ကုလ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဘယ်သူဖြစ်လာနိုင်သလဲ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာကို စစ်ကောင်စီဘက်က ပြန်ရဖို့ ကြိုးစားမူတွေရှိလာပြီး၊ လပိုင်းတွေအတွင်း ကုလအထွေထွေညီလာခံမှာ အဆုံးအဖြတ်ပေးရဖို့ မျှော်လင့်ထားကြပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လက်ရှိကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဖယ်ပြီး၊ အမေရိကန်ဆိုင်ရာမြန်မာစစ်သံမူးနဲ့ အစားထိုးဖို့၊ အခုလို ကြိုးပမ်းလာတာက၊ ရှေ.မှာ ဘယ်လို ဆက်ဖြစ်လာနိုင်ပါလဲ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ Christopher Gunness တို့ကို ကိုဝင်းမင်းက မေးထားပါတယ်။
ကိုဝင်းမင်း။. ။ သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်ကောင်စီဖက်က ကြိုးစားလာပုံကို အခုလိုစရှင်းပြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ။. ။ ပြီးခဲ့တဲ့ မေလလောက်ကတည်းက စစ်ကောင်စီက ပို့တဲ့စာမှာတော့ ဝါရှင်တန်ဒီစီမှာရှိတဲ့ ဗိုလ်မှူးကြီး အောင်သူရိန် ပေါ့နော်။ သူရဲ စီဗွီ မှာတော့ ဝါရှင်တန်ဒီစီ မှာ လုပ်တယ်ဖော်ပြထားတာမဟုတ်ပဲ။ စစ်ဖက်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ၂ဝ၂၁ အထိ စစ်ဖက်မှာ တာဝန်ထမ်းဆောင်ရင်း အခု နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတယ်ဆိုတာဖော်ပြထားပါတယ်။ လာမယ် စက်တင်ဘာ ၇၆ကြိမ် မှာCredential Challenge ယူဆပါတယ်ခင်ဗျ။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ ဗြိတိန်အခြေစိုက် Myanmar Accountability Project မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံမှုရှိရေး တာဝန်ခံ ခရစ်စတိုဗာဂန်းနက် ကလည်း ဒီကြိုးစာမှု အရေးပါမှုကို အခုလိုပြောပါတယ်။

ခရစ်စတိုဗာဂန်းနက် ။. ။ အရမ်းကို ရှင်းပါတယ်၊ စစ်အုပ်စုအနေနဲ့ ကုလသမဂ္ဂက ထိုင်ခုံနေရာကို အတင်း သိမ်းယူဖို့ ကြိုးစားတာပါပဲ။ ဒါကို၊ ကုလ အထွေထွေညီလာခံရဲ့ စီစစ်အသိအမှတ်ပြုရေးကော်မတီ Credential Committee က အဆုံးအဖြတ်ပေးရမှာပေါ့နော်။ အဲ့ဒိတော့ ဆုံးဖြတ်နိုင်စရာ ၂ ခုရှိပါတယ်။ တစ်ခုကတော့ နောက်မှဆုံးဖြတ်ဖို့ရွေ.ဆိုင်းလိုက်တာပါ။ နောက်တခုကတော့ တစ်ဘက်ဘက်ကို အသိအမှတ်ပြုပေးလိုက်တာပါ။

ကိုဝင်းမင်း ။. ။ ဒါအပြင် အခုလက်ရှိ Credential Committee စိစစ်လက်ခံရေးကော်မီတီကိုလည်း ဦးကျော်မိုးထွန်း က

သံအမတ်ကြီး ဦးကျော်မိုးထွန်း ။. ။ Credential Committee စိစစ်လက်ခံရေးကော်မီတီမှာ အဖွဲ့ဝင် ၉ နိုင်ငံပါတယ်။ အဲဒီ ၉ နိုင်ငံမှာ ၃ နိုင်ငံကတော့ အမြဲတန်းအဖွဲ့ဝင်ဖြစ်နေတယ်။ အဲဒီနိုင်ငံတွေကတော့ အမေရိကန် ၊ တရုတ် နဲ့ ရုရှားတို့ဖြစ်တယ်။ ကျန် ၆နိုင်ငံကတော့ အမြဲတန်းပြောင်းသွားပါတယ်။ Credential Committee စိစစ်လက်ခံရေးကော်မီတီ ကလည်း Report တင်ထားလို့ Review မလုပ်ဖူးလို့နားလည်ထားပါတယ်။ ဒါကြောင့် ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အနေနဲ့ ကျနော်ဆက်ရှိနေမယ်လို့ ယူဆပါတယ်။

ကိုဝင်းမင်း ။. ။ အဲဒီတော့ Credential Committee စိစစ်လက်ခံရေးကော်မီတီ က ရှေ့မှာ ဘယ်လိုဆုံးဖြတ်ချက်ချပေးနိုင်မလဲဆိုတာ ခရစ်စတိုဘာဂန်းနက် က ..

