ကုလ သံအမတ်ကြီးနေရာအတွက် သူတို့ခန့်အပ်ထားသူကို အသိအမှတ်ပြုပေးဖို့ စကစ မှ ထပ်မံတောင်းဆို

ကုလ သံအမတ်ကြီးနေရာအတွက် စကစ က ထပ်မံကြိုးပမ်းနေ

(၂၁/၇/၂၀၂၁)

နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ် သံအမတ်ကြီးနေရာအတွက် သူတို့ခန့်အပ်ထားသူကို အသိအမှတ်ပြုပေးဖို့ စကစ နိုင်ငံခြားရေးဝန်ကြီးက ထပ်မံတောင်းဆိုလိုက် ပါတယ်။

စကစ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလ အတွင်းရေးမှူးချုပ် Antonio Guterres ထံ ပေးပို့တဲ့စာထဲမှာ အခုလိုတောင်းဆိုထားတာဖြစ်ပါတယ်။ ဒီစာရဲ့မိတ္တူကို AP သတင်းဌာနက လက်ခံရရှိထားပြီး လက်ရှိသံအမတ် ဦးကျော်မိုးထွန်းအစား စစ်တပ်က ခန့်အပ်တဲ့ စစ်အရာရှိဟောင်း ဦးအောင်သူရိန်ကို လက်ခံဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

လက်ရှိ သံအမတ် ဦးကျော်မိုးထွန်းဟာ ညွှန်ကြားချက်တွေကိုမလိုက်နာတဲ့အတွက် ဖေဖေါ်ဝါရီ ၂၇ ကတည်းက တာဝန်ကနေရပ်ဆိုင်းထားပြီးဖြစ်တယ်။ ဒါကြောင့် သူနေရာမှာ စစ်ဖက်အရာရှိဟောင်းတဦးဖြစ်သူ ဦးအောင်သူရိန်ကို အစားထိုးလက်ခံဖို့ တင်ပြထားပါတယ်။

နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို အတိအလင်းဆန့်ကျင်ပြီး ရွေးကောက်ခံအမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံ အားပေးခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် စစ်တပ်အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက အပြတ်သားဆုံးဆန့်ကျင်ကြဖို့၊ နိုဝင်ဘာရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုဖို့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့၊ ကုလ အစည်းဝေးခန်းမအတွင်း ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ပြီး နိုင်ငံတကာ သံတမန်တွေက လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။

အဲဒီလိုပြောဆိုပြီးကတည်းက ဦးကျော်မိုးထွန်းကို တာဝန်ကရပ်ဆိုင်းတယ်လို့ စကစ ကကြေညာထားပေမယ့် အခုချိန်အထိ ကုလသမဂ္ဂဖက်က စကစ ရဲ့ စာတွေကို လက်ခံစဉ်းစားခြင်းမရှိသေးပါဘူး။

အခု နောက်ဆုံးစာမလာခင် အရင်စာကို မေလ ၁၂ ရက်မှာ စကစ ကပေးပို့ထားတာဖြစ်ပါတယ်။ ဒီစာနဲ့ပတ်သက်ပြီး ကုလ အထွေထွေညီလာခံက တာဝန်ပေးထားတဲ့ အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံပါ credentials committee က ဆုံးဖြတ်ချက်ချပေးရမှာဖြစ်ပါတယ်။

ကုလ လက်ထောက်ပြောခွင့်ရသူ Farhan Haq ကတော့ ဒီစာနဲ့ပတ်သက်ပြီး ၉ နိုင်ငံပါ ကော်မီတီရဲ့ဆွေးနွေးပွဲလုပ်မယ့်အစီစဉ်မရှိသေးဘူးလို့ သူနားလည်ထားတယ်လို့ ပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက အနိုင်ရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် သက်တန်း အုပ်ချုပ်ခွင့်ပေးဖို့ ဇွန်လ အထွေထွေညီလာခံအတွင်း ညွန်းဆိုပြောကြားခဲ့ပါတယ်။

Source: AP

Zawgyi

ကုလ သံအမတ္ႀကီးေနရာအတြက္ စကစ က ထပ္မံႀကိဳးပမ္းေန

(၂၁/၇/၂၀၂၁)

နယူးေယာက္ရွိ ကုလသမဂၢဌာနခ်ဳပ္ သံအမတ္ႀကီးေနရာအတြက္ သူတို႔ခန႔္အပ္ထားသူကို အသိအမွတ္ျပဳေပးဖို႔ စကစ ႏိုင္ငံျခားေရးဝန္ႀကီးက ထပ္မံေတာင္းဆိုလိုက္ ပါတယ္။

