“ဖြစ်ခဲ့လျှင်” ဟူ ၍ မဟုတ်တော့ဘဲ “ဘယ်အချိန်” နှင့် “ဘယ်ပုံဘယ်နည်း” ဆိုသည်ကိုသာ စောင့်ကြည့်ရတော့မည် “ဘာမဆို လုပ်ရဲသူကြီး”ရဲ့ ဇာတ်သိမ်း

“ဖြစ်ခဲ့လျှင်” ဟူ ၍ မဟုတ်တော့ဘဲ “ဘယ်အချိန်” နှင့် “ဘယ်ပုံဘယ်နည်း” ဆိုသည်ကိုသာ စောင့်ကြည့်ရတော့မည် “ဘာမဆို လုပ်ရဲသူကြီး”ရဲ့ ဇာတ်သိမ်း

ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲ

ပြင်းထန် ခါးသီးလှသော နိုင်ငံရေး မုန်တိုင်းကြီး အရှိန်အဟုန်နှင့် တိုက်ခတ်ခံနေရသည့် အချိန်တွင် မြန်မာ ပြည်သူတို့အဖို့ မိမိတို့ မိဘ ညီအကို မောင်နှမ များ၏ အသက်ကို ကယ်တင်နိုင်ရန် အောက်စီဂျင် ဘူးများ အလုအယက် ရှာဖွေနေရပြီး ဒုက္ခပင်လယ်ဝေနေရသည်။ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူထားသည့် စစ်တပ်သည်လည်း ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ ဖြစ်နေပေပြီ။

အသက်ကယ်နိုင်ရန် တခုတည်းသော အားကိုးရာ ဖြစ်သည့် အောက်စီဂျင်မှာ ပြတ်လတ်နေသည့်အပြင် စိတ်ချ ယုံကြည်လောက်သော ကာကွယ်ဆေးဟူ၍ မူးလို့ပင် ရှူစရာ မရှိ ဖြစ်နေသည်။ အာဏာကို ဆုပ်ကိုင်နိုင်ရေးသာ အဓိက ထားနေရ၍ ဘာကိုမျှ ဂရုမစိုက်နိုင်အောင် ဖြစ်လာနေသည်။ ၎င်းတို့ ထုတ်ပြန်သော စာရင်းဇယားအရ စနေနေ့တွင် ကူးစက်ခံရသူ ၄,၃၇၇ ဦး နှင့် သေဆုံးသူ ၇၁ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။

ယခင် နိုင်ငံတော် အတိုင်ပင်ခံ၏ ကိုဗစ် ရောဂါပိုး ထိန်းချုပ် ဟန့်တား နိုင်ရေး အတွက် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပုံများမှာ ဆီ နှင့် ရေပမာ ကွာခြားနေသည်မှာလည်း တနေ့တခြား သိသာလာနေရသည်။

မင်းအောင်လှိုင်သည် ၎င်း၏ မဆင်မခြင် အာဏာငမ်းဖမ်းမှု သက်သက်ဖြင့် စီးပွားရေး နှင့် ပိုင်ဆိုင်မှုများ ခြိမ်း ခြောက်ခံလာရသော ဗိုလ်ချုပ်ကြီးများ၊ ကိုဗစ်ကို ထိရောက်စွာ ကိုင်တွယ် ဟန့်တား နိုင်စွမ်း မရှိသဖြင့် မိမိတို့၏ မိသားစုများပါ ထိခိုက်လာနေရသည့် အောက်ခြေ အရာရှိများ၊ ၎င်းအား ထောက်ခံခဲ့သူများအကြား မကျေ နပ်မှုများ တိုးပွားလာနေပြီး ရန်သူများ ပတ်လည် ဝိုင်းခံနေရပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် ကိုယ်ကျိုးတခုတည်းကို ကြည့်ပြီး ဗြောင်ကျကျ အာဏာသိမ်းခဲ့သည်မှာ မည်သို့မျှ ငြင်းမရ အောင် သိသာထင်ရှားလွန်းနေသည့်အပြင် ထိုလုပ်ရပ်များကြောင့် စစ်တပ်၏ ဝင်‌ငွေသည် ယခုနှစ် အတွင်းမှာ ပင် ဒေါ်လာ ဘီလီယံ နှင့် ချီပြီး

ဆုံးရှုံးလာနေကာ အခန့်မသင့်လျှင် အားလုံး ပြေးပေါက်မရှိ ပိတ်မိနေပေတော့ မည်။ ထိုအခါကျမှ ၎င်းတယောက်တည်း ကိုယ်လွတ်ရုန်း ပြေးမည့် အရေးကို မည်သူမျှ လက်ပိုက်ကြည့်နေကြ တော့မည် မဟုတ်ပေ။