ခရစ်စတိုဘာဂန်းနက် ။. ။ အခြေခံအားဖြင့်တော့ အာဏာသိမ်းခေါင်းဆောင်တွေ အနိုင်မရဖို့ များပါတယ်။

ဒီ စီစစ်အသိအမှတ်ပြုရေးကော်မတီအနေနဲ့ အာဏာသိမ်းခေါင်းဆောင်တွေကို ကုလထိုင်ခုံနေရာပေးလိုက်ဖို့က ဖြစ်နိုင်ချေ အနည်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ အဓိကက၊ အရင်ဖြစ်ခဲ့တဲ့ သာဓကတွေရှိထားလို့ပါ။ ၁၉၉၀ ခုနှစ်တွေတုံးက ဟေတီ နဲ့ Sierra Leone နိုင်ငံတွေမှာ အာဏာသိမ်းခဲ့စဉ်တုံးက၊ အခုလို ကုလထိုင်ခုံနေရာပါ သိမ်းယူလိုသူတွေကို၊ ဒီကော်မတီက အသိအမှတ်ပြုမပေးခဲ့ပါဘူး။

ကိုဝင်းမင်း ။. ။ ဒါအပြင် ရှေ့ဖြစ်မယ် အခြေအနေကိုလည်း ဦးကျော်မိုးထွန်း က..

သံအမတ်ကြီး ဦးကျော်မိုးထွန်း ။. ။ အထွေထွေညီလာခံမတိုင်မီမှာ ကို စည်းရုံးရပါတယ်။ ၃ နိုင်ငံက ရှိနေမယ်။ ၆ နိုင်ငံက အသစ်တွေပေါ့။ ဘယ်သူတွေဖြစ်လာမယ်ဆိုတာတော့ မသိသေးဘူး။ ဘယ်လိုဖြစ်ဖြစ် လက်လှမ်းမီသမျှစလုပ်နေတယ်။ ဥပမာ အမေရိကန်ဆိုရင်လည်း သူတို့နဲ့ဆွေးနွေးပြီး လုပ်တာအများကြီးရှိပါတယ်။

ကိုဝင်းမင်း ။. ။ ရှေ့မှာဖြစ်လာနိုင်တာကိုလည်း ခရစ်စတိုဗာဂန်းနက် က…

ခရစ်စတိုဘာဂန်းနက် ။. ။ လက်ရှိဖြစ်ဖို့ အတော်များနေပုံရတာကတော့၊ အခုမဆုံးဖြတ်ဘဲ နောက်ကိုရွေ.လိုက်ဖို့ပါ။ ဒါပေမဲ့ ကျွန်တော်ထင်ပါတယ်၊ ဒီကိစ္စက အရမ်းကို သိသာထင်ရှားလွန်းနေပါတယ်။ ဒီမိုကရေစီနည်းကျလုပ်တဲ့ ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးခဲ့သူတစ်စုက၊ သူ့ပြည်သူကို သေနပ်ပြန်ထောက်ပြီး ထအာဏာသိမ်းတယ်၊ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ပြောသလို အကြောက်တရားနဲ့ အခုလွှမ်းမိုးထားတာကို၊ ကုလသမဂ္ဂလိုစင်မြင့်က လူတွေက သွားထောက်ခံပေးလို့ရမှာလဲ။

နောက် အထူးသဖြင့်၊ ၂၀၁၈ ခုနှစ်တုံးက ကုလသမဂ္ဂအချက်အလက်စုံစမ်းရေးမစ်ရှင်ကနေ၊ လူမျိုးတုံးသတ်ဖြတ်မူတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်မူတွေ၊ စစ်ရာဇဝတ်မူတွေနဲ့ စွဲချက်တင်ဖို့ပြောထားတဲ့သူတွေကို၊ အသိအမှတ်ပြုပေးဖိုဆိုတော့လေ၊ ခက်လွန်းပါတယ်။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ ဦးကျော်မိုးထွန်း ကလည်း ရှေ့ဆက်ကြိုးစားရမယ့်အနေအထားကို အခုလိုပြောပြပါတယ်။

