
ချစ်လှစွာသော ပရိသတ်ကြီးရေ ကိုဗစ်ကူးစက်ခံထားရတဲ့ တေးသံရှင် ကော်နီ က သူမကြုံတွေ့ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို လူမူကွန်ယက်မှာ ပရိသတ်တွေအတွက် ပြန်လည်မျှဝေခဲ့ပါတယ်။
“ကိုဗစ်ပထမလှိုင်းဒုတိယလှိုင်းကို သွားသွားလာလာနဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တံခါးပေါက်တောင်မရပ်ရတဲ့ကျွန်မအိမ်ထဲမှာနေရင်း နဲ့ဘဲ တတိလှိုင်းကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ် ။ဒီနေ့ဆိုရင်(၁၃)ရက်မြောက်ခဲ့ပါပြီ။ပထမ၃ရက် ခေါင်းအုံခေါင်းကိုက်ပါတယ်။
ရေချိုးကြာလို့အအေးမိတယ်လို့ဘဲမှတ်ယူမိရင်း ဘိုင်အိုဂျက်ဆစ်နဲ့ မြန်မာဆေးလေးသောက် ချေွးလေးထွက်သက်သာသလိုလေးဖြစ်နဲ့နေရင်းကနေ အရသာစပျက်ပါတယ်…။
အနံ့မရနေတာကိုလည်းသတိမထားမိပါဘူး ။နေ့လည်ထမင်းစားတော့ငံကျွိနေတာဘဲသိတယ်ငပိ ထောင်းကိုနမ်းကကြည့်ပြီး အနံ့မရတာကိုလည်း သတိမထားမိသေးပါဘူး။
ညနေရေမိုးချိုး ရေမွှေးဆွတ်တော့မှဘဲ ရေမွှေးနံ့တအိမ်လုံးရတယ် ။ကိုယ်တယောက်ထဲမရတာပါ။အဲ့တော့မှတအိမ်လုံးလန့်ဖျန့်ပြီး ကိုယ်လည်း အခန်းတံခါးပိတ် Home Q ရပါတော့တယ် ။
နောက်တော့ကိုယ့်ကိစ္စ ကူလုပ်ပေးရတဲ့ညီမက ၂ရက်နေတော့စဖျားပါတယ် ။ဒါနဲ့အခန်းခွဲနေကြတယ်ပေါ့နော်။စဖြစ်ရတာကတော့အဲ့ရက်တွေမှာကိုယ်ကအိပ်ရေးပျက်ပျက်ပြီး အိပ်ရေးမပြည့်နေတာပါ ။
အဲ့ဒီတော့ကိုယ်ခံအားကျသွားတဲ့အချိန် ဒီကောင်ကအခွင့်အရေးစောင့်နေပုံရပါတယ် ငါအရမ်းဝနေလို့ဆိုပြီး ညစာလည်းနဲနဲလျှော့စားနေတာတပတ်လားဘဲရှိနေသေးချိန်လည်းဖြစ်ပါတယ်… ။
နောက်ညီမက ဥပုသ်စောင့်အဓိဌာန်ဝင်နေသူပါ ။ဒီတော့သူလည်းကိုယ်ခံအားနည်းနေသူပါ ။ပြောချင်တာကကိုယ်ခံအားကောင်းနေဘို့ အရေးကြီးတာရယ် အိပ်ရေးလုံးဝ မပျက်စေဘို့ အလွန်အရေးကြီးပါတယ်။
စိတ်ပူပင်မှုတွေစိုးထိတ်မှုတွေက ကိုယ်ခံအားကိုမသိမသာလေးလျှော့နေစေနိုင်တယ်လို့ထင်ပါတယ်။အခုတော့အားဆေးတွေလှိမ့်သောက် အစာကိုမစားချင်လည်းလှိမ့်စားနေပါတယ်။
