ကိုဗစ် ကုသရေး မြေအောက်လှုပ်ရှားမှု ထွက်ပေါ်လာ

စစ်အာဏာသိမ်း အဖွဲ့က ကိုဗစ် ကုသရေး အတွက် အရေးတကြီး လိုအပ်နေသော အောက်စီဂျင်ကို လူထုထံ မရောက်ရှိအောင် ဟန့်တား မှုများ ပြုလုပ်ခဲ့သဖြင့် မသေသင့်ဘဲ သေဆုံး သွားခဲ့ရသူများ ရှိလာနေချိန်တွင် ပရဟိတ သမားများက အောက်စီဂျင် အိုး များ ကို အတားအဆီးများ ကြားမှ ရအောင် ရှာဖွေ စုဆောင်းပြီး လိုအပ်သူများထံ တတ်နိုင်သမျှ ဖြန့်ဖြူးပေးနေသည့် မြေအောက် လှုပ်ရှားမှု ထွက်ပေါ်လာနေသည်ဟု ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။ ရိုက်တာ ကြေးနန်း သတင်းကိုလည်း ကမ္ဘာ အထင်ကရ သတင်းစာကြီးများက ကူးယူ ဖေါ်ပြခဲ့ကြပြန်သည်။

ပုန်းအောင်းနေရသော ဆရာဝန်များသည်လည်း ခိုးကြောင်ခိုးဝှက်ဖြင့် အိမ်တိုင်ယာရောက် လိုက်လံ ကြည့်ရှု ပေးနေသည်။ အခြေအနေများမှာ ၂၀၀၈ အတွင်း ဖြစ်ပေါ်ခဲ့သော နာဂစ် မုန်တိုင်းကြီး တိုက်ခတ်ခံရစဉ်ကနှင့် အလားသဏ္ဌာန် တူနေပေသည်။ ထိုအချိန်ကလည်း ၎င်းတို့ ကိုယ်နှိုက်က မည်သို့မျှ အကူအညီ မပေးဘဲ စောင့် ကြည့်နေခဲ့သည့် အပြင် ကူညီရန် ရောက်လာသော ပရဟိတ သမားများအား အဝင်မခံ၊ အလှူငွေ ထည့်ဝင်သူ များပါ အဖမ်းခံခဲ့ကြရပြီး ဖြစ်သည်။ ယခုကဲ့သို့ လျို့ဝှက် အကူအညီများ ပေးခဲ့ကြရသည်။

နောက်ဆုံးတွင် အာဆီယံ မှ အတင်း ဝင်ရောက် ကူညီခဲ့သဖြင့် အလျော့ပေးလိုက်ကြရသည်။ ယခုအခါ အာဏာသိမ်း အဖွဲ့ကို အသိအမှတ် မပြုကြတော့သဖြင့် မည်သူမျှ ထွက်မလာကြတော့၊ အကူအညီပေးမည့် လူများကလည်း ကုလ သမဂ္ဂ အဖွဲ့အစည်းများ မှ တဆင့် သွားနေကြသည်။

နိုင်ငံတော် အတိုင်ပင်ခံသည် ကိုဗစ် ပထမလှိုင်း နှင့် ဒုတိယ လှိုင်းကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့၍ ပြည်ပ မီဒီယာ များကပင် ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်နေ၍လားဟု တအံ့တဩ ရေးသားလာကြသည်။ ကူးစက်ပျံ့နှံ့သူ အရည်အတွက်ကိုပင် မယုံမကြည် သဘောထားလာကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့အဆင်မီ ကာကွယ် ဟန့်တား နိုင်ခဲ့မှု အပေါ် တလေးတစား ရှိလာခဲ့ကြသည် မဟုတ်ပါလား။ ၂၀၂၀ ဇူလိုင်လ အီကော် နော်မစ် မဂ္ဂဇင်းတွင် မြန်မာ ပြည်၌ ၃၁၇ ဦးသာ ကူးစက်ခံရပြီး ၆ ဦး သေဆုံးသွားခဲ့သည်အထိ အောင်မြင်စွာ ဟန့်တား နိုင်ခဲ့သည်ဟု ရေးသားထားခဲ့သည်။ ထိုကာလများ အတွင်း အီကွေဒေါ လို နိုင်ငံတွင်ပင် ကိုဗစ် ကြောင့် အလောင်းများ တောင်ပုံရာပုံ ဖြစ်သွားခဲ့ရသည့် အချိန်လည်း ဖြစ်သည်။