အမတ်ကြီး ဦးကျော်မိုးထွန်း ။. ။ ကုလထိုင်ခုံကို ကျနော်တို့နိုင်ငံနဲ့ ပြည်သူကို ကိုယ်စားပြုနိုင်သူက ယူထားနိုင်တာက အကောင်းဆုံးဖြစ်ပါမယ်။ ဒီအတွက် ကျနော်တို့ ပြည်သူတွေကော အားလုံးကို ဝိုင်းဝန်ကြိုးစားဖို့လိုပါမယ်။ ဒီ နယူးယောက်မှာတင်မက သက်ဆိုင်ရာ မြို့တော်တွေမှာ စည်းရုံးဖို့လိုပါမယ်။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ ခရစ်စတိုဗာဂန်နက် ကတော့ စစ်ကောင်စီဖက်က ရဖို့ခက်မယ်လို့ပြောပါတယ်။

တကယ်တော့ သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်ကောင်စီ ကို ဆန့်ကျင်ကတည်း က စစ်ကောင်စိအတွက် ကျဆုံးမှုဖြစ်သလို အခုလာမယ် အသိမှတ်ပြုပွဲကလည်း နောက်ထပ် သံတမန်ရေးအရ ကျဆုံးမှုဖြစ်တယ်လို့ လေ့လာသူတွေက ဆိုနေကြပါတယ်ခင်ဗျာ။

———-

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးေနရာကို စစ္ေကာင္စီဘက္က ျပန္ရဖို႔ ႀကိဳးစားမူေတြရွိလာၿပီး၊ လပိုင္းေတြအတြင္း ကုလအေထြေထြညီလာခံမွာ အဆုံးအျဖတ္ေပးရဖို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

စစ္အာဏာသိမ္းတာကို ဆန႔္က်င္တဲ့ လက္ရွိကုလသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကိုဖယ္ၿပီး၊ အေမရိကန္ဆိုင္ရာျမန္မာစစ္သံမူးနဲ႔ အစားထိုးဖို႔၊ အခုလို ႀကိဳးပမ္းလာတာက၊ ေရွ.မွာ ဘယ္လို ဆက္ျဖစ္လာႏိုင္ပါလဲ။

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ ၿဗိတိန္အေျခစိုက္ ျမန္မာ့အေရးသုံးသပ္သူ Christopher Gunness တို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။
ကိုဝင္းမင္း။. ။ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း က စစ္ေကာင္စီဖက္က ႀကိဳးစားလာပုံကို အခုလိုစရွင္းျပပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ။. ။ ၿပီးခဲ့တဲ့ ေမလေလာက္ကတည္းက စစ္ေကာင္စီက ပို႔တဲ့စာမွာေတာ့ ဝါရွင္တန္ဒီစီမွာရွိတဲ့ ဗိုလ္မႉးႀကီး ေအာင္သူရိန္ ေပါ့ေနာ္။ သူရဲ စီဗြီ မွာေတာ့ ဝါရွင္တန္ဒီစီ မွာ လုပ္တယ္ေဖာ္ျပထားတာမဟုတ္ပဲ။ စစ္ဖက္မွာ တာဝန္ထမ္းေဆာင္ခဲ့တယ္။ ၂ဝ၂၁ အထိ စစ္ဖက္မွာ တာဝန္ထမ္းေဆာင္ရင္း အခု ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ တာဝန္ထမ္းေဆာင္ေနတယ္ဆိုတာေဖာ္ျပထားပါတယ္။ လာမယ္ စက္တင္ဘာ ၇၆ႀကိမ္ မွာCredential Challenge ယူဆပါတယ္ခင္ဗ်။

ကိုဝင္းမင္း ။. ။ ဒီေနရာမွာ ၿဗိတိန္အေျခစိုက္ Myanmar Accountability Project ျမန္မာႏိုင္ငံဆိုင္ရာ တာဝန္ခံမႈရွိေရး တာဝန္ခံ ခရစ္စတိုဗာဂန္းနက္ ကလည္း ဒီႀကိဳးစာမႈ အေရးပါမႈကို အခုလိုေျပာပါတယ္။