ဗိုလ်ချုပ်ကြီးများ အဖို့ စည်းစိမ်ဥစ္စာများ ပျက်စီးခံရမည့် အရေး အပြင် ၎င်းတို့အား နိုင်ငံတကာက မျက်လုံး တောက်ထောက်ကြည့်ကာ ခုံရုံးတင်နိုင်ရေး အတွက် တဦးချင်းစီအပေါ် အချက်အလက်များ စနစ်တကျ စု ဆောင်းလာနေသောကြောင့် ဖမ်းဆီး အကျဉ်းချ ခံရမည့် အရေး အပြင် ပိုင်ဆိုင်သမျှ သိမ်းဆည်းခံရဖို့က သေချာ နေပေသည်။

မင်းအောင်လှိုင်သည် သူ့ကိုယ်သူ “ဘာမဆို လုပ်ရဲသူ” အဖြစ် ကြွေးကြော်ပြီး ရဲဆေးတင်ကာ မောက်မာပြ နေခြင်းသည်ကပင် ဗိုလ်ချုပ်ကြီးများ နှင့် ၎င်းတို့ ထိန်းချုပ်ထားသော စစ်တပ် သက်ဆိုးရှည်ရေးကို ခြိမ်းခြောက် လာနေသည်။ ၎င်းတို့အားလုံးက စစ်တပ်ကို အသုံးချကာ မြေရှင် ပဒေသရာဇ်များ ပမာ မိသားစု စီးပွားရေး အင်ပိုင် ယာများကို တည်ဆောက်ပြီး ကြွယ်ဝချမ်းသာအောင် လုပ်လိုသူချည်းသာ ဖြစ်သည်။

ထိုအနေအထားမျိုးမှ ဆုတ်ယုတ်မသွားအောင် ထိန်းထားနိုင်ဖို့မှာ တန်ပြန် အာဏာသိမ်းသည့် လုပ်ရပ်မျိုးသာ ကျန်နေပေတော့သည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်ပိုင်းကို ပြန်လွှတ်ပေးပြီး အခြေ အနေများ ပြန်လည်တည်ငြိမ်လာသည်နှင့်

ရွေးကောက်ပွဲ အသစ်တဖန် ကျင်းပပေးမည်ဟူသော ကတိမျိုးဖြင့် ကာကွယ်သွားရန် အချိန်ရနေ‌ပေသေးသည်။
မင်းအောင်လှိုင်ကို လက်ရှိ စည်းစိမ်များ အတိုင်း အနားပေးလိုက်ခြင်း၊ သို့မဟုတ် လူထု သဘောကျစေရန် လူမြင်ကွင်းမှ ပျောက်ကွယ်အောင် မိသားစုပိုင် ပစ္စည်းဥစ္စာများကို နိုင်ငံပိုင်အဖြစ် သိမ်းယူနိုင်သည်။

အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သားများထဲတွင် မင်းအောင်လှိုင် အပေါ် တင်းပြည့်ကျပ်ပြည့် သစ္စာခံ နေသူ ဟူ၍ ၅၀% ခန့်သာ ရှိနေသည်ဟု သုတေသနပြုချက်များ၊ တွေ့ဆုံမေးမြန်းမှုများမှ သိရသည်။ ကျန်လူ များမှာ မိမိတို့ နှင့် မိသားစုများကို အရေးယူခံရမည့် အရေးစိုးရွံ့ပြီး မတော်လှန်ဝံ့၍သာ စစ်ဗိုလ်ချုပ်ကြီးများ အလိုကျ လုပ်ပေးနေရခြင်းမျိုးလည်း ဖြစ်သည်။

စစ်ထဲသို့ ဝင်ရောက်လာသူ အများစုသည် အခြေအနေ အကြောင်းအမျိုးမျိုး ဖြင့် အတင်းအကျပ် သိမ်းသွင်း ခံခဲ့ရသူများ ဖြစ်သောကြောင့် တပ်တွင်းတွင် ချို့ချို့တဲ့တဲ့ နေထိုင်ကြရပြန်သည်။ သူတို့ အဖို့ကား စစ်တပ် အပေါ် သစ္စာခံမှု၊ ချစ်ခင် တွယ်တာမှု လုံးဝမရှိကြသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။ အခြေအနေအရသာ စစ်တပ်အပေါ် သစ္စာ စောင့်သိပေးနေရခြင်းမျိုး ဖြစ်သည်။