တနိုင်ငံလုံး ကြောက်မက်ဖွယ် ကောင်းလှသော ကပ်ရောဂါဆိုးကြီး ကျရောက်နေချိန်တွင် ပြည်သူများအဖို့ မိမိတို့အား ကူညီပေးမည့် အစိုးရတရပ် မရှိတော့ဟူ၍ လည်း ယူဆလာကြပြီ ဖြစ်၍ ပရဟိတသမားများက အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ၎င်းတို့ အန္တရာယ်ကို ရှောင်ရှားပြီး ကူညီပေးနေကြရခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ကောလင်း မြို့လူထုက ၎င်းတို့ အစီအစဉ်ဖြင့် ဒေါ်လာ ၃၀,၀၀၀ တန် အောက်စီဂျင် ဂျင်နရေတာ ကိုတရုတ်ပြည်မှ မှာယူ တင်သွင်းနိုင်ရန် အလှူငွေ ကောက်ခံလျှက် ရှိသည်။

ကမ္ဘာပေါ်ရှိ ပုံမှန် အနေအထား ရှိသော အစိုးရများပင် မနိုင်ရင်ကာ ရုန်းကန်နေရချိန်တွင် ၎င်းတို့ကဲ့သို့ ရရာ စား စားအုပ်ချုပ်နေရသူများ အဖို့က ဆိုဖွယ်ရာ မရှိတော့ပြီ။

မင်းအောင်လှိုင်သည် ကြက်ဥ အလုံအလောက်ရှိသည်။ အောက်စီဂျင် ရမည်ဟု လေလုံခန်းထဲမှ ပြောဆိုနေ သော်လည်း ကွာရန်တင်း စင်တာများ တွင် အောက်စီဂျင် အလုံအလောက်ထားပေးပြီး ရောက်လာသော လူနာ များကို လိုအပ်သလို လက်ခံ ကုသပေးရန် စီစဉ်နိုင်ခြင်း မရှိတော့ပေ။

မင်းအောင်လှိုင်အဖို့က အိမ်မက်ဆိုးကြီး တကျော့ပြန်လာနေပြီ ဖြစ်သည်။ ၎င်း၏ အဖွဲ့ကို ယုံကြည်စိတ်ချခြင်း မရှိ၍ အားမကိုးကြ၊ ကြောက်လန့်နေကြသည့် အဖြစ်ကို မိမိတို့အား နိုင်ငံရေး အရ ထိုးနှက်ခြင်းဟု တလွဲ ယူဆ လာကြပြီး လိုက်လံ ဖိနှိပ်လာခဲ့ခြင်း ဖြစ်သည်။ လူထုကြီးသည် ကိုဗစ် အား အကြောင်းပြုကာ ပြန်လည် ခေါင်း ထောင်လာမည်ကို အထူးစိုးရိမ်လာနေသည်။ ကိုဗစ် အကြောင်းပြု၍ မိမိအား ထောက်ခံမှု ရေချိန် မြင့် တက်လာ အောင်လည်း စွမ်းဆောင်နိုင်မှု မရှိသည်ကို တွေ့ရသည်။

မင်းအောင်လှိုင်သည် သူ၏ သမ္မတ ဖြစ်ရေး ရည်မှန်းချက်ကို မဖုံးမကွယ် ထုတ်ပြောထားခဲ့ပြီ ဖြစ်၍ သူ၏ ဆောင်ရွက်မှုများသည် သူ့အတွက် နိုင်ငံရေး ဖက်တွင် အရေးသာမည်ကိုသာ စဉ်းစားပြီး တပ်မတော် တခုလုံးကို တောက်လျှောက် အသုံးချလာခဲ့သူ ဖြစ်သည်။

