CDF-Mindat နှင့် တိုက်ပွဲများတွင် စကစတပ်ဘက်က ၂၀၀ ဝန်းကျင်သေဆုံးဟု သတင်းထုတ်ပြန်

CDF-Mindat နှင့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က ၂၀၀ ဝန်းကျင်သေဆုံးဟုထုတ်ပြန်

ဧပြီလ ၂၄ ရက်နေ့ မှ ဇွန်လ ၈ နေ့အထိ တစ်လခွဲကာလအတွင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး -CDF-Mindat နှင့် စစ်ကောင်စီတပ်များအကြား အကြိမ် ၂၀ ကျော် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့သည်ဟု ဇူလိုင်လ ၁၉ ရက်နေ့တွင် အဖွဲ့က ထုတ်ပြန်သည်။

ထို့အပြင် CDF-Mindat အနေဖြင့် စစ်ကားခြောက်စီးမီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်းပါရှိသည်။

CDF-Mindat ဘက်မှလည်း အာဏာရှင်အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေး၊ တိုင်းပြည်နှင့် လူမျိုးအတွက် စစ်မြေပြင်တွင် ရဲဘော်အာဇာနည် ၂၄ ဦး အသက်ပေးသွားခဲ့ကြောင်းနှင့် အောက်မေ့သတိရ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်ဟု အဖွဲ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ထုတ်ပြန်သည်။

ဧပြီလ ၂၄ ရက်နေ့ တွင် “We Support NUG” ဟူသည့် စာတမ်းကပ် သပိတ်ပြုလုပ်သူများကို ဖမ်းဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူများကို ပစ်ခတ်ရာမှ စစ်ကောင်စီတပ်များနှင့် CDF-မင်းတပ် တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

Source – Mizzima

———-

CDF-Mindat ႏွင့္တိုက္ပြဲမ်ားတြင္ စစ္ေကာင္စီတပ္ဘက္က ၂၀၀ ဝန္းက်င္ေသဆုံးဟုထုတ္ျပန္

ဧၿပီလ ၂၄ ရက္ေန႔ မွ ဇြန္လ ၈ ေန႔အထိ တစ္လခြဲကာလအတြင္း မင္းတပ္ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရး -CDF-Mindat ႏွင့္ စစ္ေကာင္စီတပ္မ်ားအၾကား အႀကိမ္ ၂၀ ေက်ာ္ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီတပ္သား ၂၀၀ ဝန္းက်င္ကို သုတ္သင္ႏိုင္ခဲ့သည္ဟု ဇူလိုင္လ ၁၉ ရက္ေန႔တြင္ အဖြဲ႕က ထုတ္ျပန္သည္။

ထို႔အျပင္ CDF-Mindat အေနျဖင့္ စစ္ကားေျခာက္စီးမီးရႈိ႕ဖ်က္ဆီးႏိုင္ခဲ့သည္ဟုလည္းပါရွိသည္။

CDF-Mindat ဘက္မွလည္း အာဏာရွင္အျမစ္ျဖဳတ္ေရး၊ ဖက္ဒရယ္ဒီမိုကေရစီေရး၊ တိုင္းျပည္ႏွင့္ လူမ်ိဳးအတြက္ စစ္ေျမျပင္တြင္ ရဲေဘာ္အာဇာနည္ ၂၄ ဦး အသက္ေပးသြားခဲ့ေၾကာင္းႏွင့္ ေအာက္ေမ့သတိရ ဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္ဟု အဖြဲ႕၏ ေဖ့စ္ဘြတ္စာမ်က္ႏွာတြင္ ထုတ္ျပန္သည္။

ဧၿပီလ ၂၄ ရက္ေန႔ တြင္ “We Support NUG” ဟူသည့္ စာတမ္းကပ္ သပိတ္ျပဳလုပ္သူမ်ားကို ဖမ္းဆီးခဲ့ၿပီး အျပစ္မဲ့ျပည္သူမ်ားကို ပစ္ခတ္ရာမွ စစ္ေကာင္စီတပ္မ်ားႏွင့္ CDF-မင္းတပ္ တို႔အၾကား တိုက္ပြဲမ်ား စတင္ျဖစ္ပြားခဲ့သည္။

Source – Mizzima