မြန်မာကို ပေးလှူထားတဲ့ တရုတ်ထုတ် ကိုဗစ် ကာကွယ်ဆေးရဲ့ အစွမ်း

တရုတ်မှပေးနေသော ကိုဗစ်ကာကွယ်ဆေး ထုတ်သည့် ပညာရှင် ကိုဗစ်ဖြင့်ပင် ကွယ်လွန်

ဂျူလိုင် ၂၃၊ ၂၀၂၁

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးလှူနေသည့် ကိုဗစ်ကာကွယ်ဆေး Sinovac ကို စတင်ဖော်စပ်ပေးခဲ့သူ အင်ဒိုနီးရှား ဆေးပညာရှင်သည် ကိုဗစ်ရောဂါဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း ကမ္ဘာမီဒီယာ များက ဖော်ပြကြသည်။

CNN သတင်းဌာနက အင်ဒိုနီးရှား မီဒီယာများကို ကိုးကားပြီး သတင်းဖော်ပြခဲ့သည်။မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံမှ Sinopharm ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး ၂ သန်း ကူညီထောက်ပံ့မည်ဟု ကြေညာခဲ့ပြီး

၇ သိန်းခွဲက ပထမ အသုတ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိနြေ ပီဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာသော်လည်း ဆေးအမျိုးအစား ဖော်ပြခြင်း မတွေ့ရပေ။

Sinovac ကိုဗစ်ကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေး WHO နှင့် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြု ထောက်ခံထားခြင်းမရှိသော ကိုဗစ် ကာကွယ်ဆေးဖြစ်သည်။

မြန်မာနိုင်ငံရှိ ၁၉၈၈ လူထုအရေးတော်ပုံကို ကမ္ဘအနှံ သိရှိစေရန် BBC သတင်းဌာန သတင်းထောက် ဦးနေမင်းဆိုလျှင် ကိုဗစ်ကာကွယ်ဆေး ထိုးထားသော်လည်း ကိုဗစ်ဖြင့်ပင် သေဆုံးခဲ့သည်။

ထို့အတူ မြန်မာပြည်သူ အများအပြား နေစဉ်သေဆုံးသူများထဲတွင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီသူများ အများအပြား ပါဝင်သည်။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများလည်း ကိုဗစ်တတိယလှိုင်းတွင် ကိုဗစ်ကူးစက်နိုင်ကြောင်း စူအများအပော အကျိုးရှိသော် လှူဒါန်းမှု မဟုတ်စ်ကောင်စီ၏ ကျန်းမာရေးဌာန ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီး ကိုယ်တိုင် MPA သတင်းဌာနသို့ ထုတ်ပြောထားပြီး ဖြစ်သည်။

ထို့အတွက် အများပြည်သူများကြားတွင် ယခု တရုတ်က လှူဒါန်းသော ကိုဗစ်ဆေးနှင့် ပက်သက်၍ လှူဒါန်းမှု မဟုတ်ပဲ ဟန်ပြသက်သက် ဝါဒဖြန့် လှူဒါန်းမှုသာ ဖြစ်ကြောင်း ပြောဆိုဝေဖန်နေသည်။

—————-

ဂျူလိုင် ၂၃၊ ၂၀၂၁





မြန်မာနိုင်ငံရှိ ၁၉၈၈ လူထုအရေးတော်ပုံကို ကမ္ဘအနှံ သိရှိစေရန် BBC သတင်းဌာန သတင်းထောက် ဦးနေမင်ဆိုလျှင် ကိုဗစ်ကာကွယ်ဆေး ထိုးထားသော်လည်း ကိုဗစ်ဖြင့်ပင် သေဆုံးခဲ့သည်။




Crd – mmtimenews