
” တရားသူကြီးက အနိုင်ပေးမယ်လို့ ကတိပေးထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး “
မြန်မာ့နွေဦးတော်လှန်ရေးဟာ ဘယ်လောက်တောင် စွမ်းဆောင်နိုင်သလဲဆိုရင် မြောက်ကိုရီးယားက ကွန်မြူနစ် ကင် တောင်မှ ပြည်သူတွေဘက်မှာ ပါလာတယ် ။ မြန်မာ့အရေး လှုပ်ရှားဖို့အတွက် မြောက်ကိုရီးယားက ကုလသမဂ္ဂကို အမေရိကန်ဒေါ်လာ ၃ သိန်း လှုဒါန်းလိုက်တာပါ ။ ဒီနေ့ သတင်းတွေမှာတော့ စစ်ကောင်စီက ဆရာဝန် ၊ သူနာပြု နဲ့ ကျမ်းမာရေး ဝန်ထမ်းတွေကို စစ်ကြေငြာလိုက်တယ် ။
နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေတာပါ ။ ကိုဗစ်ရောဂါ ထိန်းချုပ်လို့မရနိုင်တဲ့ ကိစ္စကို ကျမ်းမာရေးဝန်ထမ်းတွေအပေါ် ကမ္ဘာသိ အပြစ်ပုံချလိုက်တာပါ ။ အမေရိက ပြည်နယ်အချို့မှာတော့ mask မတတ်ကြတော့ပါဘူး ။ မြို့ကြီးအချို့မှာ လုံးဝ ကင်းစင်နေပြီလို့ ကြေငြာထားပါတယ် ။ နိုင်ငံအတော်များများမှာ ထိန်းချုပ်လို့ရနိုင်တဲ့
ဒီရောဂါဟာ မြန်မာပြည်မှာ ဘာ့ကြောင့် အမြင့်ဆုံး အဆင့်ကို ရောက်နေသလဲ ? သုံးသပ်ရရင် ၊ စစ်ကောင်စီရဲ့ ပယောဂ မကင်းပါဘူး ။ တော်လှန်ရေးမှာ ဒေါက်တာဇော်ဝေစိုး တို့လို ခေါင်းဆောင်တွေကအစ ဆေးကျောင်းသား အထိ စီဒီအမ်ဝင်ကြတယ် ။ ဒုက္ခလည်း တော်တော် တွေ့ကြတာပါ ။
သို့ပေမယ့် မတရားမှု့ကို ဒုက္ခခံ ရင်ဆိုင်နေတဲ့ ကျမ်းမာရေးဝန်ထမ်းတွေကတော့ စစ်ကောင်စီကို ဒူးမထောက်ပါဘူး ။ ဒီတော့ ၊ ကျမ်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ရန်တိုက်ပေးပါတယ် ။ မန်းမြို့တော်ဝန် ဆရာရဲကို ဟောက်စားလုပ်ခဲ့တဲ့ ဆရာတော်ကတောင် အဆင်း ဘီးတပ်ပေးပါသေးတယ် ။ မြန်မာပြည်ရဲ့ ပြဿနာတွေထဲမှာ ဒီလိုကိစ္စတွေလည်း ပါဝင်ပါတယ် ။ သာသနာရေးဘက်မှာ နေရာရလာတော့ ပစ္စည်းလေးပါးနဲ့ ဇိမ်ကျပြီး ဓမ္မနဲ့ အဓမ္မကို မခွဲတတ်တော့တာပါ ။
အလှုရှင်ဟာ တရားသဖြင့် ရှာထားတဲ့ငွေနဲ့ လှုသလား ၊ မတရားရှာထားတဲ့ ငွေနဲ့ လှုသလား ဆိုတာ မစဉ်းစားတော့တာပါ ။ သာသနာ ထိခိုက်တယ်ဆိုတာ ဒီလိုလုပ်ရပ်တွေပါပဲ ။ ထားတော့ ၊ ကျမ်းမာရေး ဝန်ထမ်းတွေ အလုပ်မဆင်းလို့ ရောဂါမထိန်းနိုင်ဘူးလို့ ကမ္ဘာသိ အပြစ်ပုံချင်ပေမယ့် ၊ ကမ္ဘာကြီးကတော့ သိပါတယ် ။
