မြန်မာက ဖိလစ်ပိုင်းအသင်းကို ကမ္ဘာ့ MLBB ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီး ဒုတိယဆုဆွတ်ခူး …..

မြန်မာက ဖိလစ်ပိုင်းအသင်းကို ကမ္ဘာ့ MLBB ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီး ဒုတိယဆုဆွတ်ခူး

ဇန်နဝါရီ(၂၄)ရက်၊ ၂၀၂၁။

Mobile Legend Bang Bang ကပြုလုပ်နေတဲ့ M2 World Championship ဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းက ဖိလစ်ပိုင်အသင်းကိုဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုကို ရရှိခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီလ (၂၄) ရက်နေ့ ညပိုင်းကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာ ဖိလစ်ပိုင်ကိုယ်စားပြု Bren Esports အသင်းနဲ့ Burmese Ghouls အသင်းတို့ဟာ ယှဉ်ပြိုင်ရမယ့်(၇)ပွဲမှာ ဖိလစ်ပိုင်က (၄)ပွဲအနိုင်ရရှိခဲ့ပြီး မြန်မာအသင်းက(၃)ပွဲပဲ အနိုင်ရရှိခဲ့တာပါ။

Bren Esporst ဟာ မြန်မာကို အရင်ပွဲတုန်းက ရှုံးနိမ့်ခဲ့ပြီး Upper Bracket ကနေ Lower Bracket ကို ဆင်းခဲ့ရပါသေးတယ်။

အဲဒီနောက် Bren Esports အသင်းဟာ မြန်မာအသင်းကိုပဲ ရှုံးနိမ့်ပြီးအောက်ဆင်းလာတဲ့ အင်ဒိုနီးရှားက RRQ အသင်းကိုအနိုင်ရပြီး ဒီနေ့ မြန်မာအသင်းနဲ့ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

Burmese Ghouls အသင်းဟာ M1 World Championship မှာတုန်းက အဆင့်လေးနဲ့ပဲ ကျေနပ်ခဲ့ရပြီး အခုပွဲဟာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

M2 World Championship ပွဲစဉ်တွေကိုတော့ ဇန်နဝါရီလ (၁၈) ရက်နေ့ကစလို့ စင်ကာပူနိုင်ငံမှာကျင်းပနေတာ ဖြစ်ပြီး ဆုတန်ကြေးတွေကတော့ အမေရိကန်ဒေါ်လာ (၃) သိန်း ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုဝင်ပြိုင်တဲ့ Burmese Ghouls အသင်းဝင် ACE ဟာ M2 World Championship ရဲ့ Paquito Challenge 1 vs 1 Solo ရဲ့ Champion ဆုကိုလည်း ရထားပါတယ်။

Photo : Burmese Ghouls

Zawgyi ;

ျမန္မာက ဖိလစ္ပိုင္းအသင္းကို ကမာၻ႔ MLBB ဗိုလ္လုပြဲမွာ ရႈံးနိမ့္ၿပီး ဒုတိယဆုဆြတ္ခူး

ဇန္နဝါရီ(၂၄)ရက္၊ ၂၀၂၁။

Mobile Legend Bang Bang ကျပဳလုပ္ေနတဲ့ M2 World Championship ဂိမ္းၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ Burmese Ghouls အသင္းက ဖိလစ္ပိုင္အသင္းကိုဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့ၿပီး ဒုတိယဆုကို ရရွိခဲ့ပါတယ္။

ဒီေန႔ ဇန္နဝါရီလ (၂၄) ရက္ေန႔ ညပိုင္းက်င္းပခဲ့တဲ့ ဗိုလ္လုပြဲမွာ ဖိလစ္ပိုင္ကိုယ္စားျပဳ Bren Esports အသင္းနဲ႔ Burmese Ghouls အသင္းတို႔ဟာ ယွဥ္ၿပိဳင္ရမယ့္(၇)ပြဲမွာ ဖိလစ္ပိုင္က (၄)ပြဲအႏိုင္ရရွိခဲ့ၿပီး ျမန္မာအသင္းက(၃)ပြဲပဲ အႏိုင္ရရွိခဲ့တာပါ။

Bren Esporst ဟာ ျမန္မာကို အရင္ပြဲတုန္းက ရႈံးနိမ့္ခဲ့ၿပီး Upper Bracket ကေန Lower Bracket ကို ဆင္းခဲ့ရပါေသးတယ္။

အဲဒီေနာက္ Bren Esports အသင္းဟာ ျမန္မာအသင္းကိုပဲ ရႈံးနိမ့္ၿပီးေအာက္ဆင္းလာတဲ့ အင္ဒိုနီးရွားက RRQ အသင္းကိုအႏိုင္ရၿပီး ဒီေန႔ ျမန္မာအသင္းနဲ႔ ျပန္ေတြ႕ခဲ့တာျဖစ္ပါတယ္။

Burmese Ghouls အသင္းဟာ M1 World Championship မွာတုန္းက အဆင့္ေလးနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး အခုပြဲဟာ ပထမဆုံးအႀကိမ္အျဖစ္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

M2 World Championship ပြဲစဥ္ေတြကိုေတာ့ ဇန္နဝါရီလ (၁၈) ရက္ေန႔ကစလို႔ စင္ကာပူႏိုင္ငံမွာက်င္းပေနတာ ျဖစ္ၿပီး ဆုတန္ေၾကးေတြကေတာ့ အေမရိကန္ေဒၚလာ (၃) သိန္း ျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံကိုယ္စားျပဳဝင္ၿပိဳင္တဲ့ Burmese Ghouls အသင္းဝင္ ACE ဟာ M2 World Championship ရဲ႕ Paquito Challenge 1 vs 1 Solo ရဲ႕ Champion ဆုကိုလည္း ရထားပါတယ္။

Photo : Burmese Ghouls