လက်ရှိတွင် အားလုံးသည် လူထု ၏ မုန်းတီးရွံရှာခံနေရသည့် အကြပ်အတည်းမှ ရုန်းထွက်လိုသူများသာ ဖြစ် သည်။ သို့သော် သူတို့ အဖို့က အောင်မြင်ဖို့ သေချာမည်ဟု ယုံကြည်မှသာ လုပ်လိုကြသည်။ ထို့အတွက် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပြည်သူတော်လှန်ရေး တပ်များက ပံ့ပိုးပေးကြရမည် ဖြစ်သည်။ စိတ်ဓါတ် စစ်ဆင်ရေး မျိုးကိုလည်း အသုံးပြုရမည် ဖြစ်သည်။

၎င်းတို့ထက် လက်နက်ရော၊ စိတ်ဓါတ်ပါ သာလွန်အင်အားဖြင့် ဖြိုခွင်သွားနိုင်စွမ်း ရှိရမည်။ တိုက်ပွဲများ အဆင့် ဆင့် အောင်မြင်လာခြင်းဖြင့် တပ်တွင်း စိတ်ဓါတ်များ ပြိုကွဲ သွားတော့မည် ဖြစ်သည်။ ထိုအခါ ၎င်းတို့ အချင်း ချင်း တိုက်ပွဲများ ဖြစ်လာပြီး ပြည်သူများဖက် ကူးပြောင်းလာကြမည်လည်း ဖြစ်သည်။

မိမိတို့ ပေးလိုသည့် သတင်းအချက်အလက်များနှင့် ထုတ်လွှင့်နေမှုများကို ၎င်းတို့ထံ မဖြစ်ဖြစ်သည့်နည်းဖြင့် သိအောင် လုပ်ကြရမည်။ လက်ရှိတွင် ၎င်းတို့၏ စိတ်ဓါတ်ပိုင်းဆိုင်ရာသည် မြေကြီးအောက်သို့ပင် ရောက်ရှိ နေပြီ ဖြစ်သည်။ အထက်အရာရှိကြီးများက

၎င်းတို့ကိုယ် ၎င်းတို့ နယ်စားပယ်စားကြီးများ ပမာ စည်းစိမ်ယစ် မူးနေကြသော်လည်း အောက်ခြေ စစ်သားများ အဖို့က မလောက်မငှ လစာလေးဖြင့် မဝရေစာ အသက်ဆက် နေကြရသည်။ တပ်တွင်းတွင်လည်း အချင်းချင်း အနိုင်ကျင့် နှိပ်စက်လာမှုများကို အောင့်အီး သည်းခံနေရသူများ လည်း ရှိနေသည်။

ထိုသို့ အတွင်းကြိတ် မကျေနပ်မှု များ၏ ထွက်ပေါက် အဖြစ် ပြည်သူများ အ‌ပေါ် လူမဆန်စွာ ရက်စက် ကြမ်း ကြုပ်စွာ ဆက်ဆံလာကြခြင်းလည်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများကလည်း ၎င်းတို့ လက်နက်ဝယ်ယူရမည့် ငွေထဲမှ မထုတ်ရလျှင် ပြီးရော ဆိုကာ လူထူ ထံမှ လုယက်ယူငင် နေကြခြင်းကို သိသိကြီး နှင့် လွှတ်ပေး လာကြသည်။

နိုင်ငံ နှင့် စစ်တပ်အဖို့က လက်ရှိ ဗိုလ်ချုပ်ကြီးများထံမှ အာဏာကို သိမ်းယူနိုင်ဖို့ အရေးတကြီး လိုအပ်နေပေ သည်။ လက်ရှိ ပြည်သူ့အစိုးရထံမှ တရားမဝင် အာဏာသိမ်းယူထားမှု နှင့် လူထု အပေါ် ဆက်လက် အကြမ်း ဖက်သတ်ဖြတ်နေမှုများက စစ်တပ်

အတွင်း ထိုသို့ ပြုလုပ်ရန် တွန်းအားများ ဖြစ်လာစေခဲ့သည်။ ထိုသို့ လုပ်ရဲ ကိုင်ရဲ ရှိလာစေရန် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့တော်လှန်‌ရေး အင်အားစုများက ကူညီ ပံ့ပိုး ပေးကြရမည်။