မကော်အနံ့အရသာပျောက်တာ ၈ရက်နီးပါးကြာသွားတယ် ။အတူဖြစ်တဲ့ညီမက ၄,ရက်နဲ့အနံ့အရသာပြန်ရပါတယ် ။မကော်အခန်းထဲမှာတယောက်ထဲ အသက်ရှုလေ့ကျင့်ခဏ်းလုပ်တယ် ။သတိရတိုင်းအသက်ရှုထုတ်လုပ်တယ် ။
မှောက်လည်းမှောက်အိပ်ပါတယ်အလုပ်ကိုပုံမှန်လုပ်တယ် ။လူကမလှုပ်ချင်ပေမယ့်ဝတ်ထားတဲ့အဝတ်ကိုရအောင်လျှော်တယ် ။စားတဲ့ပန်းကန်ခွက်တွေဆေးတယ်။အခန်းသန့်ရှင်းရေးလုပ်တယ်… ။
ရေကိုမနက်ပိုင်းချိုးတယ် ။အခန်းတံခါးတွေအကုန်ဖွင့်တယ်ဖျန်းဆေးကိုကိုယ်နဲ့ထိမိတဲ့နေရာအိပ်ယာရေချိုးခန်းကိုတောက်လျှောက်။ဖျန်းတယ် နေရောင်ရတဲ့နေရာမှာနေပါတယ် ။
အစာစားပြီး နေရာမရှိတာကိုတောင်ဘုရားစာဆိုရင်းရအောင်လမ်းလျှောက်ပါတယ်။မနက်မိုးလင်းတာနဲ့ ဘုရားစာဖွင့်တရားနာရင်း ပြုနေကြအလုပ်တွေလုပ်တယ်။နေ့လည်ဆို သီချင်းလေးခဏဖွင့်ပြီး စိတ်ကို ရအောင် ပြောင်းရပါတယ် ။ဖုန်းကြာကြာကြည့်ရင်တော့မူးပါတယ်။
လှုပ်ရှားတာများရင်တော့မောနေပါသေးတယ်နော်အနံ့အရသာကောင်းသွားပြီဖြစ်ပေမယ့် နောက်ကျောထဲကနဲနဲအောင့်ပါတယ်ရေနွေးအိတ်လေးကပ်တော့သက်သာပါတယ်ရောဂါအခံရှိသူများအခုထဲက စိတ်ရောလူပါကျန်းမာအောင်နေကြပါ။တကိုယ်ရေသန့်ရှင်းမှုရှိပါ။အိမ်တွင်းအိမ်ပြင်သန့်ရှင်းမှုအထူးဂရုစိုက်ကြပါ…။
အားရှိစာတွေဆိုတအသားမှမဟုတ်ပါဘူးနော် ။မကော်ကခြေလေးချောင်းသားမစားပါဘူးနော်။အသီးအနှံအစရှိသဖြင့် အားရှိအောင်စားမယ် နေထိုင်နည်းဗဟုသုတလေးတွေ ရှာဖွေလေ့လာမယ်။
အားတဲ့အချိန်ဘုရားရှိခိုးတရားထိုင်မယ်။မေတ္တာပို့ ပါတယ်။ကျွန်မချစ်တဲ့ပြည်သူလူထုအတွက်နေ့စဉ်မေတ္တာပို့ ဆုတောင်းနေလျှက်ပါ ။
နေကာင်းအောင်နေကြပါချစ်ရသူတို့ ပြည်သူအချင်းချင်းကူညီရိုင်းပင်းကြရမယ့်အချိန်ပါ Fighting ပါ 😇💪🏻)” လို့ တေးသံရှင်ကော်နီ က သူမရဲ့ လူမှုကွန်ယက် ကနေ ရေးသားမျှဝေထားပါတယ်…။
————-
