သူ့ရဲ့မိသားစုဝင်များကို အာဏာရှင်လူတစ်စုမှ အိမ်ပေါ်ထိ လက်နက်တွေနဲ့ တက်လာပြီး ခြိမ်းခြောက်ခံရတဲ့ ဖြစ်စဉ်အား ပြောပြခဲ့တဲ့ တိုင်းကျော်

လူရွှင်တော် တိုင်းကျော်ဟာ လက်ရှိအချိန်မှာတော့ လွတ်မြောက်နယ်မြေတွင် တော်လှန်ရေး တိုက်ပွဲများအတွက် ကြိုးစားလုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။ မနေ့က တိုင်းကျော်ရဲ့ မွေးနေ့ဖြစ်ပြီး သူ့ကို ချစ်ခင်ကြတဲ့

မိတ်ဆွေအပေါင်းအသင်းများနဲ့ သူငယ်ချင်းများက လူမှုကွန်ယက်ကနေ မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာတောင် သိပ်မပျော်နိုင်ဘဲ စိတ်မကောင်းစရာသတင်းတစ်ခု ပရိသတ်တွေကို ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ သူလွတ်မြောက်နယ်မြေသို့ ရောက်ရှိပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ပြင်ဆင်နေတာကြောင့် မြို့ပေါ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်များကို အာဏာရှင်လူတစ်စုက အိမ်ပေါ်ထိတက်ပြီး ခြိမ်းခြောက်ခဲ့ပုံတွေကို ပြောပြလာတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုတော့ တိုင်းကျော်ရဲ့ ညီမကိုယ်တိုင် သူ့ဆီ စာရေးသားပြောပြခဲ့တာကြောင့် အကြောင်းစုံကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုက သူတို့ရဲ့ အိမ်ပေါ်ကို ဖိနပ်တွေနဲ့ တက်လာကြပြီး အမေ့ပုခုံးပေါ်ကို သေနတ်တင်ထားတဲ့အတွက် မိခင်ဖြစ်သူမှာ အသားတွေ တဆတ်ဆတ်တုန်နေပြီးကြောက်လန့်ခဲ့ကြောင်း ရေးသားထားပါတယ်။

ဖခင်ဖြစ်သူကိုလည်း ” ခင်ဗျားသား လိုင်းပေါ်မှာ ဘာတွေတင်လည်း သိတယ်နော် အဘိုးကြီး” လို့ပြောရုံသာမက ညီမဖြစ်သူကိုလည်း ” နင့်အစ်ကိုဆိုတဲ့ ကောင်ကို အရေခွံစုတ်မှာ ” ဆိုပြီးတော့လည်း ကြမ်းတမ်းစွာ ပြောဆိုခဲ့ကြပါတယ်။ လက်ရှိအချ်ိန်မှာတော့ ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်နေပြီး ကိုယ့်ရပ်ရွာမဟုတ်တာကြောင့် အဆင်မပြေကြောင်း ဝမ်းနည်းစွာ ရေးသားထားပါတယ်။

တောထဲမှာရောက်နေတဲ့ အစ်ကိုနှစ်ယောက်ကိုလည်း အရေးတော်ပုံအောင်သွားတဲ့အခါ ဘေးကင်းစွာနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ ကျန်းမာရေးဂရုစိုက်ကြဖို့ ညီမဖြစ်သူက ရေးသားထားတာ ဖြစ်ပါတယ်။ တိုင်းကျော်ကလည်း ဒီစာကိုဝေမျှခြင်းဟာ ပရိသတ်တွေကို မျက်ရည်ချူခြင်းမဟုတ်ဘဲ သူကြုံတွေ့နေရတာတွေကို သိစေချင်တဲ့အတွက်ပြောပြခြင်းဖြစ်ကြောင်း ရှင်းပြထားပါသေးတယ်။

ပြည်သူတွေကလည်း အရာအားလုံးကို ပေးဆပ်ပြီးတော်လှန်ရေးအတွက် ပြင်ဆင်နေကြတဲ့ တိုင်းကျော်တို့ ဟားငါးကောင်အဖွဲ့သားများအတွက် လေးစားဂုဏ်ယူနေကြောင်း comment များတွင် ရေးသားထားကြပါတယ်။ အရေးတော်ပုံကြီးအမြန်ဆုံးအောင်မြင်ပြီး ခွဲခွာနေရတဲ့မိသားစုတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Taing Kyaw’s Facebook Account

————

လူ႐ႊင္ေတာ္ တိုင္းေက်ာ္ဟာ လက္ရွိအခ်ိန္မွာေတာ့ လြတ္ေျမာက္နယ္ေျမတြင္ ေတာ္လွန္ေရး တိုက္ပြဲမ်ားအတြက္ ႀကိဳးစားလုပ္ကိုင္ေနသူတစ္ဦး ျဖစ္ပါတယ္။ မေန႔က တိုင္းေက်ာ္ရဲ႕ ေမြးေန႔ျဖစ္ၿပီး သူ႔ကို ခ်စ္ခင္ၾကတဲ့

