မိုးရွာချိန် ဆက်ဖ်ဖီဓါတ်ပုံရိုက်သူ ၁၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျိုင်ပါမြို့မှာ မိုးကြိုးပစ်မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံး ဒဏ်ရာရရှိသူတွေဟာ ကမ္ဘာ့လှည့်ခရီးသွားစွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ ၁၂ ရာစု အေမာခံတပ်ရှိ ကင်းမျှော်စင်တစ်ခုပေါ်မှာ မိုးရွာသွန်းနေချိန် ဆက်ဖ်ဖီဓါတ်ပုံရိုက်ကူးနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မိုးကြိုးပစ်ချိန်မှာတော့ လူ ၂၇ ဦးဟာမျှော်စင်နဲ့ ခံတပ်ရဲ့တံတိုင်းပေါ်မှာရှိနေကြပြီး အချို့မှာ မြေပြင်ပေါ်ကို ခုန်ချခဲ့ကြတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီမျှော်စင်ဟာခံတပ်အတွင်း လူကြိုက်များတဲ့ နေရာတစ်ခုဖြစ်ပြီး မိုးကြိုးပစ်မှုကြောင့် သေဆုံးသူအများစုဟာ လူငယ်များဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဇူလိုင် ၁၁ ရက်တစ်နေ့တည်းမှာပဲ ဂျိုင်ပါမြို့တည်ရှိရာ ရာဂျက်သန်ပြည်နယ်တစ်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ မိုးကြိုးပစ်မှုတွေကြောင့် လူကိုးဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖေ်ာပြထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း မိုးကြိုးပစ်မှုတွေကြောင့် လူနှစ်ထောင်သေဆုံးခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းတာတွေဖြစ်လေ့ရှိတဲ့ မုတ်သုန်ရာသီကတော့ ဇွန်လကနေ စက်တင်ဘာလထိ ကြာမြင့်ပါတယ်။

Ref : BBC ..Photo: Getty Images

voiceofmyanmar

———–

အိႏၵိယႏိုင္ငံေျမာက္ပိုင္း ဂ်ိဳင္ပါၿမိဳ႕မွာ မိုးႀကိဳးပစ္မႈေၾကာင့္ လူ ၁၁ ဦးထက္မနည္းေသဆုံးသြားၿပီး အမ်ားအျပား ဒဏ္ရာရရွိသြားတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ေသဆုံး ဒဏ္ရာရရွိသူေတြဟာ ကမာၻ႔လွည့္ခရီးသြားစြဲေဆာင္ရာေနရာတစ္ခုျဖစ္တဲ့ ၁၂ ရာစု ေအမာခံတပ္ရွိ ကင္းေမွ်ာ္စင္တစ္ခုေပၚမွာ မိုး႐ြာသြန္းေနခ်ိန္ ဆက္ဖ္ဖီဓါတ္ပုံ႐ိုက္ကူးေနသူေတြျဖစ္တယ္လို႔ ဆိုပါတယ္။

မိုးႀကိဳးပစ္ခ်ိန္မွာေတာ့ လူ ၂၇ ဦးဟာေမွ်ာ္စင္နဲ႔ ခံတပ္ရဲ႕တံတိုင္းေပၚမွာရွိေနၾကၿပီး အခ်ိဳ႕မွာ ေျမျပင္ေပၚကို ခုန္ခ်ခဲ့ၾကတယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။ အဲဒီေမွ်ာ္စင္ဟာခံတပ္အတြင္း လူႀကိဳက္မ်ားတဲ့ ေနရာတစ္ခုျဖစ္ၿပီး မိုးႀကိဳးပစ္မႈေၾကာင့္ ေသဆုံးသူအမ်ားစုဟာ လူငယ္မ်ားျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ဇူလိုင္ ၁၁ ရက္တစ္ေန႔တည္းမွာပဲ ဂ်ိဳင္ပါၿမိဳ႕တည္ရွိရာ ရာဂ်က္သန္ျပည္နယ္တစ္ဝန္းမွာ ျဖစ္ပြားခဲ့တဲ့ မိုးႀကိဳးပစ္မႈေတြေၾကာင့္ လူကိုးဦးလည္း ေသဆုံးခဲ့တယ္လို႔ ေဒသတြင္းသတင္းဌာနေတြက ေဖ္ာျပထားပါတယ္။

အိႏၵိယႏိုင္ငံမွာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း မိုးႀကိဳးပစ္မႈေတြေၾကာင့္ လူႏွစ္ေထာင္ေသဆုံးခဲ့ပါတယ္။ ႏိုင္ငံအတြင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းတာေတြျဖစ္ေလ့ရွိတဲ့ မုတ္သုန္ရာသီကေတာ့ ဇြန္လကေန စက္တင္ဘာလထိ ၾကာျမင့္ပါတယ္။

Ref : BBC ..Photo: Getty Images

voiceofmyanmar