ခ်စ္လွစြာေသာ ပရိသတ္ႀကီးေရ ကိုဗစ္ကူးစက္ခံထားရတဲ့ ေတးသံရွင္ ေကာ္နီ က သူမႀကဳံေတြ႕ခံစားခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို လူမူကြန္ယက္မွာ ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝခဲ့ပါတယ္။
“ကိုဗစ္ပထမလႈိင္းဒုတိယလႈိင္းကို သြားသြားလာလာနဲ႔ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ တံခါးေပါက္ေတာင္မရပ္ရတဲ့ကြၽန္မအိမ္ထဲမွာေနရင္း နဲ႔ဘဲ တတိလႈိင္းကို ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရပါတယ္ ။ဒီေန႔ဆိုရင္(၁၃)ရက္ေျမာက္ခဲ့ပါၿပီ။ပထမ၃ရက္ ေခါင္းအုံေခါင္းကိုက္ပါတယ္။
ေရခ်ိဳးၾကာလို႔အေအးမိတယ္လို႔ဘဲမွတ္ယူမိရင္း ဘိုင္အိုဂ်က္ဆစ္နဲ႔ ျမန္မာေဆးေလးေသာက္ ေခြၽးေလးထြက္သက္သာသလိုေလးျဖစ္နဲ႔ေနရင္းကေန အရသာစပ်က္ပါတယ္…။
အနံ႔မရေနတာကိုလည္းသတိမထားမိပါဘူး ။ေန႔လည္ထမင္းစားေတာ့ငံကြၽိေနတာဘဲသိတယ္ငပိ ေထာင္းကိုနမ္းကၾကည့္ၿပီး အနံ႔မရတာကိုလည္း သတိမထားမိေသးပါဘူး။
ညေနေရမိုးခ်ိဳး ေရေမႊးဆြတ္ေတာ့မွဘဲ ေရေမႊးနံ႔တအိမ္လုံးရတယ္ ။ကိုယ္တေယာက္ထဲမရတာပါ။အဲ့ေတာ့မွတအိမ္လုံးလန႔္ဖ်န႔္ၿပီး ကိုယ္လည္း အခန္းတံခါးပိတ္ Home Q ရပါေတာ့တယ္ ။
ေနာက္ေတာ့ကိုယ့္ကိစၥ ကူလုပ္ေပးရတဲ့ညီမက ၂ရက္ေနေတာ့စဖ်ားပါတယ္ ။ဒါနဲ႔အခန္းခြဲေနၾကတယ္ေပါ့ေနာ္။စျဖစ္ရတာကေတာ့အဲ့ရက္ေတြမွာကိုယ္ကအိပ္ေရးပ်က္ပ်က္ၿပီး အိပ္ေရးမျပည့္ေနတာပါ ။
အဲ့ဒီေတာ့ကိုယ္ခံအားက်သြားတဲ့အခ်ိန္ ဒီေကာင္ကအခြင့္အေရးေစာင့္ေနပုံရပါတယ္ ငါအရမ္းဝေနလို႔ဆိုၿပီး ညစာလည္းနဲနဲေလွ်ာ့စားေနတာတပတ္လားဘဲရွိေနေသးခ်ိန္လည္းျဖစ္ပါတယ္… ။
ေနာက္ညီမက ဥပုသ္ေစာင့္အဓိဌာန္ဝင္ေနသူပါ ။ဒီေတာ့သူလည္းကိုယ္ခံအားနည္းေနသူပါ ။ေျပာခ်င္တာကကိုယ္ခံအားေကာင္းေနဘို႔ အေရးႀကီးတာရယ္ အိပ္ေရးလုံးဝ မပ်က္ေစဘို႔ အလြန္အေရးႀကီးပါတယ္။