ထိုသို့သော အနေအထားတွင် မင်းအောင်လှိုင်သည် စစ်တပ်အတွင်း သူသိ သူတတ် အမျှော်မြင် ရှိသူ အဖြစ် အယောင်ဆောင်ထားသဖြင့် အောက်ခြေ စစ်ဗိုလ်ချုပ်များ နှင့် ဆွေးနွေး တိုင်ပင်ခြင်း မရှိ၊ သို့သော် အရပ်သား အလိုတော်ရိများ၏ အကြံဉာဏ်များကိုတော့ နားထောင်နေပုံရှိသည်။ အရပ်သား အလိုတော်ရိများက ယခင် အာဏာသိမ်းယူခဲ့ပုံမျိုး နှင့် တလလောက်အတွင်း အခြေအနေများ ပြန်လည် တည်ငြိမ်သွားမည်ဟု ယူဆခဲ့ ကြသူများ ဖြစ်သည်။ ယခုအခါ စစ်ဗိုလ်ချုပ်များ နှင့် အတူ နွံအိုင်ထဲ သက်ဆင်းရဖို့ ဖြစ်လာနေသည်။ ထိုသို့ ၎င်းတို့ အသက်နှင့် ကိုယ် အိုးစားကွဲမည့် အရေးကို မြင်လာနေ၍ ဖြစ်နိုင်သမျှ နှိပ်ကွပ်ရန်၊ ဂယ်ပေါက် မှန်သမျှ ပိတ်ဆို့ရန် သာသာထိုးထိုး ပြောဆိုနေကြပုံရှိသည်။

ထို့အတွက်လည်း သူရိယနေဝန်း အယ်ဒီတာကို ယုံယုံကြည်ကြည် ပွဲထုတ်လာကာ တပ်တွင်းမှ ဗိုလ်ချုပ်၊ ဗိုလ်မှူး များအထိ ဘုရားဟော ကျမ်းဂန် အလား မဖြစ်မနေ နားထောင်ခိုင်းခဲ့ခြင်းကပင် သိသာနေသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ၎င်းတို့ကို ဟောပြောပို့ချနေရသည့်အဖြစ်ကလည်း အလိုလိုနေရင်း မိမိတို့သည် ငတုံး ငအများသာ ဖြစ်သည်ကို ဝန်ခံပြနေသလို ဖြစ်ခဲ့ရသည်။

ခြောက်လထဲ ရောက်ရှိလာနေသော်လည်း စီးပွားရေး အတွက် အရေးတကြီး လိုအပ်နေသော ပြည်ပ ရင်းနှီး မြုပ်နှံမှုများက မည်သို့မျှ မျှော်လင့်၍ မရတော့သည့်အပြင် ရှိပြီးသား ကုမ္ပဏီများကလည်း ထွက်ရန် ဆိုင်းပြင်း လာနေသည်။ ထို့အပြင် အစိုးရနှင့် ချုပ်ဆိုထားသော သဘောတူညီချက်များကို ဖေါက်ဖျက်ခဲ့ကြသဖြင့် နစ်နာ ခဲ့ရသည်များအတွက် ပြည်ပ တရားရုံးများတွင် တရားစွဲဆိုရန်အထိ ကြံစည်လာကြလေသည်။

ဥပမာ ပြည်ပ တရားရုံး တခုခုမှ နစ်နာခဲ့ရသည်များကို လျှော်ကြေးပေးရန် ဆုံးဖြတ်ခဲ့လျှင် ပေးမည် မဟုတ် သော်လည်း ပြည်ပသို့ ရောက်ရှိလာသော မြန်မာပိုင် သင်္ဘော၊ လေယာဉ် အစရှိသည့် သိမ်းယူနိုင်သမျှ ပစ္စည်း များကို သိမ်းယူနိုင်ပေသည်။ ထိုဖြစ်ရပ်များကို အာဂျင်တီနား နှင့် ဗင်နီဇွဲလား အစိုးရတို့ ရင်ဆိုင် ခဲ့ကြရပြီး ဖြစ်သည်။

အချို့ ကုမ္ပဏီများကလည်း ပြည်တွင်းတွင် အခြေကျနေပြီ ဖြစ်၍ ယခုအထိ ကြိတ်မှိတ်သည်းခံနေကြဆဲ ဖြစ်သည်။ ထိုသို့ သော ကုမ္ပဏီများက ပြည်သူများဖက်မှ အောင်ပွဲခံလိမ့်မည်ဟု ယုံကြည်နေကြ၍လည်း ဖြစ်ပုံရသည်။ ဤအထဲတွင် ဂျပန်ပိုင် ကူဘိုတာ လည်း ပါဝင်နေသည်ဟု သိရသည်။