ခရစ္စတိုဗာဂန္းနက္ ။. ။ အရမ္းကို ရွင္းပါတယ္၊ စစ္အုပ္စုအေနနဲ႔ ကုလသမဂၢက ထိုင္ခုံေနရာကို အတင္း သိမ္းယူဖို႔ ႀကိဳးစားတာပါပဲ။ ဒါကို၊ ကုလ အေထြေထြညီလာခံရဲ႕ စီစစ္အသိအမွတ္ျပဳေရးေကာ္မတီ Credential Committee က အဆုံးအျဖတ္ေပးရမွာေပါ့ေနာ္။ အဲ့ဒိေတာ့ ဆုံးျဖတ္ႏိုင္စရာ ၂ ခုရွိပါတယ္။ တစ္ခုကေတာ့ ေနာက္မွဆုံးျဖတ္ဖို႔ေ႐ြ.ဆိုင္းလိုက္တာပါ။ ေနာက္တခုကေတာ့ တစ္ဘက္ဘက္ကို အသိအမွတ္ျပဳေပးလိုက္တာပါ။

ကိုဝင္းမင္း ။. ။ ဒါအျပင္ အခုလက္ရွိ Credential Committee စိစစ္လက္ခံေရးေကာ္မီတီကိုလည္း ဦးေက်ာ္မိုးထြန္း က .

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ။. ။ Credential Committee စိစစ္လက္ခံေရးေကာ္မီတီမွာ အဖြဲ႕ဝင္ ၉ ႏိုင္ငံပါတယ္။ အဲဒီ ၉ ႏိုင္ငံမွာ ၃ ႏိုင္ငံကေတာ့ အၿမဲတန္းအဖြဲ႕ဝင္ျဖစ္ေနတယ္။ အဲဒီႏိုင္ငံေတြကေတာ့ အေမရိကန္ ၊ တ႐ုတ္ နဲ႔ ႐ုရွားတို႔ျဖစ္တယ္။ က်န္ ၆ႏိုင္ငံကေတာ့ အၿမဲတန္းေျပာင္းသြားပါတယ္။ Credential Committee စိစစ္လက္ခံေရးေကာ္မီတီ ကလည္း Report တင္ထားလို႔ Review မလုပ္ဖူးလို႔နားလည္ထားပါတယ္။ ဒါေၾကာင့္ ကုလသမဂၢဆိုင္ရာ ကိုယ္စားလွယ္အေနနဲ႔ က်ေနာ္ဆက္ရွိေနမယ္လို႔ ယူဆပါတယ္။

ကိုဝင္းမင္း ။. ။ အဲဒီေတာ့ Credential Committee စိစစ္လက္ခံေရးေကာ္မီတီ က ေရွ႕မွာ ဘယ္လိုဆုံးျဖတ္ခ်က္ခ်ေပးႏိုင္မလဲဆိုတာ ခရစ္စတိုဘာဂန္းနက္ က ..
ခရစ္စတိုဘာဂန္းနက္ ။. ။ အေျခခံအားျဖင့္ေတာ့ အာဏာသိမ္းေခါင္းေဆာင္ေတြ အႏိုင္မရဖို႔ မ်ားပါတယ္။

ဒီ စီစစ္အသိအမွတ္ျပဳေရးေကာ္မတီအေနနဲ႔ အာဏာသိမ္းေခါင္းေဆာင္ေတြကို ကုလထိုင္ခုံေနရာေပးလိုက္ဖို႔က ျဖစ္ႏိုင္ေခ် အနည္းဆုံးပါ။ ဘာေၾကာင့္လဲဆိုေတာ့ အဓိကက၊ အရင္ျဖစ္ခဲ့တဲ့ သာဓကေတြရွိထားလို႔ပါ။ ၁၉၉၀ ခုႏွစ္ေတြတုံးက ေဟတီ နဲ႔ Sierra Leone ႏိုင္ငံေတြမွာ အာဏာသိမ္းခဲ့စဥ္တုံးက၊ အခုလို ကုလထိုင္ခုံေနရာပါ သိမ္းယူလိုသူေတြကို၊ ဒီေကာ္မတီက အသိအမွတ္ျပဳမေပးခဲ့ပါဘူး။

ကိုဝင္းမင္း ။. ။ ဒါအျပင္ ေရွ႕ျဖစ္မယ္ အေျခအေနကိုလည္း ဦးေက်ာ္မိုးထြန္း က..