လွတ်လပ်ခွင့် နှင့် တရားမျှတမှု အလင်းရောင်ကြီး ယှက်သန်းလာသည်နှင့်အမျှ စစ်ဗိုလ်ချုပ်ကြီးများသည်လည်း ပိုးဟတ်များလို ဆောက်တည်ရာ မရ ပြေးလွှားပုန်းအောင်း ကုန်ကြမည် ဖြစ်သည်။

ယင်းနှင့် အတူ လက်စားချေ သတ်ဖြတ်မှုများကလည်း နိုင်ငံအနှံ့ မလွှဲမသွေ ပေါ်ပေါက်လာပေတော့မည်။ အထူး သဖြင့် အလိုတော်ရိများ၊ ဒလန်များက ထိပ်ဆုံးမှ ခံကြရမည်။ ပြည်သူ့တော်လှန်ရေး တပ်ဖွဲများကလည်း အနာဂတ်တွင် တဖန်ပြန်လည် ခေါင်းထောင် မလာစေရန် ကြိုးပမ်းကြပေတော့မည်။

မင်းအောင်လှိုင်သည် သူ၏ ယူနီဖောင်း တွင် အမျိုးမျိုး ချိတ်ဆွဲထားသော ဆုတံဆိပ် ရင်ထိုးများက ခေါင်း ဆောင်မှု အရည်အသွေး နှင့် ဂုဏ်သိက္ခာ မဲ့နေမှုတို့ကို ပျောက်ပျက်အောင် ဖုံးဖိထား၍ မရနိုင်‌ပေ။

ပြည်သူတို့၏ စည်းလုံးမှု၊ ထကြွ တော်လှန်နိုင်မှု အင်အားသည် တနေ့တခြား ကြီးထွားလာနေသည်နှင့် အမျှ အာဏာသိမ်း အဖွဲ့သည်လည်း သွေးရူးသွေးတမ်း ဖြစ်ကာ ရှေ့နောက်မညီသည့် ကြေညာချက် အမျိုးမျိုး ထုတ်ပြန်နေသည်။

ကိုဗစ် ရောဂါပိုး ကူးစက်ခံရမည် အန္တရာယ်ကြီး ခြိမ်းခြောက်ခံနေရသည့် ကြားမှပင် ပြည်သူများသည် လမ်းမ များပေါ်တက်ကာ အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်ကပင် ၎င်းတို့အပေါ် မည်မျှ အထိ ရွံရှာ မုန်းတီးနေကြောင်း ပြဆိုနေခြင်းပင် ဖြစ်ပေတော့သည်။

မင်းအောင်လှိုင် ဖယ်ရှားခံရဖို့ အရေးသည် “ဖြစ်ခဲ့လျှင်” ဟူ ၍ မဟုတ်တော့ဘဲ “ဘယ်အချိန်” နှင့် “ဘယ်ပုံဘယ်နည်း” ဆိုသည်ကိုသာ စောင့်ကြည့်ရတော့မည် ဖြစ်သည်ဟု အစရှိသည်ဖြင့် ဂျိမ်း အေမရီ ၏ “အတုအယောင် ခေါင်းဆောင်နှင့် နှစ်ပါးသွားနေရဆဲ မြန်မာ” ဆောင်းပါးတွင် နိဂုံးချုပ် ရေးသားထားပေသည်။

အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai

Zawgyi

“ျဖစ္ခဲ့လွ်င္” ဟူ ၍ မဟုတ္ေတာ့ဘဲ “ဘယ္အခ်ိန္” ႏွင့္ “ဘယ္ပုံဘယ္နည္း” ဆိုသည္ကိုသာ ေစာင့္ၾကည့္ရေတာ့မည္ “ဘာမဆို လုပ္ရဲသူႀကီး”ရဲ႕ ဇာတ္သိမ္း

ေၾကာင္ကို ဘယ္သူ ျခဴဆြဲေပးမလဲ

ျပင္းထန္ ခါးသီးလွေသာ ႏိုင္ငံေရး မုန္တိုင္းႀကီး အရွိန္အဟုန္ႏွင့္ တိုက္ခတ္ခံေနရသည့္ အခ်ိန္တြင္ ျမန္မာ ျပည္သူတို႔အဖို႔ မိမိတို႔ မိဘ ညီအကို ေမာင္ႏွမ မ်ား၏ အသက္ကို ကယ္တင္ႏိုင္ရန္ ေအာက္စီဂ်င္ ဘူးမ်ား အလုအယက္ ရွာေဖြေနရၿပီး ဒုကၡပင္လယ္ေဝေနရသည္။ လက္နက္အားကိုးျဖင့္ အာဏာသိမ္းယူထားသည့္ စစ္တပ္သည္လည္း ဘာလုပ္၍ ဘာကိုင္ရမွန္း မသိ ျဖစ္ေနေပၿပီ။

