
မိခင်ကြီးကို (၂၂)ရက် အနီးကပ်ပြုစုစောင့်ရှောက်ခဲ့တာတောင် ကိုဗစ်ကူးစက်မခံရအောင် နေထိုင်နိုင်ခဲ့တဲ့ နည်းလမ်းတွေကို မျှဝေလာတဲ့ ရီရီပွင့်ဖြူ
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ရီရီပွင့်ဖြူကတော့ သူ့ရဲ့ချစ်သူဖြစ်တဲ့ သရုပ်ဆောင် မောင် (ဒေါက်တာ စိန်ဖြိုးလှိုင်)နဲ့ အတူ ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေအတွက် သိသင့်သိထိုက်တာတွေ ကိုဗစ်ကူးစက်ခံရသူတွေအတွက် လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို ဒီကာလမှာ အမြဲလိုလို မျှဝေပေးနေခဲ့တာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။
လတ်တလောမှာလည်း ရီရီပွင့်ဖြူက သူ့ရဲ့မိခင်ကြီး ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် အနီးကပ်သွားရောက်ပြုစုခဲ့ပါတယ်။ရီရီကတော့ သူ့ရဲ့မိခင်ကြီးအနားမှာ အနီးကပ် (၂၂)ရက်တိုင်တိုင် ပြုစုစောင့်ရှောက်ခဲ့ပေမဲ့ ကိုဗစ်ကူးစက်ခံခြင်းမရှိခဲ့ပါဘူး။ မိခင်ကြီးကို အနီးကပ်ပြုစုစောင့်ရှောက်ခဲ့ပေမဲ့ ကိုဗစ်ကူးစက်မခံရအောင် စနစ်တကျနဲ့ နေထိုင်ခဲ့တဲ့ သူ့ရဲ့နေထိုင်ခဲ့ပုံနည်းလမ်းတွေကို ကိုဗစ်ရောဂါကူးစက်ခံရတဲ့ မိသားစုဝင်တွေကို ပြုစုရသူတွေ သိရှိဖို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲ မျှဝေဖော်ပြလာခဲ့ပါတယ်။
“အဓိက mask လက်အိတ် ခေါင်းစွပ် တွေကို မနှမြောဘဲ ပေါပေါသုံးတာပါပဲ။ အခန်းဝမှာဘူးလိုက်ချထားတယ် ဝင်ရင် အကုန်စွတ် လုပ်စရာရှိတာအကုန်လုပ်ပြီး ထွက်ရင် အကုန်ချွတ်လွှင့်ပစ်။ အိမ်သာခွဲသုံးပါတယ်။ ပန်းကန်ခွက်ယောက် သက်သက်ခွဲလိုက်ပါတယ်။ ဈေးကဝယ်လာတဲ့ အသီးရွက် သားငါးတွေကို ရှာလကာရည်နဲ့ ရေနဲ့ရောပြီးစိမ် ဆေးပါတယ်။ အဝတ်အစားတွေ dettoနဲ့ စိမ်လျော်ပါတယ်။ ခေါင်းအုံးစွပ် အိပ်ရာခင်း စောင် တွေ ခဏခဏ လဲပါတယ် လျော်ပါတယ်။ လူနာကိုလည်း လဲပေးပါတယ်။ အမေ့ခန်းထဲဝင်တဲ့ အဝတ်စားကို သက်သက်ထားပါတယ် တနေ့ တစုံပါပဲ။ ကိုယ့်အခန်းထဲကိုပြန်ဝင်ရင် ရေချိုး အဝတ်စားလဲပြီးမှ အိပ်ရာပေါ်တတ်ပါတယ် ..
