မြန်မာကို လေယာဥ်ကအစ စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ရုရှားလက်နက်ကုမ္ပဏီ အကြီးအကဲကပြော

မြန်မာကို လေယာဥ်ကအစ စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ရုရှားလက်နက်ကုမ္ပဏီ အကြီးအကဲကပြော

မြန်မာကို လေယာဥ် အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရုရှားက ပေးဖို့ရာ လုပ်ဆောင် နေတယ်လို့ မော်စကိုက လာတဲ့ သတင်းတွေက ဆိုပါတယ်။

“စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးဖို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေ ရှိနေပါတယ်။ လေယာဥ်လည်း ပါဝင်ပါတယ်” ဆိုပြီး ရိုဆိုဘိုရိုနက်စပေါ့ Rosoboronexport လက်နက်ပွဲစား ကုမ္ပဏီရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်က ပြောကြောင်း ကြားသိရပါတယ်။

အဲဒီ ကုမ္ပဏီဟာ ရုရှား အစိုးရအောက်မှာ ရှိပြီး ပြည်ပကို ရုရှားရဲ့ စစ်လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့မှုအားလုံးကို တာဝန်ယူဖို့ရာ သမ္မတပူတင်က အမိန့်စာ ထုတ်ထားပါတယ်။

အခုသီတင်းပတ်ထဲမှာပဲ ရုရှားမှာ နှစ်စဥ်လုပ်လေ့ရှိတဲ့ နိုင်ငံတကာ MAKS လေယာဥ်ပြပွဲ ရှိနေခဲ့တာမှာ ရုရှားကထုတ်တဲ့ နောက်ဆုံးပေါ် တိုက်လေယာဥ်ကအစ ထုတ်ပြခဲ့ပြီး သမ္မတပူတင်လည်း လာပြီးကြည့်ပါတယ်။

အဲဒီ ပြပွဲမှာ လက်နက်တင်ပို့ရေး တာဝန်ခံ အလက်ဇန်ဒါ မီခေးဗ်က မြန်မာကို လေယာဥ်တွေ အပါအဝင် စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ပြောကြောင်း မော်စကို အခြေစိုက် အစိုးရနဲ့ မသက်ဆိုင်တဲ့ သတင်းဌာန အင်တာဖက်စ်က ရေးပါတယ်။

ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက နောက်ဆုံးချမှတ်ထားတဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက်တွေထဲ ပါဝင်တဲ့ မြန်မာပြည်ထဲ လက်နက်စီးဝင်မှု တားဆီးရေး ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

အဲဒီ ရုရှားကုမ္ပဏီ ရိုဆိုဘိုရိုနက်စပေါ့ကို အီရန်ကို လက်နက်ရောင်းလို့ ဆိုပြီး အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ဖူးပါတယ်။

အခု မြန်မာပြည်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးမယ်လို့ ရိုဆိုဘိုရိုနက်စပေါ့ရဲ့ အကြီးအကဲက ပြောလာတာ ဖြစ်ပြီး၊ လေယာဥ်ပါဝင်တယ်လို့ ပြောတာကလွဲလို့ ဘာအမျိုးစားလဲ၊ ဘယ်နှစ်စင်းလဲ၊ တခြား ဘာလက်နက်တွေ စစ်သုံးပစ္စည်းတွေ ပါသေးလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ မသိရသေးပါဘူး။

လုံခြုံရေးဆိုင်ရာ မော်စကို ကွန်ဖရင့်စ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ပြီးခဲ့တဲ့ လတုန်းက သွားခဲ့တုန်းကတော့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူးက မြန်မာနဲ့ကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားမယ် ဆိုပြီး ပြောထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ- Getty

၁။ ရုရှားလက်နက်တွေ ပြည်ပပို့ဖို့ သမ္မတပူတင်က Rosoboronexport ကုမ္ပဏီကို တာဝန်ပေးထား

၂။ Rosoboronexport ရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်

၃။ အခုသီတင်းပတ်ထဲ MAKS ပြပွဲမှာ ထုတ်ပြခဲ့တဲ့ ရုရှားရဲ့ အင်္ဂျင်တစ်လုံးတပ် ဆုခွိုင်အမျိုးအစား နောက်ဆုံးထုတ် အပေါ့စား ဂျက်တိုက်လေယာဥ်။ “ပွဲသိမ်း” “Checkmate” ဆိုပြီး နာမည်ပေးထား

၄။ MAKS ပြပွဲမှာ ရုရှားရဲ့ Mikoyan MIG-31 မစ်-၃၁ တိုက်လေယာဥ်ကိုလည်း တွေ့ခဲ့ရ

Crd – BBC

Zawgyi

ျမန္မာကို ေလယာဥ္ကအစ စစ္သုံးပစၥည္းေတြ ေပးမယ္လို႔ ႐ုရွားလက္နက္ကုမၸဏီ အႀကီးအကဲကေျပာ

ျမန္မာကို ေလယာဥ္ အပါအဝင္ စစ္ဘက္ဆိုင္ရာ ပစၥည္းေတြ ႐ုရွားက ေပးဖို႔ရာ လုပ္ေဆာင္ ေနတယ္လို႔ ေမာ္စကိုက လာတဲ့ သတင္းေတြက ဆိုပါတယ္။