၎င်းတို့ အတွက် လိုအပ်နေသော စစ်လက်နက်များ ဝယ်ယူရေး အတွက် ပြည်ပရင်းနှီးမြုပ်နှံမှု ရရှိဖို့က အဓိက ဖြစ်နေသည်။ စစ်လက်နက်များကလည်း နောက်ဆုံးပေါ် ကို ဝယ်ယူနိုင်ခြင်းမရှိသည့်အပြင် အသစ်စက်စက်ပင် ဆယ်နှစ် အတွင်း ခေတ်ကုန်သွားတတ်စမြဲ ဖြစ်သည်။

အနီးဆုံး ဥပမာ ပြရလျှင် စားဖို့သောက်ဖို့ အလျှင်မီအောင် ရုန်းကန်နေရသော မိသားစုထဲ မှ တဦးသည် ကိုယ်ထက် ပြေလည်သူများ ကဲ့သို့ နောက်ဆုံးပေါ် အဝတ်အစားများ ဝယ်ယူရန် ကြံစည် တွေးတောနေသလို ဖြစ်နေသည်။

မြန်မာ ပြည်သူများ အဖို့က ကမ္ဘာတွင် မကြုံစဖူးအောင် covid & coup ဆိုသည့် 2C ကပ်ကြီးနှင့် ရင်ဆိုင်နေကြရ ပြီ ဖြစ်သည်။ ယင်းနှင့် အတူ အာဏာသိမ်း အဖွဲ့သည်လည်း direct killing, indirect killing ဆိုသည့် ရာဇဝတ် မှုများ နှင့် ရင်ဆိုင်နေကြရသည်။

ပွင့်ပွင့်လင်းလင်း သုံးသပ်ရမည်ဆိုလျှင် အန်ကယ် ဆမ် တို့ အဖွဲ့က နိုင်ငံတွင်း လက်ရှိ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေမှုကို ကြိတ်၍ သဘောကျနေပုံရှိသည်။ ထိုသို့ အနေအထား မျိုး နှင့် တရုတ် တို့ နိုင်ငံတွင်း ခြေမချရဲ အောင် ထိန်းထားနိုင်မည် ဟု ယူဆထားနိုင်သည်ကို မိမိတို့ဖက်မှ တွက်ဆထားသင့်သည်။ တရုတ် အစိုးရကတော့ မင်းအောင်လှိုင် တို့ဖက်က နိုင် နိုင်သည်ဟု ယူဆကာ လောင်းကြေး ထပ်နေဆဲပင် ဖြစ်သည်။

သို့သော် ထိုသို့သော အနေအထားမျိုးက ရုတ်ခြည်း ပြောင်းလဲသွားနိုင်ပေသည်။

အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai

Zawgyi

ကိုဗစ္ ကုသေရး ေျမေအာက္လႈပ္ရွားမႈ ထြက္ေပၚလာ

စစ္အာဏာသိမ္း အဖြဲ႕က ကိုဗစ္ ကုသေရး အတြက္ အေရးတႀကီး လိုအပ္ေနေသာ ေအာက္စီဂ်င္ကို လူထုထံ မေရာက္ရွိေအာင္ ဟန႔္တား မႈမ်ား ျပဳလုပ္ခဲ့သျဖင့္ မေသသင့္ဘဲ ေသဆုံး သြားခဲ့ရသူမ်ား ရွိလာေနခ်ိန္တြင္ ပရဟိတ သမားမ်ားက ေအာက္စီဂ်င္ အိုး မ်ား ကို အတားအဆီးမ်ား ၾကားမွ ရေအာင္ ရွာေဖြ စုေဆာင္းၿပီး လိုအပ္သူမ်ားထံ တတ္ႏိုင္သမွ် ျဖန႔္ျဖဴးေပးေနသည့္ ေျမေအာက္ လႈပ္ရွားမႈ ထြက္ေပၚလာေနသည္ဟု ႐ိုက္တာ သတင္းတြင္ ေဖၚျပထားသည္။ ႐ိုက္တာ ေၾကးနန္း သတင္းကိုလည္း ကမာၻ အထင္ကရ သတင္းစာႀကီးမ်ားက ကူးယူ ေဖၚျပခဲ့ၾကျပန္သည္။