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ။. ။ အေထြေထြညီလာခံမတိုင္မီမွာ ကို စည္း႐ုံးရပါတယ္။ ၃ ႏိုင္ငံက ရွိေနမယ္။ ၆ ႏိုင္ငံက အသစ္ေတြေပါ့။ ဘယ္သူေတြျဖစ္လာမယ္ဆိုတာေတာ့ မသိေသးဘူး။ ဘယ္လိုျဖစ္ျဖစ္ လက္လွမ္းမီသမွ်စလုပ္ေနတယ္။ ဥပမာ အေမရိကန္ဆိုရင္လည္း သူတို႔နဲ႔ေဆြးေႏြးၿပီး လုပ္တာအမ်ားႀကီးရွိပါတယ္။

ကိုဝင္းမင္း ။. ။ ေရွ႕မွာျဖစ္လာႏိုင္တာကိုလည္း ခရစ္စတိုဗာဂန္းနက္ က…

ခရစ္စတိုဘာဂန္းနက္ ။. ။ လက္ရွိျဖစ္ဖို႔ အေတာ္မ်ားေနပုံရတာကေတာ့၊ အခုမဆုံးျဖတ္ဘဲ ေနာက္ကိုေ႐ြ.လိုက္ဖို႔ပါ။ ဒါေပမဲ့ ကြၽန္ေတာ္ထင္ပါတယ္၊ ဒီကိစၥက အရမ္းကို သိသာထင္ရွားလြန္းေနပါတယ္။ ဒီမိုကေရစီနည္းက်လုပ္တဲ့ ေ႐ြးေကာက္ပြဲမွာ အႀကီးအက်ယ္ ရႈံးခဲ့သူတစ္စုက၊ သူ႔ျပည္သူကို ေသနပ္ျပန္ေထာက္ၿပီး ထအာဏာသိမ္းတယ္၊ ကုလလူ႔အခြင့္အေရးကိုယ္စားလွယ္ေျပာသလို အေၾကာက္တရားနဲ႔ အခုလႊမ္းမိုးထားတာကို၊ ကုလသမဂၢလိုစင္ျမင့္က လူေတြက သြားေထာက္ခံေပးလို႔ရမွာလဲ။

ေနာက္ အထူးသျဖင့္၊ ၂၀၁၈ ခုႏွစ္တုံးက ကုလသမဂၢအခ်က္အလက္စုံစမ္းေရးမစ္ရွင္ကေန၊ လူမ်ိဳးတုံးသတ္ျဖတ္မူေတြ၊ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္မူေတြ၊ စစ္ရာဇဝတ္မူေတြနဲ႔ စြဲခ်က္တင္ဖို႔ေျပာထားတဲ့သူေတြကို၊ အသိအမွတ္ျပဳေပးဖိုဆိုေတာ့ေလ၊ ခက္လြန္းပါတယ္။

ကိုဝင္းမင္း ။. ။ ဒီေနရာမွာ ဦးေက်ာ္မိုးထြန္း ကလည္း ေရွ႕ဆက္ႀကိဳးစားရမယ့္အေနအထားကို အခုလိုေျပာျပပါတယ္။

အမတ္ႀကီး ဦးေက်ာ္မိုးထြန္း ။. ။ ကုလထိုင္ခုံကို က်ေနာ္တို႔ႏိုင္ငံနဲ႔ ျပည္သူကို ကိုယ္စားျပဳႏိုင္သူက ယူထားႏိုင္တာက အေကာင္းဆုံးျဖစ္ပါမယ္။ ဒီအတြက္ က်ေနာ္တို႔ ျပည္သူေတြေကာ အားလုံးကို ဝိုင္းဝန္ႀကိဳးစားဖို႔လိုပါမယ္။ ဒီ နယူးေယာက္မွာတင္မက သက္ဆိုင္ရာ ၿမိဳ႕ေတာ္ေတြမွာ စည္း႐ုံးဖို႔လိုပါမယ္။

ကိုဝင္းမင္း ။. ။ ဒီေနရာမွာ ခရစ္စတိုဗာဂန္နက္ ကေတာ့ စစ္ေကာင္စီဖက္က ရဖို႔ခက္မယ္လို႔ေျပာပါတယ္။

တကယ္ေတာ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း က စစ္ေကာင္စီ ကို ဆန႔္က်င္ကတည္း က စစ္ေကာင္စိအတြက္ က်ဆုံးမႈျဖစ္သလို အခုလာမယ္ အသိမွတ္ျပဳပြဲကလည္း ေနာက္ထပ္ သံတမန္ေရးအရ က်ဆုံးမႈျဖစ္တယ္လို႔ ေလ့လာသူေတြက ဆိုေနၾကပါတယ္ခင္ဗ်ာ။