စိတ္ပူပင္မႈေတြစိုးထိတ္မႈေတြက ကိုယ္ခံအားကိုမသိမသာေလးေလွ်ာ့ေနေစႏိုင္တယ္လို႔ထင္ပါတယ္။အခုေတာ့အားေဆးေတြလွိမ့္ေသာက္ အစာကိုမစားခ်င္လည္းလွိမ့္စားေနပါတယ္။
မေကာ္အနံ႔အရသာေပ်ာက္တာ ၈ရက္နီးပါးၾကာသြားတယ္ ။အတူျဖစ္တဲ့ညီမက ၄,ရက္နဲ႔အနံ႔အရသာျပန္ရပါတယ္ ။မေကာ္အခန္းထဲမွာတေယာက္ထဲ အသက္ရႈေလ့က်င့္ခဏ္းလုပ္တယ္ ။သတိရတိုင္းအသက္ရႈထုတ္လုပ္တယ္ ။
ေမွာက္လည္းေမွာက္အိပ္ပါတယ္အလုပ္ကိုပုံမွန္လုပ္တယ္ ။လူကမလႈပ္ခ်င္ေပမယ့္ဝတ္ထားတဲ့အဝတ္ကိုရေအာင္ေလွ်ာ္တယ္ ။စားတဲ့ပန္းကန္ခြက္ေတြေဆးတယ္။အခန္းသန႔္ရွင္းေရးလုပ္တယ္… ။
ေရကိုမနက္ပိုင္းခ်ိဳးတယ္ ။အခန္းတံခါးေတြအကုန္ဖြင့္တယ္ဖ်န္းေဆးကိုကိုယ္နဲ႔ထိမိတဲ့ေနရာအိပ္ယာေရခ်ိဳးခန္းကိုေတာက္ေလွ်ာက္။ဖ်န္းတယ္ ေနေရာင္ရတဲ့ေနရာမွာေနပါတယ္ ။
အစာစားၿပီး ေနရာမရွိတာကိုေတာင္ဘုရားစာဆိုရင္းရေအာင္လမ္းေလွ်ာက္ပါတယ္။မနက္မိုးလင္းတာနဲ႔ ဘုရားစာဖြင့္တရားနာရင္း ျပဳေနၾကအလုပ္ေတြလုပ္တယ္။ေန႔လည္ဆို သီခ်င္းေလးခဏဖြင့္ၿပီး စိတ္ကို ရေအာင္ ေျပာင္းရပါတယ္ ။ဖုန္းၾကာၾကာၾကည့္ရင္ေတာ့မူးပါတယ္။
လႈပ္ရွားတာမ်ားရင္ေတာ့ေမာေနပါေသးတယ္ေနာ္အနံ႔အရသာေကာင္းသြားၿပီျဖစ္ေပမယ့္ ေနာက္ေက်ာထဲကနဲနဲေအာင့္ပါတယ္ေရေႏြးအိတ္ေလးကပ္ေတာ့သက္သာပါတယ္ေရာဂါအခံရွိသူမ်ားအခုထဲက စိတ္ေရာလူပါက်န္းမာေအာင္ေနၾကပါ။တကိုယ္ေရသန႔္ရွင္းမႈရွိပါ။အိမ္တြင္းအိမ္ျပင္သန႔္ရွင္းမႈအထူးဂ႐ုစိုက္ၾကပါ…။
အားရွိစာေတြဆိုတအသားမွမဟုတ္ပါဘူးေနာ္ ။မေကာ္ကေျခေလးေခ်ာင္းသားမစားပါဘူးေနာ္။အသီးအႏွံအစရွိသျဖင့္ အားရွိေအာင္စားမယ္ ေနထိုင္နည္းဗဟုသုတေလးေတြ ရွာေဖြေလ့လာမယ္။
အားတဲ့အခ်ိန္ဘုရားရွိခိုးတရားထိုင္မယ္။ေမတၱာပို႔ ပါတယ္။ကြၽန္မခ်စ္တဲ့ျပည္သူလူထုအတြက္ေန႔စဥ္ေမတၱာပို႔ ဆုေတာင္းေနလွ်က္ပါ ။
ေနကာင္းေအာင္ေနၾကပါခ်စ္ရသူတို႔ ျပည္သူအခ်င္းခ်င္းကူညီ႐ိုင္းပင္းၾကရမယ့္အခ်ိန္ပါ Fighting ပါ 😇💪🏻)” လို႔ ေတးသံရွင္ေကာ္နီ က သူမရဲ႕ လူမႈကြန္ယက္ ကေန ေရးသားမွ်ေဝထားပါတယ္…။
Credit