စကစ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္က ကုလ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ထံ ေပးပို႔တဲ့စာထဲမွာ အခုလိုေတာင္းဆိုထားတာျဖစ္ပါတယ္။ ဒီစာရဲ႕မိတၱဴကို AP သတင္းဌာနက လက္ခံရရွိထားၿပီး လက္ရွိသံအမတ္ ဦးေက်ာ္မိုးထြန္းအစား စစၱပၠ ခန႔္အပ္တဲ့ စစ္အရာရွိေဟာင္း ဦးေအာင္သူရိန္ကို လက္ခံဖို႔ ေတာင္းဆိုထားတာျဖစ္ပါတယ္။

လက္ရွိ သံအမတ္ ဦးေက်ာ္မိုးထြန္းဟာ ၫႊန္ၾကားခ်က္ေတြကိုမလိုက္နာတဲ့အတြက္ ေဖေဖၚဝါရီ ၂၇ ကတည္းက တာဝန္ကေနရပ္ဆိုင္းထားၿပီးျဖစ္တယ္။ ဒါေၾကာင့္ သူေနရာမွာ စစ္ဖက္အရာရွိေဟာင္းတဦးျဖစ္သူ ဦးေအာင္သူရိန္ကို အစားထိုးလက္ခံဖို႔ တင္ျပထားပါတယ္။

ႏိုင္ငံတကာက အသိအမွတ္ျပဳထားတဲ့ လက္ရွိသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ ေဖေဖၚဝါရီ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းမႈကို အတိအလင္းဆန႔္က်င္ၿပီး ေ႐ြးေကာက္ခံအမတ္ေတြနဲ႔ဖြဲ႕စည္းထားတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကို ေထာက္ခံ အားေပးခဲ့သူျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ရရွိေရးအတြက္ စစ္တပ္အာဏာသိမ္းမႈကို ႏိုင္ငံတကာအသိုင္းအဝိုင္းက အျပတ္သားဆုံးဆန႔္က်င္ၾကဖို႔၊ ႏိုဝင္ဘာေ႐ြးေကာက္ပြဲရလာဒ္ကို အသိအမွတ္ျပဳဖို႔ ေဖေဖၚဝါရီ ၂၆ ရက္ေန႔၊ ကုလ အစည္းေဝးခန္းမအတြင္း ဦးေက်ာ္မိုးထြန္းက ေတာင္းဆိုခဲ့ၿပီး ႏိုင္ငံတကာ သံတမန္ေတြက လကၡဳပၱီး အားေပးခဲ့ၾကပါတယ္။

အဲဒီလိုေျပာဆိုၿပီးကတည္းက ဦးေက်ာ္မိုးထြန္းကို တာဝန္ကရပ္ဆိုင္းတယ္လို႔ စကစ ကေၾကညာထားေပမယ့္ အခုခ်ိန္အထိ ကုလသမဂၢဖက္က စကစ ရဲ႕ စာေတြကို လက္ခံစဥ္းစားျခင္းမရွိေသးပါဘူး။

အခု ေနာက္ဆုံးစာမလာခင္ အရင္စာကို ေမလ ၁၂ ရက္မွာ စကစ ကေပးပို႔ထားတာျဖစ္ပါတယ္။ ဒီစာနဲ႔ပတ္သက္ၿပီး ကုလ ေအေၾထၾထညီလာခံက တာဝန္ေပးထားတဲ့ အဖြဲ႕ဝင္ႏိုင္ငံ ၉ ႏိုင္ငံပါ credentials committee က ဆုံးျဖတ္ခ်က္ခ်ေပးရမွာျဖစ္ပါတယ္။

ကုလ လက္ေထာက္ေျပာခြင့္ရသူ Farhan Haq ေကတာ့ ဒီစာနဲ႔ပတ္သက္ၿပီး ၉ ႏိုင္ငံပါ ေကာ္မီတီရဲ႕ေဆြးေႏြးပြဲလုပ္မယ့္အစီစဥ္မရွိေသးဘူးလို႔ သူနားလည္ထားတယ္လို႔ ေျပာပါတယ္။

ကုလအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ေကတာ့ ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ NLD ပါတီက အႏိုင္ရတဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကို ဒုတိယအႀကိမ္ သက္တန္း အုပ္ခ်ဳပ္ခြင့္ေပးဖို႔ ျဇႏႅ အေထြေထြညီလာခံအတြင္း ၫြန္းဆိုေျပာၾကားခဲ့ပါတယ္။

Source: AP