ကိုယ်မွှေးတဲ့မီး ကိုယ့်ပြန်လောင်တော့မယ့် အခြေအနေကိုတော့ စစ်ကောင်စီ မသိသေးပါဘူး ။ WHO အဖွဲ့ဟာ ကုလ လက်အောက်ခံအဖွဲ့ပါ ။ ဒီအဖွဲ့က မြန်မာ့အခြေအနေကို အစိုးရိမ်ရဆုံးအဖြစ် ကြေငြာထားတယ် ။ ဆိုတော့ ၊ ကုလအဖွဲ့ဟာ စစ်ရေး ( သို့မဟုတ် ) အရေးပေါ် ကျမ်းမာရေး အခြေအနေအတွက် ဝင်လာနိုင်တယ် ။
ဒါက နိုင်ငံတကာ သတင်းနဲ့ ကုလကြေငြာချက်တွေကို အခြေခံပြီး စာရေးသူ သုံးသပ်တာပါ ။ ဘာ့ကြောင့်လည်းဆိုတော့ ” မြန်မာဟာ ပြည်တွင်းစစ်ဆီကို ဦးတည်နေတယ် ၊ မြန်မာပြည်သူတွေကို ကူညီကြပါ ” လို့ ကုလအဖွဲ့က ကမ္ဘာ့နိုင်ငံအသီးသီးကို တရားဝင် အကူအညီတောင်းလိုက်တယ် ။ ဒါဟာ ” စိုးရိမ်တယ် ” ဆိုတဲ့ စတိတ်မန့်မဟုတ်ပါဘူး ။ တရားဝင် အကူအညီ တောင်းလိုက်တာပါ ။ သိပ်ကို ကောင်းပါတယ် ။ မြန်မာကို ကူညီဖို့ တရားဝင် ခွင့်ပြုလိုက်တာပါ ။
။ ဒီအတွက် ကျမ်းမာရေး ၊ စားနပ်ရိက္ခာ ၊ စစ်ရေး အားလုံး ပါဝင်ပါတယ် ။ စာရေးသူက Feb: 1 ရက် နေ့ကကတည်းက ကုလအဖွဲ့ဆီကို မြန်မာ့ဒီမိုကရေစီကို ကာကွယ်ပေးဖို့ အီးမေလ်းနဲ့ ဆက်သွယ်ပါတယ် ။ လုပ်တတ်သလောက်ပါ ။ ကုလ ဝန်ထမ်းတစ်ယောက် မဟုတ်သလို ၊ ကျွမ်းကျင်တဲ့ လုပ်ငန်းမဟုတ်တဲ့အတွက် စမ်းတဝါးဝါး ဆက်သွယ်ရတာပါ ။
တချို့က အကြောင်းပြန်ပါတယ် ။ တချို့ကတော့ အကြောင်းမပြန်ပါဘူး ။ အကြောင်းမပြန်တာက မသက်ဆိုင်တဲ့ ဌာနလို့ ယူဆရပါတယ် ။ ဒေါက်တာဆာဆာလို ကျွမ်းကျင်သူတွေ ရောက်သွားတော့ အားဖြစ်ရပါတယ် ။
ဒါ့ကြောင့်လည်း ကုလရဲ့ ကူညီမှု့ကို ဒီနေ့အထိ မျှော်လင့်နေဆဲပါ ။ စောင့်ကြည့်နေဆဲပါ ။ ဘာ့ကြောင့်လည်းဆိုတော့ MILITARISM ( စစ်အာဏာဝါဒ ) ကို အမြစ်က နှုတ်ချင်လို့ပါ ။ ရေးခဲ့ဘူးသလိုပါပဲ ။ စစ်အာဏာဝါဒကို အမြစ်နှုတ်ဖို့အတွက် ပြည်သူ့အင်အား နဲ့ ပြည်ပ အကူအညီ လိုအပ်ပါတယ် ။ ဒီနေ့အထိ ကုလနဲ့ နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်နေတာဟာ စီဒီအမ် ၊ တိုင်းရင်းသားအဖွဲ့၊ NUG ၊ PDF နဲ့ ရဲရဲတောက် ပြည်သူတွေရဲ့ ဇွဲသတ္တိကြောင့်ပါ ။
