ပဲခူးထောင်ထဲက ပေးပို့လာတဲ့စာအများပြည်သူသိဖို့ လိုအပ်လို့ ပြန်တင်ပေး လိုက်တဲ့ ပန်ဆယ်လို
ပဲခူးထောင်ထဲက ပေးပို့လာတဲ့စာအများပြည်သူသိဖို့ လိုအပ်လို့ ပြန်တင်ပေး လိုက်တဲ့ ပန်ဆယ်လို
ပဲခူးထောင်ထဲက ပေးပို့လာတဲ့စာပါ။ အများပြည်သူသိဖို့ လိုအပ်လို့ အသက်နဲ့ရင်း ပေးပို့လိုက်ပါတယ်တဲ့။
Facebook ပေါ် ဒီစာရောက်လို့ အရိုက်ခံ၊ အသတ်ခံရရင် သူပဲ ခံပါမယ်တဲ့။ အဲ့တော့ ဒီစာလေးကို မျက်ကွယ်မပြုဘဲ ဖတ်ပေးကြပါ။
ပဲခူးထောင်ထဲမှာ COVID ဆိုးဆိုးရွားရွား ကူးစက်ခံနေရပါပြီတဲ့။ လွန်ခဲ့တဲ့ တစ်ပတ်၊ဆယ်ရက်လောက်က
ထောင်ဝန်ထမ်း ၂ယောက် Positive ဖြစ်ရာကနေ မတရားဖမ်းဆီးခံအကျဉ်းသားတွေကို ကူးစက်လာတာပါ။
တစ်ခန်းထဲမှာတင်ကူးစက်ခံရသူ၂၅ ယောက် ၊ အယောက်၄၀ အထက် ဖြစ်နေပါပြီ။ ကူးစက်ခံရသူတွေကို
တိုက်ပိတ်ထားပါတယ်။ ဆေးကုသခွင့် အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
အခုလို တစ်နိုင်ငံလုံး COVID ရောဂါ ကူးစက်မှု ထိန်းမရဖြစ်နေချိန်မှာ မတရားဖမ်းဆီးထားပြီး ကူးစက်ပါစေ၊
ဆေးမကုဘဲ ပစ်ထားတာဟာ ထောင်ထဲက ပြည်သူတွေအားလုံးကို သေမိန့်ချလိုက်တာနဲ့ အတူတူပါပဲ။
မတရားဖမ်းဆီးခံပြည်သူတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးပါ။
ပန်ဆယ်လို
—————
ပန်ဆယ်လို