အသက္ကယ္ႏိုင္ရန္ တခုတည္းေသာ အားကိုးရာ ျဖစ္သည့္ ေအာက္စီဂ်င္မွာ ျပတ္လတ္ေနသည့္အျပင္ စိတ္ခ် ယုံၾကည္ေလာက္ေသာ ကာကြယ္ေဆးဟူ၍ မူးလို႔ပင္ ရႉစရာ မရွိ ျဖစ္ေနသည္။ အာဏာကို ဆုပ္ကိုင္ႏိုင္ေရးသာ အဓိက ထားေနရ၍ ဘာကိုမွ် ဂ႐ုမစိုက္ႏိုင္ေအာင္ ျဖစ္လာေနသည္။ ၎တို႔ ထုတ္ျပန္ေသာ စာရင္းဇယားအရ စေနေန႔တြင္ ကူးစက္ခံရသူ ၄,၃၇၇ ဦး ႏွင့္ ေသဆုံးသူ ၇၁ ဦး ရွိသြားခဲ့ၿပီ ျဖစ္သည္။

ယခင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ၏ ကိုဗစ္ ေရာဂါပိုး ထိန္းခ်ဳပ္ ဟန႔္တား ႏိုင္ေရး အတြက္ အားႀကိဳးမာန္တက္ ေဆာင္႐ြက္ခဲ့ပုံမ်ားမွာ ဆီ ႏွင့္ ေရပမာ ကြာျခားေနသည္မွာလည္း တေန႔တျခား သိသာလာေနရသည္။

မင္းေအာင္လႈိင္သည္ ၎၏ မဆင္မျခင္ အာဏာငမ္းဖမ္းမႈ သက္သက္ျဖင့္ စီးပြားေရး ႏွင့္ ပိုင္ဆိုင္မႈမ်ား ၿခိမ္း ေျခာက္ခံလာရေသာ ဗိုလ္ခ်ဳပ္ႀကီးမ်ား၊ ကိုဗစ္ကို ထိေရာက္စြာ ကိုင္တြယ္ ဟန႔္တား ႏိုင္စြမ္း မရွိသျဖင့္ မိမိတို႔၏ မိသားစုမ်ားပါ ထိခိုက္လာေနရသည့္ ေအာက္ေျခ အရာရွိမ်ား၊ ၎အား ေထာက္ခံခဲ့သူမ်ားအၾကား မေက် နပ္မႈမ်ား တိုးပြားလာေနၿပီး ရန္သူမ်ား ပတ္လည္ ဝိုင္းခံေနရၿပီ ျဖစ္သည္။

မင္းေအာင္လႈိင္သည္ ကိုယ္က်ိဳးတခုတည္းကို ၾကည့္ၿပီး ေျဗာင္က်က် အာဏာသိမ္းခဲ့သည္မွာ မည္သို႔မွ် ျငင္းမရ ေအာင္ သိသာထင္ရွားလြန္းေနသည့္အျပင္ ထိုလုပ္ရပ္မ်ားေၾကာင့္ စစ္တပ္၏ ဝင္‌ေငြသည္ ယခုႏွစ္ အတြင္းမွာ ပင္ ေဒၚလာ ဘီလီယံ ႏွင့္ ခ်ီၿပီး

ဆုံးရႈံးလာေနကာ အခန႔္မသင့္လွ်င္ အားလုံး ေျပးေပါက္မရွိ ပိတ္မိေနေပေတာ့ မည္။ ထိုအခါက်မွ ၎တေယာက္တည္း ကိုယ္လြတ္႐ုန္း ေျပးမည့္ အေရးကို မည္သူမွ် လက္ပိုက္ၾကည့္ေနၾက ေတာ့မည္ မဟုတ္ေပ။

ဗိုလ္ခ်ဳပ္ႀကီးမ်ား အဖို႔ စည္းစိမ္ဥစၥာမ်ား ပ်က္စီးခံရမည့္ အေရး အျပင္ ၎တို႔အား ႏိုင္ငံတကာက မ်က္လုံး ေတာက္ေထာက္ၾကည့္ကာ ခုံ႐ုံးတင္ႏိုင္ေရး အတြက္ တဦးခ်င္းစီအေပၚ အခ်က္အလက္မ်ား စနစ္တက် စု ေဆာင္းလာေနေသာေၾကာင့္ ဖမ္းဆီး အက်ဥ္းခ် ခံရမည့္ အေရး အျပင္ ပိုင္ဆိုင္သမွ် သိမ္းဆည္းခံရဖို႔က ေသခ်ာ ေနေပသည္။

