မန္တလေးတိုင်းတွင် အလှူရှင်တစ်ဦးတည်းမှအိမ်ထောင်စု (၅၃၀၀) ကျော်အတွက်ဆန်အိတ်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်မှအလှူရှင်တစ်ဦးတည်းက အောင်ချမ်းသာရပ်ကွက်ရှိအိမ်ထောင်စု၅၃၀၀ကျော်အတွက် ဆန်၂၄ပြည်ပါဆန်အိတ်တစ်အိတ်နှုန်းဖြင့်လှူဒါန်းနေကြောင်းသိရသည်။

“အလှူရှင်ကမိုးကုတ်မြို့၊အောင်ချမ်းသာရပ်ကဦးတင့်ဆွေ၊ဒေါ်အလေးမိသားစုကနေလှူဒါန်းတာပါ၊ခုလိုကိုဗစ်ကာလမှာမရှိဆင်းရဲသူတွေအတွက်ဆန်တစ်အိတ်ကတော်တော်လေးအဆင်ပြေပါတယ်။

လက်လုပ်လက်စားဖြစ်တဲ့အိမ်ထောင်စုတွေကလဲခုချိန်မှာဘာမှမလုပ်နိုင်တော့အများကြီးအထောက်အကူရပါတယ်”ဟုမိုးကုတ်မြို့နယ်မဲဆန္ဒနယ်အမှတ်၂တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသောင်းတင်ကပြောသည်။

မိုးကုတ်မြို့တွင်ဆင်းရဲနွမ်းပါးသည့်ရပ်ကွက်နေပြည်သူများအားရန်ကုန်၊မန္တလေးတို့တွင်နေထိုင်သည့်မိုးကုတ်သားကုန်သည်ကြီးများ ကနေရပ်များသို့ပြန်လာပြီးမိုးကုတ်၊

ကျပ်ပြင်းရပ်ကွက်များနှင့်မိဘမဲ့ ဂေဟာ၊ကျောင်းများသို့ဆန်၊ဆီများမကြာခဏလှူဒါန်းပေးနေခြင်းများ လည်းရှိကြောင်းသိရသည်။Credit

———-

မႏၲေလးတိုင္းေဒသႀကီး၊မိုးကုတ္ၿမိဳ႕နယ္မွအလႉရွင္တစ္ဦးတည္းက ေအာင္ခ်မ္းသာရပ္ကြက္ရွိအိမ္ေထာင္စု၅၃၀၀ေက်ာ္အတြက္ ဆန္၂၄ျပည္ပါဆန္အိတ္တစ္အိတ္ႏႈန္းျဖင့္လႉဒါန္းေနေၾကာင္းသိရသည္။

“အလႉရွင္ကမိုးကုတ္ၿမိဳ႕၊ေအာင္ခ်မ္းသာရပ္ကဦးတင့္ေဆြ၊ေဒၚအေလးမိသားစုကေနလႉဒါန္းတာပါ၊ခုလိုကိုဗစ္ကာလမွာမရွိဆင္းရဲသူေတြအတြက္ဆန္တစ္အိတ္ကေတာ္ေတာ္ေလးအဆင္ေျပပါတယ္။

လက္လုပ္လက္စားျဖစ္တဲ့အိမ္ေထာင္စုေတြကလဲခုခ်ိန္မွာဘာမွမလုပ္ႏိုင္ေတာ့အမ်ားႀကီးအေထာက္အကူရပါတယ္”ဟုမိုးကုတ္ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္၂တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းတင္ကေျပာသည္။

မိုးကုတ္ၿမိဳ႕တြင္ဆင္းရဲႏြမ္းပါးသည့္ရပ္ကြက္ေနျပည္သူမ်ားအားရန္ကုန္၊မႏၲေလးတို႔တြင္ေနထိုင္သည့္မိုးကုတ္သားကုန္သည္ႀကီးမ်ား ကေနရပ္မ်ားသို႔ျပန္လာၿပီးမိုးကုတ္၊

က်ပ္ျပင္းရပ္ကြက္မ်ားႏွင့္မိဘမဲ့ ေဂဟာ၊ေက်ာင္းမ်ားသို႔ဆန္၊ဆီမ်ားမၾကာခဏလႉဒါန္းေပးေနျခင္းမ်ား လည္းရွိေၾကာင္းသိရသည္။Credit