စစ်အာဏာဝါဒကို အမြစ်နှုတ်တဲ့အခါ ပြည်သူ့တိုက်ပွဲနဲ့တင် မရသေးပါဘူး ။ ကုလအဖွဲ့ကနေ ပြည်သူတင်တဲ့ အစိုးရအဖြစ် ကမ္ဘာသိ ကြေငြာဖို့လိုပါတယ် ။ PDF ကို မြန်မာကိုယ်စားပြု ” ပြည်ထောင်စု တပ်မတော်” အဖြစ် အသိအမှတ်ပြုဖို့ လိုပါတယ် ။ ဒီလို လုပ်ငန်းစဉ်တွေကို တဆင့်ပြီး တဆင့် တက်လာတဲ့ NUG ဟာ တော်လှန်ရေးနဲ့စစ်ရေး ပွဲသိမ်း တိုက်ပွဲကို စတင်ပါတော့မယ် ။
စာရေးသူဟာပြည်ပရောက်နေတာ အနှစ်သုံးဆယ်နီးပါး ရှိပါပြီ ။ NLD အစိုးရ လက်ထက်ကတည်းက နိုင်ငံရေးသမား ရင်းနှီးသူမရှိသလို ၊ လက်ရှိ NUG ၊ PDF အဖွဲ့တွေနဲ့လည်း အဆက်အသွယ်မရှိတဲ့အတွက် အတွင်းသတင်း သိသူမဟုတ်ပါဘူး ။ ကောင်းပြီ ၊ ဖြစ်ခဲ့ ၊ ဖြစ်နေဆဲတွေကို ဘာ့ကြောင့် အနီးစပ်ဆုံး သုံးသပ်နိုင်သလဲ ဆိုရင် ၊ နိုင်ငံတကာသတင်းနဲ့ ကုလသတင်းတွေကို အခြေတည်လို့ပါ ။
နိုင်ငံတကာ သတင်းတွေကို လေ့လာပြီး ၊ တော်လှန်ရေး အခြေအနေကို လေ့လာ ၊ ခန့်မှန်း ၊ သုံးသပ်ပါတယ် ။ ဆိုရရင် ၊ ဒီမိုကရေစီ ယန္တရား ပြန်လည် လည်ပတ်ဖို့ မကြာတော့ပါဘူး ။ အချို့ကတော့ ပြောကြပါတယ် ။ ” စစ်ကောင်စီမှာ ငွေရှိတယ် ၊ လက်နက်ရှိတယ် ၊ အနောက်မှာ တရုပ်ရှိတယ် ၊ လျှော့မတွက်နဲ့၊ တိုင်းပြည်ကို သူသေ ကိုယ်သေ အကုန်သေအောင် ဖျက်စီးမှာ ” တဲ့ ။ စပ်တော့စပ်ပေမယ့် ၊ မှန်ပါတယ် ။
သုံးသပ်ရရင် စစ်ကောင်စီဟာ လက်နက်အကုန် ၊ လူကုန် မသုံးသေးပါဘူး ။ ပြည်သူတွေကို သက်ညှာလို့တော့ မဟုတ်ပါဘူး ။ နိုင်ငံတကာရဲ့ စစ်ရေးအက်ရှင်ကို ကြောက်လို့ပါ ။ ဒါ့ကြောင့်လည်း NUG ဟာ စစ်ကောင်စီကို ရင်ဆိုင်ဖို့အတွက် သံတမန်အရေး ၊ စစ်ရေးနည်းတွေနဲ့ အချိန်ယူ ပြင်ဆင်နေတာပါ ။ PDF အတွက် လက်နက် ၊ အင်အား ပြင်ဆင်နေသလို နိုင်ငံတကာ သံတမန်နည်းလမ်းနဲ့ အကူအညီယူနေတာကလည်း ပွဲပြတ်နေသလောက်ပါပဲ ။
