ကြက်ဥအတွက် စိုးရိမ်စရာမရှိဘူးလို့ စစ်ခေါင်းဆောင်ပြော

တပ်မတော်ဟာ ကြက်မွေးမြူရေးကို လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတည်းက လုပ်လာတာဖြစ်လို့ ကြက်ဥအတွက် မစိုးရိမ်ရဘူးလို့ စစ်ခေါင်းဆောင်ပြော

တပ်မတော်အနေနဲ့ ကြက်မွေးမြူရေးကို လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနှစ်နှစ်ကတည်းက လုပ်လာတာဖြစ်သလို ပြည်သူလူထုကိုလည်း ရောင်းချပေးနေတာဖြစ်တဲ့အတွက် ကြက်ဥအတွက် စိုးရိမ်စရာမရှိဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တတိယအကြိမ် ညှိနှိုင်းအစည်းဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာ ဖြစ်တဲ့အကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းအတွင်း ကူးစက်ပျံ့နှံ့မှု များပြားလာပြီး အခြေခံစားကုန်တွေထဲက တစ်ခုဖြစ်တဲ့ ကြက်ဥဟာလည်း ဈေးကွက်အတွင်း အဆမတန်ဈေးမြင့်တက်ကာ ပြတ်လပ်တဲ့အထိရှိလာနေချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ ရောဂါဖြစ်ပွားမှု လူဦးရေး သန်း ၁၉၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁၇ ရက်နေ့အထိ လူ နှစ်သိန်းကျော် ကိုဗစ်ကူးစက်ခံထားရကာ တတိယလှိုင်းအတွင်း ကူးစက်ပြန့်ပွားမှုနှုန်းဟာ ဆတိုးပြန့်ပွား ကူးစက်နေတာကို တွေ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က လူဦးရေ ၁ ဒသမ ၆ သန်းကို ပထမအကြိမ် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးထားပြီး ဒုတိယအကြိမ် ထပ်မံထိုးနှံ့ပေးဖို့ ပြင်ဆင်နေသလို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ခုနှစ်သိန်းခွဲ ရောက်ရှိမှာဖြစ်ကာ ဩဂုတ်လအတွင်း လူဦးရေ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ အရပ်ဘက်ဆေးရုံတွေ၊ နေရာ ၊ ဌာနတွေအားလုံးပေါင်း လူဦးရေ ၆၉၈၀၀ စာအတွက် ကွာရန်တင်းစင်တာ စုစုပေါင်း ၁၉၃၄ နေရာ ပြင်ဆင်ထားပြီး ကိုဗစ်အတည်ပြုလူနာတွေအတွက် နေရာပေါင်း ၁၁၁၄ နေရာပြင်ဆင်ထားကာ လူနာ ၄၆၀၀၀ ခန့် ထားရှိနိုင်မှာဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အောက်ဆီဂျင်ကိုလည်း ပြည်သူ့ဆေးရုံ၊ တပ်မတော်ဆေးရုံ၊ စက်ရုံအလုပ်ရုံတွေမှာ ရှိတဲ့ Oxygen Plant တွေက အောက်ဆီဂျင်ထုတ်ပေးနေသလို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကလည်း Liquit အောက်ဆီဂျင်နဲ့ အောက်ဆီဂျင်အိုးတွေကို နယ်စပ်ကတစ်ဆင့် တင်သွင်းပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၈ ရက်နေ့မှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၅၂၈၅ ဦးရှိပြီး သေဆုံး ၂၃၁ ဦးရှိခဲ့အတွက် စုစုပေါင်းသေဆုံးသူ ၅၀၀၀ ဦးရှိပြီလို့ ထုတ်ပြန်ထားပါတယ်။

crd – မဇ္ဈိမ

Zawgyi

တပ္မေတာ္ဟာ ၾကက္ေမြးျမဴေရးကို လြန္ခဲ့တဲ့ ၆ ႏွစ္ ၇ ႏွစ္ကတည္းက လုပ္လာတာျဖစ္လို႔ ၾကက္ဥအတြက္ မစိုးရိမ္ရဘူးလို႔ စစ္ေခါင္းေဆာင္ေျပာ

တပ္မေတာ္အေနနဲ႔ ၾကက္ေမြးျမဴေရးကို လြန္ခဲ့တဲ့ ေျခာက္ႏွစ္၊ ခုႏွစ္ႏွစ္ကတည္းက လုပ္လာတာျဖစ္သလို ျပည္သူလူထုကိုလည္း ေရာင္းခ်ေပးေနတာျဖစ္တဲ့အတြက္ ၾကက္ဥအတြက္ စိုးရိမ္စရာမရွိဘူးလို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္။

