
ကန်နဲ့ဂျပန် ဒုနိုင်ငံခြားရေးဝန်ကြီးများ မြန်မာဒီမိုကရေစီရေးဆွေးနွေး
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wedny Sherman ဟာ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mori Takeo နဲ့ တိုကျိုမြို့တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အားပေးလုပ်ဆောင်တာမှာ မြန်မာလူထုကို ပံ့ပိုးကူညီသွားရေးဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ဒုဝန်ကြီးတွေဖြစ်ကြတဲ့ Sherman နဲ့ Mori တို့ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က တာဝန်ရှိသူတွေဟာ အခုလို တခြားအစိုးရအဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာတွေ ရှိခဲ့တဲ့အပေါ် နိုင်ငံတကာက ပြစ်တင် ဝေဖန်ထားသလို အမေရိကန်ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားပါတယ်။
ဂျပန်နိုင်ငံကတော့ အလားတူ ဒဏ်ခတ်အရေးယူမှုတွေ ချမထားဘဲ မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့တွေ ထပ်မပေးတော့ဘူးလို့ ကြေညာထားပါတယ်။
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အရင် စစ်အာဏာသိမ်း ကာလတွေက စစ်အစိုးရအဆက်ဆက်ကို အကူအညီပေးခဲ့ဖူးပြီး ဂျပန်ကုမ္ပဏီတွေဟာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေ လုပ်ခဲ့ကြပါတယ်။
အခုတကြိမ် စစ်တပ်အာဏာသိမ်းတဲ့အပေါ်မှာတော့ ဂျပန်အစိုးရက ဝေဖန် ပြောဆိုတာတွေ ရှိလာခဲ့ပါတယ်။
———-
ကန္နဲ႔ဂ်ပန္ ဒုႏိုင္ငံျခားေရးဝန္ႀကီးမ်ား ျမန္မာဒီမိုကေရစီေရးေဆြးေႏြး
အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wedny Sherman ဟာ ဂ်ပန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Mori Takeo နဲ႔ တိုက်ိဳၿမိဳ႕ေတာ္မွာ ဒီကေန႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့လည္း ထည့္သြင္း ေဆြးေႏြးခဲ့ၾကပါတယ္။
ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေရး အားေပးလုပ္ေဆာင္တာမွာ ျမန္မာလူထုကို ပံ့ပိုးကူညီသြားေရးဆိုင္ရာ လုပ္ေဆာင္မႈေတြနဲ႔ပတ္သက္ၿပီး ႏွစ္ႏိုင္ငံ ဒုဝန္ႀကီးေတြျဖစ္ၾကတဲ့ Sherman နဲ႔ Mori တို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ဒီကေန႔ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။
အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံတို႔က တာဝန္ရွိသူေတြဟာ အခုလို တျခားအစိုးရအဖြဲ႕ေတြက တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံတဲ့အခါမွာ ျမန္မာႏိုင္ငံအေရးနဲ႔ပတ္သက္ၿပီး မၾကာခဏ ထည့္သြင္းေျပာဆိုေလ့ရွိပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ကန႔္ကြက္ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲ ဖမ္းဆီးတာေတြ ရွိခဲ့တဲ့အေပၚ ႏိုင္ငံတကာက ျပစ္တင္ ေဝဖန္ထားသလို အေမရိကန္ကေတာ့ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြ၊ စစ္တပ္နဲ႔ဆက္စပ္တဲ့ စီးပြားေရးလုပ္ငန္းေတြကို ဒဏ္ခတ္ ပိတ္ဆို႔ အေရးယူမႈေတြ ခ်မွတ္ထားပါတယ္။
ဂ်ပန္ႏိုင္ငံကေတာ့ အလားတူ ဒဏ္ခတ္အေရးယူမႈေတြ ခ်မထားဘဲ ျမန္မာႏိုင္ငံကို အကူအညီ အေထာက္အပံ့ေတြ ထပ္မေပးေတာ့ဘူးလို႔ ေၾကညာထားပါတယ္။
ဂ်ပန္ႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာ အရင္ စစ္အာဏာသိမ္း ကာလေတြက စစ္အစိုးရအဆက္ဆက္ကို အကူအညီေပးခဲ့ဖူးၿပီး ဂ်ပန္ကုမၸဏီေတြဟာလည္း ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံတာေတြ လုပ္ခဲ့ၾကပါတယ္။
အခုတႀကိမ္ စစ္တပ္အာဏာသိမ္းတဲ့အေပၚမွာေတာ့ ဂ်ပန္အစိုးရက ေဝဖန္ ေျပာဆိုတာေတြ ရွိလာခဲ့ပါတယ္။
Credit