခဲနက် တီးမှုတ်ကြသည်။
ဤကဲ့သို့ စာအောင်သူများ၏ နောက်မှ လူအများလိုက်ပါဆင်နွှဲလျက် နန်းတော်ကို တပတ်ပတ်ပြီးလျှင် ပူဇော်ပွဲပြီးဆုံးသည်။

ဤကား သာသနာ့ဒါယကာ ဘုရင်မင်းမြတ်များရှိစဉ်က စာပြန်ပွဲကျင်းပပုံဖြစ်သည်။

ဤကဲ့သို့စာပြန်ပွဲတွင် စာအောင်သူများကို ဘုရင်ကိုယ်တိုင်က အကြီးအကျယ်မြှောက်စား တတ်သဖြင့် ဘုန်းကြီးကျောင်း

များသည် စာတော်သူများကို အလုအယက် မွေးမြူသင်ကြား ကြလေသည်။

စာပြန်သူများသည် လူဝတ်နှင့်ပင် စာဝါတက်နေကြသူများဖြစ်ရာ၊ တခါတရံ ဘုန်းတော်ကြီးများက သွေဆောင်ခေါ်ယူလွန်းသည့်အတွက် စိတ်မပါ တပါနှင့် ကျောင်းသို့ ပြောင်းသွားသူများလည်းရှိခဲ့ဖူးသည်။

ဘကြီးတော်ဘုရား လက်ထက်တွင် သာယာဝတီ ကျောင်းတိုက်မှပထမကျော်ဝင် မည့်သူသည် အလွန်တော်သည်။

ပထမကျော် အောင်မည်မှာအမှန်ဖြစ်သည် ဟူသောသတင်းထွက်နေသည်။ ထိုအခါ နန်းမတော်တိုက်က ဘုန်တော်ကြီးများသည် ထိုသူကိုမိမိတို့ ကျောင်းသို့ သွေးဆောင်ခေါ်သွားကြသည်။

စာဖြေမည့်သူ နန်းမတော်တိုက်သို့ ပြောင်းသွားသဖြင့် ဘုန်းတော်ကြီးအချင်းချင်း စကားများကြပြီးလျှင် နောက်ဆုံး၌ ဝိနိစ္ဆယရုံးသို့ ရောက်လာသည်။

ဘုန်တော်ကြီးများကလည်း အဆုံးအဖြတ်ပေးရန် ခဲယဉ်နေသဖြင့် အမှုမှာ မပြီးပြတ်ပဲ ကြန့်ကြာနေသည်။

တနေ့သော် ဆရာတော်ဦးဗုဒ်က ကိုယ်တော်တို့ အလွန်ရှက်စရာကောင်းသည်။ တိတိမှန်မှန် မဆုံးဖြတ်ရဲသည်မှာ မသင့်လျော်ပါ ဟုဆိုလေသည်။

ဘုန်းတော်ကြီးများကလည်း နန်းမတော်ကျောင်းက သွေးဆောင်သွားခြင်းဖြစ်သည် မှန်သော်လည်း နန်းမတော်ဘုရား၏ မျက်နှာကို ထောက်နေရသဖြင့် မဆုံးဖြတ်ဝံ့ပဲရှိနေခြင်းဖြစ်သည်။

ဘုန်းကြီးများက ဆရာတော်ဦးဗုဒ် ပင် ဆုံးဖြတ်ပါတော့ ဟုဆိုကာအမှုကို ဆရာတော်ဦးဗုဒ်၏ လက်သို့ အပ်ကြသည်။

ဆရာတော်ဦးဗုဒ်က ဤပထမကျော်ကို သွေးဆောင်သည့်ကိစ္စမှာ အိမ်ရှေ့မင်းငခင်နှင့်လည်းဘာမျှမဆိုင်။ နန်းမတော်မိနုနှင့်လည်း ဘာမျှမဆိုင်။

ပထမကျော် လောင်းဆိုသည့်အကောင်ကလည်း လောကမှာ အထွတ်အထိပ်လုပ်ဖို့ရာလောက်ကိုသာ နားလည်ပြီးလျှင် သွေးဆောင်ရာနောက် လိုက်နေသဖြင့် ဤအကောင် ဤနှစ် ပထမကျော်မပြန်စေနှင့်။ရွာပြန်စေ။

သွေးဆောင်သည့် ဘုန်းကြီးများလည်း ဝိနည်းနှင့် ဆန့်ကျင်သဖြင့် အာပတ်သင့်ကြသည်။ ရွာပြန်ကြရမည် ဟူ၍ ဆုံးဖြတ်လိုက်သည်။

ရဲရဲရှင်းရှင်း ဆုံးဖြတ်လိုက်သည့် အဆုံးအဖြတ်ဖြစ်သည့်အတွက် ဆရ်ာတော်ဦးဗုဒ်ကို ချီးမွမ်းကြသည်။

အိမ်ရှေ့မင်းနှင့် နန်းမတော်ဘုရားတို့သည်လည်း မိမိတို့ကျောင်းထိုင်ဘုန်းကြီး များ၏ အရှုပ်အရှင်းကို မည်သို့မျှ စောဒကမတတ်ဝံ့ကြပဲ ငြိမ်ခံနေလိုက်ကြရသည်။

စာပြန်ပွဲတွင် စာအောင်ကြသူများအနက် ရဟန်းမခံကြရသေးသောသူများလည်း ပါဝင်ကြသည်။

အချို့မှာ လူ့လောကဘောင်အတွင်းသို့ ဝင်၍ မင်းမှုထမ်းလုပ်လိုကြသဖြင့် ရဟန်း မခံကြပေ၊ စာအောင်သူများထဲမှ တသက်လုံးပင်ဖြစ်စေ၊ ခေတ္တခဏပင်ဖြစ်စေ ရဟန်းခံမည့်သူ

၂၅ယောက်ခန့်ရှိမည်ဆိုလျှင် ဘုရင်ကိုယ်တိုင်က ထိုပုဂ္ဂိုလ်များ၏ ရဟန်းဒါယကာအဖြစ် ခံယူ၍ ရဟန်းခံပွဲကို ကျင်းပပေးလ့ရှိသည်။

ဝါဆိုလပြည့်နေ့တွင် ဘုရင်ရန်ဟန်းခံပွဲကို ကျင်းပပေးကြ ရသည်။ဝါထပ်သည့်နှစ်များ၌ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျင်းပပေးရသည်။

ရဟန်းခံပွဲကို လွှတ်တော်က ကျင်းပပေးခဲ့သည်။ မည်သည့် စာအောင်သူကို မည်သည်ကျောင်းတွင် မည်သည့် ဥပဇ္စျာယ်ဆရာထံ၌ ရဟန်းခံရမည်။

မည်သူက ဆွမ်းဒါယကာ၊ ကွမ်းဒါယကာ ခံရမည် စသည်တို့ကို လွှတ်တော်က စီမံပေးကြရသည်။ရဟန်းခံရာ၌ ဗျောစည်များတီးရသည်။

စည်တီးရွာ ဟူသည်မှာ ထိုကဲ့သို့သော ဘုရင်ရဟန်းခံပွဲများတွင်စည်တီးရသူများနေထိုင်သည့် ရွာဖြစ်သည် ဟုဆိုကြသည်။

