စစ်တပ်ပိုင် ကန်သာယာဆေးရုံမှ ဝန်ထမ်းများ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်

စစ်တပ်ပိုင် ကန်သာယာဆေးရုံမှ ဝန်ထမ်းများ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်

ရန်ကုန်မြို့ အင်ယားကန်စောင်းရှိ ကန်သာယာဆေးရုံမှ ဝန်ထမ်း ၃၅ဦးတွင် ကိုဗစ်ကူးစက်ခံနေရကြောင်း အဆိုပါဆေးရုံမှဝန်ထမ်းများအပြောအရ သိရသည်။

ကန်သာယာဆေးရုံမှာ လက်ရှိ ဝန်ထမ်း၂၀၀ဦး ခန့်ရှိပြီး ကူးစက်ခံရသူများတွင် သူနာပြုဌာန ၊ ငွေစာရင်းဌာန၊ ဧည့်ကြိုဌာန၊ အရေးပေါ်ဌာနနှင့် ဆေးဆိုင်တို့မှဝန်ထမ်းများ အများဆုံးပါဝင်သည်ဟု သတင်းရင်းမြစ်ကပြောသည်။

ဇူလိုင်လ အစပိုင်းတွင် ဆေးရုံဝန်ထမ်းကြိုပို့ကားမောင်းသူ ခုနှစ်ဦးတွင် ကိုဗစ်စတင် ကူးစက်ခံရပြီး နောက်ပိုင်းမှာ ကူးစက်မှု များလာခြင်း ဖြစ်သည်ဟုဆိုသည်။

“အခုလိုတွေ ဖြစ်နေတာကို ကာကွယ်ရမယ်ဆိုတဲ့ စိတ်လည်း မရှိဘူး။ ဆေးကုသမှုလည်း သေချာမလုပ်ပေးဘူး။ တစ်ချို့လူတွေဆို ကိုဗစ်တောင်မစစ်ပေးဘူး။ အနံ့ပျောက်တာလောက်ဆိုရင် နားခိုင်းလိုက်တာတွေပဲ ရှိတယ်။ ဘာဆို ဘာမှ မလုပ်ပေးဘူး”ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

ကိုဗစ်ကူးစက်ခံရပြီး ရောဂါပြင်းထန်သော ဝန်ထမ်းများကို ကန်သာယာဆေးရုံ၏ လေးလွှာမှာထားရှိပြီး ရောဂါလက္ခဏာမပြင်းထန်သူဟု သတ်မှတ်သူ ( အနံ့မရသူနှင့် ချောင်းဆိုးသူ) အချို့မှာ အလုပ်ဆင်းရမြဲဖြစ်သည်။ ဝန်ထမ်းအင်အားလုံလောက်မှုမရှိသဖြင့် အလုပ်ဆင်းခိုင်းခြင်းဖြစ်သည်ဟု မဇ္ဈိမက သိရသည်။

ကန်သာယာဆေးရုံကို စစ်တပ်အတွက် ငွေရှာသည့် ဦးပိုင်ဟုလူသိများသည့် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် ( MEC ) က ပိုင်ဆိုင်သည်။

ဗွီအိုအေမြန်မာပိုင်းအစီအစဉ်တွင် ဆောင်းပါးရှင်ဦးအောင်ခင်က မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ ဦးစီးဌာန (DICA) ကို ဦးပိုင်က ၂၀၂၀ ဇန်နဝါရီလကတင်သွင်းသောအစီရင်ခံစာကိုကိုးကား၍ ရေးသားထားရာတွင် ဦးပိုင်တွင် အစုရှယ်ယာဝင်အဖြစ် စစ်မှုထမ်းနှင့်

စစ်မှုထမ်းဟောင်း ၃၈၁,၆၃၆ ရှိပြီး တိုင်းစစ်ဌာနချုပ်၊ တပ်ရင်း၊ တပ်မ၊ စစ်မှုထမ်းဟောင်းအသင်း အဖွဲ့အစည်း ၁,၈၀၁ ကလည်း အစုရှယ်ယာပိုင်ဆိုင်ကြသည်။ ၂၀၁၁ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစုရှယ်ယာ ငါးသိန်းပိုင်ဆိုင်၍ အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ ရရှိသွားသည်ဟု ပါရှိသည်။

တပ်ထောက်ချုပ်အပါအဝင် စစ်ဘက်ခေါင်းဆောင်များလာလေ့ရှိသည့် ကန်သာယာဆေးရုံတွင် ဝန်ထမ်းများကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်ရန်တားမြစ်ထားသည်။ ဝန်ထမ်းတစ်ဦး၏ စက်ဘီးတွင် လက်သုံးချောင်းထောင်သော စတစ်ကာကပ်ထားမှုကြောင့် ဆေးရုံအာဏာပိုင်များက ခေါ်ယူသတိပေးခဲ့ခြင်းရှိခဲ့သည်။

ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကုသမှုခံယူနေသူ နှစ်ဒါဇင်ကျော်ရှိနေပြီး ပြင်ပမှလာရောက်ကုသသူ နေ့စဉ် ၇၀ ကျော်ရှိသည်။

“ဆေးရုံက ပိတ်သင့်တဲ့ အနေအထားကို ရောက်နေပြီ၊ ကိုဗစ်မဖြစ်တဲ့ လူနာတွေကိုလည်း ကူးမှာစိုးရိမ်တယ်၊ ကိုဗစ်ဖြစ်နေတဲ့ သူတွေကို သီးသန့်ထားစေချင်တယ်၊ ကောင်းနေတဲ့ သူတွေနဲ့ ရောမထားစေချင်ဘူး၊ အခုလို ရောထားတာ အကုန်ကူးကုန်တာပေါ့”ဟု ဝန်ထမ်းတစ်ဦးကပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆေးရုံကို ဗုံးခွဲတိုက်ခိုက်မှာကိုကြောက်ရွံ့၍ သူနာပြုများ၊ ဧည့်ကြိုများ၊ ငွေကိုင်များ၊ ဆေးဆိုင်ဝန်ထမ်းများနှင့် ရုံးပိုင်းဝန်ထမ်းတွေပါ မကျန် ကင်းစောင့်ခဲ့ကြရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ ရှိသည့် ရှစ်ထပ်ခွဲ အဆောက်အဦ ကန်သာယာဆေးရုံကို ၂၀၁၇ ဒီဇင်ဘာ ၂၆ ရက်၌ စတင်ဖွင့်လှစ်ခဲ့ပြီး တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့သည်။

Crd – Mizzima

————

စစ္တပ္ပိုင္ ကန္သာယာေဆး႐ုံမွ ဝန္ထမ္းမ်ား အစုလိုက္အၿပဳံလိုက္ ကိုဗစ္ကူးစက္

ရန္ကုန္ၿမိဳ႕ အင္ယားကန္ေစာင္းရွိ ကန္သာယာေဆး႐ုံမွ ဝန္ထမ္း ၃၅ဦးတြင္ ကိုဗစ္ကူးစက္ခံေနရေၾကာင္း အဆိုပါေဆး႐ုံမွဝန္ထမ္းမ်ားအေျပာအရ သိရသည္။

ကန္သာယာေဆး႐ုံမွာ လက္ရွိ ဝန္ထမ္း၂၀၀ဦး ခန႔္ရွိၿပီး ကူးစက္ခံရသူမ်ားတြင္ သူနာျပဳဌာန ၊ ေငြစာရင္းဌာန၊ ဧည့္ႀကိဳဌာန၊ အေရးေပၚဌာနႏွင့္ ေဆးဆိုင္တို႔မွဝန္ထမ္းမ်ား အမ်ားဆုံးပါဝင္သည္ဟု သတင္းရင္းျမစ္ကေျပာသည္။

ဇူလိုင္လ အစပိုင္းတြင္ ေဆး႐ုံဝန္ထမ္းႀကိဳပို႔ကားေမာင္းသူ ခုႏွစ္ဦးတြင္ ကိုဗစ္စတင္ ကူးစက္ခံရၿပီး ေနာက္ပိုင္းမွာ ကူးစက္မႈ မ်ားလာျခင္း ျဖစ္သည္ဟုဆိုသည္။

“အခုလိုေတြ ျဖစ္ေနတာကို ကာကြယ္ရမယ္ဆိုတဲ့ စိတ္လည္း မရွိဘူး။ ေဆးကုသမႈလည္း ေသခ်ာမလုပ္ေပးဘူး။ တစ္ခ်ိဳ႕လူေတြဆို ကိုဗစ္ေတာင္မစစ္ေပးဘူး။ အနံ႔ေပ်ာက္တာေလာက္ဆိုရင္ နားခိုင္းလိုက္တာေတြပဲ ရွိတယ္။ ဘာဆို ဘာမွ မလုပ္ေပးဘူး”ဟု ဝန္ထမ္းတစ္ဦးက ေျပာသည္။

ကိုဗစ္ကူးစက္ခံရၿပီး ေရာဂါျပင္းထန္ေသာ ဝန္ထမ္းမ်ားကို ကန္သာယာေဆး႐ုံ၏ ေလးလႊာမွာထားရွိၿပီး ေရာဂါလကၡဏာမျပင္းထန္သူဟု သတ္မွတ္သူ ( အနံ႔မရသူႏွင့္ ေခ်ာင္းဆိုးသူ) အခ်ိဳ႕မွာ အလုပ္ဆင္းရၿမဲျဖစ္သည္။ ဝန္ထမ္းအင္အားလုံေလာက္မႈမရွိသျဖင့္ အလုပ္ဆင္းခိုင္းျခင္းျဖစ္သည္ဟု မဇၩိမက သိရသည္။