ပုန္းေအာင္းေနရေသာ ဆရာဝန္မ်ားသည္လည္း ခိုးေၾကာင္ခိုးဝွက္ျဖင့္ အိမ္တိုင္ယာေရာက္ လိုက္လံ ၾကည့္ရႈ ေပးေနသည္။ အေျခအေနမ်ားမွာ ၂၀၀၈ အတြင္း ျဖစ္ေပၚခဲ့ေသာ နာဂစ္ မုန္တိုင္းႀကီး တိုက္ခတ္ခံရစဥ္ကႏွင့္ အလားသဏၭာန္ တူေနေပသည္။ ထိုအခ်ိန္ကလည္း ၎တို႔ ကိုယ္ႏႈိက္က မည္သို႔မွ် အကူအညီ မေပးဘဲ ေစာင့္ ၾကည့္ေနခဲ့သည့္ အျပင္ ကူညီရန္ ေရာက္လာေသာ ပရဟိတ သမားမ်ားအား အဝင္မခံ၊ အလႉေငြ ထည့္ဝင္သူ မ်ားပါ အဖမ္းခံခဲ့ၾကရၿပီး ျဖစ္သည္။ ယခုကဲ့သို႔ လ်ိဳ႕ဝွက္ အကူအညီမ်ား ေပးခဲ့ၾကရသည္။

ေနာက္ဆုံးတြင္ အာဆီယံ မွ အတင္း ဝင္ေရာက္ ကူညီခဲ့သျဖင့္ အေလ်ာ့ေပးလိုက္ၾကရသည္။ ယခုအခါ အာဏာသိမ္း အဖြဲ႕ကို အသိအမွတ္ မျပဳၾကေတာ့သျဖင့္ မည္သူမွ် ထြက္မလာၾကေတာ့၊ အကူအညီေပးမည့္ လူမ်ားကလည္း ကုလ သမဂၢ အဖြဲ႕အစည္းမ်ား မွ တဆင့္ သြားေနၾကသည္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံသည္ ကိုဗစ္ ပထမလႈိင္း ႏွင့္ ဒုတိယ လႈိင္းကို ေအာင္ျမင္စြာ ျဖတ္ေက်ာ္ ႏိုင္ခဲ့၍ ျပည္ပ မီဒီယာ မ်ားကပင္ ဗုဒၶဘာသာ ႏိုင္ငံ ျဖစ္ေန၍လားဟု တအံ့တဩ ေရးသားလာၾကသည္။ ကူးစက္ပ်ံ႕ႏွံ႔သူ အရည္အတြက္ကိုပင္ မယုံမၾကည္ သေဘာထားလာၾကသည္။ ေဒၚေအာင္ဆန္းစုၾကည္၏ ကမာၻ႔အဆင္မီ ကာကြယ္ ဟန႔္တား ႏိုင္ခဲ့မႈ အေပၚ တေလးတစား ရွိလာခဲ့ၾကသည္ မဟုတ္ပါလား။ ၂၀၂၀ ဇူလိုင္လ အီေကာ္ ေနာ္မစ္ မဂၢဇင္းတြင္ ျမန္မာ ျပည္၌ ၃၁၇ ဦးသာ ကူးစက္ခံရၿပီး ၆ ဦး ေသဆုံးသြားခဲ့သည္အထိ ေအာင္ျမင္စြာ ဟန႔္တား ႏိုင္ခဲ့သည္ဟု ေရးသားထားခဲ့သည္။ ထိုကာလမ်ား အတြင္း အီေကြေဒါ လို ႏိုင္ငံတြင္ပင္ ကိုဗစ္ ေၾကာင့္ အေလာင္းမ်ား ေတာင္ပုံရာပုံ ျဖစ္သြားခဲ့ရသည့္ အခ်ိန္လည္း ျဖစ္သည္။

