ကောင်းထက်ဇော် ကွယ်လွန်ပြီဆိုတာ သတင်းအမှားတွေဖြစ်ပြီး လက်ရှိ ကောင်းထက်ဇော်ရဲ့ ကျန်းမာရေး အခြေအနေ
ကောင်းထက်ဇော် ကွယ်လွန်ပြီဆိုတာ သတင်းအမှားတွေဖြစ်ပြီး လက်ရှိ ကောင်းထက်ဇော်ရဲ့ ကျန်းမာရေး အခြေအနေ
ပရိတ်သတ်ကြီးရေ.အစီစဉ်တင်ဆက်သူတွေများစွာရှိတဲ့အနက်မှ အသံပါဝါအားကောင်းကောင်းနဲ့ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ သူကတော့ အစီစဉ်တင်ဆက်သူ ကောင်းထက်ဇော်ပဲဖြစ်ပါတယ်နော်။
ကောင်းထက်ဇော်ဟာဆိုရင် မိသားစုပြိုင်ပွဲ၊ The Money Drop Myanmar (ငွေတွေဝင်)အစီအစဉ်ရဲ့ပင်တိုင် အစီစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ပါတယ်။
မြန်မာပြည်မှာကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာစိုးရိမ်ကြောက်လန့်နေကြရပြီးတစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။
လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့အထဲမှာမှ အစီအစဥ်တင်ဆက်သူ ကောင်းထက်ဇော်လည်း ကူးစက်ခံခဲ့ရပါတယ် သူဟာ နဂိုကတည်းကအဆုတ်ရောင်ရောဂါကို ခံစားနေခဲ့ရပြီး အခုကိုဗစ်ကူးစက်ခံရတော့ ရောဂါဝေဒနါကို အတော်လေး ခံစားနေရတာပါ
အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေဟာ သတိရ စကားပြောနိုင်နေပြီဖြစ်ပြီး၊ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေဟာ သတင်းအမှားတွေ ဖြစ်ကြောင်း သိရပါတယ်။
ကောင်းကြီးရဲ့လက်ရှိ အခြေအနေပါ။ သတိရ စကား ပြောနိုင်နေပါပြီ။ အားလုံး စိတ်ဒုက္ခရောက်နေကြတဲ့ ဒီအချိန်မှာ မသေချာဘဲနဲ့ လျှောက်မတင်၊ မ share ကြသင့်ပါဘူးလို့ ကောင်းထက်ဇော်ရဲ့ မိတ်ဆွေ ကိုဖိုးနီက ဆိုပါတယ်။
ကောင်းထက်ဇော်ရဲ့ ကျန်းမာရေး အခြေအနေဟာ မနက်ဖြန် စင်တာကနေ ဆေးရုံသို့ ရွှေ့ရမှာဖြစ်ပြီး၊ အဆုတ်ကို ဆက်လက် ကုသရမယ်လို့ သိရပါတယ်။
တင်ဆက်သူ ကောင်းထက်ဇော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အဆုတ်ရောင် ရောဂါကြောင့် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ crd
———-