ရှင်ဘုရင်ကရဟန်းဒါယကာ ပြုလိုက်သည်ဆိုလျှင်ပင်ဤရဟန်းသည်ထူးခြားလာတတ်သည်။

ဆရာတော်များကလည်း သြဝါဒများပေးကြရာ၌ရဟန်းဘောင်၌ ပျော်ပိုက်အောင်စာဝါများကို ကြိုးစားချင်စိတ်ဖြစ်ပေါ်လာအောင် ဆုံးမလှုံ့ဆောင်ပေးရသည်။

ထိုရဟန်း သာသနာ့ဘောင်တွင် ပျော်ပိုက်အောင် ဘုရင်က လိုလေသေးမရှိ ထောက်ပံ့သည်။ ကျောင်းအလိုရှိလျှင် ကျောင်းဆောက်ပေးသည်။

ရွှေညောင်စောင်း၊ မှီအုံး၊ စောင် စသည်တို့ကိုလည်းကောင်း၊ လိုအပ်သောစာဝါ ပေထုပ်များကိုလည်းကောင်း ပို့ပေးရသည်။

သာသနာတော်ကြီး ပြန့်ပွားစေရန်အတွက် ပေပင်ကအစ ပြုစုပျိုးထောင်ပြီးလျှင် စိုက်ပေးသည်။

စာပြန်ပွဲတွင် ပထမကျော် မရသော်လည်း ထိပ်တန်းက အောင်သည့် စာပြန်သူများ အနက် မင်းမှုထမ်းလုပ်လိုသူများကို လွှတ်ရုံး ငါးရပ်သို့ အကူစာရေးအဖြစ်ဖြင့် ပို့ပေးသည်။

လွှတ်ရုံး ငါးရပ်တွင် မှာစာ၊ ကြားစာ၊တကြောင်းစာချွန်၊ ၂ကြောင်းစာချွန်၊ဆင့်စာ၊ ချစာ စသည့်ရေးနည်း သုံးနည်းများ

ကို အရကျက်ပြီးလျှင် စာလုံးကို ဝိုင်းဝိုင်းစက်စက်နေအောင် ရေးကြရသည်။

ဝိုင်းဝိုင်း စက်စက်ရေးခြင်းကို ကြိုက်သည်ကား နေဝန်းလဝန်းကဲ့သို့ ထွန်းတောက် ခြင်းကို အလိုရှိကြခြင်းကြောင့် ဖြစ်သည်။
အကူစာရေးတို့သည်လက်ရေးကိုလှအောင်ကျင့်ကြရသည်။

သတ်ပုံသတ်ညွှန်များကို မှန်ကန်အောင် ရေးတတ်ဖို့ စတင်၍ ကျင့်ရကြရသည်။

ထို့နောက် ဣတိပိသောအစ၊ ဘဂဝါအဆုံး စာလုံးများကို ၂ လက်မ အတိုင်း အရှည်ပမာဏအတင်း ဖတ်၍လည်း ရအောင်၊ လှလည်းလှအောင် ပေပေါ်တွင် အရေးကျင့်ကြရသည်။

လွှတ်ရုံးငါးရပ်တွင် စာရေးတော်ခေါင်းသည် ဤအကူစာရေးများ၏ နေပုံထိုင်ပုံ၊ ပြောပုံ ဆိုပုံ ဆက်ဆံပုံ အမူအရာများကို လေ့လာမှတ်သားထားရသည်။

နန်းတော်က ကိစ္စတရပ်ရပ်နှင့် ပတ်သတ်၍ စာရေးတော်အလိုရှိသဖြင့် ခန့်အပ်ရန် လူငါးယောက်ပို့ပေးပါဆိုလျှင် စာရေးတော်ခေါင်း က မိမိမှတ်သားထားသောလူတော်လူကောင်း ငါးယောက်ကို ရွေးချယ်၍ ပေးပို့ရသည်။

အဆိုပါ ပုဂ္ဂိုလ်တို့သည် စာရေးဘဝမှ လွှတ်တော်ဝန် ထောက်၊လွှတ်တော်ဝန်ကြီးအထိ တဖြည်းဖြည်း လုပ်ရည်ကိုင်ရည်

ဥာဏ်ရည်အလျောက် ရာထူးများ တိုက်တက်လာကြပြီးလျင်နောက်ဆုံး၌ အုပ်ချုပ်ရေးယန္တရားကြီးကို မောင်းနှင်သူများဖြစ်လာကြလေသည်။

ဤကားရှေးမြန်မာမင်းများလက်ထက်က ပညာရှိများ ပြုစုပျိုးထောင်ပေးရာ စာပြန်ပွဲတော်များ အကြောင်းနှင့်

ပတ်သတ်၍ သိကောင်းမှတ်ဖွယ်များကို စာဟောင်းပေဟောင်း များမှ၎င်း ထုတ်နှုတ်စုပေါင်း၍ ရေးသားတင်ပြချက် များဖြစ်ပါသတည်း။

ခရက်ဒစ် Rewrite By : MK (နန်းဓလေ့မှတ်တမ်းများ မြကေတု ) စာအုပ်မှပြန်လည်ရေးသေားဖော်ပြသည်။ရှေးခေတ်မြန်မာပုံရိပ်များ ပြန်လည်မျှဝေပါသည်

Zawgyi

ေရွးျမန္မာဘုရင္မ်ားလက္ထက္ကပညာရွိမ်ားကို မည္သည့္ေနရာက ေမြးထုတ္ သနည္းဟူ၍၎၊

မည္သူမ်ားက ေမြးထုတ္ေပးသနည္း ဟူ၍၎၊ စဥ္းစားေတြးေတာ ၾကည့္ေကာင္း ၾကည့္ၾကေပမည္။

ယခုေခတ္အခါ လူေတာ္လူေကာင္းမ်ားကို တကၠသိုလ္က ေမြးထုတ္ေပး သကဲ့သို႔ ပင္ေရွးေခတ္ျမန္မာ့လူေတာ္လူေကာင္းမ်ားကို ဘုန္းႀကီးေက်ာင္းမ်ားကေမြးထုတ္ေပးၾကသည္။

စင္စစ္ဆိုေသာ္ ဘုန္းႀကီး ေက်ာင္းမ်ားသည္ပင္ ျမန္မာ့တကၠသိုလ္မ်ား ျဖစ္ေတာ့သည္။

ႏိုင္ငံတစ္ႏိုင္ငံတြင္အုပ္ခ်ဳပ္သူအစိုးရဟူသည္ ရွိအပ္ေသာေၾကာင့္ထိုအစိုးရ၏ ယႏၲရားစက္ႀကီးအၿမဲလည္ႏိုင္ေအာင္ အုပ္ခ်ဳပ္ေရး

အဖြဲ႕တြင္ ပညာရွိမ်ားကိုလည္းျဖည့္စြက္ရန္ လိုအပ္သည့္အားေလ်ာ္စြာပညာရွိမ်ားကို ႏိုင္ငံက ေမြးထုတ္ေပးရန္ႀကိဳးစားၾကရသည္သာျဖစ္သည္။