တႏိုင္ငံလုံး ေၾကာက္မက္ဖြယ္ ေကာင္းလွေသာ ကပ္ေရာဂါဆိုးႀကီး က်ေရာက္ေနခ်ိန္တြင္ ျပည္သူမ်ားအဖို႔ မိမိတို႔အား ကူညီေပးမည့္ အစိုးရတရပ္ မရွိေတာ့ဟူ၍ လည္း ယူဆလာၾကၿပီ ျဖစ္၍ ပရဟိတသမားမ်ားက အခ်င္းခ်င္း စည္းလုံးညီၫြတ္စြာျဖင့္ ၎တို႔ အႏၲရာယ္ကို ေရွာင္ရွားၿပီး ကူညီေပးေနၾကရျခင္း ျဖစ္သည္။

စစ္ကိုင္းတိုင္း ေကာလင္း ၿမိဳ႕လူထုက ၎တို႔ အစီအစဥ္ျဖင့္ ေဒၚလာ ၃၀,၀၀၀ တန္ ေအာက္စီဂ်င္ ဂ်င္နေရတာ ကိုတ႐ုတ္ျပည္မွ မွာယူ တင္သြင္းႏိုင္ရန္ အလႉေငြ ေကာက္ခံလွ်က္ ရွိသည္။

ကမာၻေပၚရွိ ပုံမွန္ အေနအထား ရွိေသာ အစိုးရမ်ားပင္ မႏိုင္ရင္ကာ ႐ုန္းကန္ေနရခ်ိန္တြင္ ၎တို႔ကဲ့သို႔ ရရာ စား စားအုပ္ခ်ဳပ္ေနရသူမ်ား အဖို႔က ဆိုဖြယ္ရာ မရွိေတာ့ၿပီ။

မင္းေအာင္လႈိင္သည္ ၾကက္ဥ အလုံအေလာက္ရွိသည္။ ေအာက္စီဂ်င္ ရမည္ဟု ေလလုံခန္းထဲမွ ေျပာဆိုေန ေသာ္လည္း ကြာရန္တင္း စင္တာမ်ား တြင္ ေအာက္စီဂ်င္ အလုံအေလာက္ထားေပးၿပီး ေရာက္လာေသာ လူနာ မ်ားကို လိုအပ္သလို လက္ခံ ကုသေပးရန္ စီစဥ္ႏိုင္ျခင္း မရွိေတာ့ေပ။

မင္းေအာင္လႈိင္အဖို႔က အိမ္မက္ဆိုးႀကီး တေက်ာ့ျပန္လာေနၿပီ ျဖစ္သည္။ ၎၏ အဖြဲ႕ကို ယုံၾကည္စိတ္ခ်ျခင္း မရွိ၍ အားမကိုးၾက၊ ေၾကာက္လန႔္ေနၾကသည့္ အျဖစ္ကို မိမိတို႔အား ႏိုင္ငံေရး အရ ထိုးႏွက္ျခင္းဟု တလြဲ ယူဆ လာၾကၿပီး လိုက္လံ ဖိႏွိပ္လာခဲ့ျခင္း ျဖစ္သည္။ လူထုႀကီးသည္ ကိုဗစ္ အား အေၾကာင္းျပဳကာ ျပန္လည္ ေခါင္း ေထာင္လာမည္ကို အထူးစိုးရိမ္လာေနသည္။ ကိုဗစ္ အေၾကာင္းျပဳ၍ မိမိအား ေထာက္ခံမႈ ေရခ်ိန္ ျမင့္ တက္လာ ေအာင္လည္း စြမ္းေဆာင္ႏိုင္မႈ မရွိသည္ကို ေတြ႕ရသည္။

မင္းေအာင္လႈိင္သည္ သူ၏ သမၼတ ျဖစ္ေရး ရည္မွန္းခ်က္ကို မဖုံးမကြယ္ ထုတ္ေျပာထားခဲ့ၿပီ ျဖစ္၍ သူ၏ ေဆာင္႐ြက္မႈမ်ားသည္ သူ႔အတြက္ ႏိုင္ငံေရး ဖက္တြင္ အေရးသာမည္ကိုသာ စဥ္းစားၿပီး တပ္မေတာ္ တခုလုံးကို ေတာက္ေလွ်ာက္ အသုံးခ်လာခဲ့သူ ျဖစ္သည္။

