မြောက်ဒဂုံက ကိုဗစ်ကာကွယ်ရေး ပြည်သူ့အကျိုးပြုရုံး စီးနင်းခံရပြီး ပရဟိတဆရာဝန် ၅ ဦး ဖမ်းဆီးခံရ

မြောက်ဒဂုံက ကိုဗစ်ကာကွယ်ရေး ပြည်သူ့အကျိုးပြုရုံး စီးနင်းခံရပြီး ပရဟိတဆရာဝန် ၅ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်က ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့ရုံးကို အာဏာသိမ်း စစ်ကောင်စီက ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ပရဟိတ စေတနာ့ဝန်ထမ်း ဆရာဝန် ငါးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်က လူနာတစ်ဦး အောက်ဆီဂျင်ကျပြီး အရေးပေါ်ဖြစ်နေတာကြောင့် လာရောက် ကြည့်ရှုပေးဖို့ ဒီနေ့မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ အဖွဲ့ကို ဖုန်းဆက်ခေါ်တဲ့အတွက် မြေပြင်ကုသရေး ဆရာဝန် သုံးဦးက သွားရောက်ခဲ့ရာ တိုက်ခန်းကို ရောက်ရှိစဉ်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ ထောင်ချောက် ဆင် ဖမ်းဆီးမှုကို ခံလိုက်ရတာ ဖြစ်ပါတယ်။

ကျန်ဖမ်းဆီးခံလိုက်ရတဲ့ ဆရာဝန်နှစ်ဦးကတော့ အွန်လိုင်းကနေတစ်ဆင့် ကုသရေးလမ်းညွှန်ပေးနေတဲ့ ဆရာဝန်တွေဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီက ရုံးခန်းကို လာရောက်စီးနင်းစဉ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးက “ ထောင်ချောက်ဆင် ဖမ်းဆီးခံရတာပါ။ လူနာရှိတယ်ပေါ့၊ ကုသပေးဖို့ခေါ်တယ်။ ဟိုရောက်တော့ မဟုတ်ဘူးပေါ့နော်။ အဲမှာခေါ်ပြီးတော့ ဆရာဝန်တွေကို ပိတ်ဖမ်းလိုက်တာပေါ့” လို့ မဇ္ဈိမကို ပြောပါတယ်။

အဲဒီလို မြေပြင်ကုသရေး ဆရာဝန်သုံးဦး ထောင်ချောက်ဆင် ဖမ်းဆီးခံရတဲ့အကြောင်း Volunteer ကားမောင်းပို့သူက ရုံးကိုပြန်လာပြီး အကြောင်းကြားတဲ့အတွက် ကျန်တဲ့ဆရာဝန်တွေ ရုံးကထွက်ခွာဖို့ ပြင်ဆင်နေစဉ် အာဏာသိမ်း စစ်ကောင်စီတပ်တွေ ရောက်လာပြီး ရုံးစီးနင်းခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင်ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် ပြည်သူတွေ လှူဒါန်းထားတဲ့ ဆေးဝါးနဲ့ အထောက်အကူပြု ပစ္စည်းတွေဖြစ်တဲ့ PPE၊ အောက်ဆီဂျင်အိုးနဲ့ ဆေးပုံးတွေကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားပါတယ်။

“ဒါက ကျွန်တော်တို့ ဆန့်ကျင်နေတာလည်း မဟုတ်ဘူး။ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်တဲ့အပေါ်မှာ ဒါမျိုး လုံးဝမလုပ်သင့်ဘူးလို့ မျှော်လင့်တယ်။ ပြည်သူလူထုအချင်းချင်းကိုပဲ အပြန်အလှန်ကူညီဖေးမ စောင့်ရှောက်ပေးနေတာပေါ့နော်”လို့ အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံလိုက်ရတဲ့ ပရဟိတ ဆရာဝန် ငါးဦးကို ဘယ်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးပါဘူး။ ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ အကျိုးပြု ရုံးကိုလည်း လက်ရှိမှာ ခေတ္တယာယီပိတ်ထားရတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြု အလုပ်တွေလုပ်ဆောင်ဖို့ လူငယ်တွေက ဦးဆောင်ဖွဲ့စည်းထားတဲ့ မြောက်ဒဂုံ ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့ကို ပြီးခဲ့တစ်လလောက်က စတင်တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

—————-

ေျမာက္ဒဂုံက ကိုဗစ္ကာကြယ္ေရး ျပည္သူ႔အက်ိဳးျပဳ႐ုံး စီးနင္းခံရၿပီး ပရဟိတဆရာဝန္ ၅ ဦး ဖမ္းဆီးခံရ

ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဒဂုံၿမိဳ႕နယ္က ကိုဗစ္ ၁၉ ကာကြယ္ေရးနဲ႔ ျပည္သူ႔အက်ိဳးျပဳအဖြဲ႕႐ုံးကို အာဏာသိမ္း စစ္ေကာင္စီက ဇူလိုင္လ ၁၉ ရက္ေန႔ မနက္ပိုင္းမွာ ဝင္ေရာက္စီးနင္းၿပီး ပရဟိတ ေစတနာ့ဝန္ထမ္း ဆရာဝန္ ငါးဦး ဖမ္းဆီးခံလိုက္ရတယ္လို႔ အဖြဲ႕တာဝန္ရွိသူတစ္ဦးက မဇၩိမကို ေျပာပါတယ္။