ဖြစ်မလာသေးတာတွေကိုတော့ ကြိူတင်ပြီးတော့ မပြောချင်သေးပါဘူး ။ မိတ်ဆွေတို့ သိထားရမှာက ကမ္ဘာကြီးက ဟင့်အင်း ဆိုရင် ဘာမှ မကူညီတော့ပါဘူး ။ ကမ္ဘာကြီးကိုယ်တိုင်က ” မြန်မာပြည်သူတွေကို ကူညီပါ ” လို့ တရားဝင်ပြောထားရင်တော့ စာရေးသူပြောခဲ့တာတွေ ၊ မိတ်ဆွေတို့ မျှော်လင့်ထားတာတွေဟာ မကြာခင်မှာ ဖြစ်လာပါလိမ့်မယ် ။
တရုက်ကတော့ ” တရုပ်နိုင်ငံဟာ မြန်မာပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးချင်စိတ် မရှိပါဘူး ၊ လုပ်လည်း လုပ်မှာမဟုတ်ပါဘူး ” လို့ ဇီက ပြောထားပါတယ် ။ နောက်ဆုတ်လိုက်တဲ့ သဘောပါ ။ ကုလက R2P ဆွေးနွေးပါမယ် ။ ပြင်သစ် ၊ အင်္ဂလန် ၊ အမေရိကန်နဲ့ အီးယူနိုင်ငံတွေက လက်နက်ကူညီပါမယ် ။
မြောက်ကိုရီးယားရဲ့ ကူညီငွေက နည်းတယ်ဆိုပေမယ့် ၊ မြန်မာပြည်သူတွေအတွက် ကမ္ဘာသိ လှုဒါန်းလိုက်တာကတော့ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှု့တစ်ခုပါပဲ ။ ကဲ ၊ မိတ်ဆွေ ။ တရားသူကြီးက မိတ်ဆွေရဲ့ အမှု့ကို အနိုင်ပေးမယ်လို့ ကတိပေးထားပြီးရင် ၊ ဒီတော်လှန်ရေးဟာ ဘယ်သူနိုင်မလဲလို့ ကိုယ်တိုင်သာ တွေးကြည့်ပါတော့ ။
crd-ဘကြီးအောင် LA
————
” တရားသူႀကီးက အႏိုင္ေပးမယ္လို႔ ကတိေပးထားတဲ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရး “
ျမန္မာ့ေႏြဦးေတာ္လွန္ေရးဟာ ဘယ္ေလာက္ေတာင္ စြမ္းေဆာင္ႏိုင္သလဲဆိုရင္ ေျမာက္ကိုရီးယားက ကြန္ျမဴနစ္ ကင္ ေတာင္မွ ျပည္သူေတြဘက္မွာ ပါလာတယ္ ။ ျမန္မာ့အေရး လႈပ္ရွားဖို႔အတြက္ ေျမာက္ကိုရီးယားက ကုလသမဂၢကို အေမရိကန္ေဒၚလာ ၃ သိန္း လႈဒါန္းလိုက္တာပါ ။ ဒီေန႔ သတင္းေတြမွာေတာ့ စစ္ေကာင္စီက ဆရာဝန္ ၊ သူနာျပဳ နဲ႔ က်မ္းမာေရး ဝန္ထမ္းေတြကို စစ္ေၾကျငာလိုက္တယ္ ။
ႏိုင္ငံတကာ သတင္းေတြမွာ ေဖာ္ျပေနတာပါ ။ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္လို႔မရႏိုင္တဲ့ ကိစၥကို က်မ္းမာေရးဝန္ထမ္းေတြအေပၚ ကမာၻသိ အျပစ္ပုံခ်လိုက္တာပါ ။ အေမရိက ျပည္နယ္အခ်ိဳ႕မွာေတာ့ mask မတတ္ၾကေတာ့ပါဘူး ။ ၿမိဳ႕ႀကီးအခ်ိဳ႕မွာ လုံးဝ ကင္းစင္ေနၿပီလို႔ ေၾကျငာထားပါတယ္ ။ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ထိန္းခ်ဳပ္လို႔ရႏိုင္တဲ့
