
မြန်မာပြည်သူများ၏ထောက်ခံမှုဖြင့် အာဏာသိမ်းရသည်ဟု ကမ္ဘာကို မင်းအောင်လှိုင်တင်ပြ
မြန်မာပြည်သူများ၏ထောက်ခံမှုဖြင့်အာဏာသိမ်းရသည်ဟုကမ္ဘာကိုမင်းအောင်လှိုင်တင်ပြသောကြာနေ့ကကျင်းပပြီးစီးခဲ့တဲ့ကုလသမဂ္ဂညီလာခံမှာမြန်မာအာဏာသိမ်းမှု
အပေါ်ပြစ်တင်ရှုတ်ချပြီးမြန်မာနိုင်ငံထဲကိုလက်နက်စီးဝင်မှု့ဟန့်တားဖို့ကုလအဖွဲ့ဝင်နိုင်ငံတွေကိုတောင်းဆိုထားတဲ့ဆုံးဖြတ်ချက်ကိုဘီလာရုစ်နိုင်ငံကဆန့်ကျင်ကန့်ကွက်မဲပေးခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကိုမဲခွဲရာမှာတော့ကုလအဖွဲ့ဝင်နိုင်ငံ၁၁၉နိုင်ငံကထောက်ခံခဲ့ပြီးတရုတ်နဲ့ရုရှားအပါအဝင်၃၆နိုင်ငံကတော့ကြားနေခဲ့ပါတယ်။ဘီလာရုစ်နိုင်ငံကတော့ဒီဆုံးဖြတ်ချက်အဆိုကိုကန့်ကွက်မဲပေးခဲ့တာပါ။
ဘီလာရုစ်နိုင်ငံကမြန်မာစစ်တပ်ကနိုင်ငံတော်အာဏာသိမ်းတာကိုမရှုတ်ချဘဲမြန်မာနိုင်ငံထဲလက်နက်တွေစီးဝင်မှုကိုဟန့်တာဖို့တောင်းဆိုတဲ့အပေါ်ဘာကြောင့်ကန့်ကွက်ခဲ့ရတာပါလဲဘီလာရုစ်နိုင်ငံအကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ဘယ်လာရုစ်နိုင်ငံဟာ
ဥရောပရဲ့နောက်ဆုံးလက်ကျန်အာဏာရှင်နိုင်ငံအဖြစ်တစ်ခါတရံမှာ ညွှန်းဆိုတာခံရပြီးတော့မြန်မာစစ်တပ်နဲ့လည်းရှည်လျားကြာမြင့်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့နိုင်ငံတစ်နိုင်ငံဆိုတာတွေ့နိုင်ပါတယ်။
မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့ဘီလာရုစ်နိုင်ငံကိုပရီမီးယားလိဂ်ဘောလုံးကလပ်အာစင်နယ်နဲ့စပိန်ဘောလုံးကလပ်ဘာစီလိုနာကစားသမားဟောင်းအလက်ဇန်းဒါးလဘ်နဲ့တွဲပြီးသိရှိကြတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
ဘီလာရုစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာလက်နက်တင်ပို့ရောင်းချမှု့အမျာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တယ်လို့စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ကဆိုထားပါတယ်။
လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ၂၀၁၄ခုနှစ်ထဲမှာဘီလာရုစ်နိုင်ငံကိုသွားရောက်ပြီးဘီလာရုစ်သမ္မတနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီခရီစဉ်အတွင်းသူဟာဘီလာရုစ်နိုင်ငံကစစ်လက်နက်ထုတ်လုပ်တဲ့နေရာတွေကိုလည်းသွားရောက်လေ့လာခဲ့ပါသေးတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့နအဖစစ်အာဏာရှင်ခေတ်ကတည်းက မြန်မာနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံတို့ဟာစစ်ဘက်ဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။
Justice For Myanmarအဖွဲ့ရဲ့ဖော်ပြချက်အရ၂၀၀၈ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ဘီလာရုစ်နိုင်ငံနဲ့စစ်ဘက်ရေးရာနည်းပညာပူးပေါင်းဆောင်ရွက်ရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။ဒီကော်မရှင်ကစစ်လက်နက်ရောင်းချတာတွေ၊စစ်လက်နက်ထုတ်လုပ်တာအတွက် နည်းပညာသင်တန်းပေးတာတွေ၊စစ်သင်တန်းပေးတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာဘီလာရုစ်နိုင်ငံရဲ့ဆိုဗီယက်ခေတ် air 2K12 Kubဒုံးပျံကိုအဆင့်မြှင့်တင်ထားတဲ့Kvadrat -M SAMဒုံးပျံစနစ်ကိုဝယ်ယူခဲ့တဲ့ပထမဆုံးနိုင်ငံဖြစ်ပြီးတော့၂၀၁၆ခုနှစ် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှာဒီဒုံးပျံစနစ်ကိုပြသခဲ့တဲ့မှတ်တမ်းဓါတ်ပုံတွေရှိတယ်လို့Justice For Myanmarကဆိုပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်၂၀၁၅မှာလည်းအမျိုးသားလွှတ်တော်ဥက္ကဌနဲ့တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှုးဟောင်းဖြစ်တဲ့အငြိမ်းစားဗိုလ်မှူးချုပ်ခင်အောင်မြင့်ဦးဆောင်ပြီးလွှတ်တော်ကိုယ်စားပြု့ကိုယ်စာလှယ်အဖွဲ့တစ်ဖွဲ့ကဘီလာရုစ်နိုင်ငံကိုသွားရောက်ခဲ့တာတွေလည်းရှိနေပါတယ်။
အဲ့ဒီအချိန်တုန်းကဘီလာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုနဲ့ တွေ့ဆုံပြီးတော့စစ်လက်နက်ရောင်းချမှု့နဲ့စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေကိုပူးပေါင်းဆောင်ရွက်ဖို့ဗိုလ်မှူးချုပ်ခင်အောင်မြင့်ဦးဆောင်တဲ့ ကိုယ်စာလှယ်အဖွဲ့ကဆွေးနွေးခဲ့ပါတယ်။