မင္းေအာင္လႈိင္သည္ သူ႔ကိုယ္သူ “ဘာမဆို လုပ္ရဲသူ” အျဖစ္ ေႂကြးေၾကာ္ၿပီး ရဲေဆးတင္ကာ ေမာက္မာျပ ေနျခင္းသည္ကပင္ ဗိုလ္ခ်ဳပ္ႀကီးမ်ား ႏွင့္ ၎တို႔ ထိန္းခ်ဳပ္ထားေသာ စစ္တပ္ သက္ဆိုးရွည္ေရးကို ၿခိမ္းေျခာက္ လာေနသည္။ ၎တို႔အားလုံးက စစ္တပ္ကို အသုံးခ်ကာ ေျမရွင္ ပေဒသရာဇ္မ်ား ပမာ မိသားစု စီးပြားေရး အင္ပိုင္ ယာမ်ားကို တည္ေဆာက္ၿပီး ႂကြယ္ဝခ်မ္းသာေအာင္ လုပ္လိုသူခ်ည္းသာ ျဖစ္သည္။

ထိုအေနအထားမ်ိဳးမွ ဆုတ္ယုတ္မသြားေအာင္ ထိန္းထားႏိုင္ဖို႔မွာ တန္ျပန္ အာဏာသိမ္းသည့္ လုပ္ရပ္မ်ိဳးသာ က်န္ေနေပေတာ့သည္။ ထိုအခါ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ NLD ေခါင္းေဆာင္ပိုင္းကို ျပန္လႊတ္ေပးၿပီး အေျခ အေနမ်ား ျပန္လည္တည္ၿငိမ္လာသည္ႏွင့္

ေ႐ြးေကာက္ပြဲ အသစ္တဖန္ က်င္းပေပးမည္ဟူေသာ ကတိမ်ိဳးျဖင့္ ကာကြယ္သြားရန္ အခ်ိန္ရေန‌ေပေသးသည္။
မင္းေအာင္လႈိင္ကို လက္ရွိ စည္းစိမ္မ်ား အတိုင္း အနားေပးလိုက္ျခင္း၊ သို႔မဟုတ္ လူထု သေဘာက်ေစရန္ လူျမင္ကြင္းမွ ေပ်ာက္ကြယ္ေအာင္ မိသားစုပိုင္ ပစၥည္းဥစၥာမ်ားကို ႏိုင္ငံပိုင္အျဖစ္ သိမ္းယူႏိုင္သည္။

ေအာက္ေျခ အရာရွိ အရာခံ အၾကပ္တပ္သားမ်ားထဲတြင္ မင္းေအာင္လႈိင္ အေပၚ တင္းျပည့္က်ပ္ျပည့္ သစၥာခံ ေနသူ ဟူ၍ ၅၀% ခန႔္သာ ရွိေနသည္ဟု သုေတသနျပဳခ်က္မ်ား၊ ေတြ႕ဆုံေမးျမန္းမႈမ်ားမွ သိရသည္။ က်န္လူ မ်ားမွာ မိမိတို႔ ႏွင့္ မိသားစုမ်ားကို အေရးယူခံရမည့္ အေရးစိုး႐ြံ႕ၿပီး မေတာ္လွန္ဝံ့၍သာ စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ား အလိုက် လုပ္ေပးေနရျခင္းမ်ိဳးလည္း ျဖစ္သည္။

စစ္ထဲသို႔ ဝင္ေရာက္လာသူ အမ်ားစုသည္ အေျခအေန အေၾကာင္းအမ်ိဳးမ်ိဳး ျဖင့္ အတင္းအက်ပ္ သိမ္းသြင္း ခံခဲ့ရသူမ်ား ျဖစ္ေသာေၾကာင့္ တပ္တြင္းတြင္ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ေနထိုင္ၾကရျပန္သည္။ သူတို႔ အဖို႔ကား စစ္တပ္ အေပၚ သစၥာခံမႈ၊ ခ်စ္ခင္ တြယ္တာမႈ လုံးဝမရွိၾကသည္မွာလည္း အံ့ဩစရာေတာ့ မဟုတ္ေပ။ အေျခအေနအရသာ စစ္တပ္အေပၚ သစၥာ ေစာင့္သိေပးေနရျခင္းမ်ိဳး ျဖစ္သည္။

