
Hsu Yee Htet ရဲ့ပေါက်ကွဲဖော်ပြချက်များ။
အောက်ဆုံးတွင် ဗီဒီယိုတင်ပေးထားသည်
မနေ့က post က ကျမပြန်ဖျက်တာမဟုတ်ပါဘူး.. တင်ပြီးသိပ်မကြာခင်မှာပဲ Rp တွေမိပြီးပျက်သွားခဲ့တာပါ.. Rp မိတာလည်းကျမတစ်ယောက်တည်း မဟုတ်ဘဲ တချို့ဒီအကြောင်းကို speak out လုပ်တဲ့ post အတော်များများ Rp မိပြီးပျက်တဲ့အပြင် acc တွေပါ ပိတ်ခံရပါတယ်..
ပြည်သူ့အချစ်တော်အစွမ်း အံ့မခန်းပါ။ အခုချိန်ထိလဲ အကောင့်ကသုံးမရတော့ပါဘူး။ 🙃ပြည်သူ့အချစ်တော်ကို အောက်ဖဲလှန်တာလားလို့ပြောရင် အပိုင်းအစအသေးလေးတစ်ခုကို ဆွဲထုတ်ပြီးပြောရုံပဲရှိပါတယ်.. ဒီ့ထက်ဆိုးတာတွေလည်း ရှိပါသေးတယ်..
ဘာလို့ Personal Case တွေ social media ပေါ်တင်လဲမေးရင်တော့ အခုကိစ္စကိုသိသိချင်း ကာယကံရှင် ၂ ဦးနဲ့ private ဆန်ဆန် ရှင်းပါတယ်.. အဲ့ဒီအချိန်မှာကျမကို နင့်မှတ်တမ်းတွေလည်းရှိတယ်၊ တစ်ခုခုလုပ်ရဲရင်လုပ်ကြည့်ဆိုပြီး ပြန်ခြိမ်းခြောက်ပါတယ်။
အခုတောင် ကျမနဲ့တွဲနေစဥ်တလျှောက် ခိုးစားထားတာ မိန်းမပေါင်းများစွာနဲ့ဆိုတာ အခုမှပြန်သိရတာတွေ ရှိပါသေးတယ်နော်။ ဝေပုလ္လ၆ လမ်းမှာနေတဲ့သူတွေဆီမှာအချိန်မရွေးစုံစမ်းကြည့်ပါ။ မနေ့ကတင်မှ အကောင့်တွေ့ပြီးလာပြောပြလို့သွေးပါတက်တယ်။ သူတွေ့တာတင် ၂ယောက်ရှိတယ်။
Dark Side ဆိုပြီး ပြောနေကြတာအတွက် သူ့ရဲ့လိင်ကိစ္စအပေါ်စွဲလမ်းမှု၊ သာယာမှုနဲ့ Partner တွေအများကြီးလိုချင်စိတ်ရှိနေတာကသာ Dark side ပါ.. ယူဖို့ထိ လူကြီးချင်းစကားပြောဆိုထားတဲ့သူရှိရက်နဲ့ (ထပ်ခါထပ်ခါ) လူမှုရေးဖောက်ပြန်တာ၊
သတင်းသမားဖြစ်လျက်နဲ့ တစ်ဖက်လူရဲ့ Consent မပါဘဲ privacy ကိုချိုးဖောက်ပြီး မှတ်တမ်းယူထားတာ၊ တာဝန်ယူစိတ်မရှိတာ (တာဝန်ယူတယ်ဆိုတာ ကျမကို ယူခိုင်းတာမဟုတ်ဘူးနော် 🙃 သူ့အမှားအတွက် တာဝန်ယူစိတ်ရှိစေချင်တာ)၊ မိန်းမတစ်ယောက်ရဲ့အရှက်သိက္ခာနဲ့ကိုင်ပေါက်ပြီး ခြိမ်းခြောက်တာ စတာတွေကတော့ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်တာပါ.. ကွဲလွဲပါတယ်နော်..
သူတို့ဘက်က ethic မရှိပေမယ့် ကျမဘက်ကတော့ လူ့ကျင့်ဝတ်စောင့်ထိန်းတာမို့ ကျမတွေ့ထားတဲ့ ဓာတ်ပုံတွေ Video တွေကို ဖြန့်ဖို့စိတ်ကူးလုံးဝမရှိတဲ့အတွက် Messenger ကနေ လာတောင်းတာတွေကို ရပ်ပေးကြပါ.. ပျံ့ခဲ့ရင်လည်း ကျမမဟုတ်ပါ။ နောက်ပြီး တိတိပပသက်သေမရှိဘဲ ကျမကနေ ပြည်သူ့အချစ်တော်ကြီးကို ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းအမှားတွေတင်တဲ့သူတွေ ခုချက်ခြင်း ကျမကို ပြန်တောင်းပန်ပါ..
အခုပျံ့နေတဲ့ မူရင်း Comment Ss ပိုင်ရှင် Htet Mon Oo ဆိုတဲ့အစ်မလည်း ကျမကို private chat box မှာ လာတောင်းပန်ပေမယ့် အစ်မရဲ့ comment က ကျမရဲ့သိက္ခာကိုထိခိုက်စေနေတဲ့အတွက် Public Post နဲ့ ပြန်ရှင်းပေးပါ..
လူမှုရေးမှာ ကျင့်ဝတ်ဖောက်ဖျက်တဲ့ ပြည်သူ့အချစ်တော်ကြီးတစ်ယောက် သတင်းတွေအပေါ်တော့ တာဝန်ယူစိတ်ရှိပြီး ကျင့်ဝတ်နဲ့အညီ သတင်းတွေဆက်တင်နိုင်ပါစေ.. နောက်ဆုံးအနေနဲ့ ဒီ post ပျက်ခဲ့ရင်လည်း Rp ကြောင့်ပျက်တာဖြစ်ပြီး ကျမပြန်ဖျက်တာ လုံးဝမဟုတ်ဘူးဆိုတာ အားလုံးကိုသိစေချင်ပါတယ်။
———-