ထိုသို႔ေသာ အေနအထားတြင္ မင္းေအာင္လႈိင္သည္ စစ္တပ္အတြင္း သူသိ သူတတ္ အေမွ်ာ္ျမင္ ရွိသူ အျဖစ္ အေယာင္ေဆာင္ထားသျဖင့္ ေအာက္ေျခ စစ္ဗိုလ္ခ်ဳပ္မ်ား ႏွင့္ ေဆြးေႏြး တိုင္ပင္ျခင္း မရွိ၊ သို႔ေသာ္ အရပ္သား အလိုေတာ္ရိမ်ား၏ အႀကံဉာဏ္မ်ားကိုေတာ့ နားေထာင္ေနပုံရွိသည္။ အရပ္သား အလိုေတာ္ရိမ်ားက ယခင္ အာဏာသိမ္းယူခဲ့ပုံမ်ိဳး ႏွင့္ တလေလာက္အတြင္း အေျခအေနမ်ား ျပန္လည္ တည္ၿငိမ္သြားမည္ဟု ယူဆခဲ့ ၾကသူမ်ား ျဖစ္သည္။ ယခုအခါ စစ္ဗိုလ္ခ်ဳပ္မ်ား ႏွင့္ အတူ ႏြံအိုင္ထဲ သက္ဆင္းရဖို႔ ျဖစ္လာေနသည္။ ထိုသို႔ ၎တို႔ အသက္ႏွင့္ ကိုယ္ အိုးစားကြဲမည့္ အေရးကို ျမင္လာေန၍ ျဖစ္ႏိုင္သမွ် ႏွိပ္ကြပ္ရန္၊ ဂယ္ေပါက္ မွန္သမွ် ပိတ္ဆို႔ရန္ သာသာထိုးထိုး ေျပာဆိုေနၾကပုံရွိသည္။

ထို႔အတြက္လည္း သူရိယေနဝန္း အယ္ဒီတာကို ယုံယုံၾကည္ၾကည္ ပြဲထုတ္လာကာ တပ္တြင္းမွ ဗိုလ္ခ်ဳပ္၊ ဗိုလ္မႉး မ်ားအထိ ဘုရားေဟာ က်မ္းဂန္ အလား မျဖစ္မေန နားေထာင္ခိုင္းခဲ့ျခင္းကပင္ သိသာေနသည္။ ထိုကဲ့သို႔ေသာ ပုဂၢိဳလ္မ်ိဳးက ၎တို႔ကို ေဟာေျပာပို႔ခ်ေနရသည့္အျဖစ္ကလည္း အလိုလိုေနရင္း မိမိတို႔သည္ ငတုံး ငအမ်ားသာ ျဖစ္သည္ကို ဝန္ခံျပေနသလို ျဖစ္ခဲ့ရသည္။

ေျခာက္လထဲ ေရာက္ရွိလာေနေသာ္လည္း စီးပြားေရး အတြက္ အေရးတႀကီး လိုအပ္ေနေသာ ျပည္ပ ရင္းႏွီး ျမဳပ္ႏွံမႈမ်ားက မည္သို႔မွ် ေမွ်ာ္လင့္၍ မရေတာ့သည့္အျပင္ ရွိၿပီးသား ကုမၸဏီမ်ားကလည္း ထြက္ရန္ ဆိုင္းျပင္း လာေနသည္။ ထို႔အျပင္ အစိုးရႏွင့္ ခ်ဳပ္ဆိုထားေသာ သေဘာတူညီခ်က္မ်ားကို ေဖါက္ဖ်က္ခဲ့ၾကသျဖင့္ နစ္နာ ခဲ့ရသည္မ်ားအတြက္ ျပည္ပ တရား႐ုံးမ်ားတြင္ တရားစြဲဆိုရန္အထိ ႀကံစည္လာၾကေလသည္။

ဥပမာ ျပည္ပ တရား႐ုံး တခုခုမွ နစ္နာခဲ့ရသည္မ်ားကို ေလွ်ာ္ေၾကးေပးရန္ ဆုံးျဖတ္ခဲ့လွ်င္ ေပးမည္ မဟုတ္ ေသာ္လည္း ျပည္ပသို႔ ေရာက္ရွိလာေသာ ျမန္မာပိုင္ သေဘၤာ၊ ေလယာဥ္ အစရွိသည့္ သိမ္းယူႏိုင္သမွ် ပစၥည္း မ်ားကို သိမ္းယူႏိုင္ေပသည္။ ထိုျဖစ္ရပ္မ်ားကို အာဂ်င္တီနား ႏွင့္ ဗင္နီဇြဲလား အစိုးရတို႔ ရင္ဆိုင္ ခဲ့ၾကရၿပီး ျဖစ္သည္။