လက္ရွိတြင္ အားလုံးသည္ လူထု ၏ မုန္းတီး႐ြံရွာခံေနရသည့္ အၾကပ္အတည္းမွ ႐ုန္းထြက္လိုသူမ်ားသာ ျဖစ္ သည္။ သို႔ေသာ္ သူတို႔ အဖို႔က ေအာင္ျမင္ဖို႔ ေသခ်ာမည္ဟု ယုံၾကည္မွသာ လုပ္လိုၾကသည္။ ထို႔အတြက္ တိုင္းရင္းသား လက္နက္ကိုင္မ်ား ႏွင့္ ျပည္သူေတာ္လွန္ေရး တပ္မ်ားက ပံ့ပိုးေပးၾကရမည္ ျဖစ္သည္။ စိတ္ဓါတ္ စစ္ဆင္ေရး မ်ိဳးကိုလည္း အသုံးျပဳရမည္ ျဖစ္သည္။

၎တို႔ထက္ လက္နက္ေရာ၊ စိတ္ဓါတ္ပါ သာလြန္အင္အားျဖင့္ ၿဖိဳခြင္သြားႏိုင္စြမ္း ရွိရမည္။ တိုက္ပြဲမ်ား အဆင့္ ဆင့္ ေအာင္ျမင္လာျခင္းျဖင့္ တပ္တြင္း စိတ္ဓါတ္မ်ား ၿပိဳကြဲ သြားေတာ့မည္ ျဖစ္သည္။ ထိုအခါ ၎တို႔ အခ်င္း ခ်င္း တိုက္ပြဲမ်ား ျဖစ္လာၿပီး ျပည္သူမ်ားဖက္ ကူးေျပာင္းလာၾကမည္လည္း ျဖစ္သည္။

မိမိတို႔ ေပးလိုသည့္ သတင္းအခ်က္အလက္မ်ားႏွင့္ ထုတ္လႊင့္ေနမႈမ်ားကို ၎တို႔ထံ မျဖစ္ျဖစ္သည့္နည္းျဖင့္ သိေအာင္ လုပ္ၾကရမည္။ လက္ရွိတြင္ ၎တို႔၏ စိတ္ဓါတ္ပိုင္းဆိုင္ရာသည္ ေျမႀကီးေအာက္သို႔ပင္ ေရာက္ရွိ ေနၿပီ ျဖစ္သည္။ အထက္အရာရွိႀကီးမ်ားက

၎တို႔ကိုယ္ ၎တို႔ နယ္စားပယ္စားႀကီးမ်ား ပမာ စည္းစိမ္ယစ္ မူးေနၾကေသာ္လည္း ေအာက္ေျခ စစ္သားမ်ား အဖို႔က မေလာက္မငွ လစာေလးျဖင့္ မဝေရစာ အသက္ဆက္ ေနၾကရသည္။ တပ္တြင္းတြင္လည္း အခ်င္းခ်င္း အႏိုင္က်င့္ ႏွိပ္စက္လာမႈမ်ားကို ေအာင့္အီး သည္းခံေနရသူမ်ား လည္း ရွိေနသည္။

ထိုသို႔ အတြင္းႀကိတ္ မေက်နပ္မႈ မ်ား၏ ထြက္ေပါက္ အျဖစ္ ျပည္သူမ်ား အ‌ေပၚ လူမဆန္စြာ ရက္စက္ ၾကမ္း ၾကဳပ္စြာ ဆက္ဆံလာၾကျခင္းလည္း ျဖစ္သည္။ ဗိုလ္ခ်ဳပ္ႀကီးမ်ားကလည္း ၎တို႔ လက္နက္ဝယ္ယူရမည့္ ေငြထဲမွ မထုတ္ရလွ်င္ ၿပီးေရာ ဆိုကာ လူထူ ထံမွ လုယက္ယူငင္ ေနၾကျခင္းကို သိသိႀကီး ႏွင့္ လႊတ္ေပး လာၾကသည္။

ႏိုင္ငံ ႏွင့္ စစ္တပ္အဖို႔က လက္ရွိ ဗိုလ္ခ်ဳပ္ႀကီးမ်ားထံမွ အာဏာကို သိမ္းယူႏိုင္ဖို႔ အေရးတႀကီး လိုအပ္ေနေပ သည္။ လက္ရွိ ျပည္သူ႔အစိုးရထံမွ တရားမဝင္ အာဏာသိမ္းယူထားမႈ ႏွင့္ လူထု အေပၚ ဆက္လက္ အၾကမ္း ဖက္သတ္ျဖတ္ေနမႈမ်ားက စစ္တပ္