အလုပ်တော့ ရှုတ်တာပေါ့နော်။ ဒါပေမယ့် မကူးခဲ့ပါဘူး။ “လို့ သူပြုလုပ်ခဲ့တဲ့ နည်းလမ်းတွေကို ပြန်လည် မျှဝေခဲ့တာပဲဖြစ်ပါတယ်။
ရီရီက ကိုဗစ်ကူးစက်ခံရတဲ့သူတွေရော သူ့လိုမျိုး ကိုဗစ်ကူးစက်ခံရတဲ့ မိသားစုဝင်ကို ပြုစုစောင့်ရှောက်ရတဲ့သူတွေရော အားမလျော့ကြဘဲ အားတင်းပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်ဖို့လည်း အားပေးထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ကိုဗစ်ကူးစက်ခံရသူတွေကို ပြုစုရတဲ့ သူတွေအဖို့ ရီရီရဲ့ မကူးစက်အောင် ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ နည်လမ်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
———–
မိခင္ႀကီးကို (၂၂)ရက္ အနီးကပ္ျပဳစုေစာင့္ေရွာက္ခဲ့တာေတာင္ ကိုဗစ္ကူးစက္မခံရေအာင္ ေနထိုင္ႏိုင္ခဲ့တဲ့ နည္းလမ္းေတြကို မွ်ေဝလာတဲ့ ရီရီပြင့္ျဖဴ
ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ရီရီပြင့္ျဖဴကေတာ့ သူ႔ရဲ႕ခ်စ္သူျဖစ္တဲ့ သ႐ုပ္ေဆာင္ ေမာင္ (ေဒါက္တာ စိန္ၿဖိဳးလႈိင္)နဲ႔ အတူ ကိုဗစ္နဲ႔ပတ္သက္ၿပီး ျပည္သူေတြအတြက္ သိသင့္သိထိုက္တာေတြ ကိုဗစ္ကူးစက္ခံရသူေတြအတြက္ လုပ္ေဆာင္ရမယ့္နည္းလမ္းေတြကို ဒီကာလမွာ အၿမဲလိုလို မွ်ေဝေပးေနခဲ့တာ ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါေနာ္။
လတ္တေလာမွာလည္း ရီရီပြင့္ျဖဴက သူ႔ရဲ႕မိခင္ႀကီး ကိုဗစ္ကူးစက္ခံခဲ့ရတာေၾကာင့္ အနီးကပ္သြားေရာက္ျပဳစုခဲ့ပါတယ္။ရီရီကေတာ့ သူ႔ရဲ႕မိခင္ႀကီးအနားမွာ အနီးကပ္ (၂၂)ရက္တိုင္တိုင္ ျပဳစုေစာင့္ေရွာက္ခဲ့ေပမဲ့ ကိုဗစ္ကူးစက္ခံျခင္းမရွိခဲ့ပါဘူး။ မိခင္ႀကီးကို အနီးကပ္ျပဳစုေစာင့္ေရွာက္ခဲ့ေပမဲ့ ကိုဗစ္ကူးစက္မခံရေအာင္ စနစ္တက်နဲ႔ ေနထိုင္ခဲ့တဲ့ သူ႔ရဲ႕ေနထိုင္ခဲ့ပုံနည္းလမ္းေတြကို ကိုဗစ္ေရာဂါကူးစက္ခံရတဲ့ မိသားစုဝင္ေတြကို ျပဳစုရသူေတြ သိရွိဖို႔ သူရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန အခုလိုပဲ မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။
“အဓိက mask လက္အိတ္ ေခါင္းစြပ္ ေတြကို မႏွေျမာဘဲ ေပါေပါသုံးတာပါပဲ။ အခန္းဝမွာဘူးလိုက္ခ်ထားတယ္ ဝင္ရင္ အကုန္စြတ္ လုပ္စရာရွိတာအကုန္လုပ္ၿပီး ထြက္ရင္ အကုန္ခြၽတ္လႊင့္ပစ္။ အိမ္သာခြဲသုံးပါတယ္။ ပန္းကန္ခြက္ေယာက္ သက္သက္ခြဲလိုက္ပါတယ္။ ေဈးကဝယ္လာတဲ့ အသီး႐ြက္ သားငါးေတြကို ရွာလကာရည္နဲ႔ ေရနဲ႕ေရာၿပီးစိမ္ ေဆးပါတယ္။ အဝတ္အစားေတြ dettoနဲ႔ စိမ္ေလ်ာ္ပါတယ္။ ေခါင္းအုံးစြပ္ အိပ္ရာခင္း ေစာင္ ေတြ ခဏခဏ လဲပါတယ္ ေလ်ာ္ပါတယ္။ လူနာကိုလည္း လဲေပးပါတယ္။ အေမ့ခန္းထဲဝင္တဲ့ အဝတ္စားကို သက္သက္ထားပါတယ္ တေန႔ တစုံပါပဲ။ ကိုယ့္အခန္းထဲကိုျပန္ဝင္ရင္ ေရခ်ိဳး အဝတ္စားလဲၿပီးမွ အိပ္ရာေပၚတတ္ပါတယ္ ..
အလုပ္ေတာ့ ရႈတ္တာေပါ့ေနာ္။ ဒါေပမယ့္ မကူးခဲ့ပါဘူး။ “လို႔ သူျပဳလုပ္ခဲ့တဲ့ နည္းလမ္းေတြကို ျပန္လည္ မွ်ေဝခဲ့တာပဲျဖစ္ပါတယ္။
ရီရီက ကိုဗစ္ကူးစက္ခံရတဲ့သူေတြေရာ သူ႔လိုမ်ိဳး ကိုဗစ္ကူးစက္ခံရတဲ့ မိသားစုဝင္ကို ျပဳစုေစာင့္ေရွာက္ရတဲ့သူေတြေရာ အားမေလ်ာ့ၾကဘဲ အားတင္းၿပီး ကိုဗစ္ေရာဂါကို တိုက္ထုတ္ဖို႔လည္း အားေပးထားခဲ့ပါေသးတယ္။ CeleZone ပရိသတ္ႀကီးေရ ကိုဗစ္ကူးစက္ခံရသူေတြကို ျပဳစုရတဲ့ သူေတြအဖို႔ ရီရီရဲ႕ မကူးစက္ေအာင္ ကိုယ္တိုင္ျပဳလုပ္ခဲ့တဲ့ နည္လမ္းေလးကို မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
Source – Cele Zone