စစ္ဖက္၊ နယ္ဖက္၊ ႏိုင္ငံေရး၊ သာသနာေရး၊ ပညာေရးဖက္တို႔တြင္ႏိုင္နင္းစြာ ေဆာင္႐ြက္ႏိုင္ရန္ျမန္မာဘုရင္မ်ားလက္ထက္

ကလည္း တႏွစ္လွ်င္ တႀကိမ္ဆိုသလိုပညာရွိမ်ားကိုေမြးထုတ္ေပးရသည္။ရွာႀကံေပးၾကရသည္။

ထင္ေပၚလွ်င္ စင္ေတာ္ကေကာက္သည္ ဟူသည့္ စကားအတိုင္း ႏိုင္ငံတြင္ လူေတာ္လူေကာင္း တေယာက္ ေပၚလာသည္ဆိုလွ်င္

ဘုရင္က ေခၚယူ၍ခ်ီးျမင့္ ေျမႇာက္စားေတာ္ မူသည္သာ ျဖစ္သည္။

ျမန္မာမင္းမ်ား လက္ထက္က စာျပန္ပြဲေတာ္သည္ ျမန္မာ့တကၠသိုလ္ စာေမးပြဲမ်ားပင္ ျဖစ္သည္ဟု ဆိုႏိုင္ေပသည္။

ထိုစာျပန္ပြဲမ်ားက လူေတာ္လူေကာင္း ပညာရွိအမ်ားကို ေ႐ြးထုတ္ ၿပီးလွ်င္လႊတ္ေတာ္၊ ႐ုံးေတာ္၊ ၿဗဲတိုက္ေတာ္တို႔တြင္ အသုံးခ်သြားသည္။

ထိုပုဂၢိဳလ္တို႔အနက္ အခ်ိဳ႕ စာေရးေတာ္မ်ားျဖစ္လာၾကသည္။

အခ်ိဳ႕ လူေတာ္လူေကာင္း မ်ားသည္ အရွင္ေမြးလွ်င္ ေန႔ခ်င္းႀကီး ဆိုသကဲ့သို႔ ရာထူးႀကီးမ်ားကိုပင္ တိုက္႐ိုက္ရႏိုင္ေပသည္။

ႏိုင္ငံဝန္ထမ္း ပုဂၢိဳလ္ႀကီးမ်ားထဲတြင္ ပညာရွိဟူသည္တို႔မွာ ေလာကေရး၊ ရာဇေရး၊ ဓမၼေရးတို႔တြင္ တဖက္ကမ္းခပ္ တတ္ေျမာက္ေသာ လူျပန္ေတာ္ ပုဂၢိဳလ္ႀကီးမ်ားသာမ်ားသည္။

တြင္းသင္းမင္းႀကီး၊ ကင္းဝန္မင္းႀကီး၊ ပခန္းဝန္ႀကီး စသည္တို႔သည္ ရဟန္းအျဖစ္မွ လူဝတ္လဲၿပီးေနာက္ နန္းေတာ္သို႔

ေရာက္ၾက၍ အုပ္ခ်ဳပ္ေရး ယႏၲရားကို လည္ေစေသာ သူမ်ားပင္ျဖစ္ၾကသည္။

ျမန္မာဘုရင္မ်ား လက္ထက္ေတာ္ အခါက စာျပန္ပြဲတခုကို ၾကည့္မည္ဆိုလွ်င္ ယခုေခတ္အျမင္ႏွင့္ေသာ္ မ်ားစြာကြာျခားေနသည္ကို ေတြ႕ရေပမည္။

ေခတ္မမီလိုက္ေသာ ပန္းခ်ီဆရာမ်ားအား ျမန္မာ့စာျပန္ပြဲေတာ္ က်င္းပေနပုံကို ပန္းခ်ီေရးဆြဲပါဆိုလွ်င္ သကၤန္းဝတ္ႏွင့္ ရဟန္းေတာ္မ်ားစာျပန္ေနပုံကိုသာ ေရးဆြဲမည္ ျဖစ္ေပသည္။

ဤသို႔ေရးထားလွ်င္ ျမန္မာမင္း လက္ထက္က စာျပန္ပြဲတစ္ခု၏ ျမင္ခင္းမဟုတ္ေၾကာင္း အခ်ိဳ႕သိသူမ်ားက ရယ္ေမာ ၾကမည္ သာျဖစ္သည္။

ျမန္မာမင္းမ်ား လက္ထက္က စာျပန္ပြဲဆိုသည္မွာ ဤသို႔ျဖစ္သည္။

၁၆ႏွစ္အ႐ြယ္၊ ၁၅ႏွစ္အ႐ြယ္ စသည္ျဖင့္ အသက္၂၀မေက်ာ္ေသးသူ လူဝတ္ေၾကာင္မ်ားက စာျပန္ၾကသည္။ သကၤန္းဝတ္ႏွင့္ စာမျပန္ရေပ။

ဘုရင့္စာျပန္ပြဲတို႔တြင္ လူဝတ္ေၾကာင္ႏွင့္သာ စာျပန္ဆိုရေပသည္။

အခ်ိဳ႕စာျပန္ပြဲဝင္သူတို႔မွာ အသက္ ၁၉ႏွင့္ ၂၀ ပင္ရွိေနၿပီျဖစ္ေသာ္လည္း ရဟန္းမခံေသးပဲ လူဝတ္ေၾကာင္ႏွင့္ ပထမေက်ာ္ျဖစ္ေအာင္ ႀကိဳးစာဆဲရွိေသးသည္ကို ေတြ႕ရသည္။

ထို႔ေၾကာင့္ အခ်ိဳ႕ ရဟန္းေတာ္မ်ားသည္ သက္ေတာ္၂၁ႏွစ္ ၂၂ႏွစ္ အ႐ြယ္ေရာက္မွပင္ ရဟန္းခံၾကရသည္။

အခ်ိဳ႕ရဟန္းမခံၾကေသးသည္မွာ စာျပန္ပြဲ ဝင္ႏႊဲ၍ ထိပ္တန္းသို႔ေရာက္လွ်င္ ဘုရင္၏ ေ႐ြးေကာက္ျခင္း ခံရကာ

မင္းမႈထမ္းရာထူးတခုခုကို ရရွိလိမ့္မည္ဟု ရည္႐ြယ္ခ်က္ ထားရွိ ေသာေၾကာင့္ ျဖစ္သည္။

ထို႔ေၾကာင့္ ထိုေခတ္အခါက ဘုန္းႀကီးေက်ာင္းမ်ားသည္ လူရည္ခြၽန္ကေလးမ်ားကို ထူးထူးျခားျခား လက္သပ္ေမြးထားၿပီးလွ်င္ စာသင္ေပးၾကသည္။

မည္သည့္ေကာင္းမွ ဤႏွစ္ ပထမေက်ာ္ ထြက္သည္ဟု ဆိုလွ်င္ အဆိုပါေက်ာင္းသည္ အလြန္နာမည္ႀကီၚၿပီးလွ်င္ မင္းစိုးရာဇာ တို႔၏ ၾကည္ညိဳေလးစား ဆည္းကပ္ျခင္းကို ခံရၾကရသည္။

