အာဇာနည်နေ့မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တဲ့ သားကြီးအောင်ဆန်းဦး

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦး ကျဆုံးခဲ့ရတဲ့ ဇူလိုင်လ (၁၉ )ရက်နေ့ အာဇာနည်နေ့ကတော့ ဒီကနေ့မှာဆိုရင် (၇၄)နှစ် ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်..။

အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ နှစ်တွေမှာ တက်ရောက်ခဲ့ပေမယ့် ယခု(၂၀၂၁)ခုနှစ်မှာတော့ မတက်ရောက်နိုင်ခဲ့ပါဘူး..။

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအားလုံး နှစ်စဉ်နှစ်တိုင်း စည်ကားစွာကျင်းပခဲ့ကြပေမယ့် ဒီကနေ့မှာတော့ ပြည်တွင်းရေးမငြိမ်သက်မှုတွေအပြင် ကပ်ရောဂါဆိုးတွေကြောင့် ခြောက်သွေ့ခဲ့ရပါတယ်..။

ပြည်ပမှာ အခြေချနေထိုင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးကတော့ ဖခင်ဖြစ်သူနဲ့ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်တွေအတွက် ရည်စူးကုသိုလ်တွေ ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်..။

ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဦးအောင်ဆန်းဦးနဲ့ ဒေါ်လဲ့လဲ့သိန်းတို့က San Diego, California နေအိမ်မှာ သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့တဲ့အကြောင်းကိုတော့ ဒေါ်လဲ့လဲ့သိန်းက သူမရဲ့လူမှုကွန်ယက်မှာ မျှဝေထားတာ ဖြစ်ပါတယ်..။

သတင်းအရင်းမြစ်: Leilei Thein’s Facebook Acc

————-

ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္ေရးဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ အာဇာနည္(၉)ဦး က်ဆုံးခဲ့ရတဲ့ ဇူလိုင္လ (၁၉ )ရက္ေန႔ အာဇာနည္ေန႔ကေတာ့ ဒီကေန႔မွာဆိုရင္ (၇၄)ႏွစ္ ျပည့္သြားခဲ့ၿပီ ျဖစ္ပါတယ္..။

အာဇာနည္ေန႔ အထိမ္းအမွတ္ အခမ္းအနားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္က ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ တက္ေရာက္ခဲ့ေပမယ့္ ယခု(၂၀၂၁)ခုႏွစ္မွာေတာ့ မတက္ေရာက္ႏိုင္ခဲ့ပါဘူး..။

အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ ျမန္မာႏိုင္ငံအတြင္းရွိ ျပည္သူမ်ားအားလုံး ႏွစ္စဥ္ႏွစ္တိုင္း စည္ကားစြာက်င္းပခဲ့ၾကေပမယ့္ ဒီကေန႔မွာေတာ့ ျပည္တြင္းေရးမၿငိမ္သက္မႈေတြအျပင္ ကပ္ေရာဂါဆိုးေတြေၾကာင့္ ေျခာက္ေသြ႕ခဲ့ရပါတယ္..။

ျပည္ပမွာ အေျခခ်ေနထိုင္ေနတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သားႀကီးျဖစ္သူ ဦးေအာင္ဆန္းဦးကေတာ့ ဖခင္ျဖစ္သူနဲ႔ က်ဆုံးသြားခဲ့ၾကတဲ့ အာဇာနည္ေတြအတြက္ ရည္စူးကုသိုလ္ေတြ ျပဳလုပ္ေပးခဲ့ၾကတယ္လို႔ သိရပါတယ္..။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕သားႀကီး ဦးေအာင္ဆန္းဦးနဲ႔ ေဒၚလဲ့လဲ့သိန္းတို႔က San Diego, California ေနအိမ္မွာ သံဃာေတာ္ေတြကို ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့တာ ျဖစ္ပါတယ္..။

အာဇာနည္ေန႔အထိမ္းအမွတ္အျဖစ္ သံဃာေတာ္ေတြကို ဆြမ္းကပ္လႉဒါန္းခဲ့တဲ့အေၾကာင္းကိုေတာ့ ေဒၚလဲ့လဲ့သိန္းက သူမရဲ႕လူမႈကြန္ယက္မွာ မွ်ေဝထားတာ ျဖစ္ပါတယ္..။

သတင္းအရင္းျမစ္: Leilei Thein’s Facebook Acc