သူကဘီလာရုစ်သမ္မတကိုသူတို့အနေနဲ့ဘယ်လာရုစ်နိုင်ငံလို ယုံကြည်အားကိုးရတဲ့မိတ်ဖက်တွေလိုအပ်တယ်လို့ပြောဆိုခဲ့ကြောင်းကို Justice For Myanmarကဖော်ပြပါတယ်
ရိုဟင်ဂျာတိုင်းရင်းသားတွေအပေါ်ဗမာစစ်တပ်ကလူမျိုးတုန်းသတ်ဖြတ်မှု့တွေပါဝင်တဲ့နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးတဲ့၂၀၁၇ခုနှစ်အတွင်းမှာတော့ဘီလာရုစ်နိုင်ငံနဲ့ဖွဲ့ထားတဲ့ပူးတွဲကော်မရှင်၁၀ကြိမ်မြောက်အစည်းအဝေးတွေမှာစစ်ဘက်သုံးပစ္စည်း ပြု့ပြင်တာတွေ၊
အဆင့်မြှင့်တင်တာတွေနဲ့နည်းပညာလွှဲပြောင်းပေးတာတွေနဲ့ပက်သက်တဲ့ကိစ္စရပ်တွေအပြင်ခေတ်မှီလက်နက်တွေထုတ်လုပ်နိုင်ဖို့အတွက်စစ်ဘက်ဆိုင်ရာနယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်ဖို့ဘီလာရုစ်နိုင်ငံကကမ်းလှမ်းခဲ့ပါတယ်။
အခုလက်ရှိဗမာစစ်တပ်ကမတရားအာဏာလုယူပြီးပြည်သူလူထုကိုအကြမ်းဖက်သတ်ဖြတ်နေချိန်မှာလဲဘီလာရုစ်နိုင်ငံပိုင်မီဒီယာတွေကဆန္ဒပြသူတွေကို အကြမ်းဖက်သမားတွေလို့လိမ်လည်ထုတ်လွှင့်တာတွေလုပ်ဆောင်ပြီးအာဏာသိမ်းဗမာစစ်တပ်ကိုအားပေးတဲ့ဝါဒဖြန့်ချီမှု့တွေကိုပါထုတ်လွှင့်
ဆောင်ရွက်ခဲ့တယ်လို့Justice For Myanmar အဖွဲ့ရဲ့ထုတ်ပြန်မှုမှာပါရှိပါတယ်။ပြီးခဲ့တဲ့မေလအတွင်းကလည်းဘီလာရုစ်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေကိုလည်းဘီလာရုစ်အစိုးရကရက်ရက်စက်စက်ဖြိုခွဲ့ခဲ့ပါတယ်။
ဘီလာရုစ်နိုင်ငံအနေနဲ့မြန်မာစစ်တပ်ရဲ့မတရားအာဏာသိမ်းတာကို အားပေးထောက်ခံနေတာကြောင့်ကုလသမဂ္ဂညီလာခံမှာမြန်မာနိုင်ငံအပေါ်အာဏာသိမ်းတာကိုပြစ်တင်ရှုတ်ချပြီးလက်နက်စီးဆင်းမှုဟန့်တားဖို့အဆိုဆုံးဖြတ်ချက်ကိုမထောက်ခံခဲ့တာထင်ရှားပေါ်လွင်နေပါတယ်။
အခုလိုမြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှု့ကိုဘီလာရုစ်အာဏာရှင်တွေကထောက်ခံပံပိုးနေတာတွေကိုကန့်ကွက်ရှုတ်ချတယ်လို့Justice For Myanmarအဖွဲ့ကဆိုပါတယ်။
ဘီလာရုစ်ပြည်တွင်းမှာလဲ သမ္မတလူကာရှန်ကိုအစိုးရဟာဒီမိုကရေစီလိုလားနေတဲ့သူတို့ရဲ့ပြည်သူတွေကိုကိုယ်စားမပြု့ဘူးလို့Justice For Myanmarအဖွဲ့ကဝေဖန်ထားပါတယ်။