သက္ဆိုင္ရာ ဆရာေတာ္သည္လည္း မင္းေပါက္စိုးေပါက္ ျဖစ္လာသည္။

ထို႔ေၾကာင့္ ဘုန္းႀကီးေက်ာင္းမ်ာသည္ လူရည္ခြၽန္ ကေလးမ်ားကို ငယ္စဥ္ကစ၍ ေမြးလာၿပီးလွ်င္ နန္းေတာ္ႏွင့္ဆိုင္သည့္ ပညာရပ္မ်ားကို သင္ေပးၾကသည္။

သူငယ္၏ စိတ္ေနစိတ္ထားကိုၾကည့္ၿပီးလွ်င္ ဆန္းက်မ္းႏွင့္ေတာ္လွ်င္ ဆန္းက်မ္း၊ ဂဏန္းႏွင့္ေတာ္လွ်င္ ဂဏန္း သင္ေပးၾကသည္။

ထို႔ျပင္ အလကၤာက်မ္း၊ ဗ်ာက႐ိုဏ္းက်မ္း၊ ေလွ်ာက္ထုံးျဖစ္ထုံး ဥပေဒက်မ္း စသည္တို႔ကိုပါမက်န္ သင္ေပး၍ နန္းေတာ္သို႔ ပို႔ေပးၾကသည္လည္း ရွိသည္။

သည္ကဲ့သို႔ ပို႔ေပးျခင္းခံရေသာ ပညာတတ္မ်ားလည္း ရွိသည္။

အခ်ိဳ႕ကား ကိုရင္းႀကီးမ်ားက ျမင္းစီး၊ ဓားခုတ္၊ လွံထိုး၊ နပန္းကိုင္၊ လက္ေဝွ႔သတ္ စသည္တို႔ကို သင္ေပးၾက၏။

ေရွးပုဂံေခတ္မွစ၍ ပြဲေက်ာင္းရဟန္းေတာ္မ်ားသည္ ဤကဲ့သို႔ေသာ အတတ္ပညာ မ်ားကို လူငယ္ကေလးမ်ားအား သင္ေပးၾကသည္။

ဘုရင္ကလည္း ဤအတတ္မ်ိဳးကို တတ္ေျမာက္လာသူမ်ားထဲမွ သင့္ႏိုးရာရာတို႔ကို ေကာက္ယူေတာ္မူသည္။

ေရွးအခါက မႉးမတ္မ်ိဳး ၁၄ပါးရွိသည္။ ယင္းတဆယ့္ေလးပါးတြင္ လက္ေဝွ႔သတ္ အမတ္သည္လည္း တပါးအပါအဝင္ ျဖစ္သည္။

ဘုရင္ေကာယူေျမႇာက္စားျခင္းလံရလွ်င္ ဘုရင့္လက္ေဝွ႔ေတာ္သတ္ ျဖစ္လာသည္။

မင္းတုန္းမင္းလက္ထက္က နာမည္ေက်ာ္ၾကားသည့္ ေရနံေခ်ာင္းဝန္ႀကီး ဦးေ႐ႊစို သည္ ငယ္စဥ္အခါက လက္ေဝွ႔ေတာ္သတ္ တစ္ေယာက္ျဖစ္ခဲ့ဖူးသည္ ဆိုၾကသည္။

ပုဂံမင္းကို မင္းတုန္းမင္း ေတာ္လွန္သည့္အခါ ဦးေ႐ႊစို မပါဝင္ခဲ့ေပ။

သို႔ေသာ္ မင္းတုန္းမင္း ေ႐ႊဘိုသို႔ ထြက္သည့္အခါမွ မယားျဖစ္သူက ေ႐ႊဘိုသို႔ လိုက္သြားရန္ေျပာ၍ ဦးေ႐ႊစိုလိုက္သြားသျဖင့္ သူေကာင္းျပဳခံ ရသည္။

လက္ေဝွ႔သတ္ျခင္းကို အဘိဓာန္က်မ္းမ်ားတြင္ နိဗၺဳဒၶ ဟုေခၚသည္။ ၅၅၀ ဇာတ္ေတာ္မ်ားမွာပင္ လက္ေဝွ႔သတ္ျခင္းအေၾကာင္းမ်ားႏွင့္ ပတ္သတ္၍ ဖတ္ၾကရေပသည္။

ျမန္မာမင္းမ်ား၏ စစ္သည္ေတာ္တို႔သည္ လက္ေဝွ႔သတ္ ကြၽမ္းက်င္ ၾကရသည္။ သစ္က်ားတို႔ႏွင့္ ရင္ဆိုင္ကာလက္ေဝွ႔သတ္ အႏိုင္ယူခဲ့သူမ်ား ရွိခဲ့ဖူးသည္။

အေလာင္းဘုရား လက္ထက္က ဗိုလ္တြန္သည္ လက္ေဝွ႔သတ္ျခင္း၌ ကြၽမ္းက်င္သည္။

ဗိုလ္တြင္ကို ဖမ္းရန္ ငခ်စ္ေကာင္းတို႔ လိုက္ရာမွာ ဗိုလ္တြန္သည္ ဆီးစပ္တြင္ ေသနတ္မွန္၍ ဒဏ္ရာရသည္။

ေတာင္ေစာင္းတြင္ အမွတ္တမဲ့ေနခိုက္ ေနာက္ မွလာၿပီးဖမ္းရာတြင္ ဖမ္းသူကို ဆုပ္ကိုင္၍ ေတာင္ေအာက္သို႔ ပစ္ခ်လိုက္သည္။

ဤကား ေရွးအခါက ဘုန္းေတာ္မ်ားက သင္ေပးလိုက္ေသာအတတ္ပညာမ်ား အေၾကာင္းပင္ ျဖစ္သည္။

ယခုေခတ္စာျပန္ပြဲကိုၾကည့္လွ်င္ ရဟန္းေတာ္မ်ားသည္ ခုံေပၚတြင္ ထိုင္လ်က္ေရးေျဖၾကရသည္ကို ေတြ႕ရေပမည္။ ေရးရန္စာ႐ြက္၊ ကေလာင္တံ၊ မင္အိုး စသည္တို႔ပါရၾကသည္။

ေရွးျမန္မာဘုရင္မ်ားလက္ထက္က စာျပန္ပြဲမွာ ဤသို႔မဟုတ္ေခ်။

၂ေယာက္တတြဲ၊ ၃ေယာက္တတြဲ စသည္ျဖင့္ ၾကမ္းျပင္ေပၚတြင္ ဒူးတုပ္ထိုင္လ်က္ စာေမးဆရာေတာ္ ၂ပါးထံတြင္ စာျပန္ရသည္။

စာေမးဆရာေတာ္က မိမိ၏ ေရွ႕၌ ဒူးတုပ္ထိုင္ေနသည့္ ၁၅ႏွစ္၊ ၁၆ႏွစ္အ႐ြယ္ လူဝတ္ေၾကာင္ သူငယ္ကို အလိုရွိရာ သင့္ႏိုးရာရာကို ျပန္ခိုင္းသည္။

