ပြည်သူတွေကို ဒုက္ခပေးခဲ့သမျှ ကိုယ့်ရှူးကိုယ်ပတ် ကိုယ့်အတတ်ကိုယ်စူးတော့မယ့် မအလတို့အဖွဲ့

ကိုယ့်ရှူးကိုယ်ပတ်

စကစဟာအဘက်ဘက်က ကျရူံးနေတဲ့ နိုင်ငံရေး သံတမန်ရေးတွေကို အနိုင်ယူဖို့ ကိုဗစ်ကို လက်နက်သဖွယ်အသုံးပြုလာတယ်ဆိုတာ ငြင်းလို့မရပါဘူး

ရည်ရွယ်ချက်ရှိရှိစီမံပြီးလုပ်တယ်ဆိုတာလဲ အထောက်အထားတွေ အရသိသာပါတယ် ကိုဗစ်သိသိသာသာပြန့်ပွားလာသည်ထိ ကျောင်းတွေ ရုံးတွေ လူစုလူဝေးနေရာတွေ လုံးဝမပိတ်ပင်ပဲ လွှတ်ထားပါတယ် နောက်ဆုံး ကျောင်းတွေမှာ တက်သူမရှိတော့မှပဲ ၂ပတ်ပိတ်တယ်လို့ ကြေငြာပါတယ်

ဒီပြန့်နှံမူဟာ အတော့်ကိုထိရောက်သွားပါတယ် နေရာစုံကို ကိုဗစ်ပိုးပြန့်နှံသွားပါတယ် နောက်တော့ ဘယ်လိုရည်ရွယ်ချက်လဲမသိ ဆေးဆိုင်တွေကိုပိတ်ဖို့ ဖိအားပေးပြန်တယ် အောက်စီဂျင်စက်ရုံတွေကို ပိတ်ပစ်သလို အောက်စီဂျင်အိုးတွေကို ဓမြတိုက်တပ်ထဲ စုပြုံပို့ပါတယ်

ပြည်သူကတော့ အောက်စီဂျင်မရလို့ သေဆုံးသူတွေ တစ်ရက်ကိုထောင်နဲ့ချီသေဆုံးနေပေမယ့် သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ သေဆုံးသူ ရာဂဏန်းထက်မပိုပါဘူး ရောဂါဖြစ်လို့ ဆေးရုံသွားလဲ လက်မခံသလို Q စင်တာတွေကလဲ လက်မခံပါဘူး အရပ်ထဲ အဆင်ပြေသလိုကုကြရာက သေဆုံးမူ့နူံး ဟာ မြင့်တက်သည်ထက်မြင့်တက်လာပါတယ်

အဆိုးရွားဆုံးက ဆေးရုံတွေကလက်မခံလို့ အိမ်ထဲမှာ အဆင်ပြေသလို ကုနေရတဲ့လူနာတွေကို စေတနာနဲ့လိုက်လံကုသပေးနေသူတွေကို ဖမ်းဆီးနေတာပဲ

ဒီတော့ စကစ လုပ်ရပ်တွေဟာ လူတွေ ရောဂါပိုးကူးစက်ပြီး များများသေဆုံးဖို့ ရည်ရွယ်နေတာလားဆိုတာ မေးစရာဖြစ်လာပါပြီ

မင်းအောင်လိူင်ဟာ စာရွက်ဖတ်ပြီး Qစင်တာပေါင်း ၆၉၈၀၀ ကျော်ရှိပါတယ်ဆိုပြီး ဗြောင်လိမ်ပါတယ် ဘယ်နေရာတွေမှာ ဖွင့်ထားတာလဲဆိုတာလဲ မေးရပါမယ်

အခု သေဆုံးသူအများစုဟာ အရပ်ထဲမှာသေ ဆုံးသူဖြစ်ပါတယ် သင်္ချိုင်းမှာ သဂြိုလ်ဖို့တောင်အလောင်းတွေထပ်နေတဲ့ ရင်နာစရာ မြင်ကွင်းက မကြည့်ရက်စရာ ဖြစ်ရပြန်ပါတယ်

နောက်တစ်ချက်က NLDပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးသမားတွေကို ရှင်းလင်းဖို့ ကိုဗစ်ကို လက်နက်သဖွယ်သုံးလာတာလဲ ဆက်တိုက်တွေ့ရပါ တယ် မြန်မာပြည်ရဲ့ ကိုဗစ် ဒုတိယလိူင်းနဲ့တတိယလိူင်းဟာ ဖန်တီးမူ့သက်သက်သာဖြစ်ပါတယ်

UN ကတော့ မြန်မာဟာ ကိုဗစ်မျိုးကွဲသစ်တွေ ဖန်တီးထုတ်လုပ်ရာ နေရာဖြစ်လာပြီ လို့ကြေငြာလိုက်တာ ကပ်ရောဂါ​ကြောင့် ပြည်သူကို ဝင်ကယ်ဖို့ သူတို့မှာ တာဝန်ရှိလာပြီလို့ဆိုလိုက်တာပါ။တရုတ်ဟာ အရင်လ ၂၂ရက်နောက်ဆုံးထား တရုတ်နိုင်ငံသားတွေကို အရပြန်ခေါ်ထားပါတယ်

