နိုင်ငံသားများအတွက် သက်ညှာစွာ စဉ်းစားပြီးအချုပ်သားများအား ပြန်လည်လွှတ်ပေးခြင်းဖြစ်ဟု…

ယနေ့ ဇူလိုင် ၂၂ ရက် ၊ ညနေ (၃) နာရီခန့်တွင် အင်းစိန်ထောင်ရှိ အမှုပိတ်သိမ်းခြင်းခံရသောကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများမှ

အချုပ်သားများအား သက်ဆိုင်ရာခရိုင်အ လိုက် အကျဉ်းထောင် အနောက်ပေါက်မှ YBS ယာဉ်များဖြင့် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

အမိန့်ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လတ်တလောဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်မှုကို ထိရောက်စွာ

ကာကွယ်ကုသနိုင်ရေးအတွက်လည်း ကောင်း၊ သက်ဆိုင်ရာ တရားရုံး များတွင် စွဲဆိုထားသည့် ပြစ်မှုများအတွက် တရားခံများကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက် များကြောင့်

ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ် ရက်များ ရှည်ကြာနေသဖြင့်လည်းကောင်း အချို့သော ပြစ်မှုဖြင့် စွဲဆိုခံရသည့်

နိုင်ငံသားများအတွက် သက်ညှာစွာ စဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

Source popular journal

——–