သဒ္ဒါႀကီးျပန္စမ္း ဟုဆိုလွ်င္ သဒ္ဒါႀကီး ျပန္ရသည္။
ဆန္းျပန္စမ္း ဆိုလွ်င္ ဆန္းျပန္ရသည္။

ထို႔ေနာက္ အဘိဓာန္စသည္တို႔ကို ေမးသည္။ ဝိၿဂိဳဟ္ ျပဳခိုင္းသည္။ ထိုကဲ့သို႔ ႏႈတ္မွ ေမးေသာ ေမးခြန္းမ်ားသည္ပင္ စာေမးပြဲပုစာၦျဖစ္ေတာ့သည္။

ထိုသို႔ စာျပန္ဆိုေနစဥ္ ဆရာေတာ္မ်ားက စာျပန္ဆိုသူကို ရႈေထာင့္အမ်ိဳးမ်ိဳးမွ ေန၍ အကဲခတ္သည္။

အသံျပတ္သားသည္ မျပတ္သားသည္၊ မထစ္မေငါ့ ႐ြတ္ႏိုင္သည္ မ႐ြတ္ႏိုင္သည္၊ မေၾကာက္မ႐ြံ႕ ႐ြတ္ႏိုင္သည္ မ႐ြတ္ႏိုင္သည္၊

ကိုယ္အမူအရာ ႏႈတ္အမူအရာ ေကာင္းသည္ မေကာင္းသည္ စသည္တို႔ကို အကဲခတ္ၾကည့္ကာ အမွတ္ေပးေနျခင္းျဖစ္သည္။

ယခုေခတ္တြင္ ကဲ့သို႔ အေျဖစာအုပ္ကို စစ္ေဆးကာ အမွတ္ေပးအကဲျဖတ္သည္ မဟုတ္ေပ။

ဤကဲ့သို႔ စာျပန္သူမ်ားထဲမွ မည္မွ်ေအာင္သည္ကို ဆရာေတာ္မ်ားက ေအာင္စာရင္း ထုတ္ေပးသည္။

ေအာင္သူမ်ားကို ဘုရင္က သားေတာ္အမွတ္ျပဳရေပသည္။ ေအာင္သူမ်ားထဲမွ ထူးထူးခြၽန္ခြၽန္ ပထမေက်ာ္ရသူမ်ား ရွိခဲ့ပါလွ်င္ ထိုပုဂၢိဳလ္ကို သားေတာ္အမွတ္ျဖင့္ သိမ္းပိုက္ ရေပသည္။

စာျပန္ပြဲ ေျဖဆိုရာ၌ ဗ်တၱိဗလႏွင့္ ျပည့္စုံသူမ်ားကို ဆရာေတာ္မ်ားက ပိုမို ႏွစ္သက္သည္။ ေလာက၌ သတၱိႏွင့္ ဗ်တၱိဟူ၍ ၂မ်ိဳးရွိသည္။

က်ားႏွင့္၎ ဆင္ႏွင့္၎ ရင္ဆိုင္ႏိုင္၍ ထိုးခုတ္သတ္ျဖတ္ရဲသူကို သတၱိရွိသူဟုဆိုရမည္။

စာပြဲသဘင္မ်ား၌၎၊ မင္းမႉးမတ္သဘင္မ်ား၌၎၊ ေဆြးေႏြၾကသည့္ အေၾကာင္းအရာ တရပ္ရပ္ႏွင့္ ပတ္သတ္၍ ေျပာရဲျခင္း၊

ဆိုရဲျခင္း၊ မေၾကာက္မ႐ြံ႕ ေျဖရဲျခင္း စသည္ရွိသူကို ဗ်တၱိရွိသူဟူ၍ ဆိုရသည္။

ထို႔ေၾကာင့္ စာျပန္ပြဲက်င္းပရာ၌ တကယ္တမ္း ဗ်တၱိဗလႏွင့္ ျပည့္စုံသူမ်ားသည္ ေအာင္မွတ္ ေကာင္းေကာင္းရၾကသည္။

စာျပန္ပြဲ၌ ပထမေက်ာ္ေအာင္သူမ်ားကို ဘုရင္က သားေတာ္အျဖစ္ ေကာက္ရသည္။

ဘုရင့္ထံမွ ေလွ်ာက္ေတာင္း၍ မိဖုရားႀကီးမ်ား၊ သားေတာ္သမီးေတာ္မ်ား၊ ထို႔ေနာက္မွ မႉးမတ္မ်ားက သားေတာ္ အျဖစ္ ေမြးစားၾကသည္။

မင္းတုန္းမင္းလက္ထက္က ပထမေက်ာ္တပါးကို ဤနည္း အတိုင္း သားေတာ္အျဖစ္ ေကာက္ယူ၍ သမီးေတာ္ စလင္းစုဖုရားက ရဟန္းဒါယကာမင္းအျဖစ္ ခံယူခဲ့သည္။

ထိုရဟန္း ပုဂၢိဳလ္သည္ေနာင္ေသာအခါေခမာသီဝံဆရာေတာ္ဟူ၍ေက်ာ္ၾကားေသာ ပုဂၢိဳလ္ျဖစ္သြားသည္။

စာျပန္ပြဲတြင္ေအာင္ျမင္ၾကသူမ်ား အနက္ အျခားၿမိဳ႕႐ြာမ်ားမွပုဂၢိဳလ္မ်ားလည္းပါဝင္သည္။

စာေမးပြဲ ေအာင္ျမင္သည္ဆိုလွ်င္ ထိုပုဂၢိဳလ္တို႔သည္ မိမိတို႔႐ြာ၊ ၿမိဳ႕၊ ေက်ာင္း စသည္တို႔ကို ျပန္ရန္မလိုေတာ့ေပ။ရဟန္းဝတ္လိုသူမ်ားလည္း မဝတ္ၾကရေသးေပ။

ေ႐ႊၿမိဳ႕ေတာ္ အတြင္းရွိ မႉးေတာ္မတ္ေတာ္မ်ားက ထိုသူမ်ားကို မိမိတို႔၏သားသမီးႏွင့္ ထပ္တူ ဂ႐ုစိုက္၍ တလတန္သည္ ႏွစ္လတန္သည္ စသည္ျဖင့္ အိမ္၌ေခၚထားကာ ေလာကေရးရာ၊

ရာဇေရးရာ စသည္တို႔ကို ပိုမိုအကြၽမ္းတဝင္ျဖစ္ေအာင္ သင္ၾကားေပးၾကေပသည္။ ထိုအခါ စာေအာင္သူမ်ားသည္ ဤသို႔စဥ္းစားဆုံးျဖတ္ၾကရသည္။

ငါသည္ လူ႔ေဘာင္ေလာကသို႔ဝင္၍ လႊတ္႐ုံးငါးရပ္၌ပင္ မင္းမႈထမ္းလုပ္ရလွ်င္ သင့္မည္ေလာ။

သို႔တည္းမဟုတ္ သာသနာ့ေဘာင္သို႔ဝင္၍ ရေသ့ရဟန္းဘဝတြင္ ေပ်ာ္ပိုက္ေနရေသာ္ သင့္မည္ေလာ စသည္ျဖင့္ ဆုံးျဖတ္ၾကရသည္။

