ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး နေအိမ်တွင် ရတနသုတ်ပရိတ် ရွတ်ကြရန် စစ်ကောင်စီက တိုက်တွန်း

ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး နေအိမ်တွင် ရတနသုတ်ပရိတ် ရွတ်ကြရန် စစ်ကောင်စီက တိုက်တွန်း

မြန်မာနိုင်ငံတွင် အရှိန်ပြင်းစွာဖြင့် ရိုက်ခတ်လျက်ရှိသော ကိုဗစ်တတိယလှိုင်းကို ကာ ကွယ်ရေး အတွက် ပြည်သူများအနေဖြင့်

နေအိမ်များများတွင် ရတနသုတ် ရွတ်ကြရန် စစ်ကောင်စီက တိုက်တွန်းပန်ကြားချက်တစ်စောင် ထုတ်ပြန်၍ ညွှန်ကြားလိုက်သည်။

ယနေ့ ထုတ်စစ်ကောင်စီ၏ ဝါဒဖြန့် သ တင်းစာများတွင် ယင်းသို့ ရတနသုတ်ရွတ်ကြရန် ညွှန်ကြားခြင်းဖြစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရတနသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပေးကြောင်း၊

ပြည်နယ်/တိုင်း သံဃာနာယကအဖွဲ့များသို့လည်း ရတနသုတ်ပရိတ်တရားတော်ရွတ်ဖတ်ကြရန်လည်း ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ကိုဗစ်တတိယလှိုင်းကပ်ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရန်

ရတနသုတ် ပရိတ်တရားတော်များကို နေ့စဉ် အိမ်တွင်ရွတ်ဖတ်ကြရန် တိုက်တွန်ကြောင်း ဖော်ပြထားသည်။

Credit Khit Thit Media

———-

ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေရး ေနအိမ္တြင္ ရတနသုတ္ပရိတ္ ႐ြတ္ၾကရန္ စစ္ေကာင္စီက တိုက္တြန္း

ျမန္မာႏိုင္ငံတြင္ အရွိန္ျပင္းစြာျဖင့္ ႐ိုက္ခတ္လ်က္ရွိေသာ ကိုဗစ္တတိယလႈိင္းကို ကာ ကြယ္ေရး အတြက္ ျပည္သူမ်ားအေနျဖင့္

ေနအိမ္မ်ားမ်ားတြင္ ရတနသုတ္ ႐ြတ္ၾကရန္ စစ္ေကာင္စီက တိုက္တြန္းပန္ၾကားခ်က္တစ္ေစာင္ ထုတ္ျပန္၍ ၫႊန္ၾကားလိုက္သည္။

ယေန႔ ထုတ္စစ္ေကာင္စီ၏ ဝါဒျဖန႔္ သ တင္းစာမ်ားတြင္ ယင္းသို႔ ရတနသုတ္႐ြတ္ၾကရန္ ၫႊန္ၾကားျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕က ရတနသုတ္ ပရိတ္တရားေတာ္မ်ား ႐ြတ္ဖတ္ေပးေၾကာင္း၊

ျပည္နယ္/တိုင္း သံဃာနာယကအဖြဲ႕မ်ားသို႔လည္း ရတနသုတ္ပရိတ္တရားေတာ္႐ြတ္ဖတ္ၾကရန္လည္း ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားေၾကာင္း ေဖာ္ျပထားသည္။

ျပည္သူမ်ားအေနျဖင့္ ကိုဗစ္တတိယလႈိင္းကပ္ေရာဂါ အႏၲရာယ္မွ ကာကြယ္ႏိုင္ရန္

ရတနသုတ္ ပရိတ္တရားေတာ္မ်ားကို ေန႔စဥ္ အိမ္တြင္႐ြတ္ဖတ္ၾကရန္ တိုက္တြန္ေၾကာင္း ေဖာ္ျပထားသည္။

Credit Khit Thit Media