နယ်စပ်မှာလဲ စည်းရိုးကာထားသလို လုံခြုံရေးတင်း ကျပ်ထားပါတယ် ဒီတော့ ကိုဗစ်ရဲ့လက်ရှိ ဗီဇသစ်မျိုးကွဲအခြေအနေကို တရုတ်တို့မြန်မာမှာ စမ်းသပ်ဖို့ စကစတို့နဲ့ လက်ဝါးချင်းရိုက် ခဲ့လေသလားလို့ဆို ရပါမယ်

ကမ္ဘာမှာတတိယလိူင်းဖြစ်တဲ့နိုင်ငံတွေဆိုတာ လက်ချိုးရေလို့ရပါတယ် မြန်မာပြည်ရဲ့အခြေအနေက ထိန်းမနိုင်သိမ်းမရဖြစ်နေသလို အခုကိုဗစ်ကြောင့်လူဦးရေ သန်းဂဏန်းထိသေဆုံးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်

ဒီအခြေအနေကို ကယ်တင်ဖို့ UNဟာ အခုရက်ပိုင်း ခပ်မြန်မြန်လူပ်ရှားလာပါတယ် ကျန်းမာရေးအရေး ပေါ်ကိစ္စကြောင့် UNHCR ဟာ ပထမဆုံးကူညီထောက်ပံရေးတွေပေးဖို့ မင်းတပ်ကိုသွားပါတယ်

စကစခွင့်ပြုတဲ့မြို့ပေါ်စစ်ရှောင်စခန်းတွေကိုသာ သွားခွင့်ရပြီး တောထဲမှာ ပုန်းခိုစစ်ရှောင်နေရတဲ့ဆီ သွားပေးခွင့်မရဘူးလို့ သတင်းတွေထွက်နေပါတယ်

အဲ့လို စကစဘက်ကအကန့်အသတ်တွေနဲ့ လုပ်လာမယ်ဆို ရင် မြန်မာ ပြည်သူတွေရဲ့ နိုင်ငံရေးအကျပ်အတည်း စီးပွားရေးအကျပ်အတည်းတွေကြောင့် R2Pဟာ မကြာခင်အမြန်ဆုံးရောက်လာပါတော့မယ်

USရဲ့ စွမ်းရည်မြှင် ကိုယ်ပျောက်တိုက်လေယာဥ်အုပ်စုလဲ အဆင်သင့်ဖြစ်နေပါပြီ တရုတ်ကိုတိုက်ဖို့ ဆိုတာတော့လုံးဝမဖြစ်နိုင်ပါဘူး ဘိုင်တန်ဟာ တရုတ်ကို ဘယ်တော့မှစစ်မတိုက်ပါဘူး သူလိုတာရဖို့ ကျပ်ပဲကျပ်မှာပါ တရုတ်ကလဲ လက်ရှိအနေအထားမှာ USကို ယှဥ်နိုင်တဲ့ အနေအထားလဲ မရှိသေးတော့ သူကလဲ မတိုက်ပါဘူး ကြားခံ proxy war အနေနဲ့သာ ထားတိုက်ဖို့ ဖြစ်လာမှာပါ

အခုအခြေအနေက မြန်မာပြည်သူအတွက်အရေးပေါ် အခြေအနေဖြစ်နေပါပြီ UNကလဲ မျက်နှာလွှဲလို့ မရတော့တဲ့အခြေအနေဖြစ်သလို USနဲ့မဟာမိတ်နိုင်ငံတွေကလဲ မြန်မာပြည်ကို မဖြစ်မနေကယ်တင်ဖို့ အခြေအနေဖြစ်လာတာကြောင့် စကစရဲ့ယုတ်မာ ပက်စက်တဲ့ အကြံဆိုးနဲ့ ကိုယ့်ပြည်သူကိုကိုယ်ပြန်သတ်ခဲ့တဲ့ အကျိုးကို မကြာခင် ခံစားရပါတော့မယ်လို့ ပြောချင်ပါတယ်ဗျာ

မုဆိုး လက်

————

ကိုယ့်ရှူးကိုယ်ပတ် 🇱🇷







မင်းအောင်လိုင်ဟာ စာရွက်ဖတ်ပြီး Qစင်တာပေါင်း ၆၉၈၀၀ ကျော်ရှိပါတယ်ဆိုပြီး ဗြောင်လိမ်ပါတယ် ဘယ်နေရာတွေမှာ ဖွင့်ထားတာလဲဆိုတာလဲ မေးရပါမယ်


နောက်တစ်ချက်က NLDပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးသမားတွေကို ရှင်းလင်းဖို့ ကိုဗစ်ကို လက်နက်သဖွယ်သုံးလာတာလဲ ဆက်တိုက်တွေ့ရပါ တယ် မြန်မာပြည်ရဲ့ ကိုဗစ် ဒုတိယလိုင်းနဲ့တတိယလိုင်းဟာ ဖန်တီးမူ့သက်သက်သာဖြစ်ပါတယ်



ကမ္ဘာမှာတတိယလိုင်းဖြစ်တဲ့နိုင်ငံတွေဆိုတာ လက်ချိုးရေလို့ရပါတယ် မြန်မာပြည်ရဲ့အခြေအနေက ထိန်းမနိုင်သိမ်းမရဖြစ်နေသလို အခုကိုဗစ်ကြောင့်လူဦးရေ သန်းဂဏန်းထိသေဆုံးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်






မုဆိုး လက် 🇱🇷