ကန်ဒုဝန်ကြီး နဲ့ တောင်ကိုရီးယား ဒုဝန်ကြီး မြန်မာ့အရေးဆွေးနွေး

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Chung Eui-yong နဲ့ ဒီကနေ့ ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့တာမှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်

ပြန်လည်ရောက်ရှိရေး ပြည်သူတွေရဲ့ ကျိုးပမ်းမှုကို ပံ့ပိုး ကူညီပေးရေးကိစ္စပါ ထည့်သွင်းဆေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ပြောပါတယ်။

အရှေ့အာရှနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mori Takeo နဲ့ တိုကျိုမြို့တော်မှာ

ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ဆုံချိန်အတွင်းမှာလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

နောက်ရက်မှာ ဂျပန်၊ တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သုံးဦး တွေ့ဆုံ ဆွေးနွေးချိန်မှာလည်း မြန်မာ့အရေးကို ပြောခဲ့ကြပါသေးတယ်။

ဒေသတွင်း ခရီးထွက်နေတဲ့ ဒုဝန်ကြီး Sherman ရဲ့ အခုခရီးစဉ်အတွင်း ဆွေးနွေးပွဲတိုင်းမှာ မြန်မာ့အရေးကို ထည့်သွင်းပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပေမယ့် အသေးစိတ်တွေကိုတော့ မသိရပါဘူး။

Crd – VOA

———–

အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ဟာ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး Chung Eui-yong နဲ႔ ဒီကေန႔ ဆိုးလ္ၿမိဳ႕မွာ ေတြ႕ဆုံခဲ့တာမွာ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ

ျပန္လည္ေရာက္ရွိေရး ျပည္သူေတြရဲ႕ က်ိဳးပမ္းမႈကို ပံ့ပိုး ကူညီေပးေရးကိစၥပါ ထည့္သြင္းေဆးေႏြးခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေျပာပါတယ္။

အေရွ႕အာရွႏိုင္ငံေတြကို ခရီးလွည့္ေနတဲ့ အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ဟာ ဂ်ပန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Mori Takeo နဲ႔ တိုက်ိဳၿမိဳ႕ေတာ္မွာ

ဇူလိုင္လ ၂၀ ရက္ေန႔က ေတြ႕ဆုံခ်ိန္အတြင္းမွာလည္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့လည္း ထည့္သြင္း ေဆြးေႏြးခဲ့ၾကပါတယ္။

ေနာက္ရက္မွာ ဂ်ပန္၊ ေတာင္ကိုရီးယား ဒုႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ သုံးဦး ေတြ႕ဆုံ ေဆြးေႏြးခ်ိန္မွာလည္း ျမန္မာ့အေရးကို ေျပာခဲ့ၾကပါေသးတယ္။

ေဒသတြင္း ခရီးထြက္ေနတဲ့ ဒုဝန္ႀကီး Sherman ရဲ႕ အခုခရီးစဥ္အတြင္း ေဆြးေႏြးပြဲတိုင္းမွာ ျမန္မာ့အေရးကို ထည့္သြင္းေျပာဆိုခဲ့တယ္လို႔ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ထားေပမယ့္ အေသးစိတ္ေတြကိုေတာ့ မသိရပါဘူး။

Crd – VOA