ဒီေရာဂါဟာ ျမန္မာျပည္မွာ ဘာ့ေၾကာင့္ အျမင့္ဆုံး အဆင့္ကို ေရာက္ေနသလဲ ? သုံးသပ္ရရင္ ၊ စစ္ေကာင္စီရဲ႕ ပေယာဂ မကင္းပါဘူး ။ ေတာ္လွန္ေရးမွာ ေဒါက္တာေဇာ္ေဝစိုး တို႔လို ေခါင္းေဆာင္ေတြကအစ ေဆးေက်ာင္းသား အထိ စီဒီအမ္ဝင္ၾကတယ္ ။ ဒုကၡလည္း ေတာ္ေတာ္ ေတြ႕ၾကတာပါ ။
သို႔ေပမယ့္ မတရားမႈ႕ကို ဒုကၡခံ ရင္ဆိုင္ေနတဲ့ က်မ္းမာေရးဝန္ထမ္းေတြကေတာ့ စစ္ေကာင္စီကို ဒူးမေထာက္ပါဘူး ။ ဒီေတာ့ ၊ က်မ္းမာေရးဝန္ထမ္းေတြနဲ႔ ျပည္သူေတြကို ရန္တိုက္ေပးပါတယ္ ။ မန္းၿမိဳ႕ေတာ္ဝန္ ဆရာရဲကို ေဟာက္စားလုပ္ခဲ့တဲ့ ဆရာေတာ္ကေတာင္ အဆင္း ဘီးတပ္ေပးပါေသးတယ္ ။ ျမန္မာျပည္ရဲ႕ ျပႆနာေတြထဲမွာ ဒီလိုကိစၥေတြလည္း ပါဝင္ပါတယ္ ။ သာသနာေရးဘက္မွာ ေနရာရလာေတာ့ ပစၥည္းေလးပါးနဲ႔ ဇိမ္က်ၿပီး ဓမၼနဲ႔ အဓမၼကို မခြဲတတ္ေတာ့တာပါ ။
အလႈရွင္ဟာ တရားသျဖင့္ ရွာထားတဲ့ေငြနဲ႔ လႈသလား ၊ မတရားရွာထားတဲ့ ေငြနဲ႔ လႈသလား ဆိုတာ မစဥ္းစားေတာ့တာပါ ။ သာသနာ ထိခိုက္တယ္ဆိုတာ ဒီလိုလုပ္ရပ္ေတြပါပဲ ။ ထားေတာ့ ၊ က်မ္းမာေရး ဝန္ထမ္းေတြ အလုပ္မဆင္းလို႔ ေရာဂါမထိန္းႏိုင္ဘူးလို႔ ကမာၻသိ အျပစ္ပုံခ်င္ေပမယ့္ ၊ ကမာၻႀကီးကေတာ့ သိပါတယ္ ။
ကိုယ္ေမႊးတဲ့မီး ကိုယ့္ျပန္ေလာင္ေတာ့မယ့္ အေျခအေနကိုေတာ့ စစ္ေကာင္စီ မသိေသးပါဘူး ။ WHO အဖြဲ႕ဟာ ကုလ လက္ေအာက္ခံအဖြဲ႕ပါ ။ ဒီအဖြဲ႕က ျမန္မာ့အေျခအေနကို အစိုးရိမ္ရဆုံးအျဖစ္ ေၾကျငာထားတယ္ ။ ဆိုေတာ့ ၊ ကုလအဖြဲ႕ဟာ စစ္ေရး ( သို႔မဟုတ္ ) အေရးေပၚ က်မ္းမာေရး အေျခအေနအတြက္ ဝင္လာႏိုင္တယ္ ။
ဒါက ႏိုင္ငံတကာ သတင္းနဲ႔ ကုလေၾကျငာခ်က္ေတြကို အေျခခံၿပီး စာေရးသူ သုံးသပ္တာပါ ။ ဘာ့ေၾကာင့္လည္းဆိုေတာ့ ” ျမန္မာဟာ ျပည္တြင္းစစ္ဆီကို ဦးတည္ေနတယ္ ၊ ျမန္မာျပည္သူေတြကို ကူညီၾကပါ ” လို႔ ကုလအဖြဲ႕က ကမာၻ႔ႏိုင္ငံအသီးသီးကို တရားဝင္ အကူအညီေတာင္းလိုက္တယ္ ။ ဒါဟာ ” စိုးရိမ္တယ္ ” ဆိုတဲ့ စတိတ္မန႔္မဟုတ္ပါဘူး ။ တရားဝင္ အကူအညီ ေတာင္းလိုက္တာပါ ။ သိပ္ကို ေကာင္းပါတယ္ ။ ျမန္မာကို ကူညီဖို႔ တရားဝင္ ခြင့္ျပဳလိုက္တာပါ ။