ဘီလာရုစ်အစိုးရအနေနဲ့မြန်မာစစ်အာဏာရှင်တွေကိုထောက်ပံအားပေးနေတာတွေကိုရပ်တန့်ကရပ်ဖို့လိုကြောင်းနဲ့မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံးကလက်နက်ရောင်းချမှုပိတ်ပင်ရေးတောင်းဆိုချက်ကိုJustice For Myanamrအဖွဲ့ကလည်းထပ်မံတောင်းဆိုတယ်လို့သူတို့ရဲ့ထုတ်ပြန်မှုမှာရေးသားထားပါတယ်။
Credit…M. M. H
Zawgyi
ျမန္မာျပည္သူမ်ား၏ေထာက္ခံမႈျဖင့္ အာဏာသိမ္းရသည္ဟု ကမာၻကို မင္းေအာင္လႈိင္တင္ျပ
ျမန္မာျပည္သူမ်ား၏ေထာက္ခံမႈျဖင့္အာဏာသိမ္းရသည္ဟုကမာၻကိုမင္းေအာင္လႈိင္တင္ျပေသာၾကာေန႔ကက်င္းပၿပီးစီးခဲ့တဲ့ကုလသမဂၢညီလာခံမွာျမန္မာအာဏာသိမ္းမႈ
အေပၚျပစ္တင္ရႈတ္ခ်ၿပီးျမန္မာႏိုင္ငံထဲကိုလက္နက္စီးဝင္မႈ႕ဟန႔္တားဖို႔ကုလအဖြဲ႕ဝင္ႏိုင္ငံေတြကိုေတာင္းဆိုထားတဲ့ဆုံးျဖတ္ခ်က္ကိုဘီလာ႐ုစ္ႏိုင္ငံကဆန႔္က်င္ကန႔္ကြက္မဲေပးခဲ့ပါတယ္။
ဒီဆုံးျဖတ္ခ်က္ကိုမဲခြဲရာမွာေတာ့ကုလအဖြဲ႕ဝင္ႏိုင္ငံ၁၁၉ႏိုင္ငံကေထာက္ခံခဲ့ၿပီးတ႐ုတ္နဲ႔႐ုရွားအပါအဝင္၃၆ႏိုင္ငံကေတာ့ၾကားေနခဲ့ပါတယ္။ဘီလာ႐ုစ္ႏိုင္ငံကေတာ့ဒီဆုံးျဖတ္ခ်က္အဆိုကိုကန႔္ကြက္မဲေပးခဲ့တာပါ။
ဘီလာ႐ုစ္ႏိုင္ငံကျမန္မာစစ္တပ္ကႏိုင္ငံေတာ္အာဏာသိမ္းတာကိုမရႈတ္ခ်ဘဲျမန္မာႏိုင္ငံထဲလက္နက္ေတြစီးဝင္မႈကိုဟန႔္တာဖို႔ေတာင္းဆိုတဲ့အေပၚဘာေၾကာင့္ကန႔္ကြက္ခဲ့ရတာပါလဲဘီလာ႐ုစ္ႏိုင္ငံအေၾကာင္းကိုျပန္ၾကည့္မယ္ဆိုရင္ဘယ္လာ႐ုစ္ႏိုင္ငံဟာ
ဥေရာပရဲ႕ေနာက္ဆုံးလက္က်န္အာဏာရွင္ႏိုင္ငံအျဖစ္တစ္ခါတရံမွာ ၫႊန္းဆိုတာခံရၿပီးေတာ့ျမန္မာစစ္တပ္နဲ႔လည္းရွည္လ်ားၾကာျမင့္တဲ့ ဆက္ဆံေရးရွိခဲ့တဲ့ႏိုင္ငံတစ္ႏိုင္ငံဆိုတာေတြ႕ႏိုင္ပါတယ္။
ျမန္မာစာဖတ္ပရိသတ္ေတြအေနနဲ႔ဘီလာ႐ုစ္ႏိုင္ငံကိုပရီမီးယားလိဂ္ေဘာလုံးကလပ္အာစင္နယ္နဲ႔စပိန္ေဘာလုံးကလပ္ဘာစီလိုနာကစားသမားေဟာင္းအလက္ဇန္းဒါးလဘ္နဲ႔တြဲၿပီးသိရွိၾကတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။
ဘီလာ႐ုစ္ႏိုင္ငံဟာ ကမာၻေပၚမွာလက္နက္တင္ပို႔ေရာင္းခ်မႈ႕အမ်ာဆုံးႏိုင္ငံေတြထဲက တစ္ႏိုင္ငံျဖစ္တယ္လို႔စေတာ့ဟုမ္းႏိုင္ငံတကာၿငိမ္းခ်မ္းေရးသုေတသနအဖြဲ႕ကဆိုထားပါတယ္။