အတြင္း ထိုသို႔ ျပဳလုပ္ရန္ တြန္းအားမ်ား ျဖစ္လာေစခဲ့သည္။ ထိုသို႔ လုပ္ရဲ ကိုင္ရဲ ရွိလာေစရန္ တိုင္းရင္းသား လက္နက္ကိုင္မ်ားႏွင့္ ျပည္သူ႔ေတာ္လွန္‌ေရး အင္အားစုမ်ားက ကူညီ ပံ့ပိုး ေပးၾကရမည္။

လြတ္လပ္ခြင့္ ႏွင့္ တရားမွ်တမႈ အလင္းေရာင္ႀကီး ယွက္သန္းလာသည္ႏွင့္အမွ် စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ားသည္လည္း ပိုးဟတ္မ်ားလို ေဆာက္တည္ရာ မရ ေျပးလႊားပုန္းေအာင္း ကုန္ၾကမည္ ျဖစ္သည္။

ယင္းႏွင့္ အတူ လက္စားေခ် သတ္ျဖတ္မႈမ်ားကလည္း ႏိုင္ငံအႏွံ႔ မလႊဲမေသြ ေပၚေပါက္လာေပေတာ့မည္။ အထူး သျဖင့္ အလိုေတာ္ရိမ်ား၊ ဒလန္မ်ားက ထိပ္ဆုံးမွ ခံၾကရမည္။ ျပည္သူ႔ေတာ္လွန္ေရး တပ္ဖြဲမ်ားကလည္း အနာဂတ္တြင္ တဖန္ျပန္လည္ ေခါင္းေထာင္ မလာေစရန္ ႀကိဳးပမ္းၾကေပေတာ့မည္။

မင္းေအာင္လႈိင္သည္ သူ၏ ယူနီေဖာင္း တြင္ အမ်ိဳးမ်ိဳး ခ်ိတ္ဆြဲထားေသာ ဆုတံဆိပ္ ရင္ထိုးမ်ားက ေခါင္း ေဆာင္မႈ အရည္အေသြး ႏွင့္ ဂုဏ္သိကၡာ မဲ့ေနမႈတို႔ကို ေပ်ာက္ပ်က္ေအာင္ ဖုံးဖိထား၍ မရႏိုင္‌ေပ။

ျပည္သူတို႔၏ စည္းလုံးမႈ၊ ထႂကြ ေတာ္လွန္ႏိုင္မႈ အင္အားသည္ တေန႔တျခား ႀကီးထြားလာေနသည္ႏွင့္ အမွ် အာဏာသိမ္း အဖြဲ႕သည္လည္း ေသြး႐ူးေသြးတမ္း ျဖစ္ကာ ေရွ႕ေနာက္မညီသည့္ ေၾကညာခ်က္ အမ်ိဳးမ်ိဳး ထုတ္ျပန္ေနသည္။

ကိုဗစ္ ေရာဂါပိုး ကူးစက္ခံရမည္ အႏၲရာယ္ႀကီး ၿခိမ္းေျခာက္ခံေနရသည့္ ၾကားမွပင္ ျပည္သူမ်ားသည္ လမ္းမ မ်ားေပၚတက္ကာ အာဏာသိမ္း အဖြဲ႕ကို ဆန႔္က်င္ေၾကာင္း ျပသခဲ့ၾကသည္ကပင္ ၎တို႔အေပၚ မည္မွ် အထိ ႐ြံရွာ မုန္းတီးေနေၾကာင္း ျပဆိုေနျခင္းပင္ ျဖစ္ေပေတာ့သည္။

မင္းေအာင္လႈိင္ ဖယ္ရွားခံရဖို႔ အေရးသည္ “ျဖစ္ခဲ့လွ်င္” ဟူ ၍ မဟုတ္ေတာ့ဘဲ “ဘယ္အခ်ိန္” ႏွင့္ “ဘယ္ပုံဘယ္နည္း” ဆိုသည္ကိုသာ ေစာင့္ၾကည့္ရေတာ့မည္ ျဖစ္သည္ဟု အစရွိသည္ျဖင့္ ဂ်ိမ္း ေအမရီ ၏ “အတုအေယာင္ ေခါင္းေဆာင္ႏွင့္ ႏွစ္ပါးသြားေနရဆဲ ျမန္မာ” ေဆာင္းပါးတြင္ နိဂုံးခ်ဳပ္ ေရးသားထားေပသည္။

အေရးေတာ္ပုံ ေအာင္ရမည္!!!

Hla Soewai