အခ်ိဳ႕ ကုမၸဏီမ်ားကလည္း ျပည္တြင္းတြင္ အေျခက်ေနၿပီ ျဖစ္၍ ယခုအထိ ႀကိတ္မွိတ္သည္းခံေနၾကဆဲ ျဖစ္သည္။ ထိုသို႔ ေသာ ကုမၸဏီမ်ားက ျပည္သူမ်ားဖက္မွ ေအာင္ပြဲခံလိမ့္မည္ဟု ယုံၾကည္ေနၾက၍လည္း ျဖစ္ပုံရသည္။ ဤအထဲတြင္ ဂ်ပန္ပိုင္ ကူဘိုတာ လည္း ပါဝင္ေနသည္ဟု သိရသည္။

၎တို႔ အတြက္ လိုအပ္ေနေသာ စစ္လက္နက္မ်ား ဝယ္ယူေရး အတြက္ ျပည္ပရင္းႏွီးျမဳပ္ႏွံမႈ ရရွိဖို႔က အဓိက ျဖစ္ေနသည္။ စစ္လက္နက္မ်ားကလည္း ေနာက္ဆုံးေပၚ ကို ဝယ္ယူႏိုင္ျခင္းမရွိသည့္အျပင္ အသစ္စက္စက္ပင္ ဆယ္ႏွစ္ အတြင္း ေခတ္ကုန္သြားတတ္စၿမဲ ျဖစ္သည္။

အနီးဆုံး ဥပမာ ျပရလွ်င္ စားဖို႔ေသာက္ဖို႔ အလွ်င္မီေအာင္ ႐ုန္းကန္ေနရေသာ မိသားစုထဲ မွ တဦးသည္ ကိုယ္ထက္ ေျပလည္သူမ်ား ကဲ့သို႔ ေနာက္ဆုံးေပၚ အဝတ္အစားမ်ား ဝယ္ယူရန္ ႀကံစည္ ေတြးေတာေနသလို ျဖစ္ေနသည္။

ျမန္မာ ျပည္သူမ်ား အဖို႔က ကမာၻတြင္ မႀကဳံစဖူးေအာင္ covid & coup ဆိုသည့္ 2C ကပ္ႀကီးႏွင့္ ရင္ဆိုင္ေနၾကရ ၿပီ ျဖစ္သည္။ ယင္းႏွင့္ အတူ အာဏာသိမ္း အဖြဲ႕သည္လည္း direct killing, indirect killing ဆိုသည့္ ရာဇဝတ္ မႈမ်ား ႏွင့္ ရင္ဆိုင္ေနၾကရသည္။

ပြင့္ပြင့္လင္းလင္း သုံးသပ္ရမည္ဆိုလွ်င္ အန္ကယ္ ဆမ္ တို႔ အဖြဲ႕က ႏိုင္ငံတြင္း လက္ရွိ ေရွ႕မတိုး ေနာက္မဆုတ္ ျဖစ္ေနမႈကို ႀကိတ္၍ သေဘာက်ေနပုံရွိသည္။ ထိုသို႔ အေနအထား မ်ိဳး ႏွင့္ တ႐ုတ္ တို႔ ႏိုင္ငံတြင္း ေျခမခ်ရဲ ေအာင္ ထိန္းထားႏိုင္မည္ ဟု ယူဆထားႏိုင္သည္ကို မိမိတို႔ဖက္မွ တြက္ဆထားသင့္သည္။ တ႐ုတ္ အစိုးရကေတာ့ မင္းေအာင္လႈိင္ တို႔ဖက္က ႏိုင္ ႏိုင္သည္ဟု ယူဆကာ ေလာင္းေၾကး ထပ္ေနဆဲပင္ ျဖစ္သည္။

သို႔ေသာ္ ထိုသို႔ေသာ အေနအထားမ်ိဳးက ႐ုတ္ျခည္း ေျပာင္းလဲသြားႏိုင္ေပသည္။
အေရးေတာ္ပုံ ေအာင္ရမည္!!!

Hla Soewai