။ ဒီအတြက္ က်မ္းမာေရး ၊ စားနပ္ရိကၡာ ၊ စစ္ေရး အားလုံး ပါဝင္ပါတယ္ ။ စာေရးသူက Feb: 1 ရက္ ေန႔ကကတည္းက ကုလအဖြဲ႕ဆီကို ျမန္မာ့ဒီမိုကေရစီကို ကာကြယ္ေပးဖို႔ အီးေမလ္းနဲ႔ ဆက္သြယ္ပါတယ္ ။ လုပ္တတ္သေလာက္ပါ ။ ကုလ ဝန္ထမ္းတစ္ေယာက္ မဟုတ္သလို ၊ ကြၽမ္းက်င္တဲ့ လုပ္ငန္းမဟုတ္တဲ့အတြက္ စမ္းတဝါးဝါး ဆက္သြယ္ရတာပါ ။
တခ်ိဳ႕က အေၾကာင္းျပန္ပါတယ္ ။ တခ်ိဳ႕ကေတာ့ အေၾကာင္းမျပန္ပါဘူး ။ အေၾကာင္းမျပန္တာက မသက္ဆိုင္တဲ့ ဌာနလို႔ ယူဆရပါတယ္ ။ ေဒါက္တာဆာဆာလို ကြၽမ္းက်င္သူေတြ ေရာက္သြားေတာ့ အားျဖစ္ရပါတယ္ ။
ဒါ့ေၾကာင့္လည္း ကုလရဲ႕ ကူညီမႈ႕ကို ဒီေန႔အထိ ေမွ်ာ္လင့္ေနဆဲပါ ။ ေစာင့္ၾကည့္ေနဆဲပါ ။ ဘာ့ေၾကာင့္လည္းဆိုေတာ့ MILITARISM ( စစ္အာဏာဝါဒ ) ကို အျမစ္က ႏႈတ္ခ်င္လို႔ပါ ။ ေရးခဲ့ဘူးသလိုပါပဲ ။ စစ္အာဏာဝါဒကို အျမစ္ႏႈတ္ဖို႔အတြက္ ျပည္သူ႔အင္အား နဲ႔ ျပည္ပ အကူအညီ လိုအပ္ပါတယ္ ။ ဒီေန႔အထိ ကုလနဲ႔ ႏိုင္ငံတကာက ျမန္မာ့အေရးကို အာ႐ုံစိုက္ေနတာဟာ စီဒီအမ္ ၊ တိုင္းရင္းသားအဖြဲ႕၊ NUG ၊ PDF နဲ႔ ရဲရဲေတာက္ ျပည္သူေတြရဲ႕ ဇြဲသတၱိေၾကာင့္ပါ ။
စစ္အာဏာဝါဒကို အျမစ္ႏႈတ္တဲ့အခါ ျပည္သူ႔တိုက္ပြဲနဲ႔တင္ မရေသးပါဘူး ။ ကုလအဖြဲ႕ကေန ျပည္သူတင္တဲ့ အစိုးရအျဖစ္ ကမာၻသိ ေၾကျငာဖို႔လိုပါတယ္ ။ PDF ကို ျမန္မာကိုယ္စားျပဳ ” ျပည္ေထာင္စု တပ္မေတာ္” အျဖစ္ အသိအမွတ္ျပဳဖို႔ လိုပါတယ္ ။ ဒီလို လုပ္ငန္းစဥ္ေတြကို တဆင့္ၿပီး တဆင့္ တက္လာတဲ့ NUG ဟာ ေတာ္လွန္ေရးနဲ႔စစ္ေရး ပြဲသိမ္း တိုက္ပြဲကို စတင္ပါေတာ့မယ္ ။
စာေရးသူဟာျပည္ပေရာက္ေနတာ အႏွစ္သုံးဆယ္နီးပါး ရွိပါၿပီ ။ NLD အစိုးရ လက္ထက္ကတည္းက ႏိုင္ငံေရးသမား ရင္းႏွီးသူမရွိသလို ၊ လက္ရွိ NUG ၊ PDF အဖြဲ႕ေတြနဲ႔လည္း အဆက္အသြယ္မရွိတဲ့အတြက္ အတြင္းသတင္း သိသူမဟုတ္ပါဘူး ။ ေကာင္းၿပီ ၊ ျဖစ္ခဲ့ ၊ ျဖစ္ေနဆဲေတြကို ဘာ့ေၾကာင့္ အနီးစပ္ဆုံး သုံးသပ္ႏိုင္သလဲ ဆိုရင္ ၊ ႏိုင္ငံတကာသတင္းနဲ႔ ကုလသတင္းေတြကို အေျခတည္လို႔ပါ ။