မႉးမတ္မ်ားကလည္း မင္းမႈထမ္းလုပ္ပါ ဟူ၍ေသာ္၎၊ ရဟန္းေဘာင္တက္ပါ ဟူ၍ေသာ္၎၊ မေျပာဆို မတိုက္တြန္းရေပ။ အခ်ိဳ႕က လူ႔ေဘာင္ေလာကသို႔ ဝင္ရန္ စိတ္သန္ၾကသည္။

အခ်ိဳ႕မွာမူ ရဟန္းဘဝျဖင့္ အ႐ိုးထုတ္ရန္ ရည္သန္ၾကသည္။ ဤအထဲတြင္ လ်ိဳ႕ဝွက္စြာ ႀကိတ္ႀကံေနသူမ်ားလည္း ရွိၾကေသးသည္။

အျခားမဟုတ္ စာေအာင္သူ ကေလးေတြ၏ အရိပ္အကဲ၊ အဂၤါ႐ုပ္၊ ဥာဏ္ပညာ တို႔ကို ၾကည့္ကာ ဤကေလးသည္ မၾကာမီမင္းမႈထမ္းဘဝတြင္ ရာႀကီးထူးႀကီးရမည္၊ ငါ့သမီး၊

ငါ့ေျမးကေလးႏွင့္ အေၾကာင္းသင့္ေအာင္ ႀကံဦးမွေတာ္မည္ စသည္ျဖင့္ စိတ္ကူးေနၾကေသာ သမီးမိန္းကေလးရွင္၊ ေျမးမိန္းကေလးရွင္မ်ားပင္တည္း။

စာျပန္ပြဲေအာင္ၿပီး၍ တလခန႔္ၾကာသည့္အခါတြင္ ဘုရင္မင္းျမတ္သည္ ယင္း စာေအာင္သူ ပုဂၢိဳလ္မ်ားအား ပူေဇာ္ျခင္းအမႈျပဳေပသည္။

နန္းေတာ္တြင္ ႀကီးက်ယ္ခမ္းနားလွေသာ ပူေဇာ္ပြဲကိုက်င္းပသည္။

နန္းေတာ္လႊတ္႐ုံးေရွ႕တြင္ မ႑ပ္ကႏၷားႀကီးမ်ားေဆာက္၍ ျပင္ဆင္မြန္းမံ ထားသည္။ စိန္ဆိုင္း ျမဆိုင္းမ်ားကလည္း ၿငိမ့္ေညာင္းသာယာစြာ တီးမႈတ္ေနၾကရသည္။

တိုင္းသူျပည္သားမ်ားကလည္း ေျမျပင္အက္ကြဲလုမတက္ ေစာင့္ေမွ်ာ္လ်က္ေနၾကသည္။

မင္းမႉးမတ္ အိမ္မ်ားမွ စာေအာင္သူမ်ားစုေပါင္းလ်က္ ပူေဇာ္ရာေနရာသို႔ လွည့္လည္လာၾကသည္။

ေရွ႕ဆုံးတြင္ ပထမေက်ာ္ေအာင္ကို ေ႐ႊထမ္းစင္၊ ေ႐ႊေဝါျဖင့္ လူေပါင္း၄၀ခန႔္က ထမ္းၿပီးလွ်င္ ေ႐ႊထီးမ်ားမိုးလ်က္ ဝင္လာသည္။

စာေအာင္သူသည္ ေခါင္းေပါင္း စလြယ္ဝတ္စား ဆင္ယင္လ်က္ လာရသည္။

ပထမေက်ာ္၏ေနာက္မွ အျခားစာေအာင္သူမ်ားက ဝတ္စားဆင္ယင္၍ အသီးသီး ထမ္းစင္ျဖင္၎၊ ျမင္းျဖင့္၎ နန္းေတာ္ကို တပတ္ပတ္ၿပီးလွ်င္ မ႑ပ္ေရွ႕သို႔ လာၾကရသည္။

လူအေပါင္းတို႔ကလည္း အုတ္ေအာ္ေသာင္းနင္း ေ႐ႊေပါက္ေပါက္၊ ေငြေပါက္ေပါက္ မ်ားႀကဲကာ စိတ္ထဲ၌ ၾကည္ႏူးေနၾကသည္။

ပုဂၢိဳလ္မ်ားက အနာဂတ္ကာလ၌ ပညာရွိႀကီးေတြ ျဖစ္လာၿပီးလွ်င္ တိုင္းျပည္ကို အုပ္ခ်ဳပ္သြားၾကမည့္ ပုဂၢိဳလ္မ်ား ျဖစ္ၾကသည္။

အခ်ိဳ႕မွာလည္း ဆရာေတာ္ သမားေတာ္ႀကီးမ်ားျဖစ္ၾကၿပီးလွ်င္ သာသနာ့ဝန္ကို ထမ္းေဆာင္သြားၾကမည့္ ပုဂၢိဳလ္မ်ား

ျဖစ္လာၾကေပမည္ဟူ၍ စိတ္ထဲ၌ ေတြးေတာ္ ၾကည္ႏူးကာ ခ်မ္းေျမ့စြာ ေစာင့္ေမွ်ာ္ပူေဇာ္ၾကသည္။

ဘုရင္မင္းျမတ္ကလည္း လႊတ္ေတာ္ေပၚမွေန၍ သာသနာေတာ္ေလာက၊ လူ႔ေလာက အႀကီးအကဲျဖစ္လာၾကမည့္ ပုဂၢိဳလ္မ်ားဟူ၍ ဝမ္းေျမာက္ၾကည္ႏူးေတာ္မူသည္။

ဤပုဂၢိဳလ္မ်ား သာသနာ့အေမြကို ခံေတာ္မူလွ်င္လည္း ငါသည္လွ်င္ သာသနာ့ဒါယကာ ျဖစ္ေပမည္ ဟူ၍ အားရ႐ႊင္လန္းျခင္းျဖစ္ကာ၊ ေ႐ႊကရားကို ကိုင္လ်က္ေစာင့္ေမွ်ာ္ေနသည္။

ပထမေက်ာ္ပုဂၢိဳလ္ကို တင္ေဆာင္လာေသာ ေ႐ႊေဝါေတာ္သည္ မ႑ပ္၏ေရွ႕သို႔ေရာက္လာသည္။ စာေအာင္သူမ်ားသည္ ေဝါေပၚမွ၎၊ ထမ္းစင္ေပၚမွ၎၊ မြေင်းပ်ါမွ၎င်း မဆင္းရေပ။

စီးၿမဲေနၿမဲ အတိုင္းပင္ ဘုရင္၏အပူေဇာ္ ကိုခံယူၾကရသည္။

ဘုရင္မင္းျမတ္သည္ မိမိေရွ႕သို႔ စာေအာင္သူမ်ား ယာဥ္မ်ား ခ်ဥ္းကပ္ လာသည္ႏွင့္ တၿပိဳင္နက္၊ ေ႐ႊကရားျဖင့္ ေရသြန္း၍ ေကာင္းခ်ီးေပးေတာ္မူသည္။

