တိုင်ဖွန်းမုန်တိုင်းကြီး ၂ လုံး တရုတ် ဝင်မည် . နှစ်ပေါင်း ၅၀ အတွင်းအဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့နိုင်

တိုင်ဖွန်းမုန်တိုင်းကြီး ၂ လုံး ကြောင့် တရုတ် ၊ ဟောင်ကောင် ၊ ထိုင်ဝမ် ၊ ဂျပန်ကျွန်းဆွယ်များ သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့နိုင်

သိပ်မကြာမီရက်ပိုင်းအတွင်း အပူပိုင်းမုန်တိုင်း Cempaka နဲ့ In-Fa လို့ခေါ်တဲ့မုန်တိုင်းကြီး ၂ ခုဟာ တောင်တရုတ်ပင်လယ်ကနေ အနောက်အာရှနှင့်မြောက်ဘက်ဘက်ကို

ဝင်ရောက်တိုက်ခိုက်ဘို့တာဆူနေပြီဖြစ်တဲ့အတွက် မိုးအဆက်မပြတ်ရွာသွန်းနိုင်တယ်လို့ CNN သတင်းမှာဖော်ပြသွားပါတယ် ။ရေကြီးရေလျှံမှုတွေလည်းကြုံတွေ့ရနိုင်ပါတယ် ။

Cempaka အပူပိုင်းဇုန်မုန်တိုင်းအဖြစ်ကနေ တိုင်ဖွန်းမုန်တိုင်းအဖြစ် အင်္ဂါနေ့မနက်ပိုင်း ၀၅:၀၀ ခန့်မှာ တောင်တရုတ်ပင်လယ် ၊ ဟောင်ကောင်ကမ်းခြေကနေ ကီလိုမီတာ ၁၈၅ အကွာကနေဗဟုပြုကာ ၁ နာရီလျှင် ကီလိုမီတာ ၁၂၀ နှုန်းနဲ့ တိုက်ခတ်နိုင်ပါသည် ။

ဟောင်ကောင်ကိုတော့ တစ်နာရီလျင် ကီလိုမီတာ ၄၁ မှ ၆၂ ကီလိုမီတာအထိ ဖြတ်သန်းတိုက်ခိုက်နိုင်တာကြောင့် အရေးပေါ်သတိပေးချက်အဆင့် ၃ ထိကြေညာချက်ထုတ်ပြန်ထားပါတယ်။

In-Fa မုန်တိုင်းကတော့ မြောက်ဘက်ကိုရွေ့လျားသွားပြီး ထိုင်ဝမ်ကျွန်းနှင့် ဂျပန်ကျွန်ဆွယ်တောင်ပိုင်းကို တိုင်ဖွန်းမုန်တိုင်းအဖြစ်အားပြောင်းသွားနိုင်တယ်လို့သုံးသပ်ထားပါတယ် ။

Cempaka မုန်တိုင်းနှင့်ထိပ်တိုက်မဆုံနိုင်ပါဘူး ၊လာမယ့် ၂၃ ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့တော်မှာ ကျင်းပမည့် အိုလံပစ်အားကစားပွဲတော်အတွင်း မုန်တိုင်းနှင့်ရင်ဆိုင်နိုင်ရပါသည် ။

ထိုင်ဝမ်နိုင်ငံကိုတော့ လာမည့် ၂၃ ရက်နေ့တွင် မုန်တိုင်းဟာအားကောင်းကောင်းနဲ့ဝင်ရောက်မှာဖြစ်ပြီးနှစ်ပေါင်း ၅၀ အတွင်းသဘာဘေးဒဏ်အဆိုးရွားဆုံးကို ရင်ဆိုင်ကြုံတွေ့နိုင်တယ်လို့ရေးသားထားပါတယ် ။

လူသားအားလုံးဘေးရန်ကင်းကြပါစေဗျာ

Photo CNN / SiThuMaung

———-










Photo CNN / SiThuMaung