ေတာင္ဥကၠလာပၿမိဳ႕နယ္က လူနာတစ္ဦး ေအာက္ဆီဂ်င္က်ၿပီး အေရးေပၚျဖစ္ေနတာေၾကာင့္ လာေရာက္ ၾကည့္ရႈေပးဖို႔ ဒီေန႔မနက္ ၉ နာရီ ၄၅ မိနစ္ေလာက္မွာ အဖြဲ႕ကို ဖုန္းဆက္ေခၚတဲ့အတြက္ ေျမျပင္ကုသေရး ဆရာဝန္ သုံးဦးက သြားေရာက္ခဲ့ရာ တိုက္ခန္းကို ေရာက္ရွိစဥ္မွာပဲ အာဏာသိမ္းစစ္ေကာင္စီရဲ႕ ေထာင္ေခ်ာက္ ဆင္ ဖမ္းဆီးမႈကို ခံလိုက္ရတာ ျဖစ္ပါတယ္။

က်န္ဖမ္းဆီးခံလိုက္ရတဲ့ ဆရာဝန္ႏွစ္ဦးကေတာ့ အြန္လိုင္းကေနတစ္ဆင့္ ကုသေရးလမ္းၫႊန္ေပးေနတဲ့ ဆရာဝန္ေတြျဖစ္ၿပီး အာဏာသိမ္း စစ္ေကာင္စီက ႐ုံးခန္းကို လာေရာက္စီးနင္းစဥ္ ဖမ္းဆီးခံလိုက္ရတာ ျဖစ္ပါတယ္။

ကိုဗစ္ ၁၉ ကာကြယ္ေရးနဲ႔ ျပည္သူ႔အက်ိဳးျပဳအဖြဲ႕႐ုံး တာဝန္ရွိသူ တစ္ဦးက ေထာင္ေခ်ာက္ဆင္ ဖမ္းဆီးခံရတာပါ။ လူနာရွိတယ္ေပါ့၊ ကုသေပးဖို႔ေခၚတယ္။ ဟိုေရာက္ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ အဲမွာေခၚၿပီးေတာ့ ဆရာဝန္ေတြကို ပိတ္ဖမ္းလိုက္တာေပါ့ လို႔ မဇၩိမကို ေျပာပါတယ္။

အဲဒီလို ေျမျပင္ကုသေရး ဆရာဝႏ္သဳံးဦး ေထာင္ေခ်ာက္ဆင္ ဖမ္းဆီးခံရတဲ့အေၾကာင္း Volunteer ကားေမာင္းပို႔သူက ႐ုံးကိုျပန္လာၿပီး အေၾကာင္းၾကားတဲ့အတြက္ က်န္တဲ့ဆရာဝန္ေတြ ႐ုံးကထြက္ခြာဖို႔ ျပင္ဆင္ေနစဥ္ အာဏာသိမ္း စစ္ေကာင္စီတပ္ေတြ ေရာက္လာၿပီး ႐ုံးစီးနင္းခံလိုက္ရတာ ျဖစ္ပါတယ္။

ဒါ့အျပင္ကိုဗစ္ ၁၉ ကာကြယ္ေရးအတြက္ ျပည္သူေတြ လႉဒါန္းထားတဲ့ ေဆးဝါးနဲ႔ အေထာက္အကူျပဳ ပစၥည္းေတြျဖစ္တဲ့ PPE၊ ေအာက္ဆီဂ်င္အိုးနဲ႔ ေဆးပုံးေတြကို အာဏာသိမ္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြက သိမ္းဆည္းသြားပါတယ္။

ဒါက ကြၽန္ေတာ္တို႔ ဆန႔္က်င္ေနတာလည္း မဟုတၻဴး။ ျပည္သူေတြရဲ႕ အသကၠို ကယ္တင္တဲ့အေပၚမွာ ဒါမ်ိဳး လုံးဝမလုပ္သင့္ဘူးလို႔ ေမွ်ာ္လင့္တယ္။ ျပည္သူလူထုအခ်င္းခ်င္းကိုပဲ အျပန္အလွန္ကူညီေဖးမ ေစာင့္ေရွာက္ေပးေနတာေပါ့ေနာ္လို႔ အဖြဲ႕တာဝန္ရွိသူက မဇၩိမကို ေျပာပါတယ္။

လက္ရွိမွာေတာ့ ဖမ္းဆီးခံလိုက္ရတဲ့ ပရဟိတ ဆရာဝန္ ငါးဦးကို ဘယ္ေနရာသို႔ ဖမ္းဆီးေခၚေဆာင္သြားၿပီး ဘယ္ေနရာမွာ ထိန္းသိမ္းထားတယ္ဆိုတာကို မသိေရသးပါဘူး။ ကိုဗစ္ ၁၉ ကာကြယ္ေရးနဲ႔ အက်ိဳးျပဳ ႐ုံးကိုလည္း လက္ရွိမွာ ေခတၱယာယီပိတ္ထားရတယ္လို႔ အဖြဲ႕တာဝန္ရွိသူက ေျပာပါတယ္။

ကိုဗစ္ ၁၉ ေရာဂါကာကြယ္ေရးနဲ႔ ျပည္သူ႔အက်ိဳးျပဳ အလုပ္ေတြလုပ္ေဆာင္ဖို႔ လူငယ္ေတြက ဦးေဆာင္ဖြဲ႕စည္းထားတဲ့ ေျမာက္ဒဂုံ ကိုဗစ္ ၁၉ ကာကြယ္ေရးနဲ႔ ျပည္သူ႔အက်ိဳးျပဳအဖြဲ႕ကို ၿပီးခဲ့တစ္လေလာက္က စတင္တည္ေထာင္ခဲ့တာလည္း ျဖစ္ပါတယ္။

Crd – Mizzima