စစ္ဘက္ဆိုင္ရာ ပစၥည္းေတြ ေပးဖို႔ နီးနီးကပ္ကပ္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ိဳးေတြ ရွိေနပါတယ္။ ေလယာဥ္လည္း ပါဝင္ပါတယ္ ဆိုၿပီး ႐ိုဆိုဘို႐ိုနက္စေပါ့ Rosoboronexport လကၷၾကၸဲစား ကုမၸဏီရဲ႕ အႀကီးအကဲ အလက္ဇန္ဒါ မီေခးဗ္က ေျပာေၾကာင္း ၾကားသိရပါတယ္။

အဲဒီ ကုမၸဏီဟာ ႐ုရွား အစိုးရေအာက္မွာ ရွိၿပီး ျပည္ပကို ႐ုရွားရဲ႕ စစ္လက္နက္ေတြနဲ႔ စစ္သုံးပစၥည္းေတြ တင္ပို႔မႈအားလုံးကို တာဝန္ယူဖို႔ရာ သမၼတပူတင္က အမိန္႔စာ ထုတ္ထားပါတယ္။

အခုသီတင္းပတ္ထဲမွာပဲ ႐ုရွားမွာ ႏွစ္စဥ္လုပ္ေလ့ရွိတဲ့ ႏိုင္ငံတကာ MAKS ေလယာဥ္ျပပြဲ ရွိေနခဲ့တာမွာ ႐ုရွားကထုတ္တဲ့ ေနာက္ဆုံးေပၚ တိုက္ေလယာဥ္ကအစ ထုတ္ျပခဲ့ၿပီး သမၼတပူတင္လည္း လာၿပီးၾကည့္ပါတယ္။

အဲဒီ ျပပြဲမွာ လက္နက္တင္ပို႔ေရး တာဝႏၡံ အလက္ဇန္ဒါ မီေခးဗ္က ျမန္မာကို ေလယာဥ္ေတြ အပါအဝင္ စစ္သုံးပစၥည္းေတြ ေပးမယ္လို႔ ေျပာေၾကာင္း ေမာ္စကို အေျခစိုက္ အစိုးရနဲ႔ မသက္ဆိုင္တဲ့ သတင္းဌာန အင္တာဖက္စ္က ေရးပါတယ္။

ဒါဟာ ကုလသမဂၢ ေအေၾထၾထ ညီလာခံက ေနာက္ဆုံးခ်မွတ္ထားတဲ့ ျမန္မာ့ ေအရး ဆုံးျဖတ္ခ်က္ေတြထဲ ပါဝင္တဲ့ ျမန္မာျပည္ထဲ လက္နက္စီးဝင္မႈ တားဆီးေရး ဆိုတဲ့ အခ်က္နဲ႔ ဆန္႔က်င္ေနတာ ျဖစ္ပါတယ္။

အဲဒီ ႐ုရွားကုမၸဏီ ႐ိုဆိုဘို႐ိုနက္စေပါ့ကို အီရႏၠို လက္နက္ေရာင္းလို႔ ဆိုၿပီး ေအမရိကႏၠ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ျပဳလုပ္ဖူးပါတယ္။

အခု ျမန္မာျပည္ကို စစ္ဘက္ဆိုင္ရာ ပစၥည္းေတြ ေပးမယ္လို႔ ႐ိုဆိုဘို႐ိုနက္စေပါ့ရဲ႕ အႀကီးအကဲက ေျပာလာတာ ျဖစ္ၿပီး၊ ေလယာဥ္ပါဝင္တယ္လို႔ ေျပာတာကလြဲလို႔ ဘာအမ်ိဳးစားလဲ၊ ဘယ္ႏွစ္စင္းလဲ၊ တ်ခား ဘာလက္နက္ေတြ စစ္သုံးပစၥည္းေတြ ပါေသးလဲ ဆိုတဲ့ အေသးစိတ္ အခ်က္ေတြကိုေတာ့ မသိေရသးပါဘူး။

လုံၿခဳံေရးဆိုင္ရာ ေမာ္စကို ကြန္ဖရင့္စ္ကို အာဏာသိမ္း စစ္ေခါင္းေဆာင္ ၿပီးခဲ့တဲ့ လတုန္းက သြားခဲ့တုန္းကေတာ့ ႐ုရွား ကာကြယ္ေရးဝန္ႀကီး ဆာေဂး႐ြိဳင္ဂူးက ျမန္မာနဲ႔ၾကား စစ္ဘက္ဆိုင္ရာ ဆက္ဆံေရး ဆက္လက္တိုးျမႇင့္သြားမယ္ ဆိုၿပီး ေျပာထားပါတယ္။ #ဘီဘီစီျမန္မာပိုင္း

ဓာတၸဳံ- Getty

၁။ ႐ုရွားလက္နက္ေတြ ျပည္ပပို႔ဖို႔ သမၼတပူတင္က Rosoboronexport ကုမၸဏီကို တာဝန္ေပးထား

၂။ Rosoboronexport ရဲ႕ အႀကီးအကဲ အလက္ဇန္ဒါ မီေခးဗ္

၃။ အခုသီတင္းပတ္ထဲ MAKS ျပပြဲမွာ ထုတ္ျပခဲ့တဲ့ ႐ုရွားရဲ႕ အဂ်ၤင္တစ္လုံးတပ္ ဆုခြိဳင္အမ်ိဳးအစား ေနာက္ဆုံးထုတ္ ေအပါ့စား ဂ်က္တိုက္ေလယာဥ္။ ပြဲသိမ္း Checkmate ဆိုၿပီး နာမည္ေပးထား

၄။ MAKS ျပပြဲမွာ ႐ုရွားရဲ႕ Mikoyan MIG-31 မစ္-၃၁ တိုက္ေလယာဥ္ကိုလည္း ေတြ႕ခဲ့ရ

Crd – BBC