ဇူလိုင္လ ၁၈ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္တဲ့ ကိုဗစ္ ၁၉ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုေသရး တတိယအႀကိမ္ ညႇိႏႈိင္းအစည္းေဝးမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့တာ ျဖစ္တဲ့အေၾကာင္း ဒီေန႔ထုတ္ ျမန္မာ့အလင္းသတင္းစာမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ကိုဗစ္ ၁၉ ေရာဂါ တတိယလႈိင္းအတြင္း ကူးစက္ပ်ံ႕ႏွံ႔မႈ မ်ားျပားလာၿပီး အေျခခံစားကုန္ေတြထဲက တစ္ခုျဖစ္တဲ့ ၾကက္ဥဟာလည္း ေဈးကြက္အတြင္း အဆမတန္ေဈးျမင့္တက္ကာ ျပတ္လပ္တဲ့အထိရွိလာေနခ်ိန္မွာ အာဏာသိမ္း စစ္ေခါင္းေဆာင္က အခုလိုေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

ကမာၻ႔ႏိုင္ငံေတြမွာ ေရာဂါျဖစ္ပြားမႈ လူဦးေရး သန္း ၁၉၀ ေက်ာ္ရွိေနၿပီး ျမန္မာႏိုင္ငံမွာ ဇူလိုင္လ ၁၇ ရက္ေန႔အထိ လူ ႏွစ္သိန္းေက်ာ္ ကိုဗစ္ကူးစက္ခံထားရကာ တတိယလႈိင္းအတြင္း ကူးစက္ျပန႔္ပြားမႈႏႈန္းဟာ ဆတိုးျပန႔္ပြား ကူးစက္ေနတာကို ေတြ႕ရတယ္လို႔ စစ္ေခါင္းေဆာင္က ေျပာပါတယ္။

ကိုဗစ္ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္က လူဦးေရ ၁ ဒသမ ၆ သန္းကို ပထမအႀကိမ္ ကိုဗစ္ ၁၉ ေရာဂါကာကြယ္ေဆး ထိုးႏွံေပးထားၿပီး ဒုတိယအႀကိမ္ ထပ္မံထိုးႏွံ႔ေပးဖို႔ ျပင္ဆင္ေနသလို လာမယ့္ ဇူလိုင္လ ၂၂ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆး ခုႏွစ္သိန္းခြဲ ေရာက္ရွိမွာျဖစ္ကာ ဩဂုတ္လအတြင္း လူဦးေရ ၅၀ ရာခိုင္ႏႈန္းကို ကာကြယ္ေဆးထိုးေပးႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ စစ္တပ္နဲ႔ အရပ္ဘက္ေဆး႐ုံေတြ၊ ေနရာ ၊ ဌာနေတြအားလုံးေပါင္း လူဦးေရ ၆၉၈၀၀ စာအတြက္ ကြာရန္တင္းစင္တာ စုစုေပါင္း ၁၉၃၄ ေနရာ ျပင္ဆင္ထားၿပီး ကိုဗစ္အတည္ျပဳလူနာေတြအတြက္ ေနရာေပါင္း ၁၁၁၄ ေနရာျပင္ဆင္ထားကာ လူနာ ၄၆၀၀၀ ခန႔္ ထားရွိႏိုင္မွာျဖစ္တယ္လို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။

ေအာက္ဆီဂ်င္ကိုလည္း ျပည္သူ႔ေဆး႐ုံ၊ တပ္မေတာ္ေဆး႐ုံ၊ စက္႐ုံအလုပ္႐ုံေတြမွာ ႐ြိတဲ့ Oxygen Plant ေတြက ေအာက္ဆီဂ်င္ထုတ္ေပးေနသလို ထိုင္းႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံေတြကလည္း Liquit ေအာက္ဆီဂ်င္နဲ႔ ေအာက္ဆီဂ်င္အိုးေတြကို နယ္စပ္ကတစ္ဆင့္ တင္သြင္းေပးေနတယ္လို႔ ဆိုပါတယ္။

စစ္ေကာင္စီလက္ေအာက္ခံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာရဲ႕ ထုတ္ျပန္ခ်က္အရ ဇူလိုင္လ ၁၈ ရက္ေန႔မွာ ကိုဗစ္ ၁၉ ပိုးေတြ႕လူနာ ၅၂၈၅ ဦးရွိၿပီး ေသဆုံး ၂၃၁ ဦးရွိခဲ့အတြက္ စုစုေပါင္းေသဆုံးသူ ၅၀၀၀ ဦးရွိၿပီလို႔ ထုတ္ျပန္ထားပါတယ္။

crd – မဇၩိမ