မိတ္ေဆြအေပါင္းအသင္းမ်ားနဲ႔ သူငယ္ခ်င္းမ်ားက လူမႈကြန္ယက္ကေန ေမြးေန႔ဆုမြန္ေကာင္း ေတာင္းေပးခဲ့ၾကတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေမြးေန႔မွာေတာင္ သိပ္မေပ်ာ္ႏိုင္ဘဲ စိတ္မေကာင္းစရာသတင္းတစ္ခု ပရိသတ္ေတြကို ေဝမွ်ေပးလာခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ သူလြတ္ေျမာက္နယ္ေျမသို႔ ေရာက္ရွိၿပီး ေတာ္လွန္ေရးတိုက္ပြဲမ်ားအတြက္ ျပင္ဆင္ေနတာေၾကာင့္ ၿမိဳ႕ေပၚမွာ က်န္ခဲ့တဲ့ မိသားစုဝင္မ်ားကို အာဏာရွင္လူတစ္စုက အိမ္ေပၚထိတက္ၿပီး ၿခိမ္းေျခာက္ခဲ့ပုံေတြကို ေျပာျပလာတာ ျဖစ္ပါတယ္။

ဒီအေၾကာင္းအရာကိုေတာ့ တိုင္းေက်ာ္ရဲ႕ ညီမကိုယ္တိုင္ သူ႔ဆီ စာေရးသားေျပာျပခဲ့တာေၾကာင့္ အေၾကာင္းစုံကို သိရွိခဲ့ရတာ ျဖစ္ပါတယ္။ အာဏာရွင္လူတစ္စုက သူတို႔ရဲ႕ အိမ္ေပၚကို ဖိနပ္ေတြနဲ႔ တက္လာၾကၿပီး အေမ့ပုခုံးေပၚကို ေသနတ္တင္ထားတဲ့အတြက္ မိခင္ျဖစ္သူမွာ အသားေတြ တဆတ္ဆတ္တုန္ေနၿပီးေၾကာက္လန႔္ခဲ့ေၾကာင္း ေရးသားထားပါတယ္။

ဖခင္ျဖစ္သူကိုလည္း ” ခင္ဗ်ားသား လိုင္းေပၚမွာ ဘာေတြတင္လည္း သိတယ္ေနာ္ အဘိုးႀကီး” လို႔ေျပာ႐ုံသာမက ညီမျဖစ္သူကိုလည္း ” နင့္အစ္ကိုဆိုတဲ့ ေကာင္ကို အေရခြံစုတ္မွာ ” ဆိုၿပီးေတာ့လည္း ၾကမ္းတမ္းစြာ ေျပာဆိုခဲ့ၾကပါတယ္။ လက္ရွိအခ်္ိန္မွာေတာ့ ေဘးကင္းရာသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ေနၿပီး ကိုယ့္ရပ္႐ြာမဟုတ္တာေၾကာင့္ အဆင္မေျပေၾကာင္း ဝမ္းနည္းစြာ ေရးသားထားပါတယ္။

ေတာထဲမွာေရာက္ေနတဲ့ အစ္ကိုႏွစ္ေယာက္ကိုလည္း အေရးေတာ္ပုံေအာင္သြားတဲ့အခါ ေဘးကင္းစြာနဲ႔ ျပန္လည္ေတြ႕ဆုံႏိုင္ဖို႔ က်န္းမာေရးဂ႐ုစိုက္ၾကဖို႔ ညီမျဖစ္သူက ေရးသားထားတာ ျဖစ္ပါတယ္။ တိုင္းေက်ာ္ကလည္း ဒီစာကိုေဝမွ်ျခင္းဟာ ပရိသတ္ေတြကို မ်က္ရည္ခ်ဴျခင္းမဟုတ္ဘဲ သူႀကဳံေတြ႕ေနရတာေတြကို သိေစခ်င္တဲ့အတြက္ေျပာျပျခင္းျဖစ္ေၾကာင္း ရွင္းျပထားပါေသးတယ္။

ျပည္သူေတြကလည္း အရာအားလုံးကို ေပးဆပ္ၿပီးေတာ္လွန္ေရးအတြက္ ျပင္ဆင္ေနၾကတဲ့ တိုင္းေက်ာ္တို႔ ဟားငါးေကာင္အဖြဲ႕သားမ်ားအတြက္ ေလးစားဂုဏ္ယူေနေၾကာင္း comment မ်ားတြင္ ေရးသားထားၾကပါတယ္။ အေရးေတာ္ပုံႀကီးအျမန္ဆုံးေအာင္ျမင္ၿပီး ခြဲခြာေနရတဲ့မိသားစုေတြနဲ႔ ျပန္လည္ဆုံဆည္းႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Taing Kyaw’s Facebook Account