ရန်ကုန်မှာ ဆရာဝန်တွေဖမ်းတဲ့ကိစ္စနဲ့ အကျဉ်းသားတွေ ကိုဗစ်ဘယ်လိုကုပေးနေလဲ …ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေရှင်း

ရန်ကုန်မှာ ဆရာဝန်တွေဖမ်းတဲ့ကိစ္စနဲ့ အကျဉ်းသားတွေ ကိုဗစ်ဘယ်လိုကုပေးနေလဲ

နေပြည်တော်-ဇူလိုင်၂၀-၂၀၂၁

ရန်ကုန်တိုင်းမှာ CDM ဝင်ပြီး ပရဟိတလုပ်နေတဲ့ ဆရာဝန်တွေ ဖမ်းတဲ့ကိစ္စ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM သတင်းထောက် ကိုထွန်းက မေးကြည့်တော့

“ဆရာဝန် ၅ ဦးအောက်စီဂျင်အိုးတွေနဲ့ဖမ်းခံရတယ်ဆိုပြီး BBC တို့က သတင်းတွေတက်နေတာတွေ့ရတယ် ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းက တာဝန်ရှိသူတွေကိုအကုန်မေးပြီးပါပြီ၊ဒီလိုဖြစ်စဉ်တွေမရှိပါဘူး၊ ဖမ်းဆီးမှုလည်းမရှိပါဘူး” လို့ VOM ကိုဖြေပါတယ်။

နောက်မေးခွန်းတခုဖြစ်တဲ့ အကျဉ်းထောင်ထဲက အကျဉ်းသားတွေ ကိုဗစ်ဘယ်လောက်ကူးစက်နေလဲ ဘယ်လိုကုပေးနေလဲဆိုတော့

“အကျဉ်းသားတွေ covid ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီးပြောရရင် တစ်နိုင်ငံလုံးမှာရှိတဲ့အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေထဲက covid ရောဂါဖြစ်ပွားသူ ၃၇၅ ဦးရှိပါတယ်။

သူတို့ကိုအကျဉ်းထောင်တွေမှာရှိတဲ့ဆေးရုံတွေမှာသီးခြားထားပြီး ကုသမှုတွေလုပ်ပေးနေပါတယ်။ ကုသဆဲကတော့ ၂၀၈ ဦးဖြစ်ပါတယ်၊ရောဂါပျောက်ပြီးဆေးရုံကဆင်းသွားသူ ၁၅၂ ယောက်ရှိပါတယ်၊

၃၇၅ ဦးမှာ ကုသဆဲ ၂၀၈ ဦး၊ဆေးရုံဆင်းသွားသူက ၁၅၂ ယောက်ဖြစ်ပါတယ်၊သေဆုံးသူဦးဉာဏ်ဝင်းအပါအဝင် ၆ ဦးဖြစ်ပါတယ်၊ ဒီစာရင်းကမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့အကျဉ်းဦးစီးဌာန၊

အကျဉ်းထောင်အသီးသီးမှာဖြစ်ပွားနေမှုစာရင်းဖြစ်ပါကြောင်းနဲ့ covid ရောဂါဖြစ်တယ်၊ရောဂါပျောက်သူ လွတ်ရက်စေ့ပြီးလွတ်သွားသူ ၉ ယောက်ရှိပါတယ်” လို့ ဖြေပါတယ်။

Crd -VOM

Zawgyi

ရန္ကုန္မွာ ဆရာဝန္ေတြဖမ္းတဲ့ကိစၥနဲ႔ အက်ဥ္းသားေတြ ကိုဗစ္ဘယ္လိုကုေပးေနလဲ

ေနျပည္ေတာ္-ဇူလိုင္၂၀-၂၀၂၁

ရန္ကုန္တိုင္းမွာ CDM ဝင္ၿပီး ပရဟိတလုပ္ေနတဲ့ ဆရာဝန္ေတြ ဖမ္းတဲ့ကိစၥ ျပန္ၾကားေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို VOM သတင္းေထာက္ ကိုထြန္းက ေမးၾကည့္ေတာ့

“ဆရာဝန္ ၅ ဦးေအာက္စီဂ်င္အိုးေတြနဲ႔ဖမ္းခံရတယ္ဆိုၿပီး BBC တို႔က သတင္းေတြတက္ေနတာေတြ႕ရတယ္ ။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ရန္ကုန္တိုင္းက တာဝန္ရွိသူေတြကိုအကုန္ေမးၿပီးပါၿပီ၊ဒီလိုျဖစ္စဥ္ေတြမရွိပါဘူး၊ ဖမ္းဆီးမႈလည္းမရွိပါဘူး” လို႔ VOM ကိုေျဖပါတယ္။

ေနာက္ေမးခြန္းတခုျဖစ္တဲ့ အက်ဥ္းေထာင္ထဲက အက်ဥ္းသားေတြ ကိုဗစ္ဘယ္ေလာက္ကူးစက္ေနလဲ ဘယ္လိုကုေပးေနလဲဆိုေတာ့

“အက်ဥ္းသားေတြ covid ေရာဂါျဖစ္ပြားမႈနဲ႔ပတ္သက္ၿပီးေျပာရရင္ တစ္ႏိုင္ငံလုံးမွာရွိတဲ့အက်ဥ္းေထာင္ေတြမွာ အက်ဥ္းသားေတြထဲက covid ေရာဂါျဖစ္ပြားသူ ၃၇၅ ဦးရွိပါတယ္။

သူတို႔ကိုအက်ဥ္းေထာင္ေတြမွာရွိတဲ့ေဆး႐ုံေတြမွာသီးျခားထားၿပီး ကုသမႈေတြလုပ္ေပးေနပါတယ္။ ကုသဆဲေကတာ့ ၂၀၈ ဦးျဖစ္ပါတယ္၊ေရာဂါေပ်ာက္ၿပီးေဆး႐ုံကဆင္းသြားသူ ၁၅၂ ေယာက္ရွိပါတယ္၊

၃၇၅ ဦးမြာ ကုသဆဲ ၂၀၈ ဦး၊ေဆး႐ုံဆင္းသြားသူက ၁၅၂ ေယာက္ျဖစ္ပါတယ္၊ေသဆုံးသူဦးဉာဏ္ဝင္းအပါအဝင္ ၆ ဦးျဖစ္ပါတယ္၊ ဒီစာရင္းကျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့အက်ဥ္းဦးစီးဌာန၊

အက်ဥ္္းေထာင္အသီးသီးမွာျဖစ္ပြားေနမႈစာရင္းျဖစ္ပါေၾကာင္းနဲ႔ covid ေရာဂါျဖစ္တယ္၊ေရာဂါေပ်ာက္သူ လြတ္ရက္ေစ့ၿပီးလြတ္သြားသူ ၉ ေယာက္ရွိပါတယ္” လို႔ ေျဖပါတယ္။

Crd -VOM