ကန္သာယာေဆး႐ုံကို စစ္တပ္အတြက္ ေငြရွာသည့္ ဦးပိုင္ဟုလူသိမ်ားသည့္ ျမန္မာ့စီးပြားေရးဦးပိုင္လိမိတက္ ( MEC ) က ပိုင္ဆိုင္သည္။

ဗြီအိုေအျမန္မာပိုင္းအစီအစဥ္တြင္ ေဆာင္းပါးရွင္ဦးေအာင္ခင္က ျမန္မာ့ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ား ဦးစီးဌာန (DICA) ကို ဦးပိုင္က ၂၀၂၀ ဇန္နဝါရီလကတင္သြင္းေသာအစီရင္ခံစာကိုကိုးကား၍ ေရးသားထားရာတြင္ ဦးပိုင္တြင္ အစုရွယ္ယာဝင္အျဖစ္ စစ္မႈထမ္းႏွင့္

စစ္မႈထမ္းေဟာင္း ၃၈၁,၆၃၆ ရွိၿပီး တိုင္းစစ္ဌာနခ်ဳပ္၊ တပ္ရင္း၊ တပ္မ၊ စစ္မႈထမ္းေဟာင္းအသင္း အဖြဲ႕အစည္း ၁,၈၀၁ ကလည္း အစုရွယ္ယာပိုင္ဆိုင္ၾကသည္။ ၂၀၁၁ တြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အစုရွယ္ယာ ငါးသိန္းပိုင္ဆိုင္၍ အေမရိကန္ေဒၚလာ ႏွစ္သိန္းခြဲ ရရွိသြားသည္ဟု ပါရွိသည္။

တပ္ေထာက္ခ်ဳပ္အပါအဝင္ စစ္ဘက္ေခါင္းေဆာင္မ်ားလာေလ့ရွိသည့္ ကန္သာယာေဆး႐ုံတြင္ ဝန္ထမ္းမ်ားကို ႏိုင္ငံေရးလႈပ္ရွားမႈေတြမွာ မပါဝင္ရန္တားျမစ္ထားသည္။ ဝန္ထမ္းတစ္ဦး၏ စက္ဘီးတြင္ လက္သုံးေခ်ာင္းေထာင္ေသာ စတစ္ကာကပ္ထားမႈေၾကာင့္ ေဆး႐ုံအာဏာပိုင္မ်ားက ေခၚယူသတိေပးခဲ့ျခင္းရွိခဲ့သည္။

ေဆး႐ုံတြင္ ကိုဗစ္-၁၉ ေရာဂါကုသမႈခံယူေနသူ ႏွစ္ဒါဇင္ေက်ာ္ရွိေနၿပီး ျပင္ပမွလာေရာက္ကုသသူ ေန႔စဥ္ ၇၀ ေက်ာ္ရွိသည္။

“ေဆး႐ုံက ပိတ္သင့္တဲ့ အေနအထားကို ေရာက္ေနၿပီ၊ ကိုဗစ္မျဖစ္တဲ့ လူနာေတြကိုလည္း ကူးမွာစိုးရိမ္တယ္၊ ကိုဗစ္ျဖစ္ေနတဲ့ သူေတြကို သီးသန႔္ထားေစခ်င္တယ္၊ ေကာင္းေနတဲ့ သူေတြနဲ႔ ေရာမထားေစခ်င္ဘူး၊ အခုလို ေရာထားတာ အကုန္ကူးကုန္တာေပါ့”ဟု ဝန္ထမ္းတစ္ဦးကေျပာသည္။

အာဏာသိမ္းၿပီးေနာက္ပိုင္းတြင္ ေဆး႐ုံကို ဗုံးခြဲတိုက္ခိုက္မွာကိုေၾကာက္႐ြံ႕၍ သူနာျပဳမ်ား၊ ဧည့္ႀကိဳမ်ား၊ ေငြကိုင္မ်ား၊ ေဆးဆိုင္ဝန္ထမ္းမ်ားႏွင့္ ႐ုံးပိုင္းဝန္ထမ္းေတြပါ မက်န္ ကင္းေစာင့္ခဲ့ၾကရသည္။

ရန္ကုန္တိုင္းေဒသႀကီး လႈိင္ၿမိဳ႕နယ္မွာ ရွိသည့္ ရွစ္ထပ္ခြဲ အေဆာက္အဦ ကန္သာယာေဆး႐ုံကို ၂၀၁၇ ဒီဇင္ဘာ ၂၆ ရက္၌ စတင္ဖြင့္လွစ္ခဲ့ၿပီး တပ္ခ်ဳပ္ မင္းေအာင္လႈိင္ ကိုယ္တိုင္ တက္ေရာက္ခဲ့သည္။

Crd – Mizzima