ကိုယ်ခံအားကျဆင်းစေနိုင်တဲ့ အမူအကျင့်လေးတွေလည်းသိထားသင့်တယ်နော် မိတ်ဆွေ
အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကျန်းမာရေးကို တခြားသော အချိန်တွေမှာထက် ပိုမိုဂရုစိုက်သင့်ပြီး ကိုယ်ခံအား စနစ် ကောင်းမွန်အောင်လည်း ပြုမူနေထိုင်စားသောက် သင့်ပါတယ်။ အခုဖော်ပြပေးမှာကတော့ သတိမထားမိဘဲ ပြုလုပ်မိနေတတ်တဲ့ ကိုယ်ခံအားစနစ်ကို အား နည်း စေနိုင်တဲ့ အမူအကျင့်တွေပဲဖြစ်ပါတယ်။
(၁) ရေများများ မသောက်တာ
ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းမွန်ဖို့ ရေဓာတ်လုံလောက် ပြည့်ဝနေမှုဟာလည်း အရေးကြီးပြီး အခုလို ရာသီဥတုပူပြင်းပြီး ကူးစက်ရောဂါတွေ ပျံ့နှံ့နေတဲ့အချိန်ကာ လ မျိုးမှာ ရေကို မမေ့မလျော့ သောက်သုံးပေးသင့်ပါတယ်။ ရေများများ သောက်သုံးခြင်းဟာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို ကိုယ် ခံ အားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
(၂) ကဖင်းနဲ့ အယ်လ်ကိုဟောပါဝင်တာတွေ သောက်သုံးတာ
ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ အချိုရည်တွေနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေ သောက်သုံးခြင်းဟာ ကိုယ်ခံအားစနစ်ကို ယုတ်လျော့စေပြီး ရေဓာတ် ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် အတတ်နိုင်ဆုံး လျှော့သောက်သင့်ပါတယ်။
(၃) အချိုဓာတ်လွန်ကဲတာတွေ အစားများတာ
အချိုဓာတ်ကဲလွန်းတဲ့ အစားအစာတွေဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တာကြောင့် ကူးစက်ရောဂါတွေ အလွယ်တကူ ဝင်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပါ တယ်။ ဒါကြောင့်မို့လို့ အသီးအနှံတွေမှာ ပါဝင်တဲ့ သဘာဝအချိုဓာတ်လောက်ကိုပဲ စားသုံးသင့်ပြီး ပြုပြင်စီမံထားတဲ့ အချိုဓာတ်တွေကိုတော့ ရှောင်ကြဉ်သင့် ပါ တယ်။
(၄) အိပ်ချိန်နည်းလွန်းတာ
ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့ဆိုတာဟာ အစားအသောက်လည်း အရေးကြီးသလို အိပ်စက်ချိန်ကလည်း အရေးကြီး ပြန်ပါတယ်။ အိပ်ချိန်နည်းလွန်းတာဟာလည်း ခုခံအားစနစ်ကို ယုတ်လျော့စေတာကြောင့် အခုလို ကာလမှာ အိပ်စက်ချိန် လုံလုံလောက်လောက် ရှိသင့်ပါတယ်။
Zawgyi
အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကျန်းမာရေးကို တခြားသော အချိန်တွေမှာထက် ပိုမိုဂရုစိုက်သင့်ပြီး ကိုယ္ခံအား စနစ် ကောင်းမွန်အောင်လည်း ပြုမူနေထိုင်စားသောက် သင့်ပါတယ်။ အခုဖော်ပြပေးမှာကတော့ သတိမထားမိဘဲ ပြုလုပ်မိနေတတ်တဲ့ ကိုယ္ခံအားစနစ္ကို အား နည်း စေနိုင်တဲ့ အမူအကျင့်တွေပဲဖြစ်ပါတယ်။
(၁) ရေများများ မေသာက္တာ
ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ အချိုရည်တွေနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေ သောက်သုံးခြင်းဟာ ကိုယ္ခံအားစနစ္ကို ယုတ်လျော့စေပြီး ရေဓာတ် ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် အတတ်နိုင်ဆုံး လျှော့သောက်သင့်ပါတယ်။
(၃) အချိုဓာတ်လွန်ကဲတာတွေ အစားမ်ားတာ
Credit