ႏိုင္ငံတကာ သတင္းေတြကို ေလ့လာၿပီး ၊ ေတာ္လွန္ေရး အေျခအေနကို ေလ့လာ ၊ ခန႔္မွန္း ၊ သုံးသပ္ပါတယ္ ။ ဆိုရရင္ ၊ ဒီမိုကေရစီ ယႏၲရား ျပန္လည္ လည္ပတ္ဖို႔ မၾကာေတာ့ပါဘူး ။ အခ်ိဳ႕ကေတာ့ ေျပာၾကပါတယ္ ။ ” စစ္ေကာင္စီမွာ ေငြရွိတယ္ ၊ လက္နက္ရွိတယ္ ၊ အေနာက္မွာ တ႐ုပ္ရွိတယ္ ၊ ေလွ်ာ့မတြက္နဲ႔၊ တိုင္းျပည္ကို သူေသ ကိုယ္ေသ အကုန္ေသေအာင္ ဖ်က္စီးမွာ ” တဲ့ ။ စပ္ေတာ့စပ္ေပမယ့္ ၊ မွန္ပါတယ္ ။
သုံးသပ္ရရင္ စစ္ေကာင္စီဟာ လက္နက္အကုန္ ၊ လူကုန္ မသုံးေသးပါဘူး ။ ျပည္သူေတြကို သက္ညႇာလို႔ေတာ့ မဟုတ္ပါဘူး ။ ႏိုင္ငံတကာရဲ႕ စစ္ေရးအက္ရွင္ကို ေၾကာက္လို႔ပါ ။ ဒါ့ေၾကာင့္လည္း NUG ဟာ စစ္ေကာင္စီကို ရင္ဆိုင္ဖို႔အတြက္ သံတမန္အေရး ၊ စစ္ေရးနည္းေတြနဲ႔ အခ်ိန္ယူ ျပင္ဆင္ေနတာပါ ။ PDF အတြက္ လက္နက္ ၊ အင္အား ျပင္ဆင္ေနသလို ႏိုင္ငံတကာ သံတမန္နည္းလမ္းနဲ႔ အကူအညီယူေနတာကလည္း ပြဲျပတ္ေနသေလာက္ပါပဲ ။
ျဖစ္မလာေသးတာေတြကိုေတာ့ ႀကိဴတင္ၿပီးေတာ့ မေျပာခ်င္ေသးပါဘူး ။ မိတ္ေဆြတို႔ သိထားရမွာက ကမာၻႀကီးက ဟင့္အင္း ဆိုရင္ ဘာမွ မကူညီေတာ့ပါဘူး ။ ကမာၻႀကီးကိုယ္တိုင္က ” ျမန္မာျပည္သူေတြကို ကူညီပါ ” လို႔ တရားဝင္ေျပာထားရင္ေတာ့ စာေရးသူေျပာခဲ့တာေတြ ၊ မိတ္ေဆြတို႔ ေမွ်ာ္လင့္ထားတာေတြဟာ မၾကာခင္မွာ ျဖစ္လာပါလိမ့္မယ္ ။
တ႐ုက္ကေတာ့ ” တ႐ုပ္ႏိုင္ငံဟာ ျမန္မာျပည္သူေတြအေပၚ အႏိုင္က်င့္ ဗိုလ္က် စိုးမိုးခ်င္စိတ္ မရွိပါဘူး ၊ လုပ္လည္း လုပ္မွာမဟုတ္ပါဘူး ” လို႔ ဇီက ေျပာထားပါတယ္ ။ ေနာက္ဆုတ္လိုက္တဲ့ သေဘာပါ ။ ကုလက R2P ေဆြးေႏြးပါမယ္ ။ ျပင္သစ္ ၊ အဂၤလန္ ၊ အေမရိကန္နဲ႔ အီးယူႏိုင္ငံေတြက လက္နက္ကူညီပါမယ္ ။
ေျမာက္ကိုရီးယားရဲ႕ ကူညီေငြက နည္းတယ္ဆိုေပမယ့္ ၊ ျမန္မာျပည္သူေတြအတြက္ ကမာၻသိ လႈဒါန္းလိုက္တာကေတာ့ ေႏြဦးေတာ္လွန္ေရးရဲ႕ ေအာင္ျမင္မႈ႕တစ္ခုပါပဲ ။ ကဲ ၊ မိတ္ေဆြ ။ တရားသူႀကီးက မိတ္ေဆြရဲ႕ အမႈ႕ကို အႏိုင္ေပးမယ္လို႔ ကတိေပးထားၿပီးရင္ ၊ ဒီေတာ္လွန္ေရးဟာ ဘယ္သူႏိုင္မလဲလို႔ ကိုယ္တိုင္သာ ေတြးၾကည့္ပါေတာ့ ။
crd-ဘႀကီးေအာင္ LA