လက္ရွိအာဏာသိမ္းစစ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ၂၀၁၄ခုႏွစ္ထဲမွာဘီလာ႐ုစ္ႏိုင္ငံကိုသြားေရာက္ၿပီးဘီလာ႐ုစ္သမၼတနဲ႔ေတြ႕ဆုံခဲ့ပါတယ္။အဲ့ဒီခရီစဥ္အတြင္းသူဟာဘီလာ႐ုစ္ႏိုင္ငံကစစ္လက္နက္ထုတ္လုပ္တဲ့ေနရာေတြကိုလည္းသြားေရာက္ေလ့လာခဲ့ပါေသးတယ္။
ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊရဲ႕နအဖစစ္အာဏာရွင္ေခတ္ကတည္းက ျမန္မာႏိုင္ငံနဲ႔ဘီလာ႐ုစ္ႏိုင္ငံတို႔ဟာစစ္ဘက္ဆိုင္ရာကိစၥရပ္ေတြမွာပူးေပါင္းေဆာင္႐ြက္ေနတာေတြရွိပါတယ္။
Justice For Myanmarအဖြဲ႕ရဲ႕ေဖာ္ျပခ်က္အရ၂၀၀၈ခုႏွစ္အတြင္းမွာ ျမန္မာႏိုင္ငံအေနနဲ႔ဘီလာ႐ုစ္ႏိုင္ငံနဲ႔စစ္ဘက္ေရးရာနည္းပညာပူးေပါင္းေဆာင္႐ြက္ေရးေကာ္မရွင္တစ္ရပ္ဖြဲ႕စည္းခဲ့တယ္လို႔ဆိုပါတယ္။ဒီေကာ္မရွင္ကစစ္လက္နက္ေရာင္းခ်တာေတြ၊စစ္လက္နက္ထုတ္လုပ္တာအတြက္ နည္းပညာသင္တန္းေပးတာေတြ၊စစ္သင္တန္းေပးတာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။
ျမန္မာႏိုင္ငံဟာဘီလာ႐ုစ္ႏိုင္ငံရဲ႕ဆိုဗီယက္ေခတ္ air 2K12 Kubဒုံးပ်ံကိုအဆင့္ျမႇင့္တင္ထားတဲ့Kvadrat -M SAMဒုံးပ်ံစနစ္ကိုဝယ္ယူခဲ့တဲ့ပထမဆုံးႏိုင္ငံျဖစ္ၿပီးေတာ့၂၀၁၆ခုႏွစ္ တပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနားမွာဒီဒုံးပ်ံစနစ္ကိုျပသခဲ့တဲ့မွတ္တမ္းဓါတ္ပုံေတြရွိတယ္လို႔Justice For Myanmarကဆိုပါတယ္။
ဦးသိန္းစိန္အစိုးရလက္ထက္၂၀၁၅မွာလည္းအမ်ိဳးသားလႊတ္ေတာ္ဥကၠဌနဲ႔တပ္မေတာ္စိတ္ဓါတ္စစ္ဆင္ေရးၫႊန္ၾကားေရးမႈးေဟာင္းျဖစ္တဲ့အၿငိမ္းစားဗိုလ္မႉးခ်ဳပ္ခင္ေအာင္ျမင့္ဦးေဆာင္ၿပီးလႊတ္ေတာ္ကိုယ္စားျပဳ႕ကိုယ္စာလွယ္အဖြဲ႕တစ္ဖြဲ႕ကဘီလာ႐ုစ္ႏိုင္ငံကိုသြားေရာက္ခဲ့တာေတြလည္းရွိေနပါတယ္။
အဲ့ဒီအခ်ိန္တုန္းကဘီလာ႐ုစ္သမၼတအလက္ဇႏၵားလူကာရွန္ကိုနဲ႔ ေတြ႕ဆုံၿပီးေတာ့စစ္လက္နက္ေရာင္းခ်မႈ႕နဲ႔စစ္ဘက္ဆိုင္ရာကိစၥရပ္ေတြကိုပူးေပါင္းေဆာင္႐ြက္ဖို႔ဗိုလ္မႉးခ်ဳပ္ခင္ေအာင္ျမင့္ဦးေဆာင္တဲ့ ကိုယ္စာလွယ္အဖြဲ႕ကေဆြးေႏြးခဲ့ပါတယ္။
သူကဘီလာ႐ုစ္သမၼတကိုသူတို႔အေနနဲ႔ဘယ္လာ႐ုစ္ႏိုင္ငံလို ယုံၾကည္အားကိုးရတဲ့မိတ္ဖက္ေတြလိုအပ္တယ္လို႔ေျပာဆိုခဲ့ေၾကာင္းကို Justice For Myanmarကေဖာ္ျပပါတယ္
႐ိုဟင္ဂ်ာတိုင္းရင္းသားေတြအေပၚဗမာစစ္တပ္ကလူမ်ိဳးတုန္းသတ္ျဖတ္မႈ႕ေတြပါဝင္တဲ့နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ၿပီးတဲ့၂၀၁၇ခုႏွစ္အတြင္းမွာေတာ့ဘီလာ႐ုစ္ႏိုင္ငံနဲ႔ဖြဲ႕ထားတဲ့ပူးတြဲေကာ္မရွင္၁၀ႀကိမ္ေျမာက္အစည္းအေဝးေတြမွာစစ္ဘက္သုံးပစၥည္း ျပဳ႕ျပင္တာေတြ၊
အဆင့္ျမႇင့္တင္တာေတြနဲ႔နည္းပညာလႊဲေျပာင္းေပးတာေတြနဲ႔ပက္သက္တဲ့ကိစၥရပ္ေတြအျပင္ေခတ္မွီလက္နက္ေတြထုတ္လုပ္ႏိုင္ဖို႔အတြက္စစ္ဘက္ဆိုင္ရာနယ္ပယ္ေတြမွာပူးေပါင္းေဆာင္႐ြက္ဖို႔ဘီလာ႐ုစ္ႏိုင္ငံကကမ္းလွမ္းခဲ့ပါတယ္။
အခုလက္ရွိဗမာစစ္တပ္ကမတရားအာဏာလုယူၿပီးျပည္သူလူထုကိုအၾကမ္းဖက္သတ္ျဖတ္ေနခ်ိန္မွာလဲဘီလာ႐ုစ္ႏိုင္ငံပိုင္မီဒီယာေတြကဆႏၵျပသူေတြကို အၾကမ္းဖက္သမားေတြလို႔လိမ္လည္ထုတ္လႊင့္တာေတြလုပ္ေဆာင္ၿပီးအာဏာသိမ္းဗမာစစ္တပ္ကိုအားေပးတဲ့ဝါဒျဖန႔္ခ်ီမႈ႕ေတြကိုပါထုတ္လႊင့္
ေဆာင္႐ြက္ခဲ့တယ္လို႔Justice For Myanmar အဖြဲ႕ရဲ႕ထုတ္ျပန္မႈမွာပါရွိပါတယ္။ၿပီးခဲ့တဲ့ေမလအတြင္းကလည္းဘီလာ႐ုစ္ႏိုင္ငံမွာျဖစ္ေပၚခဲ့တဲ့ဒီမိုကေရစီလႈပ္ရွားမႈေတြကိုလည္းဘီလာ႐ုစ္အစိုးရကရက္ရက္စက္စက္ၿဖိဳခြဲ႕ခဲ့ပါတယ္။
ဘီလာ႐ုစ္ႏိုင္ငံအေနနဲ႔ျမန္မာစစ္တပ္ရဲ႕မတရားအာဏာသိမ္းတာကို အားေပးေထာက္ခံေနတာေၾကာင့္ကုလသမဂၢညီလာခံမွာျမန္မာႏိုင္ငံအေပၚအာဏာသိမ္းတာကိုျပစ္တင္ရႈတ္ခ်ၿပီးလက္နက္စီးဆင္းမႈဟန႔္တားဖို႔အဆိုဆုံးျဖတ္ခ်က္ကိုမေထာက္ခံခဲ့တာထင္ရွားေပၚလြင္ေနပါတယ္။
အခုလိုျမန္မာစစ္တပ္ရဲ႕အာဏာသိမ္းမႈ႕ကိုဘီလာ႐ုစ္အာဏာရွင္ေတြကေထာက္ခံပံပိုးေနတာေတြကိုကန႔္ကြက္ရႈတ္ခ်တယ္လို႔Justice For Myanmarအဖြဲ႕ကဆိုပါတယ္။
ဘီလာ႐ုစ္ျပည္တြင္းမွာလဲ သမၼတလူကာရွန္ကိုအစိုးရဟာဒီမိုကေရစီလိုလားေနတဲ့သူတို႔ရဲ႕ျပည္သူေတြကိုကိုယ္စားမျပဳ႕ဘူးလို႔Justice For Myanmarအဖြဲ႕ကေဝဖန္ထားပါတယ္။
ဘီလာ႐ုစ္အစိုးရအေနနဲ႔ျမန္မာစစ္အာဏာရွင္ေတြကိုေထာက္ပံအားေပးေနတာေတြကိုရပ္တန႔္ကရပ္ဖို႔လိုေၾကာင္းနဲ႔ျမန္မာစစ္တပ္ကို တစ္ကမာၻလုံးကလက္နက္ေရာင္းခ်မႈပိတ္ပင္ေရးေတာင္းဆိုခ်က္ကိုJustice For Myanamrအဖြဲ႕ကလည္းထပ္မံေတာင္းဆိုတယ္လို႔သူတို႔ရဲ႕ထုတ္ျပန္မႈမွာေရးသားထားပါတယ္။
CreditM. M. H