စိန္ဆိုင္းျမဆိုင္း မ်ားကလည္း တခဲနက္ တီးမႈတ္ၾကသည္။
ဤကဲ့သို႔ စာေအာင္သူမ်ား၏ ေနာက္မွ လူအမ်ားလိုက္ပါဆင္ႏႊဲလ်က္ နန္းေတာ္ကို တပတ္ပတ္ၿပီးလွ်င္ ပူေဇာ္ပြဲၿပီးဆုံးသည္။

ဤကား သာသနာ့ဒါယကာ ဘုရင္မင္းျမတ္မ်ားရွိစဥ္က စာျပန္ပြဲက်င္းပပုံျဖစ္သည္။

ဤကဲ့သို႔စာျပန္ပြဲတြင္ စာေအာင္သူမ်ားကို ဘုရင္ကိုယ္တိုင္က အႀကီးအက်ယ္ေျမႇာက္စား တတ္သျဖင့္ ဘုန္းႀကီးေက်ာင္း

မ်ားသည္ စာေတာ္သူမ်ားကို အလုအယက္ ေမြးျမဴသင္ၾကား ၾကေလသည္။

စာျပန္သူမ်ားသည္ လူဝတ္ႏွင့္ပင္ စာဝါတက္ေနၾကသူမ်ားျဖစ္ရာ၊ တခါတရံ ဘုန္းေတာ္ႀကီးမ်ားက ေသြေဆာင္ေခၚယူလြန္းသည့္အတြက္ စိတ္မပါ တပါႏွင့္ ေက်ာင္းသို႔ ေျပာင္းသြားသူမ်ားလည္းရွိခဲ့ဖူးသည္။

ဘႀကီးေတာ္ဘုရား လက္ထက္တြင္ သာယာဝတီ ေက်ာင္းတိုက္မွပထမေက်ာ္ဝင္ မည့္သူသည္ အလြန္ေတာ္သည္။

ပထမေက်ာ္ ေအာင္မည္မွာအမွန္ျဖစ္သည္ ဟူေသာသတင္းထြက္ေနသည္။ ထိုအခါ နန္းမေတာ္တိုက္က ဘုန္ေတာ္ႀကီးမ်ားသည္ ထိုသူကိုမိမိတို႔ ေက်ာင္းသို႔ ေသြးေဆာင္ေခၚသြားၾကသည္။

စာေျဖမည့္သူ နန္းမေတာ္တိုက္သို႔ ေျပာင္းသြားသျဖင့္ ဘုန္းေတာ္ႀကီးအခ်င္းခ်င္း စကားမ်ားၾကၿပီးလွ်င္ ေနာက္ဆုံး၌ ဝိနိစၦယ႐ုံးသို႔ ေရာက္လာသည္။

ဘုန္ေတာ္ႀကီးမ်ားကလည္း အဆုံးအျဖတ္ေပးရန္ ခဲယဥ္ေနသျဖင့္ အမႈမွာ မၿပီးျပတ္ပဲ ၾကန႔္ၾကာေနသည္။

တေန႔ေသာ္ ဆရာေတာ္ဦးဗုဒ္က ကိုယ္ေတာ္တို႔ အလြန္ရွက္စရာေကာင္းသည္။ တိတိမွန္မွန္ မဆုံးျဖတ္ရဲသည္မွာ မသင့္ေလ်ာ္ပါ ဟုဆိုေလသည္။

ဘုန္းေတာ္ႀကီးမ်ားကလည္း နန္းမေတာ္ေက်ာင္းက ေသြးေဆာင္သြားျခင္းျဖစ္သည္ မွန္ေသာ္လည္း နန္းမေတာ္ဘုရား၏ မ်က္ႏွာကို ေထာက္ေနရသျဖင့္ မဆုံးျဖတ္ဝံ့ပဲရွိေနျခင္းျဖစ္သည္။

ဘုန္းႀကီးမ်ားက ဆရာေတာ္ဦးဗုဒ္ ပင္ ဆုံးျဖတ္ပါေတာ့ ဟုဆိုကာအမႈကို ဆရာေတာ္ဦးဗုဒ္၏ လက္သို႔ အပ္ၾကသည္။

ဆရာေတာ္ဦးဗုဒ္က ဤပထမေက်ာ္ကို ေသြးေဆာင္သည့္ကိစၥမွာ အိမ္ေရွ႕မင္းငခင္ႏွင့္လည္းဘာမွ်မဆိုင္။ နန္းမေတာ္မိႏုႏွင့္လည္း ဘာမွ်မဆိုင္။

ပထမေက်ာ္ ေလာင္းဆိုသည့္အေကာင္ကလည္း ေလာကမွာ အထြတ္အထိပ္လုပ္ဖို႔ရာေလာက္ကိုသာ နားလည္ၿပီးလွ်င္ ေသြးေဆာင္ရာေနာက္ လိုက္ေနသျဖင့္ ဤအေကာင္ ဤႏွစ္ ပထမေက်ာ္မျပန္ေစႏွင့္။႐ြာျပန္ေစ။

ေသြးေဆာင္သည့္ ဘုန္းႀကီးမ်ားလည္း ဝိနည္းႏွင့္ ဆန႔္က်င္သျဖင့္ အာပတ္သင့္ၾကသည္။ ႐ြာျပန္ၾကရမည္ ဟူ၍ ဆုံးျဖတ္လိုက္သည္။

ရဲရဲရွင္းရွင္း ဆုံးျဖတ္လိုက္သည့္ အဆုံးအျဖတ္ျဖစ္သည့္အတြက္ ဆရ္ာေတာ္ဦးဗုဒ္ကို ခ်ီးမြမ္းၾကသည္။

အိမ္ေရွ႕မင္းႏွင့္ နန္းမေတာ္ဘုရားတို႔သည္လည္း မိမိတို႔ေက်ာင္းထိုင္ဘုန္းႀကီး မ်ား၏ အရႈပ္အရွင္းကို မည္သို႔မွ် ေစာဒကမတတ္ဝံ့ၾကပဲ ၿငိမ္ခံေနလိုက္ၾကရသည္။

စာျပန္ပြဲတြင္ စာေအာင္ၾကသူမ်ားအနက္ ရဟန္းမခံၾကရေသးေသာသူမ်ားလည္း ပါဝင္ၾကသည္။

အခ်ိဳ႕မွာ လူ႔ေလာကေဘာင္အတြင္းသို႔ ဝင္၍ မင္းမႈထမ္းလုပ္လိုၾကသျဖင့္ ရဟန္း မခံၾကေပ၊ စာေအာင္သူမ်ားထဲမွ တသက္လုံးပင္ျဖစ္ေစ၊ ေခတၱခဏပင္ျဖစ္ေစ ရဟန္းခံမည့္သူ

၂၅ေယာက္ခန႔္ရွိမည္ဆိုလွ်င္ ဘုရင္ကိုယ္တိုင္က ထိုပုဂၢိဳလ္မ်ား၏ ရဟန္းဒါယကာအျဖစ္ ခံယူ၍ ရဟန္းခံပြဲကို က်င္းပေပးလ့ရွိသည္။

ဝါဆိုလျပည့္ေန႔တြင္ ဘုရင္ရန္ဟန္းခံပြဲကို က်င္းပေပးၾက ရသည္။ဝါထပ္သည့္ႏွစ္မ်ား၌ ဒုတိယဝါဆိုလျပည့္ေန႔တြင္ က်င္းပေပးရသည္။

ရဟန္းခံပြဲကို လႊတ္ေတာ္က က်င္းပေပးခဲ့သည္။ မည္သည့္ စာေအာင္သူကို မည္သည္ေက်ာင္းတြင္ မည္သည့္ ဥပဇၥ်ာယ္ဆရာထံ၌ ရဟန္းခံရမည္။

မည္သူက ဆြမ္းဒါယကာ၊ ကြမ္းဒါယကာ ခံရမည္ စသည္တို႔ကို လႊတ္ေတာ္က စီမံေပးၾကရသည္။ရဟန္းခံရာ၌ ေဗ်ာစည္မ်ားတီးရသည္။

စည္တီး႐ြာ ဟူသည္မွာ ထိုကဲ့သို႔ေသာ ဘုရင္ရဟန္းခံပြဲမ်ားတြင္စည္တီးရသူမ်ားေနထိုင္သည့္ ႐ြာျဖစ္သည္ ဟုဆိုၾကသည္။

ရွင္ဘုရင္ကရဟန္းဒါယကာ ျပဳလိုက္သည္ဆိုလွ်င္ပင္ဤရဟန္းသည္ထူးျခားလာတတ္သည္။

ဆရာေတာ္မ်ားကလည္း ၾသဝါဒမ်ားေပးၾကရာ၌ရဟန္းေဘာင္၌ ေပ်ာ္ပိုက္ေအာင္စာဝါမ်ားကို ႀကိဳးစားခ်င္စိတ္ျဖစ္ေပၚလာေအာင္ ဆုံးမလႈံ႕ေဆာင္ေပးရသည္။

ထိုရဟန္း သာသနာ့ေဘာင္တြင္ ေပ်ာ္ပိုက္ေအာင္ ဘုရင္က လိုေလေသးမရွိ ေထာက္ပံ့သည္။ ေက်ာင္းအလိုရွိလွ်င္ ေက်ာင္းေဆာက္ေပးသည္။

ေ႐ႊေညာင္ေစာင္း၊ မွီအုံး၊ ေစာင္ စသည္တို႔ကိုလည္းေကာင္း၊ လိုအပ္ေသာစာဝါ ေပထုပ္မ်ားကိုလည္းေကာင္း ပို႔ေပးရသည္။

သာသနာေတာ္ႀကီး ျပန႔္ပြားေစရန္အတြက္ ေပပင္ကအစ ျပဳစုပ်ိဳးေထာင္ၿပီးလွ်င္ စိုက္ေပးသည္။

စာျပန္ပြဲတြင္ ပထမေက်ာ္ မရေသာ္လည္း ထိပ္တန္းက ေအာင္သည့္ စာျပန္သူမ်ား အနက္ မင္းမႈထမ္းလုပ္လိုသူမ်ားကို လႊတ္႐ုံး ငါးရပ္သို႔ အကူစာေရးအျဖစ္ျဖင့္ ပို႔ေပးသည္။

လႊတ္႐ုံး ငါးရပ္တြင္ မွာစာ၊ ၾကားစာ၊တေၾကာင္းစာခြၽန္၊ ၂ေၾကာင္းစာခြၽန္၊ဆင့္စာ၊ ခ်စာ စသည့္ေရးနည္း သုံးနည္းမ်ား

ကို အရက်က္ၿပီးလွ်င္ စာလုံးကို ဝိုင္းဝိုင္းစက္စက္ေနေအာင္ ေရးၾကရသည္။

ဝိုင္းဝိုင္း စက္စက္ေရးျခင္းကို ႀကိဳက္သည္ကား ေနဝန္းလဝန္းကဲ့သို႔ ထြန္းေတာက္ ျခင္းကို အလိုရွိၾကျခင္းေၾကာင့္ ျဖစ္သည္။
အကူစာေရးတို႔သည္လက္ေရးကိုလွေအာင္က်င့္ၾကရသည္။

သတ္ပုံသတ္ၫႊန္မ်ားကို မွန္ကန္ေအာင္ ေရးတတ္ဖို႔ စတင္၍ က်င့္ရၾကရသည္။

ထို႔ေနာက္ ဣတိပိေသာအစ၊ ဘဂဝါအဆုံး စာလုံးမ်ားကို ၂ လက္မ အတိုင္း အရွည္ပမာဏအတင္း ဖတ္၍လည္း ရေအာင္၊ လွလည္းလွေအာင္ ေပေပၚတြင္ အေရးက်င့္ၾကရသည္။

လႊတ္႐ုံးငါးရပ္တြင္ စာေရးေတာ္ေခါင္းသည္ ဤအကူစာေရးမ်ား၏ ေနပုံထိုင္ပုံ၊ ေျပာပုံ ဆိုပုံ ဆက္ဆံပုံ အမူအရာမ်ားကို ေလ့လာမွတ္သားထားရသည္။

နန္းေတာ္က ကိစၥတရပ္ရပ္ႏွင့္ ပတ္သတ္၍ စာေရးေတာ္အလိုရွိသျဖင့္ ခန႔္အပ္ရန္ လူငါးေယာက္ပို႔ေပးပါဆိုလွ်င္ စာေရးေတာ္ေခါင္း က မိမိမွတ္သားထားေသာလူေတာ္လူေကာင္း ငါးေယာက္ကို ေ႐ြးခ်ယ္၍ ေပးပို႔ရသည္။

အဆိုပါ ပုဂၢိဳလ္တို႔သည္ စာေရးဘဝမွ လႊတ္ေတာ္ဝန္ ေထာက္၊လႊတ္ေတာ္ဝန္ႀကီးအထိ တျဖည္းျဖည္း လုပ္ရည္ကိုင္ရည္

ဥာဏ္ရည္အေလ်ာက္ ရာထူးမ်ား တိုက္တက္လာၾကၿပီးလ်င္ေနာက္ဆုံး၌ အုပ္ခ်ဳပ္ေရးယႏၲရားႀကီးကို ေမာင္းႏွင္သူမ်ားျဖစ္လာၾကေလသည္။

ဤကားေရွးျမန္မာမင္းမ်ားလက္ထက္က ပညာရွိမ်ား ျပဳစုပ်ိဳးေထာင္ေပးရာ စာျပန္ပြဲေတာ္မ်ား အေၾကာင္းႏွင့္

ပတ္သတ္၍ သိေကာင္းမွတ္ဖြယ္မ်ားကို စာေဟာင္းေပေဟာင္း မ်ားမွ၎ ထုတ္ႏႈတ္စုေပါင္း၍ ေရးသားတင္ျပခ်က္ မ်ားျဖစ္ပါသတည္း။

ခရက္ဒစ္ Rewrite By : MK (နန္းဓေလ့မွတ္တမ္းမ်ား ျမေကတု ) စာအုပ္မွျပန္လည္ေရးေသားေဖာ္ျပသည္။ေရွးေခတ္ျမန္မာပုံရိပ္မ်